• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

မြန်မာလူထုနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ Milk Tea Alliance အဖွဲ့ဝင်နိုင်ငံများ

by Aurora
1 March 2021
in Trend
A A
ဒီမိုကရေစီအရေး အတွက် လုပ်ဆောင်တဲ့ Milk Tea Alliance လှုပ်ရှားမှု

ဒီမိုကရေစီအရေး အတွက် လုပ်ဆောင်တဲ့ Milk Tea Alliance လှုပ်ရှားမှု

7.2k
VIEWS
Share on FacebookShare on Twitter

ထိုင်ဝမ်နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေး လုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Milk Tea Alliance မိတ်ဖက် အဖွဲ့ဝင်နိုင်ငံများ စုပေါင်းလှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။

ထိုင်ဝမ်၊ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှားတို့ ပါဝင်ထားတဲ့ Milk Tea Alliance အဖွဲ့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးမှာ အဖွဲ့ဝင်နိုင်ငံတိုင်း စုပေါင်းလှုပ်ဆောင်ခဲ့ရာ “အာရှနွေဦးတော်လှန်ရေး” ဖြစ်လာခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
60
သဇင်ပန်း

သဇင်ပန်း

10 January 2026
117
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
307

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က Milk Tea Alliance အဖွဲ့ဝင်တွေဟာ Twitter စာမျက်နှာပေါ်မှာ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် ဆောင်ရွက်ကြဖို့နဲ့ မြန်မာ့နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့အတွက် အဖွဲ့ဝင် နိုင်ငံအားလုံး အတူတကွ လုပ်ဆောင်မယ့်အကြောင်း စာရေးသားတင်ခဲ့ပါတယ်။

Milk Tea Alliance Campaign မှာ ပါဝင်တဲ့ ထိုင်းလူထု လှုပ်ရှားမှု (ဓာတ်ပုံ – The Nation)

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ အဖွဲ့ဝင်အားလုံးဟာ “Make Milk Tea and End Dictatorships” လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လုပ်ဆောင်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ Milk Tea Alliance အဖွဲ့ဟာ မူလက အွန်လိုင်းပေါ်မှာသာ အများဆုံး လှုပ်ရှား ဆောင်ရွက်နေခဲ့တာဖြစ်ပြီး အဖွဲ့ဝင်များက မြန်မာ့အရေးကြောင့် အကြီးဆုံး စုပေါင်းလှုပ်ရှားမှုကြီး စတင် ပေါက်ဖွားလာခဲ့တာပါ။

တချိန်တည်းမှာ ဆိုသလို မြန်မာနိုင်ငံ စစ်ကောင်စီ အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာနဲ့ တွေ့ဆုံခဲ့တာကလည်း လှုပ်ရှားမှုအရှိန်ကို ပိုမြင့်တက်သွားစေပါတယ်။ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ အဆိုပါ တွေ့ဆုံမှုဟာ ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီကို ထောက်ခံ အားပေးရာ ရောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Milk Tea Alliance Campaign မှာ ပါဝင်တဲ့ ထိုင်းလူထု လှုပ်ရှားမှု (ဓာတ်ပုံ – The Nation)

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ကိုယ်တိုင်ကလည်း ၂၀၁၄ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပြီး ဗိုလ်ချုပ်ကြီးကနေ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။ ဝန်ကြီးချုပ် ပရာရွတ်ကတော့ စစ်ကောင်စီနဲ့ တွေ့ဆုံမှုဟာ နားထောင်ရုံ သက်သက်သာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ် ဧပြီလတုန်းက ထိုင်းအနုပညာရှင်စုံတွဲရဲ့ စကာလုံးတချို့ကြောင့် တရုတ်နိုင်ငံသားတွေက ဝေဖန်မှုတွေ လုပ်ခဲ့အပြီးမှာ ထိုင်ဝမ်၊ ဟောင်ကောင်နိုင်ငံသားတွေဟာ အဆိုပါ အနုပညာရှင်ဘက်က ထောက်ခံ အားပေးခဲ့ပြီး ဧပြီ ၁၄ ရက်မှာတော့ Milk Tea Alliance ရယ်လို့ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

မူလအဖွဲ့ဝင်တွေ ဖြစ်တဲ့ ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်ရဲ့ လက်ဘက်ရည် ယဉ်ကျေးမှုကို အခြေခံပြီး “Milk Tea Alliance” လို့ ခေါ်ဆိုကာ နောက်ပိုင်း အိန္ဒိယနိုင်ငံကပါ ပူးပေါင်း ပါဝင်လာခဲ့ပြန်ပါတယ်။ မြန်မာနိုင်ငံကတော့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဉ်အပြီး ဒီမိုကရေစီ ရရှိရေးနဲ့ ရွေးကောက်ခံအစိုးရ ပြန်လည် အုပ်ချုပ်ခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ရာက အဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။

Milk Tea Alliance Campaign မှာ ပါဝင်တဲ့ ထိုင်းလူထု လှုပ်ရှားမှု (ဓာတ်ပုံ – The Nation)

ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ မြန်မာနိုင်ငံအနှံ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သလို၊ “Milk Tea Alliance” အဖွဲ့ဝင် ဟောင်ကောင် ကျောင်းသားတွေကလည်း မြန်မာလူထုနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ ထိုင်းလူထု လှုပ်ရှားမှုကြီးမှာလည်း မြန်မာနိုင်ငံသားတွေပါ အတူ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

Ref: Taiwan News

You may also like these stories:

တပ်မတော်ရဲ့ စာမျက်နှာတွေကို Facebook ပိတ်ပင်လိုက်တာ ဘာကြောင့်လဲ

တပ်မတော်နှင့် ဆက်စပ်သည့် အကောင့်၊ စာမျက်နှာ အားလုံးနီးပါး Facebook ဖယ်ရှား

ကားတိမ်းမှောက်မှုကြောင့် တိုက်ဂါးဝုဒ် ပြင်းထန်တဲ့ ခြေထောက်ဒဏ်ရာရ

Your Thoughts …
Tags: Milk Tea Allianceထိုင်းထိုင်ဝမ်မြန်မာ့အရေးဟောင်ကောင်
Aurora

Aurora

Contributor

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

Next Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု မိန့်ခွန်းပြောကြားခဲ့စဉ်

စစ်ကောင်စီက ထုတ်သော်လည်း ဦးကျော်မိုးထွန်းကိုသာ သံအမတ်အဖြစ် ကုလအသိအမှတ်ပြု

အစ္စလာမ်အမျိုးသမီး မဒေစီ ဦးခေါင်းသေနတ်မှန်ကာ သေဆုံး (ရုပ်/သံ)

အစ္စလာမ်အမျိုးသမီး မဒေစီ ဦးခေါင်းသေနတ်မှန်ကာ သေဆုံး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved