ထိုင်းအလုပ်သမားဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ဓမ္မတာလာတဲ့ ရက်တွေမှာ လုပ်ခလစာ မဖြတ်ဘဲ အလုပ်နားခွင့်ပြုဖို့ဆိုတာကို အလုပ်ရှင်တွေ အကောင်အထည်ဖော်လိုက်နာဖို့ လိုအပ်တယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့မှာ ရွှေ့ပြောင်း အလုပ်သမားတွေ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် တိကျ သေချာတဲ့ အဖြေတစ်ခု ဖန်တီးပေးဖို့ အဆိုပြုထားတဲ့အတိုင်း အမျိုးသမီး အလုပ်သမားတွေရဲ့ ဘဝအရည်အသွေး မြှင့်တင်ဖို့နဲ့ မျိုးဆက်ပွားကျန်းမာရေး မြှင့်တင်ဖို့အတွက် ဓမ္မတာလာတဲ့ရက်တွေကို ခွင့်ရက်အဖြစ် သတ်မှတ်တာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာပါ။
ဒါပေမယ့် ထိုင်းကိုရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေမှာတော့ ဓမ္မတာ လာတဲ့ရက်တွေမှာ လုပ်ခလစာ မဖြတ်ဘဲ အလုပ်ရှင်ထံက နားခွင့်ရဖို့ စိုးရိမ်မှုတွေ ရှိနေကြတာပါ။
#မြန်မာ #ဧရာဝတီ #အမျိုးသမီး #ဓမ္မတာ #ခွင့်ရက် #ထိုင်းအစိုးရ #အလုပ်သမား #အလုပ်ရှင်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













