• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

by ဧရာဝတီ
16 June 2025
in သတင်း
A A
ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

နယူးယောက်မြို့ "No Kings" ဆန္ဒပြပွဲ/AFP

752
VIEWS
Share on FacebookShare on Twitter

ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို လော့စ်အိန်ဂျယ်လိစ်နှင့် အခြားမြို့ကြီးများတွင် ကြီးမားသော ဆန့်ကျင်ဆန္ဒပြပွဲများပြီးနောက် ဒီမိုကရက်တို့ အုပ်ချုပ်သော မြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်းကို ဦးစားပေးရန် သမ္မတ ထရမ့်က လူဝင်မှုကြီးကြပ်ရေးအရာရှိများကို ဇွန်လ ၁၅ ရက်နေ့တွင် ညွှန်ကြားလိုက်သည်။

သမိုင်းတွင် အကြီးမားဆုံး တခုတည်းသော ပြည်နှင်ဒဏ်ပေးရေး အလွန်အရေးပါသည့် ပန်းတိုင်အောင်မြင်ရန် လုပ်ပိုင်ခွင့်အားလုံးကို သုံးရန် သမ္မတ ထရမ့်က လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ကြီးကြပ်ရေး (ICE) အရာရှိများကို လူမှုကွန်ရက်တွင် တိုက်တွန်းသည်။

ထိုပန်းတိုင် အောင်မြင်ရေးအတွက် ICE အရာရှိများသည် တရားမဝင် နိုင်ငံခြားသား သန်းပေါင်းများစွာ နေထိုင်ကြသည့် လော့စ်အိန်ဂျယ်လိစ်၊ ရှီကာဂိုနှင့် နယူးယောက် စသည့် အမေရိကန် ပြည်ထောင်စု၏ မြို့ကြီးများမှ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးရန် အားထုတ်ရမည်ဟု သူက ဆက်လက်ရေးသားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ကြီးကြပ်ရေး (ICE) အရာရှိများသည် ထရမ့်အစိုးရ ဒုတိယသက်တမ်း ပထမ ငါးလအတွင်း တရက်လျှင် လူ ၆၅၀ ခန့် ဖမ်းနေရာမှ အနည်းဆုံး ၃,၀၀၀ အထိ ဖမ်းဆီးရန် အိမ်ဖြူတော် ဒုတိယအရာရှိချုပ်နှင့် သမ္မတ ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများ ပဲ့ကိုင်ရှင် စတီဖင် မေလာက ပြောပြီးနောက် အရှိန်တိုးမြှင့် အကောင်အထည်ဖော်သည့် ရက်သတ္တပတ်ပေါင်းများစွာ အကြာတွင် ထရမ့် ကြေညာချက် ထွက်လာခြင်းဖြစ်သည်။

တချိန်တည်းတွင် ထရမ့်အစိုးရသည် လယ်တောများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်လုပ်ငန်းများတွင် ဖမ်းဆီးမှု အပြင်းအထန် အကောင်အထည်ဖော်သောကြောင့် ထိခိုက်မှုကို စိုးရမ်ကြောင်း ဖော်ပြပြီးနောက် ထိုလုပ်ငန်းများတွင် ဖမ်းဆီးမှု ရပ်ဆိုင်းရန် လူဝင်မှုကြီးကြပ်ရေးအရာရှိများကို ညွှန်ကြားသည်ဟု ထိုကိစ္စကို သိသည့် အမည်မဖော်လိုသော အမေရိကန် အရာရှိတဦးက ပြောသည်။

မျက်ရည်ယိုဗုံး မီးခိုးငွေ့ကြားက လော့စ်အိန်ဂျယ်လစ် ဆန္ဒပြပွဲ/AFP

သမ္မတ ထရမ့်က အမေရိကန်စစ်တပ် နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲကို ဝါရှင်တန်တွင် ကျင်းပစဉ် ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒ ဆန့်ကျင်သူများသည် ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပသည့် “No Kings” ဆန္ဒပြပွဲများ တစိတ်တပိုင်းအဖြစ် လမ်းမပေါ်ထွက် ဆန္ဒပြကြသည်။

ထိုနေ့က ပြုလုပ်သည့် ဆန္ဒပြပွဲများသည် အများအားဖြင့် ငြိမ်းချမ်းသည်။

သို့သော် လော့စ်အိန်ဂျယ်လိစ်မှ ရဲများသည် ထိုအခမ်းအနား ပြီးဆုံးသောအခါ ဆန္ဒပြသူများကို ဖြိုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့များနှင့် လူအုပ်ထိန်းချုပ်ရေး ခဲယမ်းများ အသုံးပြုသည်။

အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လန်းမှ ရဲများသည် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ကြီးကြပ်ရေး (ICE) ဌာန အဆောက်အအုံရှေ့တွင် ဆန္ဒပြလူအုပ်ကို ဖြိုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့များ၊ သေနတ်များဖြင့် ညဦးပိုင်းအထိ ပစ်ခတ်ခဲ့သည်။

သမ္မတ ထရမ့်သည် ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာမှ စက်မှုထိပ်သီး ခုနစ်နိုင်ငံ အစည်းအဝေးသို့ သွားရောက်စဉ် ဒီမိုကရက် ထိန်းချုပ်မြို့ကြီးများတွင် လူဝင်မှုကြီးကြပ်ရေးမူဝါဒ တိုးမြှင့်အကောင်အထည်ဖော်ရန် လူမှုကွန်ရက်မှတဆင့် တောင်းဆိုခြင်းဖြစ်သည်။

ချီကာဂိုမြို့ “No Kings” ဆန္ဒပြပွဲ/AFP

လော့စ်အိန်ဂျယ်လိစ်သို့ အမျိုးသားအစောင့်တပ်များ စေလွှတ်ရန်ဆုံးဖြတ်ရသည့် အကြောင်းရင်းမှာ ထိုမြို့မှ ဆန္ဒပြပွဲများ ငြိမ်းချမ်းစေရန်ဖြစ်ကြောင်း ဇွန်လ ၁၅ ရက် ညနေတွင် စက်မှုထိပ်သီး ခုနစ်နိုင်ငံဆွေးနွေးပွဲအတွက် အိမ်ဖြူတော်မှ ထွက်ခွာစဉ် သတင်းထောက်များကို ပြောသည်။

“အမျိုးသားအစောင့်တပ်ကို မခေါ်ရင် သူတို့က လော့စ်အိန်ဂျယ်လိစ်ကို တစစီဖြစ်အောင် လုပ်ကြမယ်” ဟု သမ္မတ ထရမ့်က ပြောသည်။

သမ္မတ ထရမ့်သည် ပြည်ပ တရားမဝင်လုပ်သားများကို မှီခိုနေရသည့် အဓိက လုပ်ငန်းများတွင် အကြီးအကျယ် ပြည်နှင်ဒဏ်ပေးရေး အားထုတ်မှု၏ သက်ရောက်မှုများနှင့် ရုန်းကန်နေရစဉ် ထိုအပြောင်းအလဲ ဖြစ်လာသည်။

သူ၏ ပြင်းထန်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒသည် အလွန်တော်သည့် ဝါရင့်လုပ်သားများကို ဟိုတယ်၊ စိုက်ပျိုးရေးနှင့် အပန်းဖြေလုပ်ငန်းများမှ ထွက်ခွာသွားစေသည်ဟု ထိုလုပ်ငန်းများမှ သိရကြောင်း သမ္မတ ထရမ့်က သူ၏ Truth လူမှုကွန်ရက်တွင် ရေးသည်။

ထိုနေ့တွင်ပင် ICE ဌာန ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးရေးဌာနအကြီးအကဲ တက်တမ် ကင်းက ဒေသဆိုင်ရာခေါင်းဆောင်များ အနေဖြင့် အသားထုတ်ပိုးသည့် လုပ်ငန်းများအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များကို စုံစမ်းစစ်ဆေးမှု ရပ်တန့်ရန် ပြောကြောင်း အထက်ပါ အမည်မဖော်လိုသည့် အမေရိကန် အရာရှိက ပြောသည်။

ကိုးကား ။ ။ AP သတင်း Trump directs ICE to expand deportations in Democratic-run cities, undeterred by protests

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
166
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
51

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
78

You may also like these stories:

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

LA ကို စစ်တပ် ထရမ့် စေလွှတ်မှု ဥပဒေနဲ့ ညီ မညီ

ထရမ့်နှင့် ဟားဗတ် ရန်ပွဲက အမေရိကန် ဂုဏ်သတင်းကို ထိခိုက်စေသည်

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

Hands Off လှုပ်ရှားမှုတွင် ထရမ့်ကို လူသောင်းချီ ဆန့်ကျင်ဆန္ဒပြ

Your Thoughts …
Tags: Iceတရားမဝင်လုပ်သားဒေါ်နယ်ထရမ့်ပြည်နှင်ဒဏ်လူဝင်မှုကြီးကြပ်ရေးအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

Next Post
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ (ရုပ်/သံ)

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved