ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။
ဒါဟာ သံသယ ရှိစရာ မလိုတဲ့ အချက်ပါ။
ဒါကြောင့် ပြည့်အင်အားဟာ ပြည်တွင်းမှာပဲ ရှိတယ်လို့ အမြဲ ကြွေးကြော်ခဲ့တဲ့ သူဟာ မော်စကို ခရီးစဉ်မှာ ပေါက်ဖော်ကြီး နဲ့ သောမ ကြွက်မင်း တို့ရဲ့ ရုပ်သေးရုပ်လေး တရုပ်လို ဖြစ်သွားခဲ့တာကို တွေ့ရတာပါ။
ပြည်ပ အားကို ပုဆိန်ရိုး ဘယ်သူလဲဆိုတာ ရှင်းပါတယ်။
ပေါက်ဖော်ကြီးနဲ့ ဗျာဒိတ်တော်လာ သောမ ကြွက်မင်းကြီး တို့ရဲ့ အကူအညီနဲ့ ဆက်ပြီး မိုက်တွင်း နက်နေဦးမှာ ကတော့ မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။
သူနဲ့ အတူ လူရမ်းကား စစ်ဗိုလ် တသိုက်နဲ့ ခရိုနီတွေကတော့ အာဏာ နဲ့ ကိုယ်ကျိုးစီးပွား တည်တံ့အောင် ဆက်ပြီး တည်ဆောက်ကြမှာပါ။
ဒါပေမယ့် ဒါဟာ ဘယ်လောက် ခံမှာလဲ…။ မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #တရုတ် #ရုရှား #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













