• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

တပ်မတော်နှင့် ဆက်စပ်သည့် အကောင့်၊ စာမျက်နှာ အားလုံးနီးပါး Facebook ဖယ်ရှား

by မစ်ကီ
25 February 2021
in IT
A A
Facebook နဲ့ Instagram မှာ တပ်မတော်ကို အသုံးပြုခွင့်ပေးထားတဲ့ အန္တရာယ်ဟာ သိပ်ကို ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။

Facebook နဲ့ Instagram မှာ တပ်မတော်ကို အသုံးပြုခွင့်ပေးထားတဲ့ အန္တရာယ်ဟာ သိပ်ကို ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။

11.4k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာတခုဖြစ်တဲ့ Facebook ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အရေးယူ လုပ်ဆောင်ချက်တွေအကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲနဲ့ သတင်းတရပ် ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက Facebook နဲ့ Instagram ကို တိုက်ရိုက် အသုံးပြုလို့မရအောင် အမိန့်ထုတ်ပြန် ပိတ်ပင်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစလို့ Facebook နဲ့ Instagram မှာ ကျန်ရှိနေတဲ့ မြန်မာ့တပ်မတော်နဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေရဲ့ အကောင့် စာမျက်နှာတွေ၊ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းစုတွေရဲ့ ကြော်ငြာတွေကို ပိတ်ပင်လိုက်ပြီလို့ Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Facebook ကုမ္ပဏီက “ကျနော်တို့ဟာ မြန်မာနိုင်ငံက အခြေအနေကို အရေးပေါ်ကိစ္စ တခုအနေနဲ့ ဆက်လက် တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ အသိုက်အဝန်းနဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးကို ဒီထက် ပိုကျယ်ကျယ်ပြန့်ပြန့် ဆက်လက် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်” လို့လည်း ပြောဆိုထားပါတယ်။

လူသေဆုံးမှုတွေအထိ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အပါအဝင် ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းမှု ဖြစ်စဉ်အပြီး ဖြစ်ရပ်တွေကြောင့် ဒီလို တားမြစ်ပိတ်ပင်မှု လုပ်ဆောင်ဖို့ လိုအပ်ခဲ့တာဖြစ်ပြီး၊ Facebook နဲ့ Instagram မှာ တပ်မတော်ကို အသုံးပြုခွင့်ပေးထားတဲ့ အန္တရာယ်ဟာ သိပ်ကို ကြီးမားလွန်းတယ်လို့ ယုံကြည်ထားကြောင်း ဆိုပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ ဆက်စပ်နေတဲ့ ကြော်ငြာ လုပ်ငန်းစုတွေကို Facebook က သူတို့ရဲ့ အွန်လိုင်း ပလက်ဖောင်းပေါ်မှာ ကြော်ငြာခွင့် တားမြစ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

တပ်မတော်ရဲ့ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေကို ဖော်ပြထားတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှစ်ရဲ့ ၂၀၁၉ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို အသုံးပြုပြီး အခုလို ပိတ်ပင်မှုတွေကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အသုံးပြုသူတွေ အားလုံးလိုပဲ တူညီတဲ့ Community Standards အတိုင်း တပ်မတော်ကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး အဲ့ဒီမူဝါဒ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ စစ်တပ်ရဲ့ စာမျက်နှာတွေနဲ့ အကောင့်တွေပေါ်က အချက်အလက်တွေကို ဖယ်ရှားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အခုလို တားမြစ်မှုတွေထဲမှာ ပြည်သူ့ဝန်ဆောင်မှုတွေကို ပေးနေတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ထားတဲ့ အစိုးရ ဝန်ကြီးဌာနတွေ၊ အေဂျင်စီတွေတော့ မပါဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲ့ဒီအထဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အခြေအနေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး ပြည်သူတွေ ဘေးကင်းလုံခြုံမှု ရှိစေဖို့ လိုအပ်တယ်ဆိုရင် ထပ်တိုး အရေးယူ လုပ်ဆောင်ချက်တွေကို ချမှတ်သွားမယ်လို့လည်း Facebook ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Ref: Facebook

You may also like these stories:

ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အနုပညာရှင်များ တောင်းဆို

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
166
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
သဇင်ပန်း

သဇင်ပန်း

10 January 2026
122

သံပုံးတီးတဲ့သူများအား သေနတ်ပြ ခြိမ်းခြောက်သူကို ပြန်တုံ့ပြန်ခဲ့တဲ့ မင်းမော်ကွန်း

“ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် ပစ်ခတ်ခံရတာ ဝမ်းနည်းဖို့ ကောင်းတယ်”

Your Thoughts …
Tags: FacebookInstagramတပ်မတော်အာဏာသိမ်း စစ်ကောင်စီ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

by Joaquin Camarena
7 June 2024
3.3k

MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

Next Post
ဖေဖော်ဝါရီ ၂၄ ရက် ဘန်ကောက်တွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘောတွေ့ဆုံစဉ်

မြန်မာ့အရေး အာဆီယံနှင့် ဆွေးနွေးရန် အမေရိကန် စီစဉ်နေ

ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ Sinovac ကိုဗစ်ကာကွယ်ဆေး

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ပထမအသုတ် ထိုင်းကို ရောက်ရှိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved