• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
in အယ်ဒီတာ့အာဘော်
A A
အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

၂၀၁၉ ခုနှစ် ဒုတိယအကြိမ် ညီလာခံပိတ်ပွဲတွင် တွေ့ရသော တရုတ်သမ္မတ ရှီကျင့်ဖျင်/AFP

5.7k
VIEWS
Share on FacebookShare on Twitter

အင်္ဂါနေ့က ဘေဂျင်းတွင် ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ညီလာခံ တက်ရောက်လာသည့် ကမ္ဘာတဝှမ်းမှ ခေါင်းဆောင်များကို တရုတ်သမ္မတရှီကျင့်ဖျင် ကော်ဇောနီခင်းကြိုဆိုစဉ် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ဖိတ်ကြားခြင်းမခံရသောကြောင့် ထိုအခမ်းအနားကို အဝေးမှသာ ငေးကြည့်နေရသည်။

စစ်အုပ်စုနှင့် စစ်ကောင်စီ ထိပ်တန်းကိုယ်စားလှယ်များသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ကြားခံရရေးအတွက် ဘေဂျင်းကို လပေါင်းများစွာ လော်ဘီလုပ်ခဲ့ကြောင်း ဧရာဝတီက သိရသည်။ ပြည်ပတွင် တရားဝင်မှုနှင့် ပြည်တွင်းတွင် လေးစားမှု အလွန်လိုချင်နေသော စစ်ကောင်စီသည် ထိုညီလာခံကို အဓိကကျသည့် လူမှုဆက်ဆံရေးအခမ်းအနားအဖြစ် ယူဆသည်။ သို့သော် တရုတ်နိုင်ငံကို စည်းရုံးသွေးဆောင်မရပေ။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးဆွေးနွေးပွဲများ တက်ရောက်ခွင့် မရသောကြောင့် စစ်ကောင်စီ၏ အနည်းငယ်မျှသော မဟာမိတ်များအနက် တနိုင်ငံက လက်ခံကျင်းပသည့် အဆင့်မြင့် နိုင်ငံတကာညီလာခံ တက်ရောက်ခွင့်ရသူစာရင်းတွင် ချန်လှပ်ထားခံရခြင်းက အာဏာသိမ်း ခေါင်းဆောင်အတွက်ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်ကို သံသယဖြစ်စရာ မလိုပေ။

ထို BRI ညီလာခံကို အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ထိုင်းဝန်ကြီးချုပ် ဆတ်ထာ ထာဝီစင်နှင့် အာရှနှင့် အာဖရိကမှ ခေါင်းဆောင်များသည် BRI ပူးပေါင်းဆောင်ရွက်ရေး အထူးပြု ထိုညီလာခံကို တက်ရောက်နေသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
33
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.6k
အောက်တိုဘာ ၁၈ ရက် ဘေဂျင်းတွင် ကျင်းပသော တတိယအကြိမ် BRI ညီလာခံ တက်ရောက်သော နိုင်ငံ့ ခေါင်းဆောင်များ အတူတကွ တရားဝင် ထုတ်ပြန်သော ဓာတ်ပုံ

ယခုအခါ ဖြုတ်ချ ထောင်သွင်း အကျဉ်းချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉ ခုနှစ်တွင် ကျင်းပသည့် BRI ညီလာခံသို့ ရှီ ဖိတ်ခေါ်ခဲ့သည်။ ထိုညီလာခံတွင် ထိုစဉ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ရှီ၊ ထိုစဉ်က ဝန်ကြီးချုပ် လီကဲ့ချန်နှင့် အခြား တရုတ်ထိပ်တန်းခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။

ယခုတကြိမ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ဖိတ်ကြားချက်အရ ထိုညီလာခံတက်ရန် ဘေ့ဂျင်းသို့ သွားသည်ဟု စစ်ကောင်စီ မီဒီယာက ဖေါ်ပြသည်။ သူနှင့်အတူ ယခင်သမ္မတ ဦးသိန်းစိန်၏ အကြံပေး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး (၂) ဦးကိုကိုလှိုင် လိုက်ပါသွားသည်။

စက်တင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဘေ့ဂျင်းတွင် ကမ္ဘာ့ ရေရှည် သယ်ယူပို့ဆောင်ရေး ဖိုရမ်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းသို့ ရထားလမ်းဖေါက်ရေး ဆွေးနွေးသည်။

၂၀၁၉ ခုနှစ် ဒုတိယအကြိမ် BRI ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ်/Xinhua

မင်းအောင်လှိုင်သည် သူ၏ စစ်ကောင်စီကို ဘေ့ဂျင်းက အပြည့်အဝ အသိအမှတ်ပြုခံရရေး မြန်မာမှ တရုတ်ကျောထောက်နောက်ခံပြု ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်တင်ရန် တွန်းအားပေးနေသည်။ သို့သော် တရုတ်နိုင်ငံသည် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့် အာဏာသိမ်းခေါင်းဆောင်နှင့် ဆက်ဆံရာတွင် အထူးသတိထားနေသောကြောင့် သူ ငမ်းငမ်းတက် လိုချင်နေသည့် အသိအမှတ်ပြုမှု မင်းအောင်လှိုင် မရသေးပေ။

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေခြင်းက စိတ်ဝင်စားစရာဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုသည်ဟု အမြင်မခံလိုသောကြောင့် BRI ညီလာခံသို့ မင်းအောင်လှိုင်ကို မဖိတ်ကြောင်း ပြည်တွင်း နိုင်ငံရေးသုတေသီတဦးက ပြောသည်။

“ဒါက သူတို့ အကျိုးစီးပွားအတွက်ပဲ။ ကမ္ဘာ့အဆင့်မှာ မြန်မာစစ်ကောင်စီက ဘာမှအရေးမပါဘူး” ဟု အထက်ပါ သုတေသီပြောသည်။

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး BRI ညီလာခံ တက်ရောက်ရန် မြန်မာပြည်မှ ထွက်ခွာစဉ်

သို့သော် မြန်မာသည် BRI အစိတ်အပိုင်းဖြစ်သောကြောင့် တရုတ်က စစ်ကောင်စီဝန်ကြီးတဦးကို ဖိတ်ခေါ်ခြင်းဖြစ်သည် ဟု သူ ရှင်းပြသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ၈ နှစ်ပြည့် အခမ်းအနားတက်ရောက်သောအခါ အာရှရေးရာ တရုတ် အထူးသံတမန် တိန့်ရှီကျန်းက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မဆုတ်မနစ် ထောက်ခံကြောင်း ပြောကြားပြီး နိုင်ငံပြိုကွဲမည့် မည်သည့်ကိစ္စကိုမျှ တရုတ်က လက်မခံကြောင်းပြောသည်။

တိန့်ရှီကျွန်း ပြောကြားသည့် စကားများသည် မင်းအောင်လှိုင် BRI ညီလာခံ တက်ရောက်ခွင့် မရသောကြောင့် သူ့ကို နှစ်သိမ့်ရန် ရည်ရွယ်ကြောင်း လေ့လာသူများက ပြောသည်။ မည်သို့ဆိုစေ ဘေ့ဂျင်းက ညီလာခံကို သူ့အစား အခြားလူ သွားခဲ့ပြီ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Snubbed Myanmar Junta Leader Must Watch China’s BRI Summit From Home ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာနိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်မခံဟု တရုတ်ကိုယ်စားလှယ် ဆို

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ပူတင်၊ တာလီဘန်နှင့် ရှီကျင့်ဖျင် ရပ်ဝန်းနှင့်လမ်း ညီလာခံတွင် တွေ့ဆုံ

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

ကျောက်ဖြူ- ကူမင်းရထားလမ်းစရန် ရဲအစောင့်အရှောက်ဖြင့် တရုတ် မြေတိုင်း

BRI စီမံကိန်း တိုးမြှင့်လုပ်ဆောင်မှုရပ်ရန် ကချင်အမျိုးသမီးအစည်းအရုံးတောင်းဆို

Your Thoughts …
Tags: AseanBRISliderထိပ်သီးဆွေးနွေးပွဲဒေါ်အောင်ဆန်းစုကြည်ဗိုလ်ချုပ်ကြီး မြထွန်းဦးမင်းအောင်လှိုင်ရပ်ဝန်းနှင့်လမ်းရှီကျင်ဖျင့်အရေးမပါသည့် စစ်ခေါင်းဆောင်အိမ်က မျှော်ငေးရုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
NCA ပွဲတက်သည့် အဖွဲ့ဝင် ၃ဦးကြောင့် ABSDF အဖွဲ့ ပုံရိပ်ထိခိုက်ဟု ဆို

NCA ပွဲတက်သည့် အဖွဲ့ဝင် ၃ဦးကြောင့် ABSDF အဖွဲ့ ပုံရိပ်ထိခိုက်ဟု ဆို

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved