• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကျောင်းက အကြာကြီးပိတ်ထားရင် ရေရှည်တော့ မကောင်းဘူး

by ဇင်လင်းထက်
22 May 2020
in အင်တာဗျူး
A A
မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း  / ဇော်နောင်လင်း / ဧရာဝတီ

မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း / ဇော်နောင်လင်း / ဧရာဝတီ

17.7k
VIEWS
Share on FacebookShare on Twitter

ပညာရေးဝန်ကြီးဌာနက လာမည့် ဇူလိုင်လတွင် မူလတန်းမှစ၍ အခြေခံပညာကျောင်း များကို ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာထားသလို အဆင့်မြင့်ပညာကဏ္ဍတွင် COVID-19 ကင်းစင်မှသာ တက္ကသိုလ်များ ပြန်ဖွင့်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး အချို့တက္ကသိုလ်များသည် အွန်လိုင်းသင်ကြားမှု စတင်နိုင်ရန် ပြင်ဆင်နေကြသည်။

သို့ဖြစ်ရာ ဗိုင်းရပ် အန္တရာယ်ရှိနေဆဲကာလမှာပင် အခြေခံပညာနှင့် အဆင့်မြင့် ပညာကဏ္ဍတို့တွင် ကျောင်းများပြန်ဖွင့်ရန် သင့်၊ မသင့်နှင့် မြန်မာ့ပညာရေး ပုံမှန် လည်ပတ်နိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်သင့်သည်တို့ကို သိရှိနိုင်ရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းအား ဧရာဝတီ သတင်းထောက် ဇင်လင်းထက်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ပထမဆုံးမေးချင်တာက ဇူလိုင်လမှာ မူလတန်းကစပြီး ကျောင်းဖွင့်သင့်လား။ တချို့မိဘတွေက ကျောင်းဖွင့် ပေမယ့် ကလေးကို ကျောင်းပို့ဖို့ စိုးရိမ်နေတာရှိတယ်။ ဆရာ့ အမြင်သိချင်ပါတယ်။

ဖြေ ။ ။ ပြီးခဲ့တဲ့ ရက်က အန်တီဒေါ်အောင်ဆန်းစုကြည်နဲ့ စကားဝိုင်းမှာ ကျနော်တို့အဖွဲ့ချုပ်က ဆရာမပြောထားတာလည်း ရှိပါတယ်။ မူလတန်းကတော့ ဟုတ်တယ်။ ကလေးတွေက ထိန်းချုပ်နိုင်စွမ်းသူတို့ကို စည်းကမ်းအရ ပြန်ပြီးတင်းကြပ် ထိန်းချုပ်ဖို့ အနေအထား နည်းနည်း အားနည်းတယ်။ အလယ်တန်း၊ အထက်တန်းနဲ့ ယှဉ်ရင်ပေါ့။ အဲဒီတော့ အသက်အရွယ်အရ ကြည့်မယ်ဆိုရင် မူလတန်းကို စဖွင့်တာထက်စာရင် အလယ်တန်းနဲ့ အထက်တန်းပိုင်းကိုပေါ့။ ဒါပေမယ့် ကျောင်းဖွင့်သင့်ပြီလားဆိုတဲ့ မေးခွန်းလေးတော့ရှိသေးတာပေါ့။ ဇူလိုင်မှာ ဖွင့်မလား။ သြဂုတ်မှာ ဖွင့်မလား။ ဒီဟာကတော့ အခုနိုင်ငံမှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါအခြေအနေနဲ့ အများကြီးဆိုင်မယ်လို့ ထင်တယ်။

နောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေပေါ့။ ဒါတွေကြည့်ရမယ်လို့ ထင်ပါတယ်။ အခုလောလောဆယ် အထိ ကျနော်တို့ တွေ့ရတာက ပြည်တွင်းကူးစက်မှုက မရှိသလောက်ဖြစ်တယ်။ ဖြစ်တာက ပြည်ပက ပြန်လာတဲ့သူ တွေမှာ ဖြစ်တာ။ ကျောင်းကလည်း အကြာကြီးပိတ်ထားရင် ရေရှည်တော့ မကောင်းဘူးပေါ့။ ကျောင်းကတော့ ဖွင့်ရမယ် ဆိုတဲ့ သဘောတရား ရှိတယ်။ ဒါပေမယ့် ဘယ်တော့ဖွင့်မလဲပေါ့။ လောလောဆယ်တော့ နိုင်ငံတော်က ဇူလိုင်ဖွင့်မယ်လို့ ပြောထားတယ်လေ။ ဒီဟာက ဖြစ်နိုင်ချေလည်း ရှိပါတယ်။ ဒါပေမယ့် တခုစဉ်းစားရမှာက ကျောင်းတွေ တပြိုင်တည်းဖွင့်လို့မရဘူး။ အဲဒီတော့ နည်းလမ်း ၂ ခုရှိတယ်ပေါ့။

တခုကတော့ လုံးဝကို လုံခြုံတဲ့ ဒေသတွေကို စတင်ပြီးတော့ဖွင့်တာမျိုးသော်လည်းကောင်း ဒါမှမဟုတ်ရင်လည်း အဆိုင်းတွေခွဲပြီးဖွင့်တာပေါ့။ မနက်တဆိုင်း၊ နေ့လည်တဆိုင်းဖွင့်တာပေါ့။ ဒါပေမယ့် မနက်တဆိုင်း၊ နေလည်တဆိုင်း ဖွင့်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ်ဆရာ၊ ဆရာမတွေအတွက် ပိုပင်ပန်းလာနိုင်ချေရှိတယ်ပေါ့။ သိပ်တော့မလွယ်ဘူးပေါ့။ အဲဒီ တော့ သင်ခန်းစာတွေ လျှော့ရမယ့် သဘောလည်းရှိတယ်။ ယေဘုယျအားဖြင့်တော့ ဇူလိုင်မှာ ဖွင့်လို့ရပါတယ်ဆိုတဲ့ Logic လေးတော့ရှိတာပေါ့။ ဒါပေမယ့် ဘယ်လောက်လုံခြုံမလဲဆိုတာကတော့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတော်က ဆုံးဖြတ်ရမယ့် အရာ။ ဆရာ၊ ဆရာမဆိုတာကတော့ နိုင်ငံတော်က တာဝန်ပေးလာရင် လုပ်ရမှာပါပဲ။

မေး ။ ။ နိုင်ငံတော်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အညီ ကျောင်းတွေဖွင့်တဲ့အခါ Social Distancing ပုံစံနဲ့ ဖွင့်မယ်၊ ကျောင်းသူကျောင်းသားတွေကို Mask တွေပေးမယ်။ မိဘတွေကိုလည်း ကိုယ့်သားသမီးကို လာကြိုရင် ဘယ်လိုပုံစံနဲ့ ကြိုသင့်တယ်ဆိုတာ အသိပညာပေးမယ်လို့ ပြောထားပါတယ်။ မေးချင်တာက တကယ်တမ်းကျောင်းပြန်ဖွင့်ရင် ချောချောမွေ့မွေ့ အဆင်ပြေပါ့မလား။ မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ ဘယ်လိုဖြစ်လာမလဲ ဆရာ။

ဖြေ ။ ။ ယေဘုယျတော့ လူတော်တော်များများက အခုအချိန်မှာ ဘယ်လိုသွားရမယ်။ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ အသိတော်တော်များများရပြီးသားပါ။ ဒါပေမယ့် လိုက်နာမှုအပိုင်းမှာတော့ အားနည်းကြတယ်။ အခုဆိုရင် ပိုပြီးတော့ အားနည်းလာပြီ။ မဖြစ်ပါဘူးဆိုတဲ့ သဘောမျိုးနဲ့ လူကြားထဲ သွားတဲ့အချိန်ကျရင် Mask တောင်မတပ်ကြတော့ဘူး။ ဒီအနေအထားလေးတွေ ဖြစ်လာတာတွေရှိတယ်။ မလိုက်နာတာတွေကို ဘယ်လိုထိန်းသိမ်းမလဲ။ လိုက်နာဆောင်ရွက်မှု ရှိလာအောင် ဘယ်လိုအရေးယူဆောင်ရွက်မလဲ။ ဒါမှမဟုတ်လည်း ပညာပေးမှု ဘယ်လိုစလုပ်ကြမလဲ။ မိဘတွေကိုလည်း ဒီဟာတွေ သေချာပညာပေးဖို့ လိုပါလိမ့်မယ်။

မေး ။ ။ တကယ်လို့ ကျောင်းတွေသာပြန်ဖွင့်ရင် ကျေးလက်နဲ့ မြို့ပြအကြား ဘယ်လို ပုံစံမျိုးတွေ ဖြစ်လာမလဲ။ ကွာခြားမှုရှိလာမလား။

ဖြေ ။ ။ အခုကတော့ နိုင်ငံခြားကနေ ပြန်လာတဲ့ လုပ်သားတွေ အများကြီးရှိလာပြီ။ သူတို့ကတော့ မြို့ပြထက် အများအားဖြင့် ကျေးလက်ကနေလာတဲ့ သူတွေလေ။ ယေဘုယျကြည့်ရင်တော့ ကျေးလက်က ပိုလုံခြုံတယ်လို့ ယူဆရပေမယ့် ဒီလူတွေပြန်လာပြီ Quarantine လည်း ဝင်တယ်လို့ ပြောတယ်ပေါ့။ ဒါပေမယ့် ဘယ်သူမှ ပြောမရဘူး။ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာလေ။ ရောဂါရဲ့ လက္ခဏာရပ် မပြဘဲနေတဲ့သူတွေလည်း ရှိတယ်ပေါ့။ အဲဒီတော့ ကျေးလက်၊ မြို့ပြ ဘယ်လိုဖြစ်မလဲဆိုတာက များသောအားဖြင့် ဒီဟာက ကောက်ချက်ချဖို့ သိပ်မလွယ်ဘူးထင်ပါတယ်။

မေး ။ ။ အွန်လိုင်းသင်ကြားမှုက အဆင့်မြင့်ပညာကဏ္ဍမှာ အသုံးတည့်နိုင်ပါသလား ဆရာ။

ဖြေ ။ ။ ကျနော်မနေ့က သတင်းတပုဒ် ဖတ်လိုက်ရတယ်ပေါ့။ အဲဒီမှာ Cambridge တို့ဘာတို့တောင်မှ အခုအွန်လိုင်း သင်ရမယ်ပေါ့။ ကျနော်ကိုယ်တိုင်လည်း ဒီကြားထဲ Online Teaching (အွန်လိုင်းသင်ကြားမှု) ကို ၂ ကြိမ်၊ သုံးကြိမ်လောက် လုပ်ကြည့်တဲ့အခါမှာ သင်ကြားလို့ရပါတယ်။ ဒါပေမယ့် စာသင်ခန်းထဲမှာ သင်ရတဲ့ ခံစားမှုနဲ့တော့ မတူဘူးပေါ့။ သို့သော်လည်း ကျနော်တို့က ကျောင်းသင်ခန်းစာတွေ ရပ်နေတာထက်စာရင် အလုပ်ဖြစ်တယ်ပေါ့။ ကျင့်လည်း ကျင့်သုံးသင့်တယ်လို့ ထင်တာပဲ။ ဥပမာ ကျနော်တို့ တက္ကသိုလ် (ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်) မှာဆိုရင်လည်း အွန်လိုင်းနဲ့ သင်ကြားဖို့ လုပ်နေပြီ။ ဆရာ၊ ဆရာမတွေလည်း Online Teaching ကို သင်ပေးနိုင်ဖို့ ဆိုရင် သင်တန်းလေးတွေ ပေးသင့်တယ်လို့ ထင်တယ်။ ဒါကလည်း အရမ်းကြီးတော့ မခက်ပါဘူး။ နည်းနည်းလေးအချိန်ပေးလေ့လာရင် ခဏနဲ့ တတ်နိုင်ပါတယ်။ တက္ကသိုလ်တွေက ဥပမာ သြဂုတ်လမှာ ဖွင့်မှာလား။ ဖွင့်တဲ့အချိန်ကြရင် အသင့်ဖြစ်အောင် အခုကတည်းက ဝန်ကြီးဌာနက ဆရာ၊ ဆရာမတွေကို သင်တန်းပေးတာတွေ လုပ်ပေးဖို့လိုတယ်။ ကျောင်းအလိုက် ဒါတွေ လုပ်ဖို့လိုတယ်။

မေး ။ ။ အွန်လိုင်းသင်ကြားမှု လုပ်မယ်ဆိုရင် တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေက လုပ်နိုင်ပါ့မလားခင်ဗျ။

ဖြေ ။ ။ ဟုတ်ပါတယ်။ အွန်လိုင်းသင်ကြားမှုမှာ သူ့အားနည်းချက်ကတော့ တက်ရောက်သူပေါ့။ တက်ရောက်သူက ဘယ်လောက်အထိ အာရုံစူးစိုက်မလဲ။ ဟိုဘက်ကရုပ်တွေ ပိတ်ထားမယ်။ အသံတွေဖျောက်ထားမယ်ဆိုရင် ဒီဘက်ကချက်ချင်း သိဖို့ မလွယ်တာတွေလည်း ရှိမယ်ပေါ့။ နောက်တခုကတော့ နယ်တွေမှာ အင်တာနက် ကိစ္စပေါ့။ ယေဘုယျအားဖြင့် တနိုင်ငံလုံးက အင်တာနက်ရတယ်လို့ ထင်ရတယ်။ အခုရန်ကုန်လိုနေရာမျိုးမှာတောင် စကားပြောနေရင်းနဲ့ အင်တာနက်ပြတ်တောက်တာလေးတွေ ရှိတယ်ပေါ့။ နယ်မှာဆိုရင် ပိုဖြစ်နိုင်ချေရှိတယ်ပေါ့။ နောက်တခုက ကျောင်းသားတွေအနေနဲ့ အွန်လိုင်းသင်ကြားမှုအတွက် အွန်လိုင်း applications တွေနဲ့ ပတ်သက်ရင် ဘယ်လောက်နားလည်မှုရှိသလဲပေါ့။ ဒီအတွက်ကလည်း တတ်မြောက်ဖို့ အချိန်ပေးရလိမ့်မယ်ထင်တယ်။ တတ်နိုင်ရင် တော့ အွန်လိုင်းကနေတဆင့်ပဲ ရုပ်သံတွေလွှင့်ပြီး ကျောင်းသားတွေကို ဘယ်လိုသုံးရမလဲဆိုတာ ပြောပြနိုင်ရင်လည်း ဖြစ်နိုင်ချေတော့ရှိပါတယ်။

မေး ။ ။ ကျောင်းသားတွေကို အွန်လိုင်းကနေ သင်မယ်ဆိုရင် သင်ခန်းစာတွေကို ဘယ်လောက်အထိ နားလည်တယ် ဆိုတာကို ပြန်လည်စစ်ဆေးတာတွေလည်း လုပ်ကောင်းလုပ်ရမှာပေါ့။ အဲဒါကရော ဘယ်လိုလုပ်ကြမလဲဆရာ။

ဖြေ ။ ။ ဒါလည်း ကျနော်တို့ကျောင်းတွေမှာ စဉ်းစားနေတဲ့အချက်ပေါ့။ သင်ကြားတာကလွယ်တယ်။ ဒါပေမယ့် ဘယ်လိုအကဲဖြတ်မလဲ။ ကျောင်းသားတွေအပေါ် ကျနော်တို့ သင်ကြားမှုရဲ့ ရလဒ် ဘာထွက်လာမလဲဆိုတဲ့ မေးခွန်းက ယေဘုယျအားဖြင့် တကယ်ကြီးမားတဲ့ဟာပေါ့။ ယေဘုယျအားဖြင့် စာမေးပွဲဆိုတာ ရေးဖြေရှိမယ်ပေါ့။ နှုတ်ဖြေရှိမယ်ပေါ့။ နောက်ပြီး Assignment တွေ ပေးတာမျိုးတွေရှိမယ်။ ဒီမှာကျနော်တို့ လုပ်လို့မလွယ်တာက ဘာဖြစ်လာမလဲဆိုရင် ရေးဖြေစာမေးပွဲတွေ လုပ်လို့ မလွယ်တော့ဘူး။ အဲဒီအခါကျတော့ ကျနော်တို့က သူတို့နဲ့ နှုတ်ဖြေလိုဟာမျိုးတွေ မေးခွန်းတိုတွေ မေးတာမျိုးတွေ ၊ Assignment တွေ ပေးတာမျိုးတွေပေါ့။

နောက်တခုက ဒီအွန်လိုင်းမှာ Interactions ပေါ့။ သူတို့ကိုယ်တိုင် ဘယ်လောက် တက်တက်ကြွကြွ ပါဝင်လာအောင် လုပ်မလဲပေါ့။ အမှတ်ပေးပုံလေးတွေတော့ ပြုပြင်ရပါလိမ့်မယ်။ လုပ်လို့မရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခါတိုင်းလို စာဖြေခန်းထဲသွားပြီး စာမေးပွဲဖြေတာမျိုးတွေ လုပ်လို့ရမှာမဟုတ်ဘူးပေါ့။ ဒါက ပေးလိုက်တဲ့ Assignment တွေမှာလည်း ကျောင်းသားတွေ ကိုယ်တိုင် လိုက်လုပ်လာနိုင်တဲ့ အားသာချက်တွေရှိပါတယ်။ ကျောင်းသားကိုယ်တိုင် စာဖတ်ရမယ်။ စာတွေ ကြိုလေ့လာရမယ့် အနေအထားလေးတွေလည်း ရှိလာနိုင်ပါတယ်။

မေး ။ ။ ကျောင်းတွေ တကယ်လို့ ပြန်ဖွင့်တဲ့အခါကျရင် အခြေခံမှာရော၊ အဆင့်မြင့်ကဏ္ဍမှာပါ ဆရာ၊ ဆရာမတွေအတွက် ဘယ်လို စိန်ခေါ်မှုမျိုးရှိလာနိုင်မလဲ။

ဖြေ ။ ။ အခုက New Normal ပေါ့။ ပုံစံအသစ်နဲ့ ကျောင်းဝန်းကျင်တွေ ဖန်တီးရတာမျိုးတွေ ၊ ကြားရေး ပုံစံလုပ်ရတာတွေ ဒါတွေဖြစ်မယ်။ ဘယ်လိုအခက်အခဲကြုံရမလဲဆိုတော့ ကျောင်းသားအများစုကြီးကို ဘယ်လို ထိန်းကျောင်းမလဲ။ စာသင် ခန်း တွေကို ဘယ်လိုခွဲပြီးသင်မလဲ။ ဒီပြဿနာရှိမှာပေါ့။ ကျောင်းမှာ အဓိက ကြုံရတာက စာသင်ခန်း မလုံလောက်မှုတွေ များတယ်။ အခြေခံတို့ အလယ်တန်းတို့မှဆိုရင် ကျောင်းသားအင်အားလည်း များတယ်။ တက္ကသိုလ်ကလည်း ထိုနည်းလည်းကောင်းပဲ။ တက္ကသိုလ်က ပိုတောင်ဆိုးသေးတယ်။ တက္ကသိုလ်က နယ်စုံက လာကြတာ။ ဘယ်သူက ကိုဗစ်ရှိတယ်၊ မရှိဘူးဆိုတာ မသိနိုင်ဘူး။ ကျောင်းသားအားလုံးကို စမ်းသပ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ လူတယောက်ကို စမ်းသပ်မယ်ဆိုရင်တောင် ဒေါ်လာ ၁၅၀ လောက်ရှိမယ့် အနေအထားလေ။ ဒီလိုအခက်အခဲလေးတွေတော့ ကြုံမယ်။

အွန်လိုင်းသင်တာတွေ တက္ကသိုလ်မှာ လုပ်မယ်ဆိုရင် အဲဒီအတွက် ပြင်ဆင်ရတာတွေရှိမယ်။ နောက်ပြီး တက္ကသိုလ်တွေမှာ အဆိုင်းခွဲပြီး တချိန်ကို ကျောင်းသား ၃၀ နှစ်သုတ်သင်မယ်။ လေးပေ၊ ခြောက်ပေ စသဖြင့် ခွဲထားပြီး သင်မယ်ဆိုရင် အဲဒီအတွက် ပြင်ဆင်ရမှာတွေရှိမယ်။ ဆရာ၊ ဆရာမတွေကတော့ ပိုအားစိုက်ရမယ့် စိန်ခေါ်မှုတွေ ရှိလာမှာပါ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
101
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
56
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
164

မေး ။ ။ အခုဖြစ်နေတဲ့ COVID-19 က ဆက်ဖြစ်နေပြီး ကာကွယ်ဆေးပေါ်ဖို့လည်း ကြာဦးမယ်။ ကျောင်းတွေပိတ်ပြီး စာသင်ကြားမှုကို ရပ်လိုက်ရင် ပညာရေးတိုးတက်မှု နှောင့်နှေးမယ်ပေါ့။ ဒီလို အခြေအနေမှာ မြန်မာ့ပညာရေးဟာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားသင့်ပါသလဲ။

ဖြေ ။ ။ တချို့ကလည်း ကျောင်းဖွင့်ဖို့ကို ကာကွယ်ဆေးကုသဆေးပေါ်မှ လုပ်ပါပေါ့။ ဒါကတော့ အဖြစ်သင့်ဆုံး သဘောတရားလေးတခု၊ သီအိုရီလေးတခုပေါ့။ သို့သော်လည်း ကာကွယ်ဆေးက ကျနော်တို့လေ့လာမိသလောက် ၅ လ၊ ၆ လ အတွင်း ပေါ်ဖို့ဆိုတာကလည်း မလွယ်ဘူး။ ကံအကောင်းဆုံး ဆိုရင်တောင် ဒီ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှ ဆေးရနိုင်မယ်ပေါ့။ ကံမကောင်းရင် နောက်နှစ်ထဲ ကျနော်တို့ ဘယ်လောက်ရောက်မလဲ မသိဘူးပေါ့။ အဲဒီလို အနေအထားမှာ ကျောင်းကို ဆက်တိုက်ပိတ်ထားလို့ကတော့ မဖြစ်ဘူးပေါ့။ ကျနော်တို့က ကျောင်းကို တနည်းနည်းနဲ့ ပြန်ဖွင့်ဖို့ ကြိုးစားဖို့လိုတာပေါ့။ အခုဆိုလည်း လူတွေက အိမ်မှာနေရတာ ကြာလာတဲ့အခါ စိတ်ရဲ့ ထွက်ပေါက်လေးတွေ ရှာလာကြတာပေါ့။

အနောက်နိုင်ငံတွေမှာ ဘာပဲ ဖြစ်ဖြစ်အပြင်ထွက်မယ်ဆိုတာမျိုး လူတချို့ပြောလာတာတွေလည်းရှိတာပေါ့။ မြန်မာပြည်မှာတော့ လောလောဆယ်အဲဒီလိုမျိုးတော့ မရှိသေးဘူး။ ဘာပဲဖြစ်ဖြစ်နည်းနည်းထိန်းလို့ရသေးတယ်ပေါ့။ ဒါပေမယ့် ကိုဗစ်ကာလကြာလာတာနဲ့ ဘာဖြစ်မယ်ဆိုတာကျနော်တို့ မပြောနိုင်ဘူး။ အဲဒါကြောင့် တတ်နိုင်ရင်တော့ ခုနကပြောတဲ့ New Normal ပေါ့။ ကိုဗစ်ရှိတာတော့မှန်တယ်။ ဒါပေမယ့် ဒီကြားထဲမှာ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲပေါ့။ ဒီကာလမှာ လူ့အသိုင်းအဝိုင်း ဆက်လက်လည်ပတ်အောင် ဘယ်နည်းနဲ့လုပ်မလဲ။ လည်ပတ်နိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ နည်းမျိုးစုံနဲ့ ရှာဖွေကြိုးစားကြရမှာ ဖြစ်ပါတယ်။

You may also like these stories:

ကျောင်းအပ်ချိန်တွင် တိုင်းရင်းသားအမည်များ ရေးသွင်းရန် ပညာရေးဌာန ညွှန်ကြား

အထက်တန်းအဆင့်ကို ကျောင်းစောဖွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို

အခြေခံပညာ စာသင်ကျောင်း အားလုံး ဇူလိုင်လတွင် ပြန်ဖွင့်မည်

Your Thoughts …
Tags: မြန်မာ့ပညာရေးအခြေခံပညာ
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော

မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
20 July 2023
1.5k

မြန်မာနိုင်ငံတဝှမ်း ကျောင်းတက်နိုင်သူ အားလုံး၏ ၂၂ ရာခိုင်နှုန်းသာ ကျောင်းတက်သည်

ကိုဗစ် ပထမလှိုင်းအပြီး ဇူလိုင်လအတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်း တကျောင်း / ထက်ဝေ / ဧရာဝတီ

အခြေခံပညာဝန်ထမ်းများ ရာထူးတိုး စနစ်သစ် ဘာကြောင့် ဝေဖန်ခံနေရသလဲ

by ဇင်လင်းထက်
2 December 2020
11.7k

စနစ်သစ်တွင်မူ လုပ်သက် ၁၀ နှစ်အထက် မူလတန်းကျောင်းအုပ်များ၊ ပညာရေးဘွဲ့ရ မူလတန်းကျောင်းအုပ် များကို နိုဝင်ဘာ ၁ ရက်က စကာ အထက်တန်းပြ လစာ တိုးမြှင့်ပေးခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းတကျောင်းတွင် ဆရာမ တဦး စာသင်ကြားနေစဉ် / ပြေကျော် / ဧရာဝတီ

အခြေခံ ပညာရေးဝန်ထမ်းများ လစာတိုးမည်

by ထက်နိုင်ဇော်
24 August 2016
992

လစာတော့ တိုးစေချင်တယ်။ ကုန်ဈေးနှုန်း တက်မှာလည်း ကြောက်တယ်။ အခုလစာတိုးမယ်ဆိုတဲ့အသံနဲ့တင် ကုန်ဈေးနှုန်းက တက်နေပြီ

၂၀၂၁ ခုနှစ် ဇွန်လက ကျောင်းဖွင့်ချိန် / CJ

အာဏာသိမ်းပြီး ကျောင်းမတက်ရသည့် ကလေး ၂ ဆ တိုး

by ဧရာဝတီ
1 June 2022
4.4k

အာဏာသိမ်းမှုကြောင့် ပြီးခဲ့သည့် ၂ နှစ်အတွင်း ကျောင်းမတက်နိုင်သည့် ကလေး ၂ ဆကျော်တိုးလာကြောင်း Save the Children အဖွဲ့မှ ထုတ်ပြန်သည်။

နေပြည်တော် ရုံးချုပ်ရှေ့တွင် အခြေခံပညာ ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့် ပုံစံ စာခြောက်ရုပ်အား တွေ့ရစဉ်  /  New Generation Movement for Education Reform

ရာထူးတိုး နစ်နာမှု ဖြေရှင်းရေး ဆရာ/ဆရာမများ၏ တောင်းဆိုမှု အရှိန်မြင့်လာ

by ဇင်လင်းထက်
14 December 2020
6.7k

အခြေခံပညာ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့် ဓာတ်ပုံကပ်ထားသည့် စာခြောက်ရုပ် တရုပ်ကို ဝန်ကြီးဌာန ရုံးရှေ့ မြေကွက်လပ်တွင် စိုက်ထူထားခြင်းဖြစ်ပြီး စာခြောက်ရုပ်၏ လည်ပင်းတွင်လည်း စာများရေးထားသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသေးသည်။

ယနေ့ ဇန်နဝါရီ ၂၁ ရက် မုံရွာမြို့တွင် ပြုလုပ်သည့် စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲ  /  ဒီလှိုင်းဝင်း

စာမေးပွဲအချိန်စာရင်း ပြောင်းလဲလိုက်ကြောင်း အခြေခံပညာ ထုတ်ပြန်

by ဇင်လင်းထက်
4 February 2020
8.9k

၄ တန်းနှင့် ၈ တန်း စာမေးပွဲဖြေဆိုရမည့် ရက်နှင့် ဆယ်တန်းစာမေးပွဲ ဖြေဆိုရမည့် ကာလကြားတွင် ကျန် အတန်းများ၏ စာမေးပွဲဖြေဆိုရမည့် ရက်ကို သတ်မှတ်လိုက်ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

Next Post
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိအမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိအမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်

၂၀၁၉ ဇူလိုင်လက ဗစ်တိုရီးယား အမှု တရားမျှတမှု ရှိရေး အတွက် ပြည်သူများ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပုံ (ဓာတ်ပုံ - အောင်ကျော်ထက်၊ ဧရာဝတီ)

အမေ့ခံ ဗစ်တိုးရီးယား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved