• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

by အေးချမ်းဆု
22 May 2025
in သူ့အတွေး သူ့အမြင်
A A
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ အပိုင်းပိုင်း ဖြတ်တောက် တိုက်ခိုက်ခံနေရသည် / ဧရာဝတီ

3.4k
VIEWS
Share on FacebookShare on Twitter

ကရင်စစ်မျက်နှာတွင် လောလောဆယ် တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေသည့် စစ်မျက်နှာမှာ ကော့ကရိတ်စစ်မျက်နှာ ဖြစ်သည်ဟု ဆိုရပါမည်။

၃‌။ ကော့ကရိတ်စစ်မျက်နှာ

KNU တပ်မဟာ ၆ တွင် အခြေပြုလှုပ်ရှားခဲ့သော KNU / PDF ပူးပေါင်း ဗျူဟာစစ်ကြောင်းများသည် အစောပိုင်းက ကော့ကရိတ်၊ မြဝတီ ကားလမ်းနှင့် ထိုကားလမ်း၏ တောင်ဘက်တွင် ဗျူဟာများခွဲ၍ လှုပ်ရှားသည်ကို တွေ့ရ၏။

လေးကေ့ကော်၊ စွယ်‌တော်ကုန်း၊ လက်ခတ်တောင် စခန်းများကို တခုပြီးတခု သိမ်းယူပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လတွင် သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၅ နှင့် ခမရ ၃၅၆ တို့ကို မတ်လအတွင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ဧပြီလ ၄ ရက်နေ့တွင် ခမရ ၃၅၇ နှင့် သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာတို့ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။

ထို့ပြင် မြဝတီမြို့စောင့်တပ်အဖြစ် လူသိများသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ၏ ကွပ်ကဲမှုအောက်ရှိ ခလရ ၂၇၅ ကိုလည်း ဧပြီလ ၁၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။ တချိန်တည်းတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက KNU / PDF ပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့အား ဝိုင်းပတ်ပိတ်ဆို့ပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ ကို ဝိုင်းပတ်ထားနိုင်ခဲ့သည်။

သို့သော်လည်း ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ စစ်ကောင်စီသည် တပ်မ ၅၅ ကို အဓိကထား အသုံးပြုပြီး ‌မြဝတီကို ဦးတည်သည့် အောင်ဇေယျစစ်ဆင်ရေးဆိုသည်ကို အင်အားထောင်ချီ အသုံးပြုလာခဲ့၏။

သို့ဖြစ်ရာ ကော့ကရိတ်အား ဝိုင်းပတ်ထားသည့် KNU / PDF ပူးပေါင်းဗျူဟာနှင့် မြဝတီမြို့ကို ဝင်ရောက်စီးနင်းထားသည့် ဗျူဟာတို့ ပြန်လည်ဆုတ်ခွာပြီး ရန်သူအား ဒေါနတောင်ကြောတွင် ချေမှုန်းရေးပြုလုပ်ရန် ပြင်ဆင်ခဲ့၏။

စစ်ကောင်စီတပ်သည် အောင်ဇေယျစစ်ကြောင်း ရှေ့တန်းရုံးအား ကော့ကရိတ်အရှေ့ဘက် တံတိုင်းကူးရွာအနီးရှိ ရွှေကြက်မင်း ဘုန်းကြီးကျောင်းတွင် အခြေပြုပြီး အာရှလမ်းမနှင့် ဒေါနတောင်ကြော လမ်းဟောင်းများကို အသုံးပြုကာ မြဝတီသို့ ဦးတည် စစ်ဆင်ခဲ့၏။ သို့သော် လက်တွေ့တွင် KNU / PDF ပူးပေါင်း စစ်ကြောင်းများ၏ ဖြတ်တောက် တိုက်ခိုက်ခိုက်မှုကြောင့် ကော့ကရိတ်အရှေ့ဘက် ဒေါနတောင်ကြောအတက်ရှိ တောနော်ရေတံခွန်ကိုပင် မကျော်နိုင်ခဲ့ပေ။

စစ်ကောင်စီတပ်သည် အောင်ဇေယျစစ်ကြောင်း ရှေ့တန်းရုံးအား ကော့ကရိတ်အရှေ့ဘက် တံတိုင်းကူးရွာအနီးရှိ ရွှေကြက်မင်း ဘုန်းကြီးကျောင်းတွင် အခြေပြုပြီး အာရှလမ်းမနှင့် ဒေါနတောင်ကြော လမ်းဟောင်းများကို အသုံးပြုကာ မြဝတီသို့ ဦးတည် စစ်ဆင်ခဲ့၏။ သို့သော် လက်တွေ့တွင် KNU / PDF ပူးပေါင်း စစ်ကြောင်းများ၏ ဖြတ်တောက် တိုက်ခိုက်ခိုက်မှုကြောင့် ကော့ကရိတ်အရှေ့ဘက် ဒေါနတောင်ကြောအတက်ရှိ တောနော်ရေတံခွန်ကိုပင် မကျော်နိုင်ခဲ့ပေ။

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလမှစပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းအထိ ကာလအတွင်း အောင်ဇေယျစစ်ကြောင်းမှ ၅၀၀ ကျော်‌ သေဆုံးကာ လက်ရှိ ထိုစစ်ကြောင်းတွင် စစ်မှုထမ်းသင်တန်းဆင်း ၆၀၀ ကျော် အင်အားဖြည့်ထားသည်ဟု သိရသည်။

ထို့ပြင် လက်နက်ဖြင့် အလင်းဝင်လာသူ ၁၉ ဦးရှိပြီး ဖမ်းမိသူ ခုနစ်ဦးအပါအဝင် အောင်ဇေယျစစ်ကြောင်းမှ စုစုပေါင်း ၆၀ ဦးခန့် KNU / PDF ပူးပေါင်းတပ်ဖွဲ့ထံ ရောက်ရှိနေသည်ဟု သိရသည်။ အောင်ဇေယျစစ်ကြောင်းအနေဖြင့် ချီတက်လာချိန်တွင် တပ်ရင်းတခုစီ၌ အင်အား ၁၂၀ မှ ၁၅၀ ခန့်အထိ ပါဝင်သော်လည်း လက်ရှိအချိန်၌ တပ်ရင်းတခုလျှင် အင်အား ၄၀ မှ ၇၀ ခန့်သာ ရှိတော့ကြောင်း မြေပြင်သတင်းအရ သိရသည်။

KNU ပူးပေါင်း စစ်ကြောင်းများက အောင်ဇေယျစစ်ကြောင်းထံမှ လေယာဉ်ပစ်လက်နက်များ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ခန့် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁၅ စီးခန့် ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်း တပ်မဟာ ၇ နယ်မြေတွင် ဆင်နွှဲသည့် ပူးလူးတူ စခန်းသိမ်းတိုက်ပွဲဆင်နွှဲသည့် အချိန်နှင့်တပြိုင်တည်း ကော့ကရိတ်အနီး ကောနွဲ့နှင့် ဒေါနတောင်ကြောတွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာသည်ကို တွေ့ရ၏။

စစ်မြေပြင်သတင်းများအရ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အခြေချတပ်စခန်းကြီးများအား KNU / PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၃ ရက်နေ့ နောက်ပိုင်းကစပြီး တပြိုင်နက် ထိုးစစ်ဆင်ခဲ့သည်ဟု သိရသည်။

ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁၂၊ ကျုံဒိုးမြို့ အခြေစိုက် နောက်တန်းခံစစ်များဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ ၅၄၅၊ ခမရ ၅၄၆ နှင့် အောင်ဇေယျစစ်ကြောင်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်၏။

တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်း အပါအဝင် တပ်စခန်းအချို့ သိမ်းပိုက်ရရှိကာ ကော့ကရိတ်မြို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရ၏။ ကော့ကရိတ်မြို့ဝန်းကျင်နှင့် ကော့ကရိတ်မြို့မှ ဒေါနတောင်ပေါ် တောနော်ရေတံခွန်အထိ နေရာယူထားသည့် အောင်ဇေယျစစ်ကြောင်းကို KNU / PDF ပူးပေါင်းတပ်များက အပိုင်းလိုက် ဖြတ်တောက်ထားပြီး စစ်ဆင်နေသည်ဟု သိရသည်။

အောင်ဇေယျစစ်ကြောင်း၏ အနေအထားမှာ ရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် နောက်ပိုင်းဟူ၍ သုံးပိုင်း ဖြတ်တောက်ခံရပြီး အချင်းချင်း မကူနိုင်တော့သည့် အခြေအနေဖြစ်နေသည်။ ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းမှာ အင်အား ၂၀၀ လောက် ကျန်နေပြီး ပိတ်မိနေကြောင်း သိရသည်။

ထို့ပြင် ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းတွင်ရှိသည့် သုံးတိုင်၊ လေးတိုင်၊ ငါးတိုင် စသည့်နေရာများရှိ စစ်ကောင်စီစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားပြီး ကျုံဒိုးမြို့အနီးရှိ ကိုးတိုင်တွင် စစ်ကောင်စီက ခံစစ်ပြင် ခုခံနေသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ဘားအံရှိ တပ်မ ၂၂ ကွပ်ကဲမှုအောက် နည်းဗျူဟာတခုနှင့် အရန် လက်နက်ခဲယမ်းများကို ကျုံဒိုးသို့ ပို့ဆောင်ထားပြီး လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးရန် ကြိုးစားနေကြောင်း တွေ့ရသည်။

လမ်းပိုင်းကို ပြန်စိုးမိုးရန် ကျုံဒိုးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၄၅၊ ခမရ ၅၄၆ တို့မှ စစ်ကြောင်းနှစ်ကြောင်း မေလ ၁ ရက်နေ့တွင် စစ်ကြောင်းထိုး တိုက်ခိုက်လာခဲ့သည်။ ၎င်းစစ်ကြောင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် အယောက် ၃၀ ခန့် အကျအဆုံးရှိပြီး တပ်ဆုတ်သွားရသည်ကို တွေ့ရသည်။

လမ်းပိုင်းကို ပြန်စိုးမိုးရန် ကျုံဒိုးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၄၅၊ ခမရ ၅၄၆ တို့မှ စစ်ကြောင်းနှစ်ကြောင်း မေလ ၁ ရက်နေ့တွင် စစ်ကြောင်းထိုး တိုက်ခိုက်လာခဲ့သည်။ ၎င်းစစ်ကြောင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် အယောက် ၃၀ ခန့် အကျအဆုံးရှိပြီး တပ်ဆုတ်သွားရသည်။

၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကော့ကရိတ်မြို့ တတန်ကူးကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းမကြီးအနီးရှိ အောင်ဇေယျစစ်ဆင်ရေး ကွပ်ကဲမှုတပ်ဖွဲ့၏ ကာကင်းစခန်းကို KNLA မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ဒေါနတောင် တောနော်ရေတံခွန်၊ ကော့ကရိတ်၊ ကျုံဒိုး လမ်းတလျှောက်ရှိ စစ်ကောင်စီအခြေစိုက်တပ်၊ အောင်ဇေယျစစ်ကြောင်းနှင့် စစ်ကူစစ်ကြောင်းများကို KNU ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်၍ ရွှေကြက်မင်း စစ်ဆင်ရေးကွပ်ကဲမှုစခန်းကို သိမ်းပိုက်ပြီး အောင်ဇေယျစစ်ကြောင်းကို ချေမှုန်းရန် ကြိုးစားနေရာ ထိုလမ်းတလျှောက် အခြေအနေ ရှုပ်ထွေးနေဆဲဖြစ်၏။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှ စတင်ခဲ့သည့် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ဒေါနတောင် တောင်ကြောပေါ်တွင် ဖြတ်တောက်တိုက်ခိုက်ရာမှ တနှစ်အကြာတွင် KNU / PDF ပူးပေါင်းတပ်ဖွဲ့များက ပြန်လည် ထိုးစစ်ဆင်ပြီး အောင်ဇေယျစစ်ကြောင်းကို အပြီးသတ်ချေမှုန်းရန် ကြိုးပမ်းလာကြောင်း တွေ့ရ၏။ KNU/PDF များအပြင် ကျုံဒိုးအနီး တိုက်ပွဲများတွင် မွန်တော်လှန်ရေးတပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်လာသည်ကို တွေ့ရသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ / CJ

၄။ စစ်တောင်းမြစ်ဝှမ်း စစ်မျက်နှာ

စစ်တောင်းမြစ်ဝှမ်း စစ်မျက်နှာတွင် အဓိက ထိုးဖောက်လှုပ်ရှားနေသည်က PDF တပ်ဖွဲ့များဖြစ်ပြီး အဓိက ပံ့ပိုးကူညီပေးနေသည်က KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ဖြစ်၏။ သို့သော် KNU တပ်မဟာ ၃ သည် အထီးတည်း မဟုတ်ပေ။ တပ်မဟာ ၃ ၏ အရှေ့ဘက်တွင် တပ်မဟာ ၅ ဖာပွန်ခရိုင်၊ တောင်ဘက်တွင် KNU တပ်မဟာ ၁ သထုံခရိုင်၊ မြောက်ဘက်တွင် KNU တပ်မဟာ ၂ တောင်ငူခရိုင်တို့ ရှိသည်။

တပ်မဟာ ၅ နယ်မြေတွင် ဖာပွန်မြို့နှင့် တပ်ရင်းအချို့အား သိမ်းပိုက်ပြီး နယ်မြေအတွင်း ကတိုင်တိ၊ လှဂွန်းပျို စခန်းများ၊ ထိုင်းနယ်စပ် သံလွင်မြစ်တလျှောက်ရှိ စခန်းအများအပြားကို သိမ်းပိုက်ထား၏။ တပ်မဟာ ၁ နယ်မြေအတွင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ဘီးလင်းမြောက်ဘက်ရှိ မဲပလီ ဗျူဟာစခန်းကို သိမ်းပိုက်ထားနိုင်သကဲ့သို့ တပ်မဟာ ၂ အတွင်းရှိ စခန်းအချို့ကိုလည်း သိမ်းပိုက်ထား၏။

ထို့ကြောင့် တောင်ဘက် မုတ္တမနှင့် သိမ်ဇရပ်ကားလမ်း၊ အနောက်ဘက် စစ်တောင်းမြစ်၊ မြောက်ဘက် တောင်ငူ၊ ဘောဂလိ၊ မော်ချီး နယ်မြေ၊ အရှေ့ဘက် သံလွင်မြစ်ကြား နယ်မြေသည် KNU တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၃၊ တပ်မ ဟာ ၅ တို့ ထိန်းချုပ်နယ်မြေ ဖြစ်နေ၏။ စစ်ကောင်စီတပ်က သိမ်ဇရပ်-မုတ္တမ ကားလမ်း၊ သထုံ-ဘားအံ ကားလမ်း၊ သံလွင်မြစ်အရှေ့ခြမ်း မော်လမြိုင်၊ ဘားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကမမောင်း ဒေသကိုသာ ကောင်းစွာ ထိန်းချုပ်ထားနိုင်၏။

သို့ဖြစ်ရာ သောင်ရင်းမြစ်နှင့် ခွဲထွက်ရာ သံလွင်မြစ်အထက်ပိုင်းတလျှောက်လုံးနှင့် စစ်တောင်းမြစ်ကြား ဒေသကြီးသည် KNU တပ်မဟာ ၁၊ ၂၊ ၃၊ ၅ စသည့် တပ်မဟာ လေးခု ထိန်းချုပ်နယ်မြေဖြစ်ပြီး စစ်တပ်စခန်းများကိုလည်း သိမ်းပိုက်ဖယ်ရှားပြီးဖြစ်၍ အတားအဆီးမရှိ သွားလာ၍ရသည့် ဒေသဖြစ်၏။ KNU များနှင့် မဟာမိတ်များဖြစ်သည့် PDF, ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များလည်း လွတ်လပ်စွာ လှုပ်ရှားသွားလာ၍ရသည့် တော်လှန်ရေးအခြေခံဒေသ ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက လေးနှစ်တိုင် KNU နှင့် PDF တပ်များ စဉ်ဆက်မပြတ် ပြောက်ကျားလှုပ်ရှားပြီး စစ်တောင်းမြစ်ဝှမ်းဟု ဆိုရမည့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရော၊ အနောက်ဘက်ခြမ်းဒေသပါ အခြေပြုစည်းရုံးခဲ့သည်ကို တွေ့ရ၏။ ဤစစ်မျက်နှာသည် ရုတ်ချည်း ပေါ်ပေါက်လာသော စစ်မျက်နှာမဟုတ်ဘဲ အချိန်များစွာယူပြီး တည်ဆောက်လာခဲ့သော စစ်မျက်နှာဖြစ်သည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
1.8k
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.5k

စစ်တောင်းအရှေ့ဘက် ရွှေကျင်၊ ကျောက်ကြီး၊ မုန်း တလျှောက်တွင် လှုပ်ရှားသကဲ့သို့ စစ်တောင်းမြစ် အနောက်ရှိ ဖြူး၊ ပဲနွယ်ကုန်း၊ ညောင်လေးပင်စသည့် ရန်ကုန်၊ မန္တ‌လေး ကားလမ်းဟောင်းတလျှောက်တွင် လှုပ်ရှားသည်ကို တွေ့ရနိုင်သည်။

ထိုဒေသတလျှောက်တွင် တိုက်ပွဲကြီးငယ်များ တောက်လျှောက်ဖြစ်ပွားခဲ့သည်ကို ၂၀၂၂၊ ၂၀၂၃ ခုနှစ်ကတည်းက တွေ့မြင်ရ၏။ စခန်းငယ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည့်အပြင် မုန်းအခြေစိုက် တပ်ရင်းဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ကို တွေ့ခဲ့ရသည်။

၂၀၂၅ ခုနှစ်ထဲတွင် စစ်တောင်းမြစ်ဝှမ်း၌ တွေ့ရသည့် တိုက်ပွဲကြီးတခုမှာ PDF တပ်ဖွဲ့များနှင့် KNU တပ်မဟာ ၃ တို့ ပူးပေါင်းပြီး မေလ ၈ ရက်က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) လက်အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရုပ်အလောင်း ၃၀ တွေ့ရှိရပြီး၊ စစ်သုံ့ပန်း ခြောက်ဦးနှင့် မိသားစုဝင် ခုနှစ်ဦး ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၈၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲတွင်း စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် အရာရှိများနှင့် တပ်သား ၅၀ ဦးခန့် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

စစ်တပ်က ပဲခူး၊ ဝေါ၊ မြစ်ကျိုးမှတဆင့် စစ်ကူအမြန်ပို့ပြီး ပြန်လည် ထိုးစစ်ဆင်လာသဖြင့် စခန်းအား ပြန်ဆုတ်ခွာပေးရသော်လည်း စစ်တောင်းမြစ် ဝဲယာ၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း ဝဲယာတလျှောက်တွင် PDF များ ကောင်းမွန်စွာ စိုးမိုးလှုပ်ရှားနိုင်ပြီဖြစ်သည်ကို ၂၀၂၄ ခုနှစ်ကုန်မှ စတင်တွေ့ရပြီး ၂၀၂၅ ခုနှစ်ဆန်းတွင် ပိုမိုအားကောင်းလာ၊ ပိုမိုစိုးမိုးလာနိုင်သည်ကို တွေ့ရသည်။

ကရင်စစ်မျက်နှာ အလားအလာ

တနင်္သာရီစစ်မျက်နှာတွင် ထီးခီး၊ ထီးထ၊ မောတောင်စသည့် ထိုင်းနယ်စပ်ဒေသကို ထိန်းချုပ်ပြီးပါက KNU တပ်ဖွဲ့များသည် တနင်္သာရီတောင်တန်းများကို အခြေပြု၍ နောက်ကျောလုံစွာ တနင်္သာရီကမ်းရိုးတန်းသို့ ထိုးဆင်းလာနိုင်မည်ဖြစ်၏။ လက်ရှိ KNU တပ်များ ထိန်းချုပ်နိုင်သည့် ထိုင်းနယ်စပ်တလျှောက်သည် သတ္တုတွင်းများရှိ၍ KNU အတွက် ဘဏ္ဍာရေးပြဿနာကို ပြေလည်စေမည်ဖြစ်သည်။

တနင်္သာရီစစ်မျက်နှာတွင် ထီးခီး၊ ထီးထ၊ မောတောင်စသည့် ထိုင်းနယ်စပ်ဒေသကို ထိန်းချုပ်ပြီးပါက KNU တပ်ဖွဲ့များသည် တနင်္သာရီတောင်တန်းများကို အခြေပြု၍ နောက်ကျောလုံစွာ တနင်္သာရီကမ်းရိုးတန်းသို့ ထိုးဆင်းလာနိုင်မည်ဖြစ်၏။ လက်ရှိ KNU တပ်များ ထိန်းချုပ်နိုင်သည့် ထိုင်းနယ်စပ်တလျှောက်သည် သတ္တုတွင်းများရှိ၍ KNU အတွက် ဘဏ္ဍာရေးပြဿနာကို ပြေလည်စေမည်ဖြစ်သည်။

တနင်္သာရီကမ်းရိုးတန်း တလျှောက်၊ ထားဝယ်မှ မြိတ်တလျှောက် PDF များနှင့် PDF ထောက်ခံသည့် လူထု အားကောင်းသည်ဖြစ်ရာ KNU နှင့် ကောင်းစွာ မဟာမိတ်ဖွဲ့ပေါင်းစပ်နိုင်ပါက ၂၀၂၆ ခုနှစ်တွင် တနင်္သာရီကမ်းရိုးတန်းနှင့် ပင်လယ်ပြင်ကိုပါ စိုးမိုးနိုင်ပါက အံ့ဩဖွယ် မရှိပေ။ KNU နှင့် PDF များကြား မဟာမိတ်ပြဿနာ၊ အထူးသဖြင့် နယ်မြေအုပ်ချုပ်ရေးနှင့် အာဏာခွဲဝေရေးပြဿနာနှင့် ပတ်သက်ပြီး နှစ်ဖက်လုံး ဂရုပြု အပြန်အလှန်လေးစားကြရန်သာ လိုပေလိမ့်မည်။

ကော့ကရိတ်စစ်မျက်နှာတွင် ဦးစွာအားဖြင့် အောင်ဇေယျစစ်ကြောင်းကို ချေမှုန်းရန် ရည်ရွယ်ပုံရ၏။ တပ်မဟာ ၇ စစ်မျက်နှာက ဘားအံ၊ လှိုင်းဘွဲ့ဒေသကို အရှေ့ဘက်မှ ခြိမ်းခြောက်လာသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်သည်လည်း တောင်ဘက်၌ နဘူး၊ မြောက်ဘက်တွင် မြိုင်ကြီးငူ၊ ကမမောင်းတို့တွင် ခံစစ်ပြင်ထားသကဲ့သို့ အနောက်ဘက်တွင် သံလွင်မြစ်အနောက်ဘက် ကော့ဂွန်းတဝိုက်၌ ခံစစ်ပြင် ကာထားပြီး အဓိကအားဖြင့် ဘားအံနှင့် လှိုင်းဘွဲ့၏ အရှေ့ဘက် ဒေါနတောင်ကြောမှ ဆင်းလာမည့် ကရင်ပူးပေါင်းတပ်ဖွဲ့များကို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်ကို တွေ့ရသည်။

KNU နှင့် ပူးပေါင်းတပ်များအဖို့ ဘားအံ၊ လှိုင်းဘွဲ့ဒေသအား ထိုးစစ်ဆင်ရန် ထိုဒေသရှိ စစ်ကောင်စီတပ်၏ စစ်စခန်း ၂၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ရန် လိုအပ်မည်ဖြစ်၏။

စစ်တောင်းမြစ်ဝှမ်း စစ်မျက်နှာတွင် လတ်တလော တိုက်ပွဲကြီးများအား အလစ်အငိုက်ရရှိပါက တွေ့မြင်ရနိုင်သော်လည်း ဆက်တိုက်တွေ့ရန် ခဲယဉ်းသည်။ သို့သော် စစ်တောင်းမြစ်ဝှမ်း စစ်မျက်နှာသည် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ထိုးဖောက်လှုပ်ရှားမည့် PDF တပ်ဖွဲ့များ၊ ဧရာဝတီတိုင်းသို့ သွားရောက် ပူးပေါင်းမည့် PDF များအတွက် အလွန်အရေးပါသော စစ်မျက်နှာဖြစ်လာမည်။

ဤကရင်စစ်မျက်နှာများကြားတွင် ပိတ်မိနေသော ဝေါ်လေဗျူဟာ၊ အနန်ကွင်းဗျူဟာ၊ ဖာပွန်ဗျူဟာ၊ ဘုရားသုံးဆူ စသည့် စခန်းများသည်လည်း အခြေအနေအချိန်အခါပေါ် မူတည်ပြီး ကရင်ပူးပေါင်းတပ်များ၏ တိုက်ခိုက်သိမ်းပိုက်နိုင်မည့် အလားအလာရှိ၏။

အောင်ဇေယျစစ်ကြောင်းပါ သံချပ်ကာကားနှင့် စစ်သုံးယာဉ်များ ဖျက်ဆီးခံရပုံ

ထို့ပြင် ကော့ကရိတ်၊ ကျုံဒိုးနယ်မြေကိုသာ KNU နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နိုင်ပါက ဘားအံမြို့ကို ခြိမ်းခြောက်ခံရပြီဖြစ်၏။ ဘားအံအပြင် ကာလကြာမြင့်စွာကတည်းက ရေး-သံဖြူဇရပ်ကားလမ်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည်ဖြစ်ရာ မော်လမြိုင်သည်လည်း ခြိမ်းခြောက်ခံရမည်သာဖြစ်သည်။

၂၀၂၅ နှစ်ဆန်းမှ စတွေ့ရသည့် ကရင်စစ်မျက်နှာ၏ ပထမ ထူးခြားချက်မှာ KNU တပ်ဖွဲ့အားလုံး၏ စစ်ရေးလှုပ်ရှားမှုများ ဟန်ချက်ညီလာပြီး တခုလုံးအရ စစ်ရေးရည်မှန်းတခုဆီသို့ ဦးတည်လာသည်ကို တွေ့ရ၏။

စစ်ရေးအရလည်း ‌တိုက်ပွဲများ၊ အောင်ပွဲများ ဆက်လာသည်ကို တွေ့ရ၏။

ဒုတိယအနေဖြင့် တိုက်ပွဲမတိုက်မီကာလ၊ တိုက်ပွဲဖြစ်ပွားစဉ်ကာလနှင့် တိုက်ပွဲဖြစ်ပွားပြီးကာလတို့တွင် သတင်းလုံခြုံရေး ထိန်းသိမ်းရာတွင် များစွာဂရုပြုကြောင်း၊ စနစ်ကျကြောင်း တွေ့ရ၏။

တတိယအချက်အနေဖြင့် စစ်ကောင်စီ၏ ရုရှားအကူအညီဖြင့် တည်ဆောက်မည့် အဏုမြူဓာတ်အားပေးစက်ရုံသည် ဒေသတွင်း လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းရေးအတွက် စိုးရိမ်ပူပန်စရာကောင်းသည်ဟု ဒေသတွင်း နိုင်ငံများ၏ ထောက်ခံမှုရယူရန် ကြိုးစားသည်ကိုလည်း တွေ့ရသည်။

ကရင်စစ်မျက်နှာ၏ စတုတ္ထထူးခြားချက်မှာ KNU နှင့် ပူးပေါင်းတပ်ဖွဲ့များအား တိုက်ခိုက်ရန် စစ်ကောင်စီနှင့် ပူးပေါင်းသည့် BGF, DKBA စသည့် ကရင်ခွဲထွက်အဖွဲ့အစည်းမှ တပ်ဖွဲ့များ အလွန်အမင်း လျော့ကျသွားပြီး တပ်ဖွဲ့တဖွဲ့တလေသာ တွေ့ရသည့်အချက်ဖြစ်သည်။

BGF, DKBA စသည့် အဓိက ကရင်ခွဲထွက်အဖွဲ့များ စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်ရေးလှုပ်ရှားသည်ကို ကရင်စစ်မျက်နှာတခုလုံးအရ လွန်စွာနည်းပါးသွားသည်။ ကရင်အချင်းချင်းပြဿနာကို လက်နက်နှင့် မဖြေရှင်းသည့် နည်းနာသည် ‌တဖြည်းဖြည်း အောင်မြင်လာပုံရ၏။

သို့ဖြစ်ရာ လက်ရှိ ကရင်စစ်မျက်နှာ အခြေအနေအရ ၂၀၂၆ ခုနှစ်တွင် သိသာသည့် အပြောင်းအလဲများ မြင်တွေ့ရနိုင်၏။ ထို့ပြင် စစ်ကောင်စီ ချိနဲ့နေသည့်ကာလတွင် ကရင်ခွဲထွက်အဖွဲ့အစည်းများ ပုံသဏ္ဍာန်တမျိုးမျိုးဖြင့် ပြန်လည်ပူးပေါင်းခြင်းသည်လည်း မဖြစ်နိုင်သောအရာ မဟုတ်ပေ။ ထိုသို့ပူးပေါင်းခြင်း ဖြစ်ပေါ်လာပါက ကရင်စစ်မျက်နှာ အသွင်အပြင်သည် အချိန်တိုအတွင်း လုံးဝ ပြောင်းလဲသွားမည်ဖြစ်ပေသည်။

(ပြီးပါပြီ။)

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

KNU တပ်မဟာ ၇ နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ် (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်အုပ်ချုပ်ရေးအဆုံးသတ်ရန် KNU တောင်းဆိုမှုက ထိပ်တိုက်တွေ့ခြင်းဟု စစ်ကောင်စီပြော

ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း

စစ်ကောင်စီ သတိပေးချက် လိုက်နာမည်မဟုတ်ဟု KNU တုန့်ပြန်

Your Thoughts …
Tags: KNLAKNUPDFကရင်ပြည်နယ်စခန်းသိမ်းတိုက်ပွဲစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနွေဦးတော်လှန်ရေးအောင်ဇေယျစစ်ဆင်ရေး
အေးချမ်းဆု

အေးချမ်းဆု

အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

ကုလ၏ ရခိုင်အကူအညီအတွက် သယ်ယူပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် ပံ့ပိုးမည်

ကုလ၏ ရခိုင်အကူအညီအတွက် သယ်ယူပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် ပံ့ပိုးမည်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved