မတ်လ ၅ ရက် အမေရိကန် ကွန်ဂရက် လွှတ်တော် နှစ်ရပ်ရှေ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပထမဆုံးအကြိမ် မိန့်ခွန်းပြောသည်။ တနာရီ မိနစ် ၄၀ ကြာ သူ၏ မိန့်ခွန်းသည် သူ သမ္မတရာထူး ယူခဲ့သည့် ၄၃ ရက်အတွင်း လုပ်ဆောင်ခဲ့သည်များအား ချီးကျူးဂုဏ်မြောက်သောကြောင့် အတိုက်အခံ ဒီမိုကရက်အမတ်များက ဆန္ဒပြဆန့်ကျင်ကြသည်။ ထရမ့်၏ မိန့်ခွန်းတွင် မြန်မာကျောင်းသားများအား ထောက်ပံ့သော ပညာတော်သင်ကြေး ဖြတ်တောက်မှုကို ချီးကျူးသည်။ ယင်းမိန့်ခွန်းတွင် ထရမ့်က ယခုမှ အစပဲ ရှိသေးကြောင်းလည်း ပြောသွားသည်။ ထို့ကြောင့် အနည်းဆုံး နောက် ၄ နှစ်ကြာဦးမည့် ထရမ့်ခေတ် ထရမ့်ဝါဒအကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နှင့် အမှုဆောင် အယ်ဒီတာ ရဲနည်တို့၏ ဆွေးနွေးချက်အား နားဆင်ပါ။
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ
ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။