တရုတ်ရဲ့ အကာအကွယ်ပေးမှု၊ နိုင်ငံရေးအရ အသိအမှတ်ပြုမှုတွေကြောင့် အာဏာသိမ်း စစ်တပ်ဟာ ပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေ လက်ရဲဇက်ရဲ ထပ်ကျူးလွန်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ စောင့်ကြည်သူတွေက ဆိုပါတယ်။
မြန်မာပြည်သူ ၇၀၀၀ ကျော်ကို သတ်ဖြတ်ထားတဲ့ စစ်ခေါင်းဆောင်ကို တရုတ်သမ္မတရှီကျင်ဖျင်က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025) တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး ကော်ဇောနီခင်း ကြိုဆိုခဲ့တာတွေ့ရပါတယ်။
အာဏာသိမ်း ခေါင်းဆောင်ကို သမ္မတရှီကျင့်ဖျင်က လက်ဆွဲနုတ်ဆက်အပြီးမှာပဲ စစ်တပ်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသက အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦး သေဆုံးခဲ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













