• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရှီကျင့်ဖျင်ကို ခေါင်းကိုက်စေသော ဟောင်ကောင် အကျပ်အတည်း

by ဧရာဝတီ
18 June 2019
in ဆောင်းပါး
A A
ဟောင်ကောင် ပြည်သူများ စံချိန်တင် ချီတက် ဆန္ဒပြခဲ့ကြပြီး တောင်းဆိုချက်များအနက် တခုမှာ ကျွန်း၏အကြီးအကဲ အမှုဆောင် အရာရှိချုပ် ကာရီ လမ် နုတ်ထွက်ရေး ဖြစ်သည် / Reuters

ဟောင်ကောင် ပြည်သူများ စံချိန်တင် ချီတက် ဆန္ဒပြခဲ့ကြပြီး တောင်းဆိုချက်များအနက် တခုမှာ ကျွန်း၏အကြီးအကဲ အမှုဆောင် အရာရှိချုပ် ကာရီ လမ် နုတ်ထွက်ရေး ဖြစ်သည် / Reuters

18.2k
VIEWS
Share on FacebookShare on Twitter

တနင်္ဂနွေနေ့က ဟောင်ကောင် ပြည်သူ စံချိန်တင် ချီတက် ဆန္ဒပြခဲ့ကြပြီး ၎င်းတို့၏ ထိပ်တန်း တောင်းဆိုချက်များအနက် တခုမှာ ကျွန်း၏အကြီးအကဲ အမှုဆောင် အရာရှိချုပ် ကာရီ လမ် နုတ်ထွက်ရေး ဖြစ်သည်။

လူဦးရေ ၇ သန်းရှိသော ဟောင်ကောင်တွင် လူ ၂ သန်းအထိ ထိုဆန္ဒပြပွဲအတွင်း ပါဝင်သည်ဟု စီစဉ်သူများက ပြောသည်။ အဖွဲ့ဝင် ၁၂၀၀ ပါဝင်သော ရွေးကောက်ရေး ကော်မတီက လွန်ခဲ့သော ၂ နှစ်က ရွေးချယ်ခဲ့သည့် ကာရီ လမ် နုတ်ထွက်ရန် တောင်းဆိုမှုကို ပယ်ချခဲ့သည်။

သို့သော် သူနုတ်ထွက်ရန် အချိန်ကျပြီဟု သမ္မတ ရှီကျင့်ဖျင်က ဆုံးဖြတ်ခဲ့လျှင် သူ့အတွက် ရွေးစရာလမ်း မရှိလောက်အောင် ဖြစ်နေသည်။ ရာဇဝတ်သား လဲလှယ်ရေး အစီအစဉ်နှင့် ပတ်သက်သော ဆန္ဒပြပွဲများသည် ရှီအတွက် အမေရိကန် ပြည်ထောင်စု၊ ထိုင်ဝမ်တို့နှင့် ပတ်သက်သည့် သံတမန်ရေးရာ ပြဿနာ ဖြစ်လာနိုင်သည့် အလားအလာကလည်း မြင့်မားနေသည်။

လွန်ခဲ့သောတပတ်က ဆန္ဒပြပွဲများအတွင်း ကမ္ဘာတဝှမ်းမှ သတင်းစာ မျက်နှာဖုံးများတွင် ဟောင်ကောင်မှ အာဏာဖီဆန်မှု၊ ရော်ဘာကျည်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးသတ်ကားများမှ ငရုတ်ရည်ဖြင့် ပက်ခြင်း အပါအဝင် အကြမ်းဖက် ထိန်းသိမ်းခြင်း တို့၏ ဓာတ်ပုံများ၊ သတင်းများဖြင့် ဝေေ၀ဆာဆာ ဖော်ပြခဲ့သည်။

ထိုအချိန်တွင် ရှီသည် အမေရိကန် ပြည်ထောင်စုနှင့် နာကျင်သော ကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲ၊ နှေးကွေးနေသော စီးပွားရေးနှင့် နိုင်ငံတဝှမ်း အာဖရိက တုတ်ကွေးဖြစ်ပွားမှုတို့ကြောင့် တစိတ်တပိုင်း ပါဝင်သော ကုန်ဈေးနှုန်း မြင့်မားခြင်းတို့ ကိုဖြေရှင်းနေရချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယခုလကုန်တွင် အိုဆာကာတွင် ကျင်းပမည့် စက်မှု ထိပ်သီးနိုင်ငံ G 20 အစည်းအဝေးတွင် ရှီနှင့်တွေ့ဆုံလျှင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဟောင်ကောင်ပြဿနာကို ဆွေးနွေးနိုင်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွမ်ပီယိုက တနင်္ဂနွေနေ့တွင် သတင်းထောက်များကို ပြောသည်။

“ဟောင်ကောင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို ကျနော်တို့ တွေ့နေရတာပဲ။ ဟောင်ကောင် ပြည်သူတွေဟာ သူတို့ တန်ဖိုးထားတဲ့ ကိစ္စအကြောင်း ပြောနေတာကို ကျနော်တို့ စောင့်ကြည့်နေတယ်” ဟု သူက ပြောသည်။

တနိုင်ငံ စနစ်နှစ်မျိုးမူအရ ဟောင်ကောင်အနေဖြင့် ဗြိတိသျှ ကိုလိုနီအဖြစ်မှ တရုတ်နိုင်ငံ၏ အထူး အုပ်ချုပ်ရေး ဒေသအဖြစ် ၁၉၉၇ ခုနှစ်တွင် ပြောင်းလဲရာတွင် ဟောင်ကောင် ရေးရာများကို ဟောင်ကောင် ဖာသာစီမံရန် မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို အာမခံထားသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
10
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
108
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
394
လူဦးရေ ၇ သန်းရှိသော ဟောင်ကောင်တွင် လူ ၂ သန်းအထိ ထိုဆန္ဒပြပွဲအတွင်း ပါဝင်သည်ဟု စီစဉ်သူများက ပြောသည်/Reuters

“လွှဲပြောင်းလိုက်တဲ့ အချိန်ကစပြီး ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တဖြည်ဖြည်းချင်း ဆုံးရှုံးနေတယ်။ ဟောင်ကောင်ကို နောက်ထပ် တရုတ် မြို့ကြီးတမြို့အဖြစ် ပြောင်းလဲလိုက်တာကို ကျနော်တို့ မမြင်ချင်ဘူး” ဟု ကျော်ကြားသော ဒေသခံ ဂီတသမားနှင့် လူမှုတက်ကြွ လှုပ်ရှားသူ ဒင်းနစ်ဟိုက ပြောသည်။

ရာဇဝတ်သား လဲလှယ်ရေးဥပဒေသည် ဟောင်ကောင်သားများ အတွက် နောက်ဆုံး ကောက်ရိုးမျှင် ဖြစ်ကြောင်း ဟိုက ပြောသည်။ ထိုဥပဒေကို အတည်ပြုလိုက်ခြင်းသည် ဒေသခံဖြစ်စေ၊ ဧည့်သည်ဖြစ်စေ၊ ဘေ့ဂျင်းက ပစ်မှတ်အဖြစ် သတ်မှတ်သည့်  မည်သည့်တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားနှင့် စီးပွားရေးသမား မဆို စီးပွားရေးကြောင့် သို့မဟုတ် နိုင်ငံရေးကြောင့် ဟောင်ကောင်မှ ပျောက်ကွယ်သွားမည့် ခြိမ်းခြောက်မှု ဖြစ်မည်ကို အများက စိုးရိမ်ကြသည်။

ထိုဥပဒေကြမ်းကို ယာယီ ဆိုင်းငံ့ကြောင်း ကြေညာထား၍ ကာရီ လမ်က မကြုံစဖူး အလျှော့ပေးလိုက်ပြီး တရက်အကြာတွင် တနင်္ဂနွေနေ့ ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လိုက်လျောခြင်းသည် ဟောင်ကောင်သားများ တောင်းဆိုသည့် အပြီးတိုင် ရုပ်သိမ်းခြင်း မဟုတ်သော်လည်း ထိုဥပဒေကို လူကြိုက်များခြင်း မရှိကြောင်း ဝန်ခံခြင်းသည်ပင် ရှားပါးလှသော ဖြစ်ရပ်ဖြစ်သည်။

စနေနေ့က ထိုဥပဒေကြမ်းကို ဆိုင်းငံ့ခဲ့ခြင်းကြောင့် တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွင် ပါဝင်မှု လျော့ကျသွားမည်ဟု လမ် က ထင်ခဲ့သော်လည်း အတွက်မှားခဲ့ခြင်း ဖြစ်ပုံရသည်။

“ဒီအစိုးရအကြောင်း ကျနော်တို့ ကောင်းကောင်း သိတယ်” ဟု ၂၀၁၄ ခုနှစ် ထီး လှုပ်ရှားမှုတွင် ကျော်ကြားလာသော တက်ကြွလှုပ်ရှားသူ ကန်ဆန်းက ပြောသည်။ ထိုလှုပ်ရှားမှုသည် ဟောင်ကောင် ဒေသခံများ အကြွင်းမဲ့ မဲပေးခွင့် တောင်းဆိုသော လှုပ်ရှားမှုဖြစ်သည်။ ဒေသခံများသည် လွှတ်တော်၏ ထက်ဝက် အတွက်သာ မဲပေးခွင့်ရှိပြီး အမှုဆောင် အရာရှိချုပ်ကို အမည်စာရင်း တင်သွင်းခွင့် သို့မဟုတ် မဲပေးခွင့် မရှိပေ။

“ဒါဟာ အလိမ်အညာ တခုပဲ။ သူတို့က ဒီဥပဒေကြမ်းကို ရပ်ဆိုင်းဦးမှာ မဟုတ်ဘူး။ သူတို့က လွှတ်တော်သစ် စတင်မယ့် စက်တင်ဘာအထိ သူတို့ စောင့်ရင်စောင့်မယ်။ ပြီးရင် ပြန်လုပ်ဦးမှာပဲ” ဟု လမ် အနေဖြင့် ဥပဒေကြမ်း ဆိုင်းငံ့သည်ကို ရည်ရွယ်ပြီး သူက ပြောသည်။

တနင်္ဂနွေနေ့ နှောင်းပိုင်းက အခြားသော ရှားပါးသည့် လုပ်ဆောင်မှုအဖြစ် ဟောင်ကောင် အစိုးရသည် ကာရီ လမ် ၏ တောင်းပန်ချက် ပါဝင်သော ကြေညာချက်တစောင်ကို ထုတ်ပြန်လိုက်သည်။ ယင်းသို့ ထုတ်ပြန်လိုက်ခြင်းက အမြဲတမ်း ခေါင်းမာတတ်သော အမှုဆောင် အရာရှိချုပ်သည် နိုင်ငံရေးဖိအားပေး ခံနေရကြောင်း သွယ်ဝိုက် ဖော်ပြသည့် သဘောဖြစ်သည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီ လမ်က တောင်းပန်ချက် ပါဝင်သော ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်/Reuters

“အစိုးရ လုပ်ငန်းများမှ ချို့ယွင်းချက်များသည် လူ့အဖွဲ့အစည်းတွင် ကြီးမားသော အငြင်းပွားမှုများ ဖြစ်စေသည်ကို အမှုဆောင် အရာရှိချုပ်က ဝန်ခံသည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီကိစ္စအတွက် ဟောင်ကောင် ပြည်သူတွေကို အမှုဆောင် အရာရှိချုပ်က တောင်းပန်တယ်။ ဝေဖန်မှုကို လက်ခံဖို့ အရိုးသား၊ အနှိမ်ချဆုံး သဘောထားကို ကျင့်သုံးပြီး ပြည်သူလူထု အကျိုးလုပ်ဆောင်ရာမှာ တိုးတက်မှု ရှိအောင် လုပ်ဆောင်သွားမယ်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ရာဇဝတ်သား လဲလှယ်သည့် ဥပဒေကြမ်းနှင့် ပတ်သက်သော လမ် ၏ ကိုင်တွယ်မှုသည် တရုတ် ကွန်မြူနစ် ပါတီက ပိုင်နက်အဖြစ် ကြေညာထားသော ဒီမိုကရေစီ ထိုင်ဝမ်နှင့် ပတ်သက်သည့် ရှီ၏ နည်းလမ်းကို ထိခိုက်စေသည်။ ဇန်နဝါရီလက ပြောကြားသော မိန့်ခွန်းတွင် ရှီက ထိုင်ဝမ်သည် တရုတ်နှင့် ဟောင်ကောင်တို့ အကြား အစီအစဉ်နှင့် အလားတူသည့် တနိုင်ငံ စနစ် ၂ ခု အစီအစဉ်ဖြင့် တရုတ်နှင့် ပြန်လည် ပေါင်းစည်းရမည် ဖြစ်ကြောင်း ပြောသည်။

ထိုင်ဝမ်သည် သမ္မတရွေးကောက်ပွဲသစ်ကို ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်သည်။ လွန်ခဲ့သော တပတ်ကပင် သမ္မတ ဆိုင်အင်းဝန်သည် သူ၏ ဒီမိုကရက်တစ် တိုးတက်သော ပါတီအတွင်းမှ အခြေခံအဆင့် ပြိုင်ဖက်ကို ယှဉ်ပြိုင်ခဲ့ရပြီး အတိုက်အခံ ကူမင်တန် ပါတီဖက်မှ အင်အားကြီးမားသော သမ္မတလောင်းနှင့် ရင်ဆိုင်ရမည့် အလားအလာလည်း ရှိနေသည်။ အတိုက်အခံ ကူမင်တန်ပါတီသည် တရုတ်နိုင်ငံနှင့် ပိုမို နီးကပ်သော ဆက်ဆံရေးကို လိုလားသော ပါတီဖြစ်သည်။

လွန်ခဲ့သောတပတ်က ဟောင်ကောင်သတင်းများသည် ဆိုင် အနေဖြင့် အခြေခံအဆင့်တွင် အနိုင်ရရေးအတွက် အထောက်အကူ ပြုခဲ့ပုံရပြီး ရွေးကောက်ပွဲတွင် စီးပွားရေးထက် ထိုင်ဝမ်၏ အချုပ်အခြာ အာဏာကို ပြန်လည် အာရုံစိုက်စေခဲ့ပုံရသည်။ လတ်တလောတွင် တရုတ်နိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး ခြိမ်းခြောက်မှုများကို ဆန့်ကျင်ခြင်းသည် အားသာချက် တခုဖြစ်နေပြီး ထိပ်တန်း ကူမင်တန် သမ္မတလောင်းများမှာ တနိုင်ငံ စနစ်နှစ်မျိုးမူကို ကမန်းကတန်း ရှုတ်ချခဲ့ရသည်။

“အခု ဟောင်ကောင်မှာ ဖြစ်နေတာတွေက တနိုင်ငံ စနစ်နှစ်မျိုး မအောင်မြင်ကြောင်း ပြသနေတယ်။ ဟောင်ကောင် ပြည်သူတွေဟာ တရုတ်အစိုးရက ကတိပေးထားတဲ့ အတိုင်း မြင့်မားတဲ့ အတိုင်းအတာရှိတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ခံစားခွင့်ရှိတယ်” ဟု ထိုင်ဝမ်အစိုးရ ပြောခွင့်ရသူ ကိုလက်စ် ယိုတာကာက ပြောသည်။

ဆိုင် ပြန်လည် အရွေးချယ်ခံရနိုင်ခြေကို မြှင့်တင်ပေးခြင်းအပြင် ရှီက ကာရီလမ်အပေါ် ပိုမို မနှစ်မြို့ ဖြစ်စေနိုင်သော အချက်မှာ တနေ့ထက်တနေ့ ဟောင်ကောင်နှင့် ထိုင်ဝမ်အကြား တူညီသော တိုက်ပွဲပုံစံနှင့် ရဲဘော်ရဲဘက် စိတ်ဓာတ် မြင့်မား လာနေခြင်းဖြစ်သည်။

ဟောင်ကောင်ဖြစ်ရပ်က ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝန် ပြန်ရွေးကောက်ခံရရန် အထောက်အကူဖြစ်ပုံရသည်/Reuters

တနင်္ဂနွေနေ့ ကလည်း ထိုင်ဝမ်ပြည်သူ ထောင်ပေါင်းများစွာ တို့သည် ဟောင်ကောင်နှင့် သွေးစည်း ညီညွတ်မှု ပြသသည့်အနေဖြင့် တိုင်ပေတွင် ဆန္ဒပြခဲ့ကြသည်။ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ကပင်လျှင် အခြားပိုင်နက်တခုနှင့် ပတ်သက်ပြီး ယခုကဲ့သို့သော ဆန္ဒပြပွဲများ ဖြစ်ရန် အလားအလာ မရှိခဲ့ပေ။

“ထိုင်ဝမ်အနေနဲ့ ဟောင်ကောင်ကနေ သင်ခန်းစာတွေ အများကြီးယူရမယ်။ တနေ့ ကျနော်တို့လည်း သူတို့နဲ့တူတဲ့ အခြေအနေတွေ၊ ပြဿနာတွေ ရင်ဆိုင်ရနိုင်တယ်။ အဲဒီမှာ ဖြစ်နေတဲ့ အခြေအနေဟာ ထိုင်ဝမ်-တရုတ် ဆက်ဆံရေးကို ဘယ်လိုဆုံးဖြတ်ရမလဲ မသိသူတွေအနေနဲ့ ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးကောင်းပဲ ဖြစ်ပါတယ်” ဟု တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ဟောင်ကောင်ဒေသခံ ချောင်မန်းချန်က ပြောသည်။

သို့သော် ကာရီလမ်ကို ရာထူးက ဖြုတ်ချပါကလည်း ရှီသည် ပြင်ပဖိအားကို အရှုံးပေးသည်ဟု အမြင်ခံရ နိုင်သောကြောင့် ပြဿနာတခုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

တရုတ်အစိုးရသည် ဟောင်ကောင်အစိုးရနှင့် လမ် ကို ဆက်လက် ထောက်ခံရမည် ဖြစ်သည်။ ဟောင်ကောင်ကို ဥပဒေနှင့် အညီ ဆက်လက် အုပ်ချုပ်ရေးအတွက် ဗဟိုအစိုးရက အမှုဆောင်အရာရှိချုပ်နှင့် ဟောင်ကောင် အစိုးရကို အခိုင်အမာ ဆက်လက် ထောက်ခံကြောင်း တနင်္လာနေ့ထုတ် တရုတ် ကွန်မြူနစ်ပါတီ အာဘော် ပြည်သူနေ့စဉ် ပြည်ပထုတ် စာစောင်တွင် ဖော်ပြထားသည်။

ဟောင်ကောင်ရေးရာနှင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် မည်သည့် ပြည်ပအင်အားစုကို မဆို ဆန့်ကျင်ကြောင်း ထိုဆောင်းပါးတွင် ဖော်ပြထားသည်။ ထိုသို့သော ပြောဆိုမှုများကို အလားတူ ဖြစ်ရပ်များ ဖြစ်တိုင်း တရုတ်အစိုးရက ပြောကြားလေ့ရှိသည်။ တဖက်တွင်လည်း ထိုဆောင်းပါးက တည်ငြိမ် အေးချမ်းမှု ပြန်လည်ရှင်သန် စေလိုကြောင်းနှင့် ပြည်သူများအနေဖြင့် စီးပွားရေးနှင့် အသက်မွေး ဝမ်းကြောင်း ကိစ္စများ တိုးတက်ရေးကို ပိုမိုအာရုံစိုက်သင့်ကြောင်းလည်း ဖော်ပြထားသည်။

တရုတ်အစိုးရက ကာရီလမ်ကို လက်ရှိအချိန်တွင် ထောက်ခံပြီး အခြားရွေးစရာ များလည်း ရှိကြောင်း အချို့သော လေ့လာသူများက ဆိုသည်။

လွန်ခဲ့သော တပတ်က ပြဿနာများကို လမ် ကျော်လွှားနိုင်ခဲ့လျှင် ၎င်းသည် ဆန္ဒပြသူများ၏ ရှည်ကြာသော ဖိအားနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဒင်းနစ်ဟိုက ပြောသည်။ ယခု ဆန္ဒပြသူများသည် ဟောင်ကောင် ထီး လှုပ်ရှားမှုတွင် ပါဝင်သူများထက် ပိုမို အသိအမြင်ကျယ်ပြီး အဆင့်မြင့်ကြောင်းလည်း သူက ဆိုသည်။

“၂၀၁၄ ခုနှစ်က အမှားတွေကနေ ကျနော်တို့ သင်ခန်းစာ ယူထားပြီးပါပြီ။ ကျနော်တို့က လိုသလို ပြောင်းလဲနိုင်ပြီး တီထွင်ဆန်းသစ် လာတယ်။ ဒီတိုက်ပွဲကို ရေရှည် တည်တံ့အောင် ဘယ်လို လုပ်ရမယ် ဆိုတာကို ကျနော်တို့သိပြီ” ဟုလည်း သူက ပြောသည်။

(Nikkei Asian Review ပါ Xi’s Hong Kong headache darkens chief Lam’s future ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

တရုတ်ကို အံတုရန် ဟောင်ကောင်သားများ သမိုင်းဝင် စုဝေးချီတက်

နှစ် ၃၀ ပြည့် တီယန်နန်မင် အထိမ်းအမှတ် ဟောင်ကောင်နှင့် ထိုင်ပေ မှာ ကျင်းပ

ထိုင်ဝမ်က F-16 များ အဝေးပြေးလမ်းပေါ် စစ်ရေးလေ့ကျင့်

တရုတ်ဥပဒေ ရာနှင့်ချီ၍ ပြောင်းလဲရေး အမေရိကန် တောင်းဆို

Your Thoughts …
Tags: တရုတ်ထိုင်ဝမ်ဟောင်ကောင် ဆန္ဒပြပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
အမျိုးသမီးတွေ ဓမ္မတာလာခြင်းကို လစဉ် ပုံမှန်၂၈ ရက်မှာ တကြိမ် ဖြစ်ပေါ်တတ်ပါတယ်

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ဓမ္မတာရက် မမှန်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ

သီချင်းအသစ်မှာ အတူတွေ့ရတဲ့ Katy Perr နဲ့ Taylor Swift 

သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved