• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အထက်တန်းအဆင့်ကို ကျောင်းစောဖွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို

by ဇင်လင်းထက်
19 May 2020
in သတင်း
A A
၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ / ဧရာဝတီ

၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ / ဧရာဝတီ

10.6k
VIEWS
Share on FacebookShare on Twitter

အခြေခံပညာကဏ္ဍတွင် မူလတန်းများထက် အထက်တန်းအဆင့်ကို စောလျင်စွာ ကျောင်းဖွင့် ပေးသင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ကိုယ်စားလှယ် ဒေါ်နီလာဝင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုလိုက် သည်။

မေလ ၁၉ ရက်နေ့က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကိစ္စနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားဝိုင်းတွင် ၎င်းက တင်ပြတောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“ကျမဉာဏ်မီသလောက်ပြောရမယ်ဆိုရင် အလယ်တန်းနဲ့ အထက်တန်းပိုင်းက အသိပညာ တော် တော် ရခဲ့ပါပြီ။ ကလန်ကဆန်လုပ်တဲ့ ဦးရေကတော်တော်လေးနည်းပါတယ်။ ကျန်းမာရေးအသိ ကိုလည်း ဆရာမတွေက ပြောရင် လိုက်နာနိုင်မယ်လို့ ထင်ပါတယ်” ဟု မူလတန်းပြ ဆရာမလည်း ဖြစ်သည့် ဒေါ်နီလာဝင်းက ပြောကြားသည်။

မူလတန်းရှိ KG တန်းကလေးများ၏ သင်ရိုးညွှန်းတမ်းတွင် ကစားခြင်းဖြင့် စာသင်ကြားနိုင်မည့် သင်ခန်းစာများကို ပြဌာန်းထားကြောင်း၊ မူလတန်းကလေးများသည် ကလေးသဘာဝ ဆော့ကစားချင်ကြကြောင်း ၎င်းက ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် မူလတန်းများကို ခပ်ခွာနေနေ၍ စာသင်စေခြင်း၊ နှာခေါင်းစည်းများ တပ်စေချင်းများ စည်းကမ်းလိုက်နာစေပြီး ဇူလိုင်လတွင် ကျောင်းဖွင့်မည်ဟု ကြေညာထားရာ ကလေးများကို စည်းကမ်းလိုက်နာစေရေး ဆောင်ရွက်ရန် အခက်အခဲများရှိလာနိုင်ကြောင်း ဒေါ်နီလာဝင်းက ရှင်းပြသည်။

“KG ကျတော့ ပထမဆုံး ကျောင်းကို သူစိမ်းတွေဆီကို ရောက်လာတာ။ သူတို့က တော်တော်ကြီး တဲ့ တိုက်ပွဲကို ဝင်လိုက်တဲ့ ပုံစံဖြစ်နေတာကိုး စာသင်ခန်းထဲကို ရောက်တဲ့အခါ ပုံမှန်အခြေအနေ မှာတောင် သူတို့ စာသင်ခန်းထဲပျော်ဖို့ နည်းမျိုးစုံနဲ့ ဒီနှစ်ကို တနည်း နောက်နှစ်ကို တနည်းပေါ့။ တယောက်ကို တနည်းနဲ့ ထိန်းပေးရတဲ့အတွက် စည်းကမ်းလိုက်နာဖို့က ဘယ်လိုမှမရဘူး” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ဒေါ်နီလာဝင်း၏ တင်ပြချက်သည် ကျောင်းများပြန်ဖွင့်နိုင်ရေး ကိစ္စအတွက် အလေးအနက်ထားစဉ်းစားစရာ ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

“အထက်တန်းတွေက အရေအတွက်အားဖြင့် မူလတန်းတွေထက် နည်းလိမ့်မယ်ထင်တယ်။ နည်းလိမ့်မယ်ဆိုရင် ပိုပြီး Social Distancing လုပ်ဖို့လွယ်လိမ့်မယ်ပေါ့။ များတဲ့အခါကျတော့ ခွာခွာထားဖို့ သိပ်မလွယ်ဘူး။ နည်းတဲ့အခါက ခွာခွာထားဖို့ ပိုလွယ်မယ်။ ကျောင်းတွေကို တခုနဲ့ တခုမတူအောင်လုပ်တာက နည်းနည်းပိုကြီးတဲ့ ကလေးတွေဆိုလွယ်မလား။ အဲဒါတွေ အားလုံးစဉ်းစားရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် မှတ်ချက်ပေးသည်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကမူ မူလတန်းကလေးများသည် အလယ်တန်း၊ အထက်တန်း ကျောင်းသားများထက် ဆရာ့စကားကို ပိုနားထောင်ခြင်း၊ လက်ရှိမြန်မာနိုင်ငံတွင် ကလေးငယ်များကို COVID – 19 ဗိုင်းရပ်စ် ကူးစက်မှုနည်းနေခြင်း စသည့် အကြောင်းအရင်းများကြောင့် မူလတန်းများကို ကျောင်းပြန်ဖွင့်ရန်စဉ်းစားရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

“ကလေးတွေကတော့ ပိုပြီးတော့ Risk နည်းတယ်။ ဒါပေမယ့် မကူးစက်ဘူးလို့တော့ ပြောတာ မဟုတ်ပါဘူး။ သွေးတိုး၊ ဆီးချိုလည်း မရှိဘူး။ အဖြူထည်ကလေးတွေ၊ အခုမြန်မာမှာ ကူးစက်သူ ကလေးက ၅ ယောက်ရှိတယ်။ အဲဒီထဲက တချို့က ပြန်ကောင်းသွားကြပါပြီ” ဟု ၎င်းက ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာန၏ နောက်ဆုံးပေါ်ကိန်းဂဏန်းများအရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် မြန်မာနိုင်ငံ၏ပညာရေးစနစ်တွင် စုစုပေါင်းသင်ယူသူ ၁၀ ဒသမ ၈ သန်းရှိသည်။ ၎င်းတို့၏ ထက်ဝက်နီးပါးသည် မူလတန်းကျောင်းများမှ ဖြစ်ပြီး သင်ယူသူဦးရေ ၅ ဒသမ ၂ သန်း ရှိသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

လာမည့် ဇူလိုင်လတွင် အခြေခံပညာ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး အောင်စာရင်းများကိုလည်း ကျောင်းဖွင့်ကာလ မတိုင်မီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက မေလဒုတိယပတ်တွင် ကြေညာထားသည်။

ဇူလိုင်လအတွင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ကျောင်းများ အားလုံး ဖွင့်လှစ် မည်ဖြစ်ပြီး ထိုအဆင့်များကို တရက်တည်း တပြိုင်နက်တည်း ဖွင့်လှစ်မည် မဟုတ်ဘဲ ရက် အပိုင်းအခြားအလိုက်၊ အဆင့်အလိုက် ဖွင့်လှစ်မည်ဖြစ်ကာ ကျောင်းဖွင့်ကာလ နီးကပ်လျှင် အများပြည်သူ နားလည် သိရှိနိုင်ရန် ထုတ်ပြန်သွားပေးမည်ဟုလည်း ဆိုသည်။

ကျောင်းဖွင့်ကာလတွင် ကျောင်းသားနှင့် ဆရာများအတွက် မျက်နှာ အကာအကွယ် (Face Shield) များနှင့် နှာခေါင်းစည်းများ အခမဲ့ဝေပေးရန်၊ ကျောင်းများအတွက် ဒီဂျစ်တယ်သာမိုမီတာများဝေရန်၊ စာသင်ချိန် လူချင်း နေရာခြား သင်နိုင်ရန်၊ လက်ဆေးမည့် နေရာများ ပြင်ဆင်ထားရန်နှင့် လူများသည့် ကျောင်းများတွင် စာသင်ချိန် ၂ ပိုင်းခွဲကျောင်းတက်စေရန် စသဖြင့် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

You may also like these stories:

ကိုဗစ်ကာလအတွင်း အကျဉ်းသားများ ထပ်မံလွှတ်ပေးရေး AAPP တောင်းဆို

ကျောင်းတွေ ဘယ်တော့ဖွင့်မှာလဲ ဘယ်လိုဖွင့်မှာလဲ

ကိုဗစ်ကာလ မြန်မာ့ရေထွက်ကုန်တင်ပို့မှု ယခင်နှစ်ထက် ပိုတိုးတက်လာ

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်အထက်တန်း
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
လွှတ်တော် စဖွင့်သည့် ယမန်နေ့က တွေ့ ရသည့် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်  / ထက်နိုင်ဇော် / ဧရာဝတီ

တိုင်းပြည်အတွက် ဖြည့်စွက် ဘတ်ဂျက် ဘီလီယံ ကျပ် ၂၆၀၀ ကျော် ထပ်မံ တောင်းခံ

ဧရာဝတီတိုင်း၏ပထမဆုံး COVID –19 ပိုးတွေ့လူနာ ကုသပေးနေသည့် ပုသိမ်ဆေးရုံ / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်း၏ ပထမဆုံး ပိုးတွေ့လူနာ ပုသိမ်ဆေးရုံ၌ ဆေးကုသမှုခံယူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved