• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီ

by နိုရာ
27 February 2023
in အင်တာဗျူး
A A
NUG အစိုးရ ဒုတိယ ပညာရေးဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း / ဧရာဝတီ

NUG အစိုးရ ဒုတိယ ပညာရေးဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း / ဧရာဝတီ

9.2k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် မြန်မာ့နိုင်ငံရေးစနစ်ကို ဖျက်ဆီးရုံသက်သက်မျှသာ မဟုတ်ပေ။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်စေသည့် အဖျက်အဆီးများသည် ကဏ္ဍအားလုံးကို ထိခိုက်ပြီး ပညာရေးစနစ်ကိုလည်း အကြီးအကျယ် ထိခိုက်စေသည်။ ပညာရေးကဏ္ဍသည် ဆိုးရွားသောအကျိုးဆက်များကို ခံစားရပြီး မြန်မာကျောင်းသား ၁၀ သန်းနီးပါး၏ ၈၀ ရာခိုင်နှုန်းက စစ်ကောင်စီပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနက ဖော်ပြသည်။

စစ်အာဏာသိမ်းခြင်းကြောင့် အထူးသဖြင့် ထိခိုက်သူများမှာ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ထားပြီး စစ်ကောင်စီ၏ ပညာရေးစနစ်အောက်တွင် ပညာသင်ကြားရန် ငြင်းဆန်ကာ ပညာရေးရှေ့ဆက်ရန် အခွင့်အလမ်းဆုံးရှုံးသွားသော ကျောင်းသားများ ဖြစ်သည်။ သပိတ်မှောက် ကျောင်းသားများအတွက် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများသာမက အသက်မွေးဝမ်းကြောင်း ပညာများကိုပါ သင်ကြားပေးရန် NUG ၏လမ်းညွန်ချက်အရ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) အမည်ရှိ ပြည်သူ့တက္ကသိုလ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ထူထောင်သည်။ ထိုတက္ကသိုလ်သည် နိုင်ငံတဝန်းမှ သပိတ်မှောက် ကျောင်းသားများနှင့် ဆရာများဖြင့် ဖွဲ့စည်းထားသည့် ကြားကာလ ယာယီတက္ကသိုလ်ကောင်စီများ (UICs) ၏ လက်အောက်ခံ ဖြစ်သည်။

အဓိကကျတဲ့ အပြောင်းအလဲကတော့ ပညာရေးအဖွဲ့အစည်း အားလုံးကို ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးထားတာပဲ။ ဒါဟာ ကျနော်တို့မူဝါဒရဲ့ တစိတ်တပိုင်းဖြစ်တယ်။ ကျောင်းအားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ စီမံရေး အခွင့်အရေးတွေ ရှိတယ်။ ကျနော်တို့အနေနဲ့က ခေတ်မီတဲ့ သင်ရိုးညွှန်းတမ်းကို ထောက်ကူပေးပြီး အဲဒါကို ဖက်ဒရယ်ဒီမိုကရေစီနဲ့အညီ ပြင်ဆင်တယ်။

NUG အစိုးရ ဒုတိယ ပညာရေးဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက သပိတ်မှောက်ကျောင်းသားများ၏ ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စင်ပြိုင်အစိုးရ၏ စီမံကိန်းများအကြောင်း ဧရာဝတီသတင်းဌာနနှင့် ဆွေးနွေးခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက်မှ ပညာရေးစနစ်သစ်၏ အာမခံချက်ရှိသော အနာဂတ်နှင့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော ကျောင်းသားများ၊ ခုခံတော်လှန်ရေး အင်အားစုများနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ သို့မဟုတ် မသန်စွမ်းသူများ တော်လှန်ရေးအပြီးတွင် အကျိုးခံစားရမည့် အခြား ပညာရေးမူဝါဒများအကြောင်းတို့ကိုလည်း ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ရှင်းပြသည်။

မေး ။ ။ သပိတ်မှောက်ကျောင်းသားတွေအတွက် ပညာရေးဖြည့်ဆည်းပေးဖို့ ပညာရေးဝန်ကြီးဌာနရဲ့ ဦးစားပေးတွေက ဘာတွေလဲ။

ဖြေ ။ ။ မြေပြင်မှာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ကျနော်တို့က ပထမအဆင့်မှာ အွန်လိုင်းပညာရေးစနစ်ကို အကောင်အထည်ဖော်တယ်။ အစမှာ အခြေခံပညာရေးအတွက် ဆရာတွေနဲ့ ပညာရေးဝန်ထမ်းတွေကို စုစည်းရတယ်။ မြို့နယ်ပညာရေးအဖွဲ့တွေဖွဲ့ဖို့ သူတို့ကို ပြောကြားတယ်။ အခုတနိုင်ငံလုံးမှာ ကျနော်တို့ရဲ့ မြို့နယ်ပညာရေးအဖွဲ့ ၃၀၀ ရှိတယ်။ အထက်တန်း ပညာရေးအတွက် ကြားကာလ တက္ကသိုလ်ကောင်စီ (UIC) ပေါင်း ၂၄၆ ခုကို ကျနော်တို့အောက်မှာ ဖွဲ့စည်းထားတယ်။

အဓိကကျတဲ့ အပြောင်းအလဲကတော့ ပညာရေးအဖွဲ့အစည်း အားလုံးကို ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးထားတာပဲ။ ဒါဟာ ကျနော်တို့မူဝါဒရဲ့ တစိတ်တပိုင်းဖြစ်တယ်။ ကျောင်းအားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ စီမံရေး အခွင့်အရေးတွေ ရှိတယ်။ ကျနော်တို့အနေနဲ့က ခေတ်မီတဲ့ သင်ရိုးညွှန်းတမ်းကို ထောက်ကူပေးပြီး အဲဒါကို ဖက်ဒရယ်ဒီမိုကရေစီနဲ့အညီ ပြင်ဆင်တယ်။ အခုကျနော်တို့မှာ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အောက်ကနေ တနိုင်ငံလုံးမှာဖွဲ့စည်းထားတဲ့ အွန်လိုင်း ဖက်ဒရယ်ကျောင်း ၇၀ ရှိတယ်။

ပထမဆုံး စိန်ခေါ်မှုကတော့ ဆရာတွေရဲ့ လုံခြုံရေးပဲ။ ဒုတိယကတော့ ကျနော်တို့က ကြားကာလ အစိုးရဖြစ်လို့ ရန်ပုံငွေ မလုံလောက်တာပဲ။ ဒါကြောင့် ဆရာ၊ ဆရာမတွေကို လစဉ် ထောက်ပံ့ကြေး မပေးနိုင်ဘူး။ ဒါပေမယ့် အဲဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့ နည်လမ်းရှာနေတယ်။ နိုင်ငံတကာ အသိုက်အဝန်းကနေ အကူအညီတောင်းနေတယ်။

ဒါတွေအပြင် ကျောင်သားတွေကို သူတို့အသက်အရွယ်အလိုက် ပညာသင်ကြားဖို့ ခွင့်ပြုတဲ့ မူဝါဒတခုလည်း ချမှတ်ထားပါတယ်။

အရေးအကြီးဆုံးကတော့ ပညာရေးဝန်ကြီးဌာနဟာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကိုလည်း မူကြမ်းရေးဆွဲထားပြီး အဲဒီမူကြမ်းကိုလည်း NUG ကလည်း အတည်ပြုထားပြီးပြီ။ ကျနော်တို့ အခုအဲဒါကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ပညာရေးကော်မတီနဲ့ ဆွေးနွေးနေတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ပညာရေး အဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေဆီကနေ မတူညီတဲ့ အမြင်တွေကိုလည်း ကျနော်တို့ တောင်းခံနေတယ်။ ဒီမူဝါဒဟာ မကြာမီ ထွက်လာတော့မှာ ဖြစ်ပါတယ်။

မေး ။ ။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒက ဘာအပြောင်းအလဲတွေကို ဆောင်ယူလာမလဲ။

ဖြေ ။ ။ အရင် မြန်မာ့ပညာရေးက ဗဟိုကထိန်းချုပ်တဲ့စနစ် ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီရဲ့ ပညာရေးအောက်မှာ ပြည်နယ်နဲ့တိုင်း အားလုံးက ကျောင်းအားလုံးဟာ သီးခြားပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်ပိုင်ခွင့်ရှိတယ်။

တိုင်းရင်းသားတွေဟာ သူတို့မိခင်ဘာသာစကားနဲ့၊ သူတို့ သီးခြားသင်ရိုးနဲ့ ပညာသင်ကြားခွင့်ရှိတယ်။ ဗဟိုချုပ်ကိုင်မှုမရှိလို့ ပညာရေးစနစ်မှာ ပိုမိုလွတ်လပ်ခွင့်ရှိလိမ့်မယ်။

မေး ။ ။ ဖက်ဒရယ် ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖော်ရာမှာ ပညာရေးဝန်ကြီးဌာန အနေနဲ့ ဘာစိန်ခေါ်မှုတွေ ရင်ဆိုင်ရလဲ။

ဖြေ ။ ။ ပထမဆုံး စိန်ခေါ်မှုကတော့ ဆရာတွေရဲ့ လုံခြုံရေးပဲ။ ဒုတိယကတော့ ကျနော်တို့က ကြားကာလ အစိုးရဖြစ်လို့ ရန်ပုံငွေ မလုံလောက်တာပဲ။ ဒါကြောင့် ဆရာ၊ ဆရာမတွေကို လစဉ် ထောက်ပံ့ကြေး မပေးနိုင်ဘူး။ ဒါပေမယ့် အဲဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့ နည်လမ်းရှာနေတယ်။ နိုင်ငံတကာ အသိုက်အဝန်းကနေ အကူအညီတောင်းနေတယ်။ နောက်ထပ် စိန်ခေါ်မှုကတော့ ဆရာ၊ ဆရာမတွေဟာ ပညာရေးစနစ် အပြောင်းအလဲတွေကို တွေ့ကြုံရတော့မှာ ဖြစ်တဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီကို နက်နက်ရှိုင်းရှိုင်း နားလည်သင့်တာပဲ ဖြစ်တယ်။

မေး ။ ။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို တနိုင်ငံလုံးမှာ အကောင်အထည်ဖော်နိုင်ဖို့ အလားအလာရှိလား။

ဖြေ ။ ။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ အခက်အခဲတွေရှိလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို NUG, ခုခံတော်လှန်ရေး အင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) ထိန်းချုပ်ရာဒေသတွေမှာ အကောင်အထည် ဖော်မယ်။ တခြားတဘက်မှာဆိုရင် အွန်လိုင်းကျောင်းတွေက တနိုင်ငံလုံးမှာ ပျံ့နှံ့နေလို့ ပြဿနာမရှိဘူးလို့ ထင်တယ်။ ဒါကြောင့် ကျောင်းသားတွေက ကျနော်တို့ ပညာရေးစနစ်နဲ့ စစ်ကောင်စီ ပညာရေးစနစ်အကြား ကွဲပြားခြားနားမှုတွေကို သိလာကြမယ်။ ကျနော်တို့က တာထွက်ကောင်းနေပါပြီ။

မေး ။ ။ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) နဲ့ ဆက်စပ် IUC တွေက ဘွဲ့တွေပေးမှာလား။

ဖြေ ။ ။ ကျောင်းသားတွေ ကျောင်းပြီးဆုံးတဲ့အခါ MNOU နဲ့ IUC တွေက သင်တန်းပြီးဆုံးကြောင်း လက်မှတ်တွေ ထုတ်ပေးမယ်။ တော်လှန်ရေးထဲမှာပါဝင်တဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ ဆရာ၊ ဆရာမများ သမဂ္ဂတွေက သဘောတူရင် NUG က ဘွဲ့ပေးမှာဖြစ်တယ်။

တချိန်တည်းမှာပဲ သက်ဆိုင်သူအားလုံးက တော်လှန်ရေးပြီး တနေ့နေ့မှာ ဘွဲ့နှင်းသဘင် တပြိုင်နက် ကျင်းပဖို့ သဘောတူထားတယ်။

ထားဝယ်မြို့၊ လောင်းလုံတွင် ၂၀၂၂ ခုနှစ်၊ မေလက စစ်ကောင်စီ ပညာရေး အလိုမရှိကြောင်း ကျောင်းသားများ၊ ဆရာများနှင့် ဒေသခံများက ဆန္ဒထုတ်ဖော်စဉ် / LLBESU

မေး ။ ။ ပြည်ပမှာ ပညာဆက်လက် ဆည်းပူးချင်တဲ့ ကျောင်းသားတွေအတွက် ပြည်သူ့တက္ကသိုလ်တွေနဲ့ ကြားကာလ တက္ကသိုလ်ကောင်စီက ထုတ်ပေးတဲ့ လက်မှတ်တွေကို အသိအမှတ်ပြုဖို့ ပညာရေးဝန်ကြီးဌာနက ဘယ်လိုလုပ်မလဲ။

ဖြေ ။ ။ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးဖို့က ပြည်သူ့တက္ကသိုလ်တွေနဲ့ IUC တွေမှာ တာဝန်ရှိတယ်။ အရင်ပညာရေးမှတ်တမ်းတွေ လက်ဝယ်မှာမရှိတဲ့ ကျောင်းသားတွေ အခက်အခဲ တွေ့ကောင်းတွေ့နိုင်တယ်။ နိုင်ငံခြားမှာ ဆက်လက် ပညာသင်ကြားချင်တဲ့ ကျောင်းသားတွေအတွက် ပညာရေးဝန်ကြီးဌာနက ထောက်ခံစာတွေ လိုအပ်ရင် ထုတ်ပေးဖို့ အသင့်ပဲ။ ကျနော်တို့မှာ နိုင်ငံတကာဆက်ဆံရေး ဌာနတခုလည်း ရှိတယ်။

သတင်းကောင်းကတော့ ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုက NUG နဲ့ ခုခံတော်လှန်ရေး အင်အားစုကို ထောက်ခံတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့က သူတို့နဲ့ဆက်သွယ်ပြီး ဆွေးနွေးဖို့ရှိတယ်။ ကျနော်တို့က နိုင်ငံတကာ တက္ကသိုလ်တွေက ပါမောက္ခတွေနဲ့ သင်တန်းတွေ ပို့ချနေပြီဖြစ်တယ်။

သတင်းကောင်းကတော့ ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုက NUG နဲ့ ခုခံတော်လှန်ရေး အင်အားစုကို ထောက်ခံတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့က သူတို့နဲ့ဆက်သွယ်ပြီး ဆွေးနွေးဖို့ရှိတယ်။ ကျနော်တို့က နိုင်ငံတကာ တက္ကသိုလ်တွေက ပါမောက္ခတွေနဲ့ သင်တန်းတွေ ပို့ချနေပြီဖြစ်တယ်။ အခက်အခဲမရှိဘူးလို့ ကျနော်တို့ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ဒီပြဿနာကို အားလုံးက နည်းလမ်းရှာပြီး ဘုံအဖြေထုတ်မှာ ဖြစ်တယ်။ ကျောင်းသားတွေအတွက် ပိုမိုများပြားတဲ့ ပညာရေး အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ကျနော်တို့ ပိုကောင်းအောင် လုပ်ဆောင်သွားမှာဖြစ်တယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

မေး ။ ။ သင်တန်းမပို့ချနိုင်တဲ့ IUC တွေကို NUG က ဘယ်လိုကူညီမှာလဲ။

ဖြေ ။ ။ NUG မှာ ကျောင်းသားတွေအတွက် သင်ရိုးညွှန်းတမ်းနဲ့ သင်ခန်းစာတွေ ရေးဆွဲတဲ့ဘုတ်အဖွဲ့ ရှိတယ်။ ကျနော်တို့က သူတို့သင်ကြားရမယ့် အကြောင်းအရာတွေ မျှဝေပေးလို့ရတယ်။ MNOU က ဒီသင်ခန်းစာတွေကိုပဲ အသုံးပြုနေတယ်။ IUC တွေ သူတို့ဖာသာ အကောင်အထည်မဖော်နိုင်ရင် Kachin State Comprehensive University က လုပ်တဲ့အတိုင်း တက္ကသိုလ်တွေကို ပေါင်းစုပေးလို့ရတယ်။ အဲဒီအပြင် NUG အသိအမှတ်ပြု နွေဦးတက္ကသိုလ် (Spring University Myanmar) လို ပုဂ္ဂလိက တက္ကသိုလ်တွေလည်း ရှိတယ်။ ကျနော်တို့က ကြိုတင်ပြင်ဆင်ပြီး အဆင့်လိုက် အကောင်အထည် ဖော်နေဆဲပဲဖြစ်ပါတယ်။

မေး ။ ။ တော်လှန်ရေးပြီးရင် ခုခံတော်လှန်ရေး အင်အားစုတွေကို ပညာရေးပေးဖို့ NUG က ဘာတွေ စီစဉ်ထားလဲ။

ဖြေ ။ ။ တော်လှန်ရေးကာလအတွင်း ပညာမသင်ကြားနိုင်ခဲ့တဲ့ ကျောင်းသားတွေအတွက် ပေါင်းကူး အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဖို့ ရှိတယ်။ တော်လှန်ရေးပြီးရင် ကျောင်းသားတွေအတွက် ကြားကာလ အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့လည်း ရှိတယ်။

တော်လှန်ရေးမှာပါဝင်တဲ့ ကျောင်းသားတွေ တက်ချင်ရင် စစ်တက္ကသိုလ်တခု စီစဉ်ပေးမယ်။ သူတို့ကို ပြည်ပက စစ်တက္ကသိုလ်တခုခုကို ပို့ပေးမယ်။ သူတို့ ပြည်ပမှာ ပညာသင်ချင်ရင် စီစဉ်ပေးမယ်။ ဒါမှမဟုတ် အလုပ်လုပ်ချင်ရင် အသက်မွေးဝမ်းကြောင်းပညာ သင်ပေးမယ်။

တော်လှန်ရေးမှာပါဝင်တဲ့ ကျောင်းသားတွေ တက်ချင်ရင် စစ်တက္ကသိုလ်တခု စီစဉ်ပေးမယ်။ သူတို့ကို ပြည်ပက စစ်တက္ကသိုလ်တခုခုကို ပို့ပေးမယ်။ သူတို့ ပြည်ပမှာ ပညာသင်ချင်ရင် စီစဉ်ပေးမယ်။ ဒါမှမဟုတ် အလုပ်လုပ်ချင်ရင် အသက်မွေးဝမ်းကြောင်းပညာ သင်ပေးမယ်။

တော်လှန်ရေးအတွင်း ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးလို့ဖြစ်စေ၊ စစ်အာဏာသိမ်းမှု မတိုင်မီကဖြစ်စေ မသန်စွမ်းသူတွေကို ကျနော်တို့က အကူအညီ ပေးသွားမှာ ဖြစ်တယ်။ တော်လှန်ရေးပြီးရင် အစိုးရရဲ့ ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထိ တိုးမယ်။ ဒီမိုကရေစီ စည်းမျဉ်းတွေကို ကျနော်တို့က လိုက်နာလို့ အချိန်ယူရမယ်။ တော်လှန်ရေးကြောင့် ဆုံးရှုံးတာတွေ ရှိမယ်၊ ဒါပေမယ့် ကျနော်တို့ တဘက်မှာလည်း အနာဂတ်ကို ပြောင်းလဲ တည်ဆောက်ဖို့ စွမ်းရည်ဖွံ့ဖြိုးရေး လုပ်ဆောင်နေတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Nora ၏ ‘We Are Developing the Ability to Make Changes and Build the Future’ ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စစ်ကောင်စီအောက်က ပညာရေးအကျပ်အတည်း

စစ်တပ်၏ ညပိုင်း အကြမ်းဖက် ဖမ်းဆီးမှု များလာ၊ တက္ကသိုလ်များကိုလည်း စီးနင်းထား

NUG က ပြည်ထောင်စုဝန်ကြီး၂ ဦးနှင့် ဒုဝန်ကြီး ၄ ဦး ထပ်မံ ခန့်အပ်

ကျောင်းက အကြာကြီးပိတ်ထားရင် ရေရှည်တော့ မကောင်းဘူး

Your Thoughts …
Tags: CDMEAOsMNOUNUCCNUGUICခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုဒေါက်တာ စိုင်းခိုင်မျိုးထွန်းပညာရေးပညာရေးကော်မတီပညာရေးဝန်ကြီးဌာနဖက်ဒရယ်ဒီမိုကရေစီမြန်မာနွေဦးတက္ကသိုလ်အွန်လိုင်းပညာရေး
နိုရာ

နိုရာ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သောင်ရင်းမြစ်ကမ်းဘေးက KK Park / Nikkei Asia

နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်

ရွှေဘိုမြို့နယ်အတွင်း မီးရှို့ခံရသော ကျေးရွာ တရွာ / S&C

ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved