• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နှစ် ၃၀ ပြည့် တီယန်နန်မင် အထိမ်းအမှတ် ဟောင်ကောင်နှင့် ထိုင်ပေ မှာ ကျင်းပ

by ဧရာဝတီ
5 June 2019
in သတင်း
A A
ဆန္ဒပြသူများက ဟောင်ကောင်၏ ဘဏ္ဍာရေး အချက်အချာနေရာရှိ ဝိတိုရိယပန်းခြံတွင် စုစည်းခဲ့ကြသည် / Reuters

ဆန္ဒပြသူများက ဟောင်ကောင်၏ ဘဏ္ဍာရေး အချက်အချာနေရာရှိ ဝိတိုရိယပန်းခြံတွင် စုစည်းခဲ့ကြသည် / Reuters

8.6k
VIEWS
Share on FacebookShare on Twitter

ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူများကို တရုတ်အစိုးရ အာဏာပိုင်များက ဖြိုခွဲသည့် အချိန်တွင် တီယန်နန်မင် ရင်ပြင် အနီးနှင့် ရင်ပြင်တဝိုက်တွင် တရုတ်တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း နှစ် ၃၀ ပြည့်သည့် အထိမ်းအမှတ် ဖရောင်းတိုင်ထွန်းဆုတောင်းပွဲ တခုကို ဟောင်ကောင်တွင် ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ရာ လူ သောင်းနှင့်ချီ၍ ပါဝင်ခဲ့ကြသည်။

ဆန္ဒပြသူများက ဟောင်ကောင်၏ ဘဏ္ဍာရေး အချက်အချာနေရာရှိ ဝိတိုရိယပန်းခြံတွင် စုစည်းခဲ့ကြပြီး ဖရောင်းတိုင်များ နှင့် ဆိုင်းဘုတ်များကိုင်ဆောင်ထားကြသည်။ အခြားသူများက ၁၉၈၉ ခုနှစ် ဘေဂျင်းမှ ဆန္ဒပြပွဲများအတွင်းတွင် တီယန်နန်မင်ရင်ပြင်၌ စိုက်ထူခဲ့သော ဒီမိုကရေစီနတ်ဘုရာမ ပုံစံတူရုပ်ထု နှင့်အတူ ချီတက်ခဲ့ကြသည်။

အနားတွင် ၂၀၁၇ ခုနှစ်က အဖမ်းခံထားရစဉ်အတွင်း ကွယ်လွန်သွားခဲ့သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် တရုတ် နိုင်ငံရေး အတိုက်အခံ လျူရှောက်ဘို၏ သက်ရှိလူပုံအရွယ်အစား ပုံတူရုပ်က ပန်းများဖြင့် တန်ဆာဆင်ထားသည့် ရေကြောင်းတခု တွင် ပေါလောမျောပါနေသည်။

ဟောင်ကောင်တွင် နှစ်ပတ်လည် ဆုတောင်းပွဲအတွက် လူသောင်းနှင့်ချီ၍ စုရုံးနေသည့် နည်းတူ ၁၉၈၉ ခုနှစ် ဖြိုခွဲမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖျက်ဆီးသည့်နှင့် ထောက်လှမ်းသည့် ကိရိယာများက တိကျသေချာမှုတွင် မျှော် လင့်မထားသည့် အဆင့်များသို့ ရောက်ရှိခဲ့သည်ဟု တရုတ် အင်တာနက်ကုမ္ပဏီများမှ စိစစ်ဖြတ်တောက်သူများက ပြော ကြသည်။

တနိုင်ငံ စနစ် ၂မျိုး ပုံသေနည်းတခုအရ ပြည်မကြီးတွင် မမြင်ရသည့် အခွင့်အရေးနှင့် လွတ်လပ်မှုများ ရရှိထားသည့် ဟောင်ကောင်တွင် ငြိမ်းချမ်းစွာဆုတောင်းပွဲသို့ ဘောလုံးကွင်း ၆ ကွင်းအပြည့် လူ ၁၈၀၀၀၀ တက်ရောက်ခဲ့ကြသည်ဟု ဦး ဆောင်ပြုလုပ်သူများကပြောသည်။ ဟောင်ကောင်က ဗြိတိသျှကိုလိုနီဟောင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် တရုတ်လက် အောက် သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ရဲတပ်ဖွဲ့ကမူ တက်ရောက်သူ အရေအတွက် ၃၇၀၀၀ ရှိသည်ဟု ဆိုသည်။

နှိုင်းယှဉ်ကြည့်လျှင် နှစ်ပတ်လည် အခမ်းအနားက တားမြစ်ထားသည့်အရာ ဖြစ်နေဆဲ တရုတ်ပြည်မကြီးမှ အာဏာပိုင်များ က တီယန်နန်မင်ရင်ပြင်နှင့် ရင်ပြင်တဝိုက်တွင် လုံခြုံရေးများ ထူထပ်စွာချထားခဲ့သည်။ ၁၉၈၉ အကြမ်းဖက်မှုအတွင်းတွင် သေဆုံးသူ အရေအတွက်ကို တရုတ်နိုင်ငံက မည်သည့်အခါတွင်မှ မထုတ်ပြန်ခဲ့သော်လည်း လူ့အခွင့်အရေး အဖွဲ့များနှင့် မျက်မြင်သက်သေများက သေဆုံးသူ ထောင်နှင့် ချီ၍ ရှိနိုင်ကြောင်းပြောကြသည်။

“ဟောင်ကောင်ပြည်သူတွေက ဇွန်လ ၄ ရက် အဖြစ်ဆိုးကို ဆက်လက်ပြီး အမှတ်ရနေဖို့ တကယ်တော့ အမှတ်တရတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့က အလွန်အရေးကြီးပါတယ်” ဟု Hong Kong Alliance in Support of Patriotic Democratic Movements of China ၏ ဒုတိယ ဥက္ကဌ ရစ်ချတ်ဆွိုင်က ပြောသည်။

“တနိုင်ငံလုံးအတွက် အမှတ်တရတွေကို ဖျက်ဆီးဖို့ တရုတ်အာဏာပိုင်တွေကို ကြိုးစားခွင့် မပေးလိုက်ပါနဲ့”

အခြားသူများက “တပါတီ အာဏာရှင်စနစ် အဆုံးသတ်ပစ်” “ဒီမိုကရက်တစ် တရုတ်နိုင်ငံတခု တည်ဆောက်ကြ” ဟု ကြွေး ကြော်ခဲ့ကြသည်။

ဟောင်ကောင်မှ ဝါရင့်ဒီမိုကရေစီရေး လှုပ်ရှားသူတဦးဖြစ်သည့် နှစ်ခြင်း ဘုန်းတော်ကြီး ချူယိုမင်း သည် ၁၉၈၉ ခုနှစ် က တီယန်နန်မင် ရင်ပြင်တဝိုက်မှ ဆန္ဒပြပွဲများအတွင်းသို့ ပါဝင်ခဲ့သည့် အချိန်တွင် အသက် ၄၀ ကျော်အရွယ်ရှိပြီ ဖြစ်သည်။ သွေးစွန်းသည့် ဖြိုခွဲမှုမတိုင်ခင်လေးတွင် ပါဝင်ခဲ့သော ဘုန်းတော်ကြီး ချူယိုမင်းက စိတ်ခံစားမှုဖြင့် ကျော်ဖြတ်ခဲ့သည်။

“ကျနော် ကျိန်ဆိုခဲ့တယ်။ တစုံတယောက်က ထိခိုက်နာကျင်နေသမျှ၊ သိမ်ငယ်နေရသမျှ ကာလပတ်လုံး အဲဒါကို ကျနော် ထုတ်ဖော်ပြောရမယ်” ဟု သူက ပြောသည်။

ဇွန်လ ၄ ရက်နေ့ အစောပိုင်းက ပုံမှန်ထက် ပိုမိုတင်းကျပ်သော လုံခြုံရေးကြားတွင် တီယန်နန်မင် ရင်ပြင်သို့ ကမ္ဘာလှည့် ခရီးသည်များကို ရောက်လာကြသော်လည်း ရိုက်တာက မေးမြန်းခဲ့သည့် ဧည့်သည် အများစုက ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများကို လွန်ခဲ့သော နှစ် ၃၀ က သွေးချင်းချင်းနီအောင် ဖြိုခွဲခဲ့သည့် အဖြစ်ကို သူတို့ သတိမပြုမိ ကြောင်း သို့မဟုတ် ပြောဆို ဆွေးနွေးမည် မဟုတ်ကြောင်း ပြောကြသည်။

ဖြိုခွဲမှု နှစ်ပတ်လည်က တရုတ်နိုင်ငံတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်သည့် ကိစ္စတခု မဟုတ်ပါ။ အစိုးရက တရားဝင် သတ် မှတ်ထားခြင်း မဟုတ်ပါ။

ရင်ပြင်မှ ၁၀ မိနစ် လမ်းလျှောက်သွားရသည့် နေရာရှိ ခုံတန်းတခုပေါ်တွင် ထိုင်နေသော Li ဟု အမည်ရသည့် အသက် ၆၇ နှစ် အရွယ်အမျိုးသားတဦးက ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နှင် နောက်ပိုင်းမှ အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း မှတ်မိ ကြောင်းပြောသည်။

“ကျနော်က အလုပ်ကနေ အိမ်ကို ပြန်လာတဲ့ လမ်းပေါ်မှာပါ။ လမ်းမှာ မီးလောင်နေတဲ့ ယာဉ်တွေ ပြန့် ကျဲနေတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လူအများအပြားကို သတ်ခဲ့တယ်။ အဲဒါက လူသတ်ပွဲပဲ” ဟု သူက ပြောသည်။

အကြမ်းဖက်မှု အတွက် အစိုးရက အပြည့်အဝ တာဝန်ယူသင့်သည်ဟု သူထင်သလားဟု မေးသည့်အခါ သူက “ဘာပြော ချင်တာလဲ။ ဒီကျောင်းသားတွေ အလကား သေသွားကြတယ်” ဟု ပြောသည်။

၁၉၈၉ ခုနှစ်က ကျောင်းသားများ၏ တောင်းဆိုချက်များထဲတွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်၊ ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ဖော်ပြဝန်ခံရေး နှင့် လွတ်လပ်စွာ ဆန္ဒပြခွင့်တို့ ပါဝင်သည်။ သို့သော်လည်း အဆိုပါ ရည်မှန်းချက်များက တရုတ်နိုင်ငံတွင် ယခင်ကထက် ထပ်မံဝေးကွာနေသည်ဟု ပြည်ပရောက် ဆန္ဒပြခေါင်းဆောင်ဟောင်းများက ပြောကြသည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် ဆယ်စုနှစ်တွင် စီးပွားရေး ဖွံ့ဖြိုးမှုနှစ်များက မြေတောင်မြောက်ခဲ့သည့် အရပ်ဘက်လူ့အဖွဲ့အစည်းတခုကို အစိုးရက ဖိနှိပ်ထားခဲ့သောကြောင့် ဖြစ်သည်။

တီယန်နန်မင် က တရုတ်နှင့် အနောက်တိုင်း နိုင်ငံအများအပြားကြားတွင် အချေအတင်ပြောစရာ အချက်တခု အဖြစ် ဆက်လက် ရှိနေသည်။ သူတို့၏ ပြည်သူများကို သေနတ်နှင့် လွတ်လွတ်လပ်လပ် ပစ်ခတ်ရန် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) ကို အမိန့်ပေးခဲ့ခြင်းအတွက် တရုတ်ခေါင်းဆောင်များက တာဝန်ယူရန် အနောက်နိုင်ငံများက တောင်း ဆိုခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် အတွက် တရုတ်နိုင်ငံကို တောင်း ဆိုခဲ့ပြီး လွန်ခဲ့သည့် နှစ် ၃၀ က တီယန်နန်မင် ရင်ပြင်တွင် သူတို့၏ အခွင့်အရေးများကို တောင်းဆိုရန် ရဲရဲရင့်ရင့် ရပ်တည်ခဲ့ ကြသော သူရဲကောင်း တရုတ်ပြည်သူများကို အလေးပြုကြောင်းပြောဆိုခဲ့သည်။

ဟောင်ကောင်တွင် ပြုလုပ်သော ဆုတောင်းပွဲက တရုတ်မြေပေါ်တွင် အကြီးဆုံးဖြစ်သည်။ ပေါ်တူဂီ ပိုင်နက်ဟောင်း မကာ အိုနှင့် တရုတ်နိုင်ငံက သူပိုင်သည်ဟု ပြောဆိုထားသော ကိုယ်ပိုင်အုပ်ချုပ်သည့် ကျွန်းဖြစ်သော ထိုင်ဝမ်တို့တွင် ဆုတောင်း ပွဲ ငယ်များပြုလုပ်ခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
13

ထိုင်ဝမ်၏ မြို့တော် ထိုင်ပေတွင် ရာဂဏန်း အနည်းငယ်မျှရှိသည့် ပြည်သူများက လွတ်လပ်ရေးရင်ပြင်တွင် စုရုံး၍ အမှတ် တရ အခမ်းအနားတခုကို ပြုလုပ်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် မှတ်တမ်းတင်ရုပ်ရှင် ပြသမှုများ၊ ဟောပြောမှုများနှင့် တီယန်နန်မင် ရင်ပြင်ဖြိုခွဲမှုတွင် သေဆုံးခဲ့ရသူတို့၏ မိခင်များကို ရည်ညွှန်းသည့် အကတခုလည်းပါဝင်သည်။

“ကျနော် အရမ်းရှက်ပါတယ်။ ကျနော် တကယ်ကို နောင်တရပါတယ်” ဟု ဖြိုခွဲမှုတွင် ပါဝင်ခဲ့သော PLA အရာရှိ ဟောင်းတဦး ဖြစ်သည့် လီရှောင်မင်းက ထိုင်ပေတွင် စင်မြင့်ပေါ်မှ ပြောကြားခဲ့သည်။

“ကျနော် ဒီနေ့ စကားပြောရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေကို ဇွန်လ ၄ ရက်နေ့က အဖြစ်တွေကို မမေ့စေချင်ပါ ဘူး။” ဟု ယခုအခါ သြစတြေးလျ နိုင်ငံသား ဖြစ်နေသော လီရှောင်မင်းက မျက်ရည်ကျရင်းပြောသည်။

ဘေဂျင်းတွင်မူ တီယန်နန်မင် ရင်ပြင်နှင့် ပတ်ဝန်းကျင်တွင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာက စောင့်ကြည့်နေကြသည်။ သက်သေခံကတ်ပြား စစ်ဆေးမှုများ၊ ကားနောက်ခန်းများစစ်ဆေးခြင်းများ ပြုလုပ်နေကြသည်။ ရင်ပြင်သို့ ဝင်ရောက်ရန်အတွက် စစ်ဆေးသည့်နေရာများတွင် ဧည့်သည်များ ထောင်နှင့် ချီ၍ တန်းစီနေကြသည်။ အများ စုက ခရီးသွား အဖွဲ့များ၏ အလံများ သယ်ဆောင်လာကြသည်။

နှစ်ပတ်လည် အခန်းအနားမတိုင်မီတွင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် စိစစ်ဖြတ်တောက်မှုများတိုးလာ သည့် သတင်းများ ကုလသမဂ္ဂက ရရှိခဲ့သည်ဟု ကုလသမဂ္ဂမှ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ဂျီနီဗာတွင် ပြောသည်။

“ကျမတို့ရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရကို သတိပေးပြီးပါပြီ။ ကျွန်မတို့ ရရှိတဲ့ ဒီသတင်းတွေကို စစ်ဆေးအတည် ပြုဖို့လည်း ဆောင်ရွက်နေပါတယ်” ဟု သူကပြောသည်။

ကိုးကား ။ ။ Reuters

ဆက်စပ်ဖတ်ရှုရန်

တင့်ကားလူသား ဓာတ်ပုံများကြောင့် တရုတ်အစိုးရ စိတ်အနှောင့်အယှက် ဖြစ်နေဆဲ 

တရုတ် သမ္မတရဲ့ ခရီးရှည် ချီတက်ပွဲသစ်

ကြွေးကြော်သံ၊ ကျည်ဆံများနှင့် အင်ဒိုနီးရှား ရွေးကောက်ပွဲအလွန်

Your Thoughts …
Tags: တီယန်နန်မင် အထိမ်းအမှတ်ထိုင်ပေဟောင်ကောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

လိုငွေပြမှု များပြားသောကြောင့် ကာစီနိုလုပ်ငန်းက ထိုင်းအစိုးရကို ဆွဲဆောင်နေ

လိုငွေပြမှု များပြားသောကြောင့် ကာစီနိုလုပ်ငန်းက ထိုင်းအစိုးရကို ဆွဲဆောင်နေ

by Francesca Regalado
30 September 2024
1.8k

အစိုးရသည် ကာစီနိုလောင်းကစားခြင်းကို ထိထိရောက်ရောက် စည်းကမ်းထိန်းသိမ်းနိုင်သည့် စွမ်းရည် ရှိ၊ မရှိ မေးခွန်းထုတ်သည်။ ၎င်းတို့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ကာစီနိုသည် လောင်းကစားစွဲခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

Sotheby လေလံတွင် ဟောင်ကောင်ဒေါ်လာ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း) အထိရရှိသော မြန်မာ့ ကျောက်စိမ်းလက်ကောက် / SCMP

တရုတ် ဝယ်လိုအားကြောင့် မြန်မာ့ ကျောက်စိမ်း ပိုသွေးစွန်းလာ

by ဧရာဝတီ
21 January 2022
16.6k

မြန်မာနိုင်ငံမှ တူးဖော်ရရှိသော ကျောက်စိမ်းများ၏ ၇၀ မှ ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ တင်ပို့ကြောင်း Global Witness က ဖော်ပြသည်

၂၀၁၆ မေလအတွင်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းကြေးနီစီမံကိန်းအား ဒေသခံများက ဆန္ဒပြကန့်ကွက်နေစဉ် / မျိုးမင်းစိုး / ဧရာဝတီ

တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ

by ဂျော့ချ် အန် ဆစ်ဘလီ
18 July 2020
11.4k

အာရှ အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ မလေးစားမှုသည် မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်စရာ ဖြစ်သည်။

ကိတ်မုန့်ဆိုင်ပိုင်ရှင် Alison Chan နဲ့ Cony Lam

ဟောင်ကောင်မှာ ခေတ်စားနေတဲ့ ပုံစံတူ ကိတ်မုန့်အရောင်းဆိုင်

by Aurora
22 November 2020
37.2k

သူတို့နှစ်ယောက် တီထွင်ဖန်တီးလိုက်တဲ့ ပုံစံတူ ကိတ်မုန့်တွေကို ဆိုရှယ်မီဒီယာပေါ် တင်ရာကနေ လူသိများလာခဲ့တာလို့ ဆိုပါတယ်။

ဒီမိုကရေစီအရေး အတွက် လုပ်ဆောင်တဲ့ Milk Tea Alliance လှုပ်ရှားမှု

မြန်မာလူထုနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ Milk Tea Alliance အဖွဲ့ဝင်နိုင်ငံများ

by Aurora
1 March 2021
7.2k

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ အဖွဲ့ဝင်အားလုံးဟာ “Make Milk Tea and End Dictatorships” လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လုပ်ဆောင်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။

Next Post
Lesswalk ကို တည်ထောင်သူများတွင် တဦးဖြစ်သည့် မိုက်ခ်သန်းထွန်းဝင်းကို စက်ဘီးများ နှင့် အတူ တွေ့ရစဉ် / Lesswalk

Lesswalk အဖွဲ့မှ မြန်မာကျောင်းသားများ အတွက် စက်ဘီး အစီး ၁သောင်း လှူမည်

မွန်ပြည်နယ် အစိုးရ အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ / ဉာဏ်စိုးဝင်း / ဧရာဝတီ

မွန်ပြည်နယ်ရှိ စည်ပင်ဈေးများ တင်ဒါ မခေါ်ဘဲ ဆောက်လုပ်သွားမည် ဟုဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved