• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အမေ့ခံ ဗစ်တိုးရီးယား

by မိုးမိုး
23 May 2020
in ဆောင်းပါး
A A
၂၀၁၉ ဇူလိုင်လက ဗစ်တိုရီးယား အမှု တရားမျှတမှု ရှိရေး အတွက် ပြည်သူများ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပုံ (ဓာတ်ပုံ - အောင်ကျော်ထက်၊ ဧရာဝတီ)

၂၀၁၉ ဇူလိုင်လက ဗစ်တိုရီးယား အမှု တရားမျှတမှု ရှိရေး အတွက် ပြည်သူများ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပုံ (ဓာတ်ပုံ - အောင်ကျော်ထက်၊ ဧရာဝတီ)

24.7k
VIEWS
Share on FacebookShare on Twitter

ပေ ၃၀ ပတ်လည် တိုက်ခန်းလေးဟာ သိပ်မကျယ်လှပေမယ့် သပ်သပ်ရပ်ရပ် ဖွဲ့စည်းထားတဲ့ အခန်းလေးတွေကြောင့် ကြည့်ကောင်းနေပါတယ်။

ကစားစရာအချို့ ပြန့်ကျဲနေတတ်တဲ့ ဒီအခန်းလေးဟာ တခါတရံ ကလေးဆော့တဲ့အသံနဲ့ သက်ဝင်လှုပ်ရှား နေပေ မယ့် အချိန်အတော်များများမှာတော့ တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။

“အခုကာလက ဟိုး အစကို ပြန်ရောက်သွားသလို ခံစားနေရတယ်။ အနားမှာ ဘယ်သူမှ မရှိတော့သလို ဖြစ်နေ တာပေါ့” လို့ အိမ်ရဲ့ ဧည့်ခန်းမှာ ထိုင်နေတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတဦးက ပြောပါတယ်။

သူ့ရဲ့မျက်နှာဟာ မလှမ်းမကမ်းမှာ ကစားနေတဲ့ သမီးလေးကို ကြည့်တဲ့အချိန် ပြုံးနေတတ်ပေမယ့် ကျန်တဲ့အချိန် မှာတော့ တခုခုကို တွေးတောနေဟန်နဲ့ ညှိုးငယ်နေတတ်ပါတယ်။

သူကတော့ နေပြည်တော်မှာရှိတဲ့ Wisdom Hill ပုဂ္ဂလိကကျောင်းမှာ မူကြိုတက်နေရင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံခဲ့ရတဲ့ သမီးငယ်လေး ဗစ်တိုးရီးယားရဲ့ ဖခင်ပဲ ဖြစ်ပါတယ်။

ဒီလို အကြမ်းဖက်ခံရမှုအတွက် ဖခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ ၁ နှစ်တင်းတင်း ပြည့်ပြီ ဖြစ်ပါတယ်။

၂၀၁၉ ဇူလိုင်လက ဗစ်တိုရီးယား အမှု တရားမျှတမှု ရှိရေး အတွက် ပြည်သူများ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပုံ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

ဒါပေမယ့် ကျူးလွန်သူ တရားခံကတော့ အခုချိန်ထိ အစအန ပျောက်လို့နေဆဲဖြစ်သလို ကျောင်းတာဝန်ရှိသူတွေ အနေနဲ့လည်း ဒီအမှုဟာ ကျောင်းတွင်းမှာဖြစ်ခဲ့တာ မဟုတ်ဘူးလို့ ဒီနေ့ထိတိုင် တွင်တွင်ငြင်းဆိုလျက် ရှိဆဲပါ။

တချိန်တည်းမှာပဲ ဒီအမှုအပေါ် လူတွေရဲ့ အာရုံစိုက်မှုဟာလည်း အချိန်ကြာလာတာနဲ့အမျှ လျော့ကျလို့ လာခဲ့ပါတယ်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
478
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
593

အသွားအလာ ကန့်သတ်မှုတွေ ဖြစ်စေတဲ့ လတ်လောဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကလည်း အမှုရှေ့ဆက်တိုး ဖို့ အဟန့်အတား ဖြစ်စေသလို အမှုအတွက် တောက်လျှောက် ကူညီပေးနေသူတွေနဲ့ပါ အဆက်အသွယ် ဝေးစေခဲ့ပါ တယ်။

“ကိုဗစ်ကာလကို လွန်အောင်ဆိုတာမျိုး စောင့်ရမလား၊ ရောဂါပြန့်နှံ့မှု ငြိမ်သွားတဲ့ အခါမှ ကျနော် တို့က ဒါနဲ့ ပတ် သက်ပြီး လှုပ်ရှားရမလား ဆိုတာ မသဲကွဲသေးဘူး” လို့ အမှုကို တောက်လျှောက်ကူညီခဲ့သူ သက္ကမိုးညိုလို့ လူသိများ တဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းက ဆိုပါတယ်။

ဒီအခြေအနေဟာ အရင်ကတည်းက သီးသန့်နေတတ်တဲ့ ဗစ်တိုးရီယားလေးတို့ မိသားစုအဖို့ ပိုလို့ အထီးကျန်စေခဲ့ပြီး  ကလေးရဲ့ တရားမျှတမှု ရှာဖို့အတွက်လည်း လမ်းစပျောက်ခဲ့ရပါတော့တယ်။

၂၀၁၉ ဇူလိုင်လက ဗစ်တိုရီးယား အမှု တရားမျှတမှု ရှိရေး အတွက် ပြည်သူများ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပုံ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

“တရားမျှတမှု မရှိဘူးဆိုတဲ့ အတွေးမျိုး တွေးလိုက်ရင် အရမ်း မွန်းကြပ်လာတာ။ တရားမျှတမှု မရှိဘူး။ ဒီဟာလေး  တောင် တရားမျှတမှုအတွက် မရှာပေးနိုင်ဘူးဆိုပြီး စိတ်ထဲမှာ အရိုင်းစိတ်တွေ ဝင်လာတာပေါ့လေ။ စိတ်ကူးထဲ မှာ လူတွေ လျှောက်သတ်နေတာပေါ့။ တခါတလေ သတ်တဲ့အထဲမှာ ကိုယ့်ကိုယ်ကိုယ်လည်း ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီဟာကို ဆက်မတွေးချင်တော့လို့” ပြောပြနေတဲ့ ဖခင်ဖြစ်သူရဲ့ မျက်နှာဟာ တည်ငြိမ်နေပေမယ့် နာကျင်တဲ့ အရိပ်အယောင်တွေ အထင်းသား မြင်တွေ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူကတော့ ကလေးရဲ့ အမှုနဲ့ပတ်သက်လို့ ခံစားချက်တွေကို ထုတ်ပြောခြင်း မရှိသလို အခုချိန်ထိ စိတ်ထိခိုက်နေဆဲဖြစ်လို့ အင်တာဗျူးမလုပ်ဖို့လည်း ဖခင်ဖြစ်သူက ကြိုတင်မေတ္တာရပ်ခံခဲ့ပါတယ်။

အစိုးရဝန်ထမ်းအလုပ်ကနေ တနှစ်နီးပါး လစာမဲ့ခွင့်ယူပြီး သမီးလေးအတွက် တရားမျှတမှု ရဖို့ ကြိုးစားခဲ့သမျှ ပြန်ရ လိုက်တဲ့ ရလဒ်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့မိသားစုနာမည်တွေကို တိုင်းသိပြည်သိ  ဖော်ထုတ်ခံခဲ့ရတဲ့ ခါးသီးမှုပဲ ဖြစ်ပါတယ်။

အစိုးရကတော့ ကလေးရဲ့ တရားမျှတမှုအတွက် အမှုမှန်ပေါ်ပေါက်ရေး ဦးစားပေးဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး ဖြစ် သလို တခုခုလွဲချော်မှုတွေ ရှိခဲ့ရင်လည်း တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိဖို့ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သမ္မတရုံးကတဆင့် လူထုကို အသိပေးခဲ့ပေမယ့် အခုချိန်ထိ ထူးခြားမှု တစုံတရာ မရှိသေးပါ။

ဒါပေမယ့် ပြည်သူတွေအနေနဲ့ အစိုးရရဲ့ ကတိကဝတ်ကို မမေ့မလျော့ ဆက်လက် စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ သမီးငယ်လေး ဘက်ကနေ အမှုလိုက်ပါ ကူညီပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က သတိပေး ပြော ဆိုပါတယ်။

၂၀၁၉ ဇူလိုင်လက ဗစ်တိုရီးယား အမှု တရားမျှတမှု ရှိရေး အတွက် ပြည်သူများ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပုံ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

“နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံတော်ရဲ့ အကြီးဆုံး အမြင့်ဆုံး။ သမ္မတရုံးကပြောတဲ့ အရေးယူဖို့ရာအတွက်ကို ဌာန တွင်း ဆောင်ရွက်နေပြီ ဆိုတဲ့စကား။ ဆိုခဲ့စေ၊ မြဲခဲ့စေပေါ့” လို့ သူက ပြောပါတယ်။

ကလေးမိဘတွေအဖို့ သမီးလေးအတွက် မရေရာသေးတဲ့ တရားမျှတမှုရဖို့အရေး စိတ်ဓာတ်တွေ ပြိုကျနေလို့ မ ဖြစ်သေးသလို ထိခိုက်ခဲ့တဲ့ ကလေးရဲ့ စိတ်ဒဏ်ရာကို ကုစားဖို့နဲ့ သူမရဲ့ အနာဂတ်ရှင်သန်ရေးအတွက်လည်း စွမ်း သလောက် တဖက်မှာ ကြိုးစားရ ပြန်ပါတယ်။

“စဖြစ်ခါစက ဒီကိစ္စကို ကျွန်တော်တို့ ပြောရင်ကိုပဲ ဝင်ပြီး ကုတ်ဆွဲတာတွေ လုပ်တာ။ အဲဒီတော့ သူ့စိတ်ကို ကျေ နပ်အောင် သူလိုချင်တာတွေ ကိုယ်တတ်နိုင်သလောက် ဝယ်ပေးတယ်။ ဖြည့်ဆည်းပေးတယ်။ တခါတည်း မတတ် နိုင်တောင် ခွဲပြီးတော့ ဖြည့်ပေးတယ်။ သူ့စိတ်ကို လုံးဝ အားငယ်စိတ်၊ သိမ်ငယ်စိတ် မရှိအောင် လုပ်ပေးတယ်” လို့ ဖခင်ဖြစ်သူဟာ ပြောပြနေရင်း အသံတွေ သိသိသာသာ တုန်လာပါတယ်။

သူတို့ဇနီးမောင်နှံဟာ သမီးငယ်ရဲ့ စိတ်ဒဏ်ရာကို မေ့ပျောက်စေဖို့အတွက် အတိတ်ဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ အ ကြောင်းအရာ မှန်သမျှ ကလေးရှေ့မှာ ဘယ်သူမှ မပြောကြဖို့နဲ့ ကလေး စိတ်ထိခိုက်စေမယ့်အရာတွေ ဘာမှ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“ကျနော့် အမျိုးသမီးလည်း ငိုချင်လို့ ငိုရင်တောင် ကလေးရှေ့မှာ မငိုခိုင်းဘူး” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

အမှန်တော့ သာမန်လူလတ်တန်းစား အစိုးရဝန်ထမ်း မိသားစုဖြစ်တဲ့ သူတို့အဖို့ ရရှိတဲ့ဝန်ထမ်းလစာလေးနဲ့ ဘဝကို ရုန်းကန်နေရချိန်မှာ သမီးငယ် စိတ်ပျော်ရွှင်ဖို့ လိုအပ်တဲ့အရာတိုင်း ဖြည့်စွမ်းဖို့ဆိုတာ မလွယ်ကူလှပေမယ့် သူတို့ ဇနီးမောင်နှံမှာ ရွေးချယ်စရာ မရှိပါဘူး။

အမှုဖြစ်ပြီးကတည်းက ကျောင်းမပို့တော့တဲ့ သမီးလေးကို အနီးကပ်စောင့်ရှောက်ဖို့ မိခင်ဖြစ်သူဟာ အခုချိန်ထိ လုပ် ငန်းခွင် ပြန်မဝင်နိုင်သေးသလို ဝန်ထမ်းဘဝကိုပါ ရာသက်ပန် စွန့်လွှတ်လိုက်ဖို့ စဉ်းစားနေရပါပြီ။

သမီးလေး အမှုအတွက် တနှစ်နီးပါး လစာမဲ့ခွင့်ယူ ကြိုးပမ်းခဲ့တဲ့ ဖခင်ဖြစ်သူကလည်း တာဝန်ကျရာ နယ်မြို့ကနေ မိသားစုရှိရာ နေပြည်တော်ကိုပြောင်းပြီး လုပ်ငန်းခွင် ပြန်ဝင်နေပြီဖြစ်ပေမယ့် အဖော်မဲ့နေတဲ့ သမီးလေးအတွက် ကစားဖော်ကစားဖက် အဖြစ်နဲ့ပါ တာဝန်ယူရပါတယ်။

“ကျနော့်ကို သူစိတ်တိုင်းကျဆော့တယ်။ သမီးလေး စိတ်ချမ်းသာဖို့ ပျော်ဖို့အတွက်ဆို အကုန်လုပ်ပေးတယ်။ မျက် နှာမှာဆိုလည်း ကုတ်မိတဲ့ ဒဏ်ရာတွေ မနည်းဘူး။ ဒီလောက်က ပါမွှားလေးပါ” ဆိုပြီး မျက်နှာမှာ လက်သည်းရာတွေ ရှိတဲ့ ဖခင်ဖြစ်သူက သမီးမျက်နှာလေးကို ကြည့်ပြီး ပြောပါတယ်။

၂၀၁၉ ဇူလိုင်လက ဗစ်တိုရီးယား အမှု တရားမျှတမှု ရှိရေး အတွက် ပြည်သူများ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပုံ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

ခုချိန်မှာတော့ သမီးငယ်လေးဟာ ပုံမှန်ထက်ပိုတဲ့ မိဘတွေရဲ့ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်မှုအောက် မှာ ကျန်းမာသွက်လက်တဲ့ ကလေးအဖြစ် ရှင်သန်ကြီးပြင်းနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကြည့်ပြီး ပီတိမဖြစ်နိုင်သေး တာက ကလေးရဲ့ မိဘတွေပါပဲ။

ကျောင်းက ကလေးတွေရဲ့ စာရွတ်သံတွေ ကြားတိုင်း ကျောင်းနေဖို့ ပူဆာတတ်တဲ့၊ မကြာခင် အသက်ပြည့်လို့ မဖြစ်မ နေ ကျောင်းပို့ပေးရတော့မယ့် သမီးလေးအတွက် ဘယ်လိုကျောင်းမျိုးက လုံခြုံမလဲဆိုတာ ခုကတည်းကတွေးရင်း ရင်မောနေရပါပြီ။

အာမခံချက်မရှိတဲ့ သမီးလေးရဲ့ အနာဂတ် လုံခြုံရေးအတွက် ခြောက်ခြားရင်း တဖက်မှာ တဖြည်းဖြည်း သွေးအေးလာ တဲ့ သမီးလေးရဲ့ တရားမျှတမှုအတွက် ရင်မောရင်း သူတို့ ဇနီးမောင်နှံကတော့ စိတ်ထောင်းကိုယ်ကြေ ဖြစ်မှန်း မသိ ဖြစ်လာပါတယ်။

“အရှည်ကြီး တွေးလိုက်ရင် ရင်မော စရာကြီးလေ။ သမီးလေးအတွက် အမှန်တရား ရပါ့မလားဆိုပြီး တွေးတဲ့အတွေး က စိတ်တွေ ပူပန်လာလိုက် အဲ့ဒါကို ပြန်ဖျောက်လိုက်နဲ့ ဒီလိုပဲ တရက်ချင်းစီ တကန့်ချင်းစီပဲ ဘဝကို ရှေ့ဆက် နေရ ပါတယ်” လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

အမှန်တော့ အကြမ်းဖက်မှုတခု ဖြစ်တဲ့အခါ အခုလို ကာယကံရှင် မိသားစုတွေ ထပ်ဆင့်ရလိုက်တဲ့ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာရမှုအတွက် တရားမမှုနဲ့ တရားစွဲဆိုနိုင်ပါသေးတယ်။

ဒါပေမယ့် အမှုဖြစ်တဲ့ ၁ နှစ်တာ ကာလအတွင်းသာ စွဲဆိုနိုင်တာဖြစ်လို့ အဲဒီအခွင့်အရေးကိုလည်း ဗစ်တိုးရီးယားတို့ မိသားစု လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

လူမမယ် ကလေးလေး လိင်အကြမ်းဖက် ကျူးလွန်ခံရမှုအတွက် တရားမျှတမှု ရဖို့အရေး အဖက်ဖက်က အရေးနိမ့်နေ ရတဲ့ အခြေအနေမှာ အစိုးရအနေနဲ့ ကာယကံရှင်မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားရေးအတွက် အပြည့်အ၀ တာဝန် ယူသင့်တယ်လို့ ဥပဒေပညာရှင် တချို့က သုံးသပ်ကြပါတယ်။

“ဒီအခြေအနေမျိုးမှာ ဝန်ကြီးဌာန တခုတည်းတင်မကဘဲ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး ဖြစ် ဖြစ်၊ ဥပဒေရေးရာနဲ့ပတ်သက်ပြီး ဖြစ်ဖြစ် အမှန်တရားပေါ်ပေါက်ဖို့ ကူညီပေးဖို့ဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အခြေအ နေမျိုးတောင် ရောက်နေတယ်လို့ မြင်ပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ဆိုပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန အနေနဲ့တော့ အမှုစဖြစ်စဉ်ကတည်းက ကာယကံရှင် မိသားစုတွေနဲ့ ချိတ်ဆက်ပြီး လူမှုရေး ပညာဌာနဘက်ကနေ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ပေးထားတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ဆိုပါတယ်။

ဒါပေမယ့် အမှုဖြစ်စမှာ ကျန်းမာရေး ဆေးစစ်ချိန်နဲ့ ကလေးအခြေအနေကို အိမ်မှာ လာကြည့်တဲ့ သုံးလေးကြိမ်ကလွဲ လို့ တခြား ဘယ်လိုဆောင်ရွက်မှုတွေ ရှိနေလဲဆိုတာကတော့ သေချာမသိရတဲ့အကြောင်း ကာယကံရှင် မိသားစုနဲ့ အမှုကူညီပေးနေသူတွေက ဆိုပါတယ်။

“သူတို့ အလွန်ဆုံး လုပ်ပေးသွားတာက ကျွန်တော်တို့ကို တရားချတယ်။ သူများ ကလေးတွေဆို ဘယ်လိုမျိုး ဖြစ်တာ။  ဒီကလေးက တော်သေးတယ်။ တရားနဲ့ဖြေ။ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းမခံစားပါနဲ့။ ဒါမျိုးပြောတာတော့ ရှိတယ်” လို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

ဒါပေမယ့် သမီးလေး အကြမ်းဖက်ခံရမှုကြောင့် နာကျင်ပျက်စီးခဲ့ရတဲ့ သူတို့ရဲ့ဘဝတွေကို အလေးထားပြီး မကုစားပေး လည်း အခုလောလောဆယ် သူတို့ စောဒက မတက်နိုင်သေးပါဘူး။

သမီးလေး အနာဂတ်အတွက် အတိတ်ကို ပြန်ဖော်လို့လည်းမရ၊ တရားမျှတမှုအတွက် အတိတ်ကို မေ့ထားလို့လည်း  မရတဲ့ ဒုက္ခငရဲထဲမှာ ရှိသမျှစွမ်းအားတွေသုံးပြီး ဘဝကို အံတုနေရတဲ့ အကြောင်းက တခုတည်း ရှိပါတယ်။

“ကျနော့် သမီးက ဒီကိစ္စ တကယ် ဖြစ်သွားခဲ့တာပါ။ အဲဒီအတွက် အမှန်တရား ရချင်တယ်။ ဒါကို နိုင်ငံတော်အဆင့် ရှိ တဲ့သူတွေကို အကူအညီ တောင်းရတာလည်း အားနာပေမယ့် မိဘလို သဘောထားပြီး ပြောတာပါ” လို့ ဖခင်ဖြစ်သူ က ပြောပါတယ်။       ။

( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ HI (Honest Information) Website ( www.hiburma.net ) မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ )

Your Thoughts …
Tags: Wisdom Hillဗစ်တိုးရီးယားသက္ကမိုးညို
မိုးမိုး

မိုးမိုး

...

Similar Picks:

နေပြည်တော် ကလေးငယ် အဓမ္မမှုအတွက် တရားမျှတမှု တောင်းဆိုကြသော ဆိုရှယ်မီဒီယာ ကန်ပိန်း စတစ်ကာ

နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်

by ဧရာဝတီ
30 June 2019
381.7k

နေပြည်တော်မှ Wisdom Hill အမှု မှ ကာယကံရှင် ကလေးငယ်၏ ဖခင်ကို ဧရာဝတီက ချည်းကပ်ခဲ့ရာ ဖြေကြားရန် သဘောတူခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက် ကလေးငယ်များ စိတ်ချလုံခြုံရေးနှင့် လိင်အမြတ်ထုတ်မှုအပေါ် ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ် / အောင်ကျော်ထက်

သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ

by ဇူးဇူး
6 July 2019
14.9k

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှု ရာခိုင်နှုန်း ၂၀၁၆ တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၆၄ ရာခိုင်နှုန်း၊ ၂၀၁၈ ဧပြီလထိ ၆၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ရာခိုင်နှုန်းများက သက်ငယ်...

ယနေ့ပြုလုပ်သည့် ၆ ကြိမ်မြောက် ရုံးချိန်း / ထက်နိုင်ဇော် / ဧရာဝတီ

လိင်အကြမ်းဖက်မှု ကိုကို ၂ ယောက်လုပ်ဟု ဗစ်တိုးရီးယား ထွက်ဆို

by မိုးမိုး
11 September 2019
45.3k

ကလေးငယ်ကို မေးခွန်းများမေးသည့် အခါမှာ ဓာတ်ပုံများကို ဖြန့်၍ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ တရားခံဟု စွပ်စွဲခံထားရသည့် ကိုအောင်ကြီး၏ ဓာတ်ပုံကို ပြသရာတွင် အောင်ကြီးကို မသိကြောင်း ကလေးက ထွက်ဆိုခဲ့သည်

ပျဉ်းမနား မြို့မရဲစခန်း၌ စစ်ဆေးမှု အပြီး သက္ကမိုးညို မှ သတင်းထောက်များအား ဖြေကြားနေစဉ် / မိုးမိုး / ဧရာဝတီ

သက္ကမိုးညို ကို ရဲတပ်ဖွဲ့ တရားစွဲဆိုမှု၊ ကျပ်သိန်း ၁၀၀ အာမခံဖြင့် ပြန်လွှတ်

by မိုးမိုး
10 July 2019
15.5k

ဗစ်တိုးရီးယား အမှု ဖြစ်စဉ်ကို အမှုမှန်ပေါ်ပေါက်ရေး အတွက် Facebook ၌ အစဉ်တစိုက် ရေးသား ဖော်ပြခဲ့ သည့် သက္ကမိုးညို အကောင့်ပိုင်ရှင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုကိုသိန်းအား...

ဗစ်တိုရီးယား အမှု တရားမျှတမှု ရရှိရေး လှုံ့ဆော်သည့်ပုံ

ကိုကို နဲ့ ညီညီလုပ်သည်ဟု ဗစ်တိုးရီးယားပြော

by မိုးမိုး
14 August 2019
41.8k

အဲဒီ အလုပ်ကို ကလေးအဖေက လုပ်သွားတာ တော်တော် စိတ်မကောင်းဘူး။ တော်တော်ကို ဒီကလေးအဖေဟာ မိဘ တယောက် အနေနဲ့ တာဝန်ကျေပါတယ်။ နားထောင်နေရတဲ့သူတွေ ကလေးအဖေရဲ့ ထွက်ချက်ကို ကြည့်ပြီးတော့ ကြက်သီးထရတယ်

ဗစ်တိုရီးယားပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သည့် အကောင့်

ဗစ်တိုရီးယား ဓာတ်ပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သူကို တရားစွဲရန်ပြင်

by မိုးမိုး
27 July 2019
40.4k

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် ဗစ်တိုးရီးယား၏ ဓာတ်ပုံများကို ရှာ၍ အများသိအောင် ဖြန့်ဝေသွားမည်ဟု ခြိမ်းခြောက်သူကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်နေသူ ဒေါက်တာ ဝင်းကိုကိုသိန်း (သက္ကမိုးညို) က ပြောသည်။

Next Post
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ  / သီဟလွင် / ဧရာဝတီ

ဒသမတန်းသင်ရိုးသစ်မှ လိင်ပညာပေးသင်ခန်းစာ ပြန်လည် ပြင်ဆင်မည်

ပလက်ဝ ဒေသက ချင်းစစ်ရှောင်များ  / RRCCI

ဆမီးစစ်ဘေးရှောင် စခန်းများ အကူအညီလိုအပ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved