အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားသား အကြမ်းဖက်သမားဆိုသူများကို တားဆီရန် နိုင်ငံ ၁၂ နိုင်ငံကို ခရီးသွားခွင့်ပိတ်ပင်ပြီး အခြား ခုနစ်နိုင်ငံကို တစိတ်တပိုင်း ကန့်သတ်ခြင်းသည် မရောင်ရာ ဆီလူးသည့် အားထုတ်မှုဖြစ်ကြောင်း၊ ထိုစည်းမျဉ်းတွင် မြန်မာနှင့် လာအို အကျုံးဝင်သောကြောင့် အရှေ့တောင်အာရှ၌ ကျယ်ပြန့်သော အကျိုးဆက်များရှိနိုင်ကြောင်း လေ့လာသူများက သတိပေးသည်။
ထိုသို့ပိတ်ပင်ခြင်းက ဒေသတွင်းမှ အဆင်းရဲဆုံး နှစ်နိုင်ငံမှ၊ အထူးသဖြင့် စစ်ဖြစ်ပွားနေပြီး အကြမ်းဖက်မှု မြင့်မားလာကာ ဆင့်ကဲသက်ရောက်မှုရှိသော မြန်မာမှ လွတ်မြောက်ရေး ထွက်ပေါက်ကို မည်သို့ ပိတ်မည်နှင့် ပတ်သက်သည့် စိုးရိမ်မှုဖြစ်စေသည်။ အကြီးမားဆုံးရလဒ်မှာ ထိုဒေသကို တရုတ်ကျော့ကွင်းအတွင်း မလွှဲသာမရှောင်သာ တွန်းပို့ခြင်းဖြစ်လိမ့်မည်ဟု သုတေသီများက ပြောသည်။
မြန်မာသည် ခရီးသွားလာမှု လုံးဝပိတ်ပင်ခံရသော နိုင်ငံများတွင် ပါဝင်ပြီး ထိုစာရင်းတွင်ပါဝင်သည့် အခြားနိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ် ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်တို့ ဖြစ်သည်။
မြန်မာသည် ခရီးသွားလာမှု လုံးဝပိတ်ပင်ခံရသော နိုင်ငံများတွင် ပါဝင်ပြီး ထိုစာရင်းတွင်ပါဝင်သည့် အခြားနိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ် ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်တို့ ဖြစ်သည်။
လာအိုသည် ကန့်သတ်ချက် တင်းကျပ်ခံရသည် နိုင်ငံ ခုနစ်နိုင်ငံစာရင်းတွင် ပါဝင်ပြီး ထိုစာရင်းပါ အခြားနိုင်ငံများမှာ ဘူရွန်ဒီ၊ ကျူးဘား၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မန်နစ္စတန်နှင့် ဗင်နီဇွဲလားတို့ ဖြစ်သည်။
ကော်လိုရာဒိုတွင် အီဂျစ်နိုင်ငံသားတဦးက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ပြီးနောက်ပိုင်းတွင် သမ္မတ ထရမ့်သည် ထိုမူဝါဒကို လွန်ခဲ့သောအပတ်က ဗီဒီယိုတခုတွင် ကြေညာသော်လည်း ပိတ်ပင်သည့် နိုင်ငံများတွင် အီဂျစ်နိုင်ငံ မပါဝင်ခြင်းသည် မှတ်သားစရာကောင်းသည်။ အမျိုးသားလုံခြုံရေးအတွက် ထိုမူဝါဒ လိုအပ်သည်ဟု သမ္မတ ထရမ့်က ပြောသည်။ ထိုစည်းမျဉ်းသည် ဇွန်လ ၉ ရက်နေ့က စတင်သက်ဝင်သည်။
သမ္မတ ထရမ့်၏ ခရီးသွားလာမှုပိတ်ပင်သော နိုင်ငံများစာရင်းသည် သူ၏ ရာထူး ပထမသက်တမ်းအတွင်းက အငြင်းပွားဖွယ်ရာမူဝါဒကို ပြန်လည် အသက်သွင်းခြင်းဖြစ်ပြီး ထိုစာရင်းတွင် မွတ်ဆလင် လွှမ်းမိုးသည့်နိုင်ငံများ ဝင်ရောက်ခြင်းကို ကန့်သတ်သည်။ ထိုအမိန့်ကို ပြန်လည် အသက်သွင်းမည်ဟု လွန်ခဲ့သောနှစ်က မဲဆွယ်ပွဲများတွင် သူက ကတိပြုထားသည်။
အထက်ပါ ဗီဒီယိုတွင် သမ္မတ ထရမ့်က ထိုစာရင်းကို ပြန်လည် ပြင်ဆင်နိုင်ကြောင်းနှင့် ထပ်မံ ထည့်သွင်းနိုင်ကြောင်းလည်း ပြောသည်။ “ကျနော်တို့ကို အန္တရာယ်ပေးချင်တဲ့လူတွေကို ကျနော်တို့နိုင်ငံကို ဝင်ဖို့ခွင့်မပြုဘူး။ အမေရိကကို ဘေးကင်းအောင် ထိန်းသိမ်းရေးအတွက် ဘယ်အရာကမှ ကျနော်တို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
အိမ်ဖြူတော်ကလည်း ပြည်ပအကြမ်းဖက် ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ အလားတူ ကိုးကားပြောဆိုမှုများ ပြုလုပ်ပြီး ဇွန်လ ၄ ရက်နေ့က အိမ်ဖြူတော်ဝက်ဘ်ဆိုက်တွင် အချက်အလက်များ ထုတ်ပြန်ကာ ပိတ်ဆို့ခံရသည့် အုပ်စုမှ ၁၂ နိုင်ငံသည် လူပုဂ္ဂိုလ်ရာဇဝင် စိစစ်ခြင်းနှင့် စစ်ဆေးရာတွင် ချို့ယွင်းချက်များရှိကြောင်း တွေ့ရပြီး အမေရိကန် ပြည်ထောင်စုသို့ အလွန်မြင့်မားသော ခြိမ်းခြောက်မှုအဖြစ် ဆုံးဖြတ်သည်ဟု ရေးသားထားသည်။ အခြား ခုနစ်နိုင်ငံသည်လည်း အန္တရာယ်မြင့်မားသည်ဟု ဖော်ပြသည်။
အရှေ့တောင်အာရှကို တားမြစ်ပိတ်ပင်ခြင်း
ထိုသို့ပိတ်ပင်ခြင်းသည် အကြမ်းဖက်သမား အများအပြားရှိခြင်း၊ ပြည်ဝင်ခွင့်လုံခြုံရေးနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ခရီးသည်၏ ကိုယ်ရေးအချက်အလက်များကို အတည်ပြုနိုင်သည့် စွမ်းရည်ကင်းမဲ့ခြင်း၊ ရာဇဝတ်မှုမှတ်တမ်းများကို လုံလောက်စွာ မထိန်းသိမ်းခြင်း၊ အမြဲလိုလို ပြည်ဝင်ခွင့်ဗီဇာကို ချိုးဖောက်ပြီး ရက်လွန်နေထိုင်ခြင်းနှင့် အခြားအချက်များကို အခြေခံသည်ဟု သမ္မတ ထရမ့်က ပြောသည်။
သို့သော် ထိုရာခိုင်နှုန်းများသည် လူအနည်းငယ်သာဖြစ်ပြီး အထူးသဖြင့် မြန်မာနှင့် လာအိုမှလာသူများ ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ပြည်တွင်းလုံခြုံရေး အစီရင်ခံစာမှ အချက်အလက်များကို အခြေခံသည်။
မြန်မာမှ ထွက်ခွာလာသူ ၂,၀၀၆ ဦးအနက် ၅၄၃ ဦးသည် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ပြီး သက်တမ်းကျော်လွန်နေထိုင်သူ ၂၇ ရာခိုင်နှုန်း ရှိသည်။ လာအိုမှလာသူ ၁,၈၉၈ ဦးတွင် ၆၆၀ သည် အမေရိကန် ပြည်ထောင်စုတွင် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ပြီး ၃၄.၇၇ ရာခိုင်နှုန်းရှိသည်။
မြန်မာမှ ထွက်ခွာလာသူ ၂,၀၀၆ ဦးအနက် ၅၄၃ ဦးသည် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ပြီး သက်တမ်းကျော်လွန်နေထိုင်သူ ၂၇ ရာခိုင်နှုန်း ရှိသည်။ လာအိုမှလာသူ ၁,၈၉၈ ဦးတွင် ၆၆၀ သည် အမေရိကန် ပြည်ထောင်စုတွင် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ပြီး ၃၄.၇၇ ရာခိုင်နှုန်းရှိသည်။
နှိုင်းယှဉ်ချက်အားဖြင့် ပြောရပါက အပြည့်အဝ ပိတ်ပင်ခံရသည့် ၁၂ နိုင်ငံတွင် ပါဝင်သည့် ဟေတီနိုင်ငံမှလာသူ ၈၆,၉၀၆ ဦးတွင် ၂၇,၂၆၉ ဦး ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ပြီး ၃၁.၃၈ ရာခိုင်နှုန်းရှိသည်။
သမ္မတ ထရမ့်၏ သိမ်းကျုံးပိတ်ပင်သည့်စာရင်းတွင် လာအိုနှင့် မြန်မာကို ထည့်သွင်းခြင်းသည် “မြေပြင် ပကတိအခြေအနေ” ကို အခြေခံနားလည်မှု ကင်းမဲ့ခြင်းဖြစ်ကြောင်း နော့တင်ဟန် တက္ကသိုလ် မလေးရှားမှ ဂုဏ်ထူးဆောင် သုတေသီ ဘရစ်ဂျက် ဝဲ့လ်ရှ်က This Week in Asia ကဏ္ဍသို့ ပြောသည်။
မြန်မာနှင့် လာအိုမှ နိုင်ငံသားများ မည်သည့်အတွက် အမေရိကန် ပြည်ထောင်စုသို့ လာသည် သို့မဟုတ် မည်သည့်အတွက် သက်တမ်းကျော်မှုကို ဖြစ်စေသည့် မတူညီသော အခြေအနေများရှိသည်ဟု မစ္စ ဝဲ့လ်ရှ်က ပြောသည်။
မြန်မာတွင် လက်ရှိဖြစ်ပွားနေသည့် စစ်အာဏာသိမ်းမှု၊ နှစ်နိုင်ငံလုံးမှ လူမှုစီးပွားအခြေအနေများ၊ အမေရိကန် ပြည်ထောင်စုသို့ ရောက်နေသည့် အဝေးရောက် လူမှုအသိုက်အဝန်းများနှင့် ရှည်ကြာသော ဆက်ဆံရေးတို့ ပေါင်းစပ်လိုက်သောအခါ ထိုပြည်သူများကို ပြည်ပသို့ ထွက်ပြေးစေသည့် အကြောင်းရင်းများဖြစ်ကြောင်း ၎င်းကပြောသည်။
“ဘာကြောင့် နည်းနည်း သက်တမ်းကျော်နေတယ်နဲ့ ဗီဇာသက်တမ်းတိုးမှု ဘာကြောင့်ဖြစ်နိုင်တယ် ဆိုတာကို သူတို့နားမလည်ဘူးလို့ ထင်တယ်။ အာဏာသိမ်းမှုကြောင့် ပြန်လို့မရတော့ လူတွေက ဗီဇာသက်တမ်းတိုးဖို့ လျှောက်ကြတယ်၊ အသတ်ခံရမှာမို့ မပြန်နိုင်ကြဘူး” ဟု မစ္စ ဝဲ့လ်ရှ်က This Week in Asia သို့ပြောသည်။
သိမ်းကျုံးပိတ်ပင်ခြင်းသည် “ဘဝများကို ပြောင်းလဲသွားနိုင်သောကြောင့်” သာမန်နိုင်ငံသားများအတွက် အကျိုးဆက်များသည် အလွန်ပြင်းထန်မည်ဖြစ်ကြောင်း မစ္စ ဝဲ့လ်ရှ်က သတိပေးပြီး ထရမ့်အစိုးရသည် “ရက်စက်ပြီး အလွန်မခိုင်လုံ၊ ယုတ္တိမရှိသည့် အကြောင်းရင်းများအတွက်” ခရီးသွားလာမှု ပိတ်ပင်သည်ဟု ဝေဖန်သည်။
ထိုလုပ်ရပ်သည် အမေရိကန် ပြည်ထောင်စုနှင့် ထို နှစ်နိုင်ငံလုံးတို့အတွက် ကာလကြာမြင့်ပြီဖြစ်သော သမိုင်းဝင်ဆက်ဆံရေးများနှင့် အထူးဆက်ဆံရေးများကိုလည်း ထိခိုက်စေသည်ဟု မစ္စ ဝဲ့လ်ရှ်က ပြောကြားပြီး လာအိုထံမှ အဝတ်အထည် တင်သွင်းမှုနှင့် ဗီယက်နမ်စစ်ပွဲအတွင်းက စတင်သည့် အမေရိကန်နှင့် တူညီသော သမိုင်းကို ထောက်ပြသည်။
တချိန်တည်းတွင် မြန်မာသည် ၁၉၈၈ ခုနှစ်၌ ထိုစဉ်က အာဏာရှင်အစိုးရကို ဖြုတ်ချသည့် ကျောင်းသားလှုပ်ရှားမှုမှ စတင်ပြီး အမေရိကန် ပြည်ထောင်စုနှင့် ထူးခြားသော ဆက်ဆံရေးရှိသည်ဟု ၎င်းကပြောသည်။
ခရီးသွားပိတ်ပင်မှုကြောင့် ဒေသတွင်းတွင် အမေရိကန်-တရုတ် ပထဝီနိုင်ငံရေး အားပြိုင်မှု ချိန်ခွင်လျှာကို တရုတ်ဘက်သို့ ယိမ်းစေမည်ဟုလည်း လေ့လာသူများက ပြောသည်။
ခရီးသွားပိတ်ပင်မှုကြောင့် ဒေသတွင်းတွင် အမေရိကန်-တရုတ် ပထဝီနိုင်ငံရေး အားပြိုင်မှု ချိန်ခွင်လျှာကို တရုတ်ဘက်သို့ ယိမ်းစေမည်ဟုလည်း လေ့လာသူများက ပြောသည်။
ထိုသို့ပိတ်ပင်ခြင်းသည် “၎င်းတို့အနေဖြင့် နိုင်ငံရေးနှင့် လူမှုစီးပွားတိုးတက်ရေးအတွက် တရုတ်ကို အားကိုးရုံမှအပ အခြားမရှိတော့ဆိုသည့် အခြေအနေကိုလည်း ဖြစ်စေသည်” ဟု နန်ယန်း နည်းပညာတက္ကသိုလ်၊ အများပြည်သူမူဝါဒနှင့် ကမ္ဘာ့ရေးရာအစီအစဉ်မှ တွဲဖက်ပါမောက္ခ ကိုင်ကိုဂါက ပြောသည်။
တရုတ်နိုင်ငံသည် ထိုခရီးသွားပိတ်ပင်မှုမှ သွယ်ဝိုက် အကျိုးခံစားရကြောင်း၊ ထိုပိတ်ပင်မှုကြောင့် ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် ပဋိပက္ခကို အားပေးသောကြောင့် ဒေသတွင်း မညီမျှမှု နက်ရှိုင်းစေနိုင်ကြောင်း မစ္စ ဝဲ့လ်ရှ်က ပြောသည်။
“အခွန်တွေကြောင့် အရှေ့တောင်အာရှဟာ ထရမ့်အစိုးရက သူတို့ကို တိုက်ခိုက်တယ်လို့ ခံစားနေရတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှအကြား အခြေခံအားဖြင့် တိုက်စားခံနေရတဲ့ ဆက်ဆံရေးမှာ အက်ဆစ် ထပ်ထည့်လိုက်တယ်လို ကျမတို့ မြင်နိုင်တယ်” ဟုလည်း သူက သတိပေးသည်။
“ဒီပိတ်ပင်မှုဟာ မြန်မာနဲ့လာအိုကိုသာ တားဆီးတာ မဟုတ်ဘဲ အရှေ့တောင်အာရှတခုလုံးကို ပိတ်ပင်တာဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။
(South China Morning Post ပါ Sam Beltran ၏ Is Trump’s Myanmar, Laos travel ban a blow to US-Southeast Asia ties? ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ ဒုက္ခသည်တွေ အမေရိကန်ဝင်ခွင့် ဘယ်လိုဖြစ်လာမလဲ (ရုပ်/သံ)
မြန်မာ့ငလျင်ကယ်ဆယ်ရေး အမေရိကန် လက်တွန့်ချိန် တရုတ် ဝင်လာ
အမေရိကန်ကို ထွက်ခွာခွင့်ရထားတဲ့ မြန်မာဒုက္ခသည်တွေ ဆိုင်းငံ့ခံရ (ရုပ်/သံ)
မြန်မာနိုင်ငံသားတွေကို အမေရိကန် က ဝင်ခွင့်ပိတ်တာ ဘာ့ကြောင့်လဲ (ရုပ်/သံ)