Health

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ဓမ္မတာရက် မမှန်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေ လစဉ်လတိုင်း ကြုံတွေ့ရတဲ့ ဓမ္မတာလာခြင်းဟာ ပုံမှန်အားဖြင့်တော့ ၂၈ ရက်မှာ တကြိမ် ဖြစ်ပေါ်တတ်ပါတယ်။ ပုံမှန်ထက် စောတာနဲ့ နောက်ကျတာမျိုး ဆိုရင်လည်း ၃ ရက်ထက် မပိုတတ်ပါဘူး။ ဒီလိုမှ မဟုတ်ဘဲ လစဉ် ပုံမှန် မလာတာ၊ လကျော်တာ စတာမျိုးတွေ ဖြစ်ပေါ်တတ်ရင်တော့ ဓမ္မတာ မမှန်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။

(၁) စိတ်ဖိစီးမှုများခြင်း

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးဟာ ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုတွေ များခြင်းဟာ လစဉ် ဓမ္မတာဖြစ်ပေါ်ခြင်းကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ထွက်တဲ့ ဟော်မုန်းဓာတ်တွေဟာ ဓမ္မတာရက် မမှန်တာမျိုးနဲ့ လကျော်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) ဆေးဝါးများ သောက်သုံးနေရခြင်း

ရေရှည် စွဲမြဲ သောက်သုံးနေရတဲ့ ဆေးဝါးတွေနဲ့ ရံဖန်ရံခါ သောက်သုံးတဲ့ အကိုက်အခဲ ပျောက်ဆေးတွေဟာလည်း လစဉ် ဓမ္မတာလာခြင်းအပေါ် သက်ရောက်နေတာကြောင့် ရက်မမှန်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။

(၃) လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ခြင်း

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဓမ္မတာ ပုံမှန်လာခြင်းကို အထောက်အကူ ဖြစ်စေပေမယ့် နေ့စဉ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းပြုလုပ်ခြင်းကတော့ လစဉ်ဓမ္မတာကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

(၄) သိုင်းရွိုက် ကျန်းမာရေး ပြဿနာဖြစ်ခြင်း

၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ သိုင်းရွိုက် ဟော်မုန်းများခြင်းကြောင့်ဖြစ်တဲ့ သိုင်းရွိုက်ကျန်းမာရေး ပြဿနာရှိသူ အမျိးသမီးတွေဟာ လစဉ် ဓမ္မတာမမှန်တာမျိုး ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါတယ်။

(၅) ဆေးလိပ်နဲ့ အယ်လ်ကိုဟော သောက်သုံးခြင်း

ဆေးလိပ်နဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းဟာ လစဉ် ရာသီ မမှန်တာ၊ သွေးဆင်းနည်းတာနဲ့ လကျော်တာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Ref. www.medicalnewstoday.com

You may also like these stories:

အမျိုးသမီးများ ဓမ္မတာလာစဉ် အသုံးပြုရသည့် ဆီလီကွန်ခွက်များ စတင်အသုံးများလာ

အမျိုးသမီးများ ဓမ္မတာလာနေချိန်မှာ လုံးဝ မပြုလုပ်သင့်တဲ့ အရာများ

ဓမ္မတာလာတဲ့အကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင် အော်စကာ ရရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading