• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့အရေး အာဆီယံနှင့် ဆွေးနွေးရန် အမေရိကန် စီစဉ်နေ

by ဧရာဝတီ
25 February 2021
in သတင်း
A A
ဖေဖော်ဝါရီ ၂၄ ရက် ဘန်ကောက်တွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘောတွေ့ဆုံစဉ်

ဖေဖော်ဝါရီ ၂၄ ရက် ဘန်ကောက်တွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘောတွေ့ဆုံစဉ်

10.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ အခြေအနေကို ဆွေးနွေးရန် အမေရိကန်က အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေး ဝန်ကြီးများနှင့် အစည်းအဝေး တခု ပြုလုပ်ရန် ဆောင်ရွက်နေကြောင်း ဂျပန်သတင်းဌာန Nikkei Asia က ဖော်ပြသည်။

ကနဦးတွင် ဝါရှင်တန်က ဖေဖော်ဝါရီ ၁၁ ရက် နေ့၌ အာဆီယံအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးရန် အဆိုပြုခဲ့သော်လည်း မြန်မာ၊ ထိုင်း၊ ကမော္ဘဒီးယားနှင့် လာအိုတို့၏ တွန့်ဆုတ်နေမှုကြောင့် အစီအစဉ် ပျက်ပြယ်ခဲ့ရကြောင်း သတင်းက ဆိုသည်။

ယခုနှစ်တွင် အာဆီယံဥက္ကဌ အဖြစ် ဆောင်ရွက်နေသော ဘရူနိုင်းနိုင်ငံနှင့် အတူ တက်ရောက်ရန် ရွေးချယ်ထားသည့် အဖွဲ့ဝင်များသာ ပါဝင်မည့် အစည်းအဝေးတခု အပါအဝင် အခြား ရွေးချယ်စရာများက စဉ်းစားနေဆဲ ဖြစ်ကြောင်းလည်း သတင်းက ရေးသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင် Antony Blinken က ထိုင်းနှင့် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဇန်နဝါရီလနှောင်းပိုင်းတွင် ဖုန်းဖြင့် ပြောဆိုခဲ့သည်။ စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဖုန်းပြောဆိုမှုများတွင် မြန်မာနိုင်ငံမှ အာဏာသိမ်းမှုနှင့် ပတ်သက်၍ အလေးအနက် စိုးရိမ်ပူပန်မှုကို ဝေမျှခဲ့ကြောင်း သိရသည်။

အာဆီယံ မူဘောင်အတွင်းမှ အစည်းအဝေးတခုကို စီစဉ်ခြင်းအားဖြင့် အမေရိကန်က ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တက်ကြွစွာ ပါဝင်ရန် ကတိကဝတ် ပြုခြင်းကို ပြသရန် ကြိုးစားခဲ့သည်။ အထူးသဖြင့် ဒေသတွင်း ထိပ်သီး အစည်းအဝေးများတွင် ယခင်သမ္မတ ဒေါ်နယ်ထရမ့်၏ ပျက်ကွက်ခဲ့မှုကြောင့် အဖက်မတန်သလို ဆက်ဆံသည်ဟု နိုင်ငံအများအပြားက ခံစားခဲ့ကြရပြီး နောက်ပိုင်းတွင် ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်မှ နယ်မြေပိုင်နက်ဆိုင်ရာ တင်းမာမှုများနှင့် မြန်မာနိုင်ငံ အခြေအနေက အစီအစဉ်တွင် ထိပ်ဆုံးမှ ပါဝင်လိမ့်မည် ဖြစ်ကြောင်း သတင်းက ဆိုသည်။

အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်မှု သို့မဟုတ် မြန်မာ့တပ်မတော်နှင့် ဆက်နွယ်နေမှု ကြောင့် လူ ၁၀ ဦးနှင့် ကုမ္ပဏီ ၃ ခု အပေါ်တွင် ချမှတ်ခဲ့ပြီး ဖြစ်သော ဒဏ်ခတ် ပိတ်ဆို့မှုများအပေါ် ထောက်ခံမှု မြှင့်တင်နိုင်ရန် ဝါရှင်တန်က မျှော်လင့်နေသည်။ အာဆီယံနိုင်ငံများအနေဖြင့် အဖွဲ့ ဝင်များ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသည့် အခြေခံမူများအရ ထိုကဲ့သို့သော အစီအမံများမှ ရှောင်ရှားနေခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုတခုက ခိုင်မာသော အရာတခုကို ရရှိနိုင်မည်လား ဆိုသည်က မသဲကွဲသေးပါ။ ဝေဖန်မှုများ၏ ဆုံချက် ဖြစ်လာနိုင်ဖွယ် ရှိသည့် အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံက တက်ရောက်ဖွယ် မရှိသလို ကမော္ဘဒီးယားနှင့် လာအိုနိုင်ငံတို့က သူတို့၏ တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးကြောင့် အမေရိကန် အစိုးရ၏ လိုအပ်ချက်နှင့် အံဝင်ခွင်ကျ ဖြစ်မလာနိုင်ပါ။

တချိန်တည်းတွင် အာဆီယံအဖွဲ့ ဝင် အများအပြားက မြန်မာပြဿနာကို အဖွဲ့တွင်း ဆွေးနွေးမှုများ ပြုလုပ်ရေးကို တွန်းအားပေးနေသည်။

ယခုလ အတွင်း ပြုလုပ်သည့် ထိပ်သီး အစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတနှင့်မလေးရှား ဝန်ကြီးချုပ်တို့က မြန်မာ့အရေး အစည်းအဝေး တခုကို အဆိုပြုရန် သူတို့၏ နိုင်ငံခြားရေး ဝန်ကြီးများကို ညွှန်ကြားခဲ့ကြသည်။ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတို့ က ဝန်ကြီး အဆင့် အလွတ်သဘော အစည်းအဝေးကို “တတ်နိုင်သမျှ အမြန်ဆုံး” ကျင်းပရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တောင်းဆိုထားသည်။

ယမန်နေ့က အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဘန်ကောက်သို့ ချက်ခြင်းသွားကာ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံသည်။

မြန်မာအနေနှင့် အာဆီယံက စီစဉ်နေသော နိုင်ငံခြားရေးဝန်ကြီးအဆင့် အလွတ်ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ဘဲ ပုံမှန်ဆွေးနွေးပွဲသို့သာ တက်ရောက်မည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ဖူးသည်။

You may also like these stories:

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် ဦးဝဏ္ဏမောင်လွင် ဘန်ကောက်မြို့သို့ ရောက်ရှိ

မြန်မာကို ပေးနေသည့် ဖွံ့ဖြိုးရေး အကူအညီများ ဂျပန် ဖြတ်ရန် စဉ်းစားနေ

စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးဖို့ ဩစတြေးလျတောင်းဆို

Your Thoughts …
Tags: Antony BlinkenAseanစစ်အာဏာသိမ်းမှုနိုင်ငံခြားရေးဝန်ကြီးများမြန်မာ့အရေးအန်တိုနီဘလင်ကင်အမေရိကန်အာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ Sinovac ကိုဗစ်ကာကွယ်ဆေး

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ပထမအသုတ် ထိုင်းကို ရောက်ရှိ

ဗုဒ္ဓဟူးနေ့ ရန်ကုန်ရှိ စင်ကာပူသံရုံးရှေ့ ဆန္ဒပြနေစဉ် / Aye Thanda Facebook

မြန်မာပြည်မှ "ကြီးမားသော ရန်ပုံငွေများ" မရှိဟု စင်ကာပူ ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved