ယခုနှစ်သည် တရုတ်-မြန်မာ ညီနောင်ဆက်ဆံရေး ၇၅ နှစ်ပြည့်သည့်နှစ်ဖြစ်ပြီး အခမ်းအနားများ၊ ဟန်ပြဆန်သော စကားများ၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ၊ “ပေါက်ဖော်ဆက်ဆံရေး” နှင့် “နှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု” စသည့် ကြွေးကြော်သံများဖြင့် ပြည့်နေသည့် အခါသမယဖြစ်သည်။
သို့သော် ထိုမြင်ကွင်း၏ နောက်ကွယ်တွင် ပိုမိုကြမ်းတမ်းသော အမှန်တရားတခုရှိနေသည်။ ထိုအမှန်တရားမှာ နက်ရှိုင်းလာသော အချိုးမညီမှု၊ အပေးအယူနိုင်ငံရေးနှင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားသော အချုပ်အခြာအာဏာ ဖြစ်သည်။ ရှည်ကြာသော ချစ်ကြည်ရင်းနှီးမှုကို ဂုဏ်ပြုခြင်း မဟုတ်ဘဲ ထိုနှစ်ပတ်လည်နေ့သည် ပထဝီ၊ လိုအပ်ချက်နှင့် အေးစက်သော လက်တွေ့ကျမှုတို့တွင် အမြစ်တွယ်နေသည့် အာဏာအစီအစဉ်ကို ဖုံးကွယ်ထားသည်။
ထိုနှစ်ပတ်လည်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သော ကြေညာချက်သည် ခမ်းနားသော လေသံရှိပြီး အပြန်အလှန်လေးစားမှုနှင့် သမိုင်းစဉ်ဆက်မပြတ်သည့် ဇာတ်လမ်းများကို ပိုမိုအားဖြည့်ပေးသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်းနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ပေးပို့သည့် သဝဏ်လွှာများသည် ပြည်တွင်းပြည်ပတွင် စစ်ကောင်စီကို တရားဝင်စေသည်။
“ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်” နှင့် “ဘန်ဒေါင်းစိတ်ဓာတ်” ကို ဖော်ပြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မူရှိသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်ဟု ပုံဖော်ပြီး သမ္မတ ရှီကျင့်ဖျင်၏ “သမိုင်းဝင် လည်ပတ်မှု” ကို ကိုးကားပြောဆိုခြင်းသည် ကမ္ဘာ့ပြစ်တင်ရှုတ်ချခြင်းကို ရှောင်ကွင်းပြီး တရုတ်၏ အခြေအနေမပျက် ထောက်ခံမှုကို ဖော်ပြသည်။
သေနင်္ဂဗျူဟာအရ ထိုသတင်းစကားသည် ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) နှင့် တရုတ်၏ ပိုမိုကျယ်ပြန့်သော အစီအစဉ်များဖြစ်သည့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၊ ကမ္ဘာ့လုံခြုံရေးအစီအစဉ်နှင့် ကမ္ဘာ့ယဉ်ကျေးမှု လူ့အဖွဲ့အစည်း အစီအစဉ် အောက်တွင် ပူးပေါင်းဆောင်ရွက်ရေးကို အားပေးပြီး တရုတ်သည် မြန်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည်ဟု ဘောင်ခတ်သည်။
သေနင်္ဂဗျူဟာအရ ထိုသတင်းစကားသည် ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) နှင့် တရုတ်၏ ပိုမိုကျယ်ပြန့်သော အစီအစဉ်များဖြစ်သည့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၊ ကမ္ဘာ့လုံခြုံရေးအစီအစဉ်နှင့် ကမ္ဘာ့ယဉ်ကျေးမှု လူ့အဖွဲ့အစည်း အစီအစဉ် အောက်တွင် ပူးပေါင်းဆောင်ရွက်ရေးကို အားပေးပြီး တရုတ်သည် မြန်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည်ဟု ဘောင်ခတ်သည်။
ငလျင်အတွက် တရုတ်၏ အကူအညီကို မင်းအောင်လှိုင်က ကျေးဇူးတင်ခြင်းသည် ပိုမိုသိမ်မွေ့သောလေသံဖြစ်ပြီး ဝေဖန်မှုမြင့်မားနေစဉ် ဆက်ဆံရေးကို လူသားဆန်စေရန် ရည်ရွယ်သည်။ သို့သော် ထိုလေသံသည် စစ်ကောင်စီအပေါ် တရုတ်က တွက်ချက်ထောက်ခံမှုကို ဖုံးကွယ်ထားသည်။ တရုတ်က ၎င်း၏အကျိုးစီးပွားများ လုံခြုံစေရန် စစ်ကောင်စီကို ထောက်ခံကာ အနာဂတ်တွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲကို “တည်ငြိမ်ရေး” အတွက် ခြေလှမ်းအဖြစ် တရားဝင်စေရန် နေရာပေးသည်။
“ပေါက်ဖော်” ဒဏ္ဍာရီ
ထိုသံတမန်ရေးပြဇာတ်၏ ဗဟိုချက်မှာ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းချင်း ဆွေမျိုးတော်စပ်မှုနှင့် စိတ်ခံစားမှု နီးစပ်ခြင်းကို ဖော်ပြရန် အထူးဖန်တီးထားသည့် “ပေါက်ဖော်” ဆိုသော စကားလုံးဖြစ်သည်။ ထိုစကားလုံးကို အခမ်းအနားများနှင့် နိုင်ငံတော် သတင်းဖော်ပြမှုများတွင် မကြာခဏ အသုံးပြုခြင်းသည် ညီနောင် သဟဇာတဖြစ်မှုပုံရိပ်ကို နှိုးဆွပေးသည်။ သို့သော် တရုတ်-မြန်မာ ဆက်ဆံရေးသည် မည်သည့်အခါကမှ တန်းတူညီမျှ မရှိခဲ့ပေ။ ထိုဆက်ဆံရေးသည် တွက်ကိန်းချ အချိုးအစား မညီသည့် ဆက်ဆံရေးဖြစ်သည်။

၁၉၅၀ ပြည့်နှစ်များမှစတင်ပြီး တရုတ်နိုင်ငံသည် မြန်မာမှ ဆိုရှယ်လစ်ဖြစ်စေ၊ ဒီမိုကရေစီ အတုအယောင်ဖြစ်စေ၊ အာဏာရှင်ဖြစ်စေ စစ်အုပ်စုအဆက်ဆက်အတွက် မရှိမဖြစ်လိုအပ်သည့် အသက်သွေးကြောအဖြစ် ပြုမူခဲ့သည်။ အပြန်အလှန်အားဖြင့် မြန်မာအုပ်ချုပ်သူများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှစတင်ပြီး ပိုမိုချောင်ပိတ်မိလာကာ ဆက်လက်ရှင်သန်ရေးအတွက် တရုတ်ကို အားကိုးနေရသည်။
ကုလသမဂ္ဂတွင် သံတမန်ရေး အကာအကွယ်၊ ပြိုကွဲနေသော အခြေခံအဆောက်အအုံအတွက် ဘဏ္ဍာရေးထည့်ဝင်မှုနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံဘေးတွင် ရပ်တည်ရခြင်းမှလာသည့် ဟန်ပြသဘောဆန်သော အသိအမှတ်ပြုမှုတို့ ဖြစ်သည်။
တချိန်တည်းတွင် တရုတ်နိုင်ငံသည် ရှည်ကြာသော ကစားပွဲကို ကစားနေသည်။ တရုတ်သည် နေပြည်တော်မှ စစ်ကောင်စီနှင့်သာမက ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWAS)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) တို့ကဲ့သို့ အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့်လည်း ဆက်ဆံသည်။
လက်တွေ့တွင် တရုတ်သည် အုပ်စုကွဲများ အားလုံးတွင် ဖြန့်ခွဲထားပြီး စင်ပြိုင်သံတမန်ရေး ကျင့်သုံးနေကာ သေနတ်ကိုင်ထားသူ သို့မဟုတ် ဝင်ပေါက်ထွက်ပေါက်ကို ထိန်းချုပ်ထားသည့် မည်သူ့ကိုမဆို စားပွဲဝိုင်းတွင် နေရာပေးသည်။
ထို EAO များသည် အရေးပါသည့် သေနင်္ဂဗျူဟာကျသော နယ်မြေများကို သိမ်းပိုက်ထားပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာသော တရုတ်ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ်ပေးထားသည်။ လက်တွေ့တွင် တရုတ်သည် အုပ်စုကွဲများ အားလုံးတွင် ဖြန့်ခွဲထားပြီး စင်ပြိုင်သံတမန်ရေး ကျင့်သုံးနေကာ သေနတ်ကိုင်ထားသူ သို့မဟုတ် ဝင်ပေါက်ထွက်ပေါက်ကို ထိန်းချုပ်ထားသည့် မည်သူ့ကိုမဆို စားပွဲဝိုင်းတွင် နေရာပေးသည်။
သင်္ကေတရုပ်ပြနှင့် အချုပ်အခြာအာဏာ
တရားဝင် ရွှန်းရွှန်းဝေပြောဆိုမှုများတွင် ငြိမ်းချမ်းရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုကို အလေးထားသည်။ ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်း၊ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်အထိ ရှည်လျားသည့် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းများ၊ BRI ၏ ခမ်းနားသော ကြွေးကြော်သံများကို အပြန်အလှန် တိုးတက်မှု၏ အထောက်အထားဟု ဖော်ပြသည်။ သို့သော် ထိုခမ်းနားသောဟန်လုပ်မှုသည် စိတ်မသက်သာစရာ အမှန်တရားကို ဖုံးကွယ်ထားသည်။ ယင်းမှာ မြန်မာ၏ အချုပ်အခြာအာဏာကို ဖောက်ထုတ်နေခြင်းဖြစ်သည်။
ယခုအခါ မြန်မာမှ တရုတ်စီမံကိန်းများ၏ တန်ဖိုး ၅၀ ရာခိုင်နှုန်းကျော်သည် နိုင်ငံတော်အဆင့် မဟုတ်သော လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း ကျရောက်နေသည်။ ၁၀၂၇ စစ်ဆင်ရေးထိုးစစ် နောက်ပိုင်းတွင် အရေးပါသော နယ်စပ်စစ်ဆေးရေး စခန်းများနှင့် အခြေခံအဆောက်အအုံ စင်္ကြံများအပါအဝင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း အများစုသည် စစ်ကောင်စီလက်မှ လွတ်ထွက်ကုန်သည်။ သို့သော် ထိုကြီးမားသော အပြောင်းအလဲသည် နှစ်နိုင်ငံလုံး၏ ပြောကြားချက်များတွင် မပါဝင်ပေ။
မြန်မာစစ်တပ်သည် နယ်မြေထိန်းချုပ်မှုများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလက်သို့ ဆုံးရှုံးနေသည့်တိုင် အချုပ်အခြာအာဏာကို ဆက်လက် အမွှမ်းတင်နေသည်။ တချိန်တည်းတွင် တရုတ်နိုင်ငံသည် ဒေသ “တည်ငြိမ်ရေး” ကို အမွှမ်းတင်ပြီး တရုတ်၏ သေနင်္ဂဗျူဟာသည် မြေပြင်တွင် အစိတ်စိတ်အမွှာမွှာကွဲခြင်းကို အမြစ်တွယ်စေကာ အာဏာပြိုင်ဆိုင်မှုကို မီးထိုးပေးနေသည်။
တရုတ်၏ အပြိုင်လမ်းကြောင်းများ
တရုတ်နိုင်ငံပိုင် မီဒီယာများ၊ အထူးသဖြင့် ဆင်ဟွာနှင့် CCTV က တရုတ်အစိုးရသည် တာဝန်သိပြီး ကြားနေသော မိတ်ဖက်ဖြစ်ကြောင်း ဘောင်ခတ်ရန် အချိန်ယူလုပ်ဆောင်သည်။ ဂရုတစိုက် ဖော်ပြသည့် သတင်းစကားများတွင် “ဒေသတွင်း သဟဇာတဖြစ်ရေး” နှင့် “အပြန်အလှန် တိုးတက်ရေး” ကို မီးမောင်းထိုးပြပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) သည် ပူးပေါင်းဆောင်ရွက်ရေး နမူနာပုံစံအဖြစ် မကြာခဏ ကိုးကားဖော်ပြသည်။ ထိုအပြသဘောဆန်သော ပုံရိပ်၏ နောက်ကွယ်တွင် အန္တရာယ်ကို ရှောင်ရှားပြီး သြဇာ ထိန်းသိမ်းမှုတွင် အမြစ်တွယ်နေသည့် လက်တွေ့ကျသော သေနင်္ဂဗျူဟာရှိသည်။
စစ်ကောင်စီနှင့် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဖက်လုံးကို ထိတွေ့ဆက်ဆံသည့် တရုတ်၏ နှစ်ခွလုပ်ရပ်သည် မတော်တဆ မဟုတ်ပေ။ ရည်ရွယ်ချက်ရှိရှိ တွက်ချက် လုပ်ဆောင်ခြင်းကို ထင်ဟပ်နေသည်။
စစ်ကောင်စီနှင့် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဖက်လုံးကို ထိတွေ့ဆက်ဆံသည့် တရုတ်၏ နှစ်ခွလုပ်ရပ်သည် မတော်တဆ မဟုတ်ပေ။ ရည်ရွယ်ချက်ရှိရှိ တွက်ချက် လုပ်ဆောင်ခြင်းကို ထင်ဟပ်နေသည်။
စီမံအုပ်ချုပ်မှု အားပြိုင်နေသော၊ ပဋိပက္ခ ကူးစက်နေသော နိုင်ငံတနိုင်ငံတွင် တရုတ်အတွက် အကောင်းဆုံး လောင်းကြေးမှာ မည်သည့်နေရာတွင်မဆို သြဇာရှိရေးအတွက် ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်။ နယ်စပ်တလျှောက်မှ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နယ်စပ်ကုန်သွယ်ရေးဖြင့်ဖြစ်စေ၊ လက်နက်များ စီးဆင်းမှုကို တိတ်ဆိတ်စွာ သည်းခံခြင်းဖြင့်ဖြစ်စေ၊ အာဏာပိုင်များနှင့် နောက်ကွယ်မှ သံတမန်ရေးဖြင့်ဖြစ်စေ တရုတ်သည် ၎င်း၏ သေနင်္ဂဗျူဟာ ပိုင်ဆိုင်မှုများကို အကာအကွယ်ရအောင် လုပ်သည်။ ရေရှည်တည်တံ့သည့် ငြိမ်းချမ်ရေး တည်ဆောက်ခြင်း မရှိဘဲ အာဏာချိန်ညှိမှုဖြင့်သာ လုပ်ကိုင်သည်။
ထိုကိစ္စသည် အစဉ်အလာအမြင်အရ သံတမန်ရေး မဟုတ်ပေ။ ထိုကိစ္စသည် ရှုပ်ထွေးသည့် ဆက်ဆံရေးဖြင့် အကျပ်အတည်းကို စီမံခန့်ခွဲခြင်းဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ပိုမို အစိတ်စိတ်အမွှာမွှာ ကွဲလာသည့် နိုင်ငံတွင် သြဇာရစေမည့် အစီအမံသာဖြစ်သည်။
သံတမန်ရေးက မြေပြင်အခြေအနေကို လျစ်လျူရှု
၇၅ နှစ်ပြည့် အခမ်းအနားတွင် အသိသာဆုံး ပျောက်ကွယ်နေသည့်အရာမှာ မြန်မာပြည်သူများ၏ အသံဖြစ်သည်။ တရုတ် ကျောထောက်နောက်ခံပြု ရေအားလျှပ်စစ် စီမံကိန်းများကြောင့် နေရပ်စွန့်ခွာရသည့် အလုပ်သမားများ၊ အခြေခံအဆောက်အအုံ အစီအစဉ်များအတွက် မြေအသိမ်းခံရသည့် လယ်သမားများ၊ စစ်ကောင်စီထိုးစစ်များနှင့် တရုတ်က ငွေကြေးထောက်ပံ့သည့် စင်္ကြံများအကြား ပိတ်မိနေသည့် လူမျိုးစု လူမှုအသိုက်အဝန်းများအတွက် ပေါက်ဖော်ဟူသော စကားလုံးသည် စော်ကားသည့် စကားမဟုတ်လျှင်ပင် အနှစ်သာရ ကင်းမဲ့သော စကားလုံး ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်မားလာပြီး အထူးသဖြင့် စစ်ရာဇဝတ်မှုများကို တရုတ်က နှုတ်ဆိတ်နေခြင်းနှင့် စစ်ကောင်စီကို ရုပ်ဝတ္ထုအရ ထောက်ပံ့ခြင်းသည် ကြားနေခြင်း မဟုတ်ဘဲ ကြံရာပါဖြစ်သည်ဟု မြင်သည့် လူငယ်များ၊ တက်ကြွလှုပ်ရှားသူများ၊ လူထုအခြေပြုအဖွဲ့များတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် မြင့်မားလာသည်။
ထိုသို့ ကြီးထွားနေသည့် စိတ်ပျက်ခြင်းကို နိုင်ငံခြားသားမုန်းတီးမှု သို့မဟုတ် မျက်ကန်းအမျိုးသားရေးဝါဒက ဖြစ်စေသည် မဟုတ်ပေ။ ထိုကိစ္စသည် လက်ရှိ ပကတိအခြေအနေတွင် အမြစ်တွယ်နေသော ကိစ္စဖြစ်သည်။ တရုတ်သည် မြန်မာပြည်သူများထက် ပိုက်လိုင်းများကို ဦးစားပေးသည်၊ အကာအကွယ်ထက် အကျိုးအမြတ်ကို ဦးစားပေးသည်၊ ဒီမိုကရက်တစ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ထက် စစ်ကောင်စီအချုပ်အခြာကို ဦးစားပေးသည်ဆိုသည့် လက်ရှိ ပကတိအခြေအနေဖြစ်သည်။
ထိုသို့ ကြီးထွားနေသည့် စိတ်ပျက်ခြင်းကို နိုင်ငံခြားသားမုန်းတီးမှု သို့မဟုတ် မျက်ကန်းအမျိုးသားရေးဝါဒက ဖြစ်စေသည် မဟုတ်ပေ။ ထိုကိစ္စသည် လက်ရှိ ပကတိအခြေအနေတွင် အမြစ်တွယ်နေသော ကိစ္စဖြစ်သည်။ တရုတ်သည် မြန်မာပြည်သူများထက် ပိုက်လိုင်းများကို ဦးစားပေးသည်၊ အကာအကွယ်ထက် အကျိုးအမြတ်ကို ဦးစားပေးသည်၊ ဒီမိုကရက်တစ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ထက် စစ်ကောင်စီအချုပ်အခြာကို ဦးစားပေးသည်ဆိုသည့် လက်ရှိ ပကတိအခြေအနေဖြစ်သည်။

ထိုသို့သော ကွဲလွဲမှုသည် ယခုအခါ စစ်တပ်က ကျင်းပမည့် မြန်မာမှ ရွေးကောက်ပွဲကို တရုတ်က တိတ်ဆိတ်သော်လည်း ခိုင်မာသော ထောက်ခံမှုတွင် အန္တရာယ်များလောက်အောင် ရှင်းလင်းလာသည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်မျှတမည် မဟုတ်သလို ပြည်သူ့ဆန္ဒကိုလည်း မထင်ဟပ်ပေ။ အကျပ်အတည်း အရင်းအမြစ်ကို မဖြေရှင်းဘဲ သို့မဟုတ် အားလုံးအကျုံးဝင်သည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကို မထောက်ခံဘဲ တရုတ်သည် တည်ငြိမ်မှု အတုအယောင် ထိန်းသိမ်းရေးနှင့် စစ်ကောင်စီကို တရားဝင်မှု အပေါ်ယံပေးရေးအတွက် ထိန်းချုပ်ကျင်းပသည့် ရွေးကောက်ပွဲကို လောင်းကြေးထပ်နေသည်။
သို့သော် ထိုနည်းလမ်းသည် ငြိမ်းချမ်းရေးကို ဆောင်ယူမပေးဘဲ အကွဲအပြဲကို နက်ရှိုင်းစေသည်။ ဗိုလ်ချုပ်များပြုလုပ်သည့် လမ်းပြမြေပုံကို ထောက်ခံခြင်းဖြင့် တရုတ်သည် မြန်မာပြည်သူများကို ထပ်မံကျောခိုင်းပြီး ကိုယ်စားပြုမှုထက် ဖိနှိပ်မှုကို အားပေးသည့် စနစ်အား ခိုင်မာစေမည့် အန္တရာယ်ကို ရွေးချယ်လိုက်သည်။
နိုင်ငံပိုင်မီဒီယာတွင် သဟဇာတဖြစ်မှုနှင့် ခမ်းနားထည်ဝါစွာ ကျင်းပမှုပုံရိပ်များကို ထုတ်လွှင့်နေသော်လည်း မြေပြင်မှ အမှန်တရားမှာ အခွင့်အရေးဆုံးရှုံးခြင်း၊ ယုံကြည်ချက်ကို ဖျက်ဆီးခြင်းနှင့် အမြတ်ထုတ် သွေးစုပ်ခြင်း စသည့် ပကတိ အမှန်တရားများဖြစ်သည်။ တရုတ်၏ ရှုထောင့်အမြင်များတွင်သာမက ပြည်သူများ၏ အနာဂတ်ကို ပုံဖော်မည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းတွင်ပါ ပြည်သူများ ပျောက်ကွယ်နေသည်။
တရားဝင်မှု အကျပ်အတည်း
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တည်ငြိမ်မှုရှိသည့်ပုံစံ ဖြစ်စေရန် ပုံဖော်သည်။ ထိုအခမ်းအနားသည် ကန့်လန့်ကာများ နောက်ကွယ်တွင် ဖြစ်ပေါ်နေသည့် ပြိုကွဲမှုကို ဖုံးကွယ်ရန် ရည်ရွယ်သည့် ဇာတ်တိုက် သရုပ်ဖော်ခြင်းသာ။
တရားဝင်ကြွေးကြော်သံများနှင့် ဓာတ်ပုံစုပေါင်းရိုက်ကူးမှုများ နောက်ကွယ်တွင် စိတ်မသက်သာစရာ အမှန်တရားတခု ရှိနေသည်။ ထိုအခမ်းအနားသည် ဘုံတန်ဖိုးကို ဂုဏ်ပြုခြင်း မဟုတ်ဘဲ အပေးအယူအာဏာ၊ သေနင်္ဂဗျူဟာ ဒွိဟဖြစ်ခြင်းနှင့် အပြန်အလှန်အဆင်ပြေမှုကို အခြေခံတည်ဆောက်ထားသည့် သံသယဖြစ်စရာ သဘောတူညီချက်သာ ဖြစ်သည်။
သို့သော် တရားဝင်ကြွေးကြော်သံများနှင့် ဓာတ်ပုံစုပေါင်းရိုက်ကူးမှုများ နောက်ကွယ်တွင် စိတ်မသက်သာစရာ အမှန်တရားတခု ရှိနေသည်။ ထိုအခမ်းအနားသည် ဘုံတန်ဖိုးကို ဂုဏ်ပြုခြင်း မဟုတ်ဘဲ အပေးအယူအာဏာ၊ သေနင်္ဂဗျူဟာ ဒွိဟဖြစ်ခြင်းနှင့် အပြန်အလှန်အဆင်ပြေမှုကို အခြေခံတည်ဆောက်ထားသည့် သံသယဖြစ်စရာ သဘောတူညီချက်သာ ဖြစ်သည်။
စစ်ကောင်စီအတွက် တရုတ်သည် နိုင်ငံရေး အောက်ဆီဂျင်ဖြစ်သည်။ လက်ဆွဲနှုတ်ဆက်မှု တခုချင်းစီသည် စစ်ကောင်စီကို တရားဝင်မှုအတုလုပ်ရေး အသက်သွေးကြော ဖြစ်သည်။ တရုတ်အတွက် ထိုကိစ္စသည် ပိုက်လိုင်းများလုံခြုံရေး၊ စစ်ဗိုလ်ချုပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စသည့် သက်ဆိုင်သူအားလုံးနှင့် ကစားပြီး သြဇာထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်သူအဖြစ် ဟန်ရေးပြရေး ဖြစ်သည်။
သို့သော် တရုတ်၏ အကျပ်ကိုင် ကြားဝင်စေ့စပ်ခြင်းသည် ဆိုးကျိုးများဖြစ်စေသည်။ ထိုအကျပ်ကိုင် စေ့စပ်ညှိနှိုင်းစေခြင်းသည် စစ်ကောင်စီကို ပြန်လည်အင်အားစုဆောင်းစေပြီး ပဋိပက္ခ စီးပွာရေးကို မီးထိုးပေးသည့် ယာယီအပစ်အခတ်ရပ်စဲရေးသာ ဖြစ်စေပြီး မည်သည့်စစ်မှန်သော နိုင်ငံရေးအဖြေ သို့မဟုတ် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုကို မဖြစ်စေပေ။ စစ်ကောင်စီ၏ လိမ်လည်သော ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် စစ်အုပ်ချုပ်ရေးကိုသာ ပိုမိုခိုင်မာစေပြီး မတည်ငြိမ်မှုကို ပိုမိုနက်ရှိုင်းစေကာ ပြည်သူ့ဆန္ဒကို ပစ်ပယ်ရာရောက်သည်။
စစ်ဗိုလ်ချုပ်များကို မြှောက်ပင့်သည့် ပမာဏအဆင့်ကဲ့သို့ ပြည်သူ့စကားကို တရုတ်က နားမထောင်မချင်း ထိုနှစ်ပတ်လည် အထိမ်းအမှတ်များသည် ကျဆုံးမှုသာဖြစ်နေပြီး ရေပေါ်ဆီများကသာ ဂုဏ်ပြုကာ ပြည်သူက ပယ်ချမည့် အထိမ်းအမှတ်များသာ ဖြစ်သည်။
ငြိမ်းချမ်းရေးကို ကြိုဆိုဂုဏ်ပြုနေခြင်း မဟုတ်ဘဲ သွက်ချာပါဒလိုက်နေခြင်းကို ကြိုဆိုဂုဏ်ပြုခြင်း ဖြစ်သည်။ အချုပ်အခြာအာဏာသည် အပေးအယူလုပ်သည့် အရာဖြစ်သည်။ ကြားဝင်စေ့စပ်ခြင်းသည် ထိန်းချုပ်နိုင်ရေး ဝှက်ဖဲဖြစ်သည်။ ရွေးကောက်ပွဲများကို ပြည်သူ့ဆန္ဒထင်ဟပ်မှုအဖြစ် မဟုတ်ဘဲ အာဏာရှင် ဆက်လက် တည်မြဲရေးအတွက် ကြိုးဆွဲရာကမည့် အရုပ်အဖြစ် ပုံဖော်သည်။
အမှန်တရားမှာ ယနေ့ တရုတ်-မြန်မာ ဆက်ဆံရေးတွင် ညီနောင်ဆန်သည့် တခုတည်းသောအရာသည် နှစ်ဖက်လုံးက ထင်ယောင်ထင်မှားဖြစ်ခြင်းကို အတူတကွ မှီခိုနေကြခြင်းဖြစ်သည်။ တာဝန်ခံမှုကို လူမြင်ကောင်းအောင်လုပ်ခြင်းအဖြစ် ထင်ယောင်ထင်မှား ဖြစ်သည်။ ရုပ်ဝတ္တုပစ္စည်းကို သင်္ကေတလက္ခဏာဟု ထင်ယောင်ထင်မှားဖြစ်သည်။ ထိုနှစ်ပတ်လည်ပွဲများသည် ယုံကြည်မှု အမှတ်အသား မဟုတ်ဘဲ ပြည်သူကို ပစ်ပယ်ပြီး အာဏာကို ကျားကန်သည့် အနှစ်သာရကင်းမဲ့သော သံတမန်ရေးဖြစ်ကြောင်း ထိုအခမ်းအနားများက ပြသနေသည်။
စစ်ဗိုလ်ချုပ်များကို မြှောက်ပင့်သည့် ပမာဏအဆင့်ကဲ့သို့ ပြည်သူ့စကားကို တရုတ်က နားမထောင်မချင်း ထိုနှစ်ပတ်လည် အထိမ်းအမှတ်များသည် ကျဆုံးမှုသာဖြစ်နေပြီး ရေပေါ်ဆီများကသာ ဂုဏ်ပြုကာ ပြည်သူက ပယ်ချမည့် အထိမ်းအမှတ်များသာ ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ Fraternal Facade: The Illusion of China-Myanmar Brotherhood at 75 ကို ဘာသာပြန်သည်။ အက်သန်နာ အောင်နော်သည် စီးပွားရေးကဏ္ဍများတွင် တရုတ်၏ ကျယ်ပြန့်လာသောသြဇာကို အာရုံစိုက်ပြီး မြန်မာမှ လူမျိုးစုပဋိပက္ခအရွေ့များ သရုပ်ခွဲလေ့လာခြင်းကို အထူးပြုသည်။ သူ၏ ကျွမ်းကျင်သော နယ်ပယ်များတွင် တရုတ်ပါဝင်ပတ်သက်မှု၏ လူမှုစီးပွားအကျိုးဆက်များ၊ မြန်မာ့လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်၏အခန်းကဏ္ဍ၊ ဒေသတွင်း အစီအစဉ်များတွင် တရုတ်ပတ်သက်မှုတို့ ပါဝင်သည်။)
You may also like these stories:
ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ
ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ
စစ်ကောင်စီကို တရုတ်ထောက်ခံမှု ဒေါသက ငလျင်အကူအညီ ကျေးဇူးကို ဖုံးလွှမ်း
တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ
စစ်ကောင်စီကို အသက်ရှုပေါက် ဖြစ်စေတဲ့ တရုတ်ပေါ်လစီ (ရုပ်/သံ)
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ













