အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၂၁ ရက်နေ့ ရုံးခန်းတွင် ရုပ်မြင်သံကြား ကင်မရာများရှေ့ သူ၏ နောက်ဆုံး အလစ်အငိုက်တိုက်ခိုက်မှု ပစ်မှတ်အဖြစ် တောင်အာဖရိက သမ္မတ ဆီရေး ရာမာဖိုဆာကို ဝေဖန်တိုက်ခိုက်ခဲ့သည်။
အိမ်ဖြူတော်သည် အသေအချာ စီစဉ်ထားကြောင်း ထင်ရှားပြီး ဖေဖော်ဝါရီလက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ ခရီးစဉ်ကို သတိရစရာဖြစ်စေသည့် ထူးခြားသော ထိုမြင်ကွင်းတွင် သမ္မတ ထရမ့်က သမ္မတ ရာမာဖိုဆာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် မြေသိမ်းယူခြင်း စွပ်စွဲချက်များ အပါအဝင် တောင်အာဖရိက လူဖြူများကို လူမျိုးတုံးသတ်ဖြတ်သည်ဟု မှားယွင်းသော ပြောဆိုချက်ဖြင့် ချောင်သွင်းတိုက်ခိုက်ခဲ့သည်။
ထိုကိစ္စသည် ပြည်ပဂုဏ်သရေရှိ ပုဂ္ဂိုလ်များအား ဧည့်ခံဂုဏ်ပြုသောနေရာအဖြစ် သမိုင်းအရ သီးသန့်ထားသည့် ဘဲဥပုံရုံးခန်းကို အင်အားနည်းသည့် နိုင်ငံများမှ ဧည့်သည်များအား အရှက်ခွဲရန် သို့မဟုတ် ကျိုးကြောင်းဆီလျော်မှုမဲ့စွာ ဖိအားပေး ဝန်ခံစေရေး အသုံးပြုရန် ထရမ့်၏ လက်မနှေးမှု ထပ်မံပြသလိုက်ခြင်း ဖြစ်သည်။
ထိုကိစ္စသည် ပြည်ပဂုဏ်သရေရှိ ပုဂ္ဂိုလ်များအား ဧည့်ခံဂုဏ်ပြုသောနေရာအဖြစ် သမိုင်းအရ သီးသန့်ထားသည့် ဘဲဥပုံရုံးခန်းကို အင်အားနည်းသည့် နိုင်ငံများမှ ဧည့်သည်များအား အရှက်ခွဲရန် သို့မဟုတ် ကျိုးကြောင်းဆီလျော်မှုမဲ့စွာ ဖိအားပေး ဝန်ခံစေရေး အသုံးပြုရန် ထရမ့်၏ လက်မနှေးမှု ထပ်မံပြသလိုက်ခြင်း ဖြစ်သည်။
ထိုသို့ သမ္မတရုံးခန်းကို ထရမ့်က ယခင်မကြုံဖူးသည့် အသုံးချမှုကြောင့် ပြည်ပခေါင်းဆောင်များသည် ဖိတ်ခေါ်မှုများအား လက်ခံပြီး အများပြည်သူရှေ့တွင် စော်ကားခံရနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရန် နှစ်ကြိမ် ပြန်လည် စဉ်းစားစေနိုင်သည်။ ထိုကိစ္စသည် အဓိကပြိုင်ဘက် တရုတ်နိုင်ငံကလည်း စည်းရုံးသိမ်းသွင်းနေပြီး လက်ရှိ အမေရိကန် ပူးပေါင်းဆောင်ရွက်သော နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင်လုပ်ရန် ပိုမိုခက်ခဲစေသည်။
သမ္မတ ထရမ့်သည် သမ္မတ ရာမာဖိုဆာနှင့် အစည်းအဝေးကို “အရှက်ရစရာ မြင်ကွင်း” အဖြစ် ပြောင်းလဲပစ်လိုက်ပြီး “လူသတ်ရုပ်ရှင် အတုအချို့နှင့် ကြမ်းတမ်းသော စကားများ” ဖြင့် ရိုင်းစိုင်းစွာ ဆက်ဆံသည်ဟု သမ္မတ အိုဘားမားခေတ် တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ ပက်ထရစ် ဂတ်စ်ပတ်က ပြောသည်။
“ထရမ့်အလိုကျ ထိတွေ့ဆက်ဆံရတာ ဘယ်သူ့အတွက်မဆို ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး” ဟု ယခုအခါ ဝါရှင်တန်ရှိ Center for American Progress တွင် ဝါရင့် သုတေသီအဖြစ် လုပ်ကိုင်နေသော မစ္စတာ ဂတ်စ်ပတ်က X လူမှုကွန်ရက်တွင် ရေးသည်။
ဘဲဥပုံရုံးခန်းမှ ထိုအစည်းအဝေးသည် အမေရိကန်ပြည်ထောင်စုနှင့် တောင်အာဖရိက၏ တင်းမာသော ဆက်ဆံရေး အထူးသဖြင့် သမ္မတ ထရမ့်၏ အခွန်များချမှတ်ခြင်းနောက်ပိုင်း တင်းမာသည့် ဆက်ဆံရေးကို အသစ်တဖန် ပြန်လည် ကောင်းမွန်အောင် လုပ်ရန်၊ လူဖြူများကို လူမျိုးတုံးသတ်ဖြတ်မှုဆိုသည့် ထရမ့်၏ အခြေအမြစ်မရှိသော စွပ်စွဲချက်နှင့် လူနည်းစု လူဖြူ အာဖရိကသားများ အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချရန် ကမ်းလှမ်းမှုကြောင့် ဖြစ်လာသည့် တင်းမာမှုကို လျှော့ချရန် အခွင့်အလမ်းအဖြစ် သတ်မှတ်ခဲ့ကြသည်။
အစည်းအဝေးကို နွေးထွေးစွာ စတင်ပြီးနောက် ထရမ့်က မီးများမှိန်ချရန် အမိန့်ပေးပြီး လူဖြူ တောင်အာဖရိကနိုင်ငံသားများ ဖိနှိပ်ခံရသည့် အထောက်အထားဖြစ်သည်ဆိုသည့် ဗီဒီယိုနှင့် ပုံနှိပ်ဆောင်းပါးများကို ပြသသည်။
သမ္မတ ထရမ့်၏ စွပ်စွဲချက်များကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း ထင်ရှားသော်လည်း နိုင်ငံရေးဒရာမာကို မျှော်လင့်မထားသည့် သမ္မတ ရာမာဖိုဆာသည် အိမ်ရှင်နိုင်ငံက ပြသသည့်ကိစ္စကို ပြန်လည် ချေပရာတွင် ဂရုတစိုက်ရှိပြီး တည်တည်ငြိမ်ငြိမ်ရှိအောင် ထိန်းသိမ်းနိုင်ကာ ဆတ်ဆတ်ထိမခံဟု ကျော်ကြားသည့် အမေရိကန်သမ္မတကို တိုက်ရိုက်စိန်ခေါ်ခြင်း၊ ဝေဖန်ခြင်း မရှိပေ။
သမ္မတ ထရမ့်၏ စွပ်စွဲချက်များကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း ထင်ရှားသော်လည်း နိုင်ငံရေးဒရာမာကို မျှော်လင့်မထားသည့် သမ္မတ ရာမာဖိုဆာသည် အိမ်ရှင်နိုင်ငံက ပြသသည့်ကိစ္စကို ပြန်လည် ချေပရာတွင် ဂရုတစိုက်ရှိပြီး တည်တည်ငြိမ်ငြိမ်ရှိအောင် ထိန်းသိမ်းနိုင်ကာ ဆတ်ဆတ်ထိမခံဟု ကျော်ကြားသည့် အမေရိကန်သမ္မတကို တိုက်ရိုက်စိန်ခေါ်ခြင်း၊ ဝေဖန်ခြင်း မရှိပေ။
“ကျနော့်မှာ ခင်ဗျားကို ပေးစရာ လေယာဉ်မရှိလို့ စိတ်မကောင်းဘူး” ဟု ကာတာနိုင်ငံက ထရမ့်ကို သမ္မတလေယာဉ်နေရာတွင် အစားထိုးရန်ပေးသည့် ဇိမ်ခံဂျက်လေယာဉ်ကို ရည်ညွှန်းကာ သမ္မတ ရာမာဖိုဆာက ပြုံးပြီး မှတ်ချက်ချသည်။
“သမ္မတ ရန်စခံနေရတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်” ဟု သမ္မတ ရာမာဖိုဆာ၏ ပြောခွင့်ရသူ ဗင်းဆင့် မက်ဝီညာက တောင်အာဖရိက ရုပ်သံလွှင့်လုပ်ငန်း Newzroom Afrika သို့ ပြောသည်။
“သူ့ကို စိတ်ဆိုးအောင်လုပ်နေတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် သူ ထောင်ချောက်ထဲ ကျရောက်မခံဘူး” ဟု မက်ဝီညာက ပြောသည်။
ထိုကိစ္စသည် သမ္မတ ရာမာဖိုဆာကို အခက်အခဲဖြစ်စေအောင် စီစဉ်ထားခြင်း ဟုတ်၊ မဟုတ်နှင့် ထိုကိစ္စကြောင့် အခြားပြည်ပခေါင်းဆောင်များ လာရောက်မည့်အစီအစဉ်ကို အတားအဆီး ဖြစ်နိုင်၊ မဖြစ်နိုင် အိမ်ဖြူတော်ကို မေးမြန်းခဲ့သော်လည်း လတ်တလော အကြောင်းမပြန်သေးပေ။
ထိုအစည်းအဝေးတွင် ရုပ်သံပြသသည့် အပိုင်းသည် “ဆပ်ကပ်ပွဲ”ကဲ့သို့ စီစဉ်ထားသော်လည်း “ဒေါသ ဒါမဟုတ် ခါးခါးသီးသီး ဝေဖန်တုန့်ပြန်မှု စည်းကို မကျော်တာကြောင့် ဆိုးဆိုးရွားရွား မဖြစ်ခဲ့ပါဘူး” ဟု ဝါရှင်တန်မှ သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) မှ ဝါရင့်သုတေသီ ကင်မရွန်း ဟတ်ဆန်က ပြောသည်။

ဇယ်လန်စကီး-ထရမ့် အချေအတင် ပြောဆိုပွဲ
ထိုခံစားချက်သည် လွန်ခဲ့သောလအနည်းငယ်က သမ္မတ ထရမ့်နှင့် သမ္မတ ဇယ်လန်စကီး အစည်းအဝေးနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုအစည်းအဝေးတွင် ထရမ့်နှင့် ဒုသမ္မတ ဂျေဒီဗန့်စ်တို့ အော်ကြီးဟစ်ကျယ် ပြောဆိုခဲ့ကြသည်။
ထိုခံစားချက်သည် လွန်ခဲ့သောလအနည်းငယ်က သမ္မတ ထရမ့်နှင့် သမ္မတ ဇယ်လန်စကီး အစည်းအဝေးနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုအစည်းအဝေးတွင် ထရမ့်နှင့် ဒုသမ္မတ ဂျေဒီဗန့်စ်တို့ အော်ကြီးဟစ်ကျယ် ပြောဆိုခဲ့ကြသည်။
သမ္မတ ဇယ်လန်စကီးသည် သမ္မတ ရာမာဖိုဆာကဲ့သို့ပင် ဆက်ဆံရေးအကွဲအပြဲကို ကုစားရန်နှင့် ကျူးကျော်လာသော ရုရှားတပ်များနှင့် စစ်ပွဲတွင် အမေရိကန်စစ်ရေးအကူအညီများ ဆက်လက်ပေးရန် အိမ်ဖြူတော်သို့ သွားရောက်ခြင်းဖြစ်သည်။
သို့သော် ထိုအစည်းအဝေးသည် အလျင်အမြန် လမ်းကြောင်းချော်ထွက်သွားပြီး ထရမ့်က ဇယ်လန်စကီးကို မလေးမစားလုပ်ကာ အလားအလာရှိသော တတိယကမ္ဘာစစ်နှင့် အလောင်းအစားလုပ်သည်ဟု စွပ်စွဲပြီး ဗန့်စ်က ဇယ်လန်စကီးသည် အမေရိကန် ထောက်ခံမှုကို အလေးအနက် အသိအမှတ်ပြု ကျေးဇူတင်ခြင်း မရှိကြောင်းပြောသည်။
ထိုအစည်းအဝေးတွင် အချေအတင် ဖြစ်ပွားမှုအခြေအနေသည် ယူကရိန်းကို ထောက်ခံသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်များအကြား တုန်လှုပ်မှုဂယက်များ ဖြစ်စေသည်။
ထရမ့်နှင့် ရာမာဖိုဆာတို့၏ မေလ ၂၁ ရက်နေ့ အစည်းအဝေးတွင် ဆုံးရှုံးနိုင်ခြေ နည်းပြီး တောင်အာဖရိကသည် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဘက်အဖြစ် တရုတ်ကို အားထားသည့် အာဖရိကမှ အဓိက နိုင်ငံရေးနှင့် စီးပွားရေးတွင် အရေးပါသည့် အခန်းမှ ပါဝင်သည့် နိုင်ငံဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် တောင်အာဖရိက၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဘက်သာဖြစ်သည်။
ကိုလိုနီခေတ်အတွင်း လူမည်းများကို ပြင်းထန်သော ခွဲခြားဆက်ဆံမှု ရာစုနှစ်ပေါင်းများစွာနှင့် ၁၉၉၄ ခုနှစ် နယ်လ်ဆင် မန်ဒဲလား လက်အောက်တွင် ပါတီစုံဒီမိုကရေစီ ဖြစ်လာသည်အထိ အသားအရောင်ခွဲခြားခံခဲ့ရသော တောင်အာဖရိကသည် ထရမ့်၏ စွပ်စွဲချက်များကို ငြင်းဆန်သည်။
သမ္မတ ထရမ့်၏ ထိပ်တိုက်တွေ့မှုသည် သူ၏ နိုင်ငံရေးထောက်ခံသူများ အထူးသဖြင့် တောင်အာဖရိကမှ လူဖြူ လူမျိုးတုံးသတ်ဖြတ်ခံရမှုဇာတ်လမ်းကို တွန်းအားပေးနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သော လက်ယာစွန်း လူဖြူအမျိုးသားရေး ဝါဒီများအတွက် ရည်ရွယ်ပုံရသည်။
သမ္မတ ထရမ့်၏ ထိပ်တိုက်တွေ့မှုသည် သူ၏ နိုင်ငံရေးထောက်ခံသူများ အထူးသဖြင့် တောင်အာဖရိကမှ လူဖြူ လူမျိုးတုံးသတ်ဖြတ်ခံရမှုဇာတ်လမ်းကို တွန်းအားပေးနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သော လက်ယာစွန်း လူဖြူအမျိုးသားရေး ဝါဒီများအတွက် ရည်ရွယ်ပုံရသည်။
လူဖြူလယ်သမားများကို အကြမ်းဖက်မှုနှင့် မြေယာပြုပြင်ပြောင်းလဲရေးကို လူမျိုးရေး ဖိနှိပ်မှုအဖြစ် စွပ်စွဲသည့် အတည်မပြုနိုင်သော စွပ်စွဲချက်များအား ရှေ့တန်းတင်ခြင်းအားဖြင့် သမ္မတ ထရမ့်သည် အမေရိကန် လက်ယာစွန်း အသိုက်အဝန်းတွင် ထောက်ခံမှုများသည့် ပြောစရာအချက်ကို အသုံးချသည်။
ဇန်နဝါရီလတွင် အာဏာပြန်လည်ရလာပြီးနောက် ထရမ့်သည် အကူအညီများကို ရုတ်သိမ်းကာ တောင်အာဖရိက သံအမတ်ကို နှင်ထုတ်ပြီး တောင်အာဖရိကက အခြေအမြစ်မရှိဟုဆိုသည့် လူမျိုးရေးခွဲခြားမှုကို အခြေခံကာ လူဖြူလူနည်းစု အာဖရိကနိုင်ငံသားအချို့ကို အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်အခြေချစေသည်။ ထရမ့်သည် ကျန်တကမ္ဘာလုံးမှ ဒုက္ခသည်များ ဝင်ရောက်ခွင့်ကို အကြီးအကျယ် ပိတ်ပင်သောကြောင့် ထိုအစီအစဉ်သည် သွေးကွဲစေသည်။
အသားအရောင်ခွဲခြားမှုခေတ် မတရားမှုများကို ပြန်လည် ကုစားရန် ရည်ရွယ်သည့် တောင်အာဖရိက မြေယာပြုပြင်ပြောင်းလဲရေး ဥပဒေသစ်က အများပြည်သူ အကျိုးရှိလျှင် ဥပမာအားဖြင့် ထိုမြေသည် မြေလွတ်မြေရိုင်းဖြစ်နေလျှင် လျော်ကြေးမပေးဘဲ အများပြည်သူအတွက် သိမ်းယူခြင်းကို ခွင့်ပြုသည်။
“ဇယ်လန်စကီးကိစ္စက အိမ်ဖြူတော်က တမင်ကြိုတင်စီစဉ်ထားမှု လုံးဝမဟုတ်ဘူးလို့ ယုံကြည်တဲ့သူတွေ အမြင်မှန်ရသင့်တယ်လို့ ကျနော်ထင်တယ်” ဟု ဗြိတိန် နိုင်ငံခြားရေးဆောင်းပါးရှင် တင်မ် မာရှယ်က လန်ဒန်မှ Times ရေဒီယိုသို့ ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Second Oval Office ambush by Trump could make foreign leaders think twice
You may also like these stories:
ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု
မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ
ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး
ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ
Hands Off လှုပ်ရှားမှုတွင် ထရမ့်ကို လူသောင်းချီ ဆန့်ကျင်ဆန္ဒပြ
ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)
ထရမ့် ကုန်သွယ်ခွန် တိုးမြှင့်နိုင်ငံများ စာရင်းထဲ စစ်နှင့် ငလျင်ဒဏ်ခံ မြန်မာလည်း ပါ













