• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောင်းအပ်ချိန်တွင် တိုင်းရင်းသားအမည်များ ရေးသွင်းရန် ပညာရေးဌာန ညွှန်ကြား

by ဆလိုင်းသန့်စင်
22 May 2020
in သတင်း
A A
ကရင်တိုင်းရင်းသူများ  / ဧရာဝတီ

ကရင်တိုင်းရင်းသူများ / ဧရာဝတီ

27.4k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံချိန်တွင် တိုင်းရင်းသားတို့၏ အမည်များရှေ့တွင် ထည့်သွင်းသော ရိုးရာနာမည် အခေါ်အဝေါ်များဖြစ်သည့် “စော၊ စိုင်း၊ မင်း၊ နိုင်၊ ဆလိုင်း၊ နော်၊ နန်း၊ နန့်၊ ဂါ့၊ မိ၊ မိုင်”စသည့် စကားလုံးများကို မှတ်တမ်းတင်ရေးသွင်းရန် အခြေခံပညာဦးစီးဌာနက မြန်မာတနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အားလုံးကို ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဖြူဝင်း က “ကျောင်းအပ်နှံချိန်မှာ တိုင်းရင်းသား လူမျိုးတွေရဲ့ သက်ဆိုင်ရာ မျိုးနွယ်အလိုက် အမည်ပေးတဲ့နေရာမှာပါရှိတဲ့ ရှေ့ဆောင်စကားလုံးတွေကို မှတ်တမ်းတင် ရေးသွင်း ဆောင်ရွက်ဖို့ အခြေခံပညာဦးစီးဌာနက ဧပြီလ ၁ ရက်နေ့ကတည်းက ညွှန်ကြားထားပါတယ်။ ဒီညွန်ကြားချက်က တနိုင်ငံလုံးကို ညွှန်ကြားထားတာလို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာလည်း ဒီညွှန်ကြားချက်ကို အခြေခံပညာကျောင်း အားလုံးကို ဧပြီလ ၂ ရက်နေ့ကတည်းက ထပ်ဆင့်ညွှန်ကြားမှု ဆောင်ရွက်ထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။

တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းစတင် အပ်နှံချိန်တွင် တိုင်းရင်းသားလူမျိုးများ အလိုက် ကာယကံရှင်ကိုယ်တိုင် ပေးသွင်းလိုသည့် တိုင်းရင်းသားလူမျိုးများ၏အမည်ရှေ့တွင် ပါရှိသော ရှေ့ဆောင်စကားလုံးများ ဖြစ်သည့် စော၊ စိုင်း၊ မင်း၊ နိုင်၊ ဆလိုင်း၊ နော်၊ နန်း၊ နန့်၊ ဂါ့၊ မိ၊ မိုင် စသဖြင့် ထည့်သွင်းမှတ်တမ်းတင် ရေးသွင်း ဆောင်ရွက်ရန် ဧရာဝတီတိုင်းပညာရေးမှူးရုံး၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကျောင်းစတင်အပ်နှံချိန်၌ အကြောင်းအမျိုးမျိုးကြောင့် မွေးစာရင်း၊ သန်းခေါင်စာရင်းများ မတင်ပြနိုင်သော ကျေးလက်ဒေသများနှင့် တိုင်းရင်းသား လူမျိုးအများစု နေထိုင်သော ဒေသများတွင် မိဘအုပ်ထိန်းသူ တို့၏ဆန္ဒအရ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးရန်လည်း ဧရာဝတီတိုင်းပညာရေးမှူးရုံးက တိုင်းအတွင်းရှိ ကျောင်းများအားလုံးကို ညွှန်ကြားထားသည်။

ညွှန်ကြားရေးမှူး ဦးဖြူဝင်းက “တချို့မိဘတွေက အဝေးမှာ အလုပ်လုပ်တယ်။ ကျောင်းအပ်ချိန်မှာ ဦးလေး၊ အဒေါ်၊ အဘိုးအဘွားနဲ့လာအပ်တော့ ကလေးရဲ့ကိုယ်ရေးအချက်အလက်တွေ ကွဲလွဲတတ်ပါတယ်။ ဒါကြောင့် မွေးစာရင်း၊ သန်းခေါင်စာရင်း တောင်းတယ်ဆိုတာ ကလေးရဲ့ဘဝတလျှောက်လုံး အသုံးပြုရမယ့် ကိုယ်ရေး အချက်အလက်တွေ မှားယွင်းမှာစိုးလို့ ဖြစ်ပါတယ်။ ကျောင်းအပ်ချိန်မှာ ဒါတွေပါလာရင် ပိုကောင်းတာပေါ့။ လုံးဝမရှိလို့ မပါလာခဲ့ရင်လည်း လက်ခံပေးပါတယ်။ ဒါပေမယ့် မိဘတွေဘက်က ကလေးရဲ့ အချက်အလက်တွေ အမှန်ကန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးရင် ရပါတယ်”ဟု ပြောသည်။

တိုင်းရင်းသားအမည်များ ထည့်သွင်းနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးက အခြေခံ ပညာကျောင်းများအားလုံးအပြင် တိုင်းအတွင်းရှိ ကရင်၊ ချင်းနှင့် ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီများထံ အသိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ အကြောင်းကြားစာအရ ကျောင်းအပ်နှံချိန်တွင် ကရင်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ၏အမည်ရှေ့တွင် စကောကရင်ဖြစ်ပါက “စော၊ နော်”ဖြင့်လည်းကောင်း၊ ပိုးကရင် ဖြစ်ပါက “စ၊ နန့်”ဖြင့်လည်းကောင်း စာရင်းသွင်းအပ်နှံကြရန်နှင့် ကရင်တိုင်းရင်းသား မိဘအုပ်ထိန်းသူများအား အသိပညာပေး စည်းရုံးကြပါရန် တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက တိုင်းအတွင်းရှိ ခရိုင်နှင့် မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီများသို့ အကြောင်းကြားထားကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
73
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
88

ဧရာဝတီတိုင်းဒေသကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ မန်းအိုင်ခလိန်က “အရင်တုန်းက အခုလို ညွှန်ကြား တာ မရှိဘူး။ ဒီနှစ်မှ ပထမဆုံးစဖြစ်လာတာ။ ဒါက ထူးခြားတဲ့အခွင့်အရေး ၁ ခုပေါ့။ နာမည်ရှေ့မှာ “စော”၊ “နော်”၊“စ”၊ “နန့်”တို့ ထားလိုက်ခြင်းအားဖြင့် ကိုယ့်အမျိုးသားရဲ့ National Identity (အမျိုးသား လက္ခဏာ)ကို ဖော်ပြနိုင်တာ ဖြစ်ပါတယ်။ ကျနော်တို့က လိုက်ပြီး တောင်းဆိုရင်တောင် ခက်နေဦးမယ်။ နိုင်ငံတော်က ကျောင်းသားကျောင်းသူ အောက်ခြေအဆင့်ကနေစပြီး အခုလို တိုင်းရင်းသားနာမည်တပ်ဖို့ လုပ်ပေးလိုက်တဲ့အတွက် ဒီအပေါ်မှာ ဝမ်းမြောက် ဝမ်းသာ ကြိုဆိုပါတယ်”ဟု ပြောသည်။

ကျောင်းအပ်နှံချိန်ကပင် တိုင်းရင်းသားတို့၏အမည်များရှေ့တွင် ရှေ့ဆောင်စကားလုံးများ ထည့်သွင်းကာ စာရင်း ရေးသွင်း ခြင်းအားဖြင့် ကျောင်းသားကတ်၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများတွင်ပါ တိုင်းရင်းသား ကလေးငယ် တို့၏အမည် မှန်ကန်မှု ရှိမည်ဖြစ်သလို တိုင်းရင်းသား လူဦးရေစာရင်း တိကျ မှန်ကန်ရေး အတွက်လည်း အထောက် အကူပြုမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီက ပြောသည်။

ကော်မတီ ဥက္ကဋ္ဌ ကြံခင်းမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက “အခြေခံပညာ ကျောင်းတွေက တိုင်းရင်းသားကလေးငယ်တွေရဲ့ အမည်တွေ မှန်ကန်ရေးဆောင်ရွက်ဖို့ တိုင်းလွှတ်တော်မှာ ကျနော်တို့ ပထမအကြိမ် အစည်းအဝေး ကတည်းက တိုက်တွန်းခဲ့တာ ရှိပါတယ်။ အခုတော့ ကျနော်တို့ မျှော်လင့်ခဲ့တာတွေ အကောင်အထည် ပေါ်လာတယ်လို့ မြင်ပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းမှာရှိတဲ့ ကရင်၊ ရခိုင်နဲ့ ချင်း တိုင်းရင်းသားတွေရဲ့ လူဦးရေစာရင်း တိကျမှန်ကန်ရေးအတွက်လည်း အခုအစီအစဉ်က အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည် ပါတယ်”ဟု ပြောသည်။

ဧရာဝတီတိုင်း၌ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် စကောကရင်စာပေ သင်ကြားနေသည့် အခြေခံပညာ ကျောင်းပေါင်း ၆၇၆ ကျောင်းရှိကာ ကျောင်းသားပေါင်း ၅၅၁၁၂ ဦး တက်ရောက်သင်ကြားခဲ့ပြီး ပိုးကရင်စာပေ သင်ကြားသည့်ကျောင်း ၁၀၄၇ ကျောင်းရှိကာ ကျောင်းသားပေါင်း ၈၇၄၂၄ ဦး သင်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်စာပေ သင်ကြား နေသည့်ကျောင်းပေါင်း ၄၈ ကျောင်းရှိကာ ကျောင်းသားပေါင်း ၄၀၀၈ ဦး သင်ကြားခဲ့ပြီး ချင်း(အရှို) စာပေ သင်ကြားနေသည့်ကျောင်း ၃၇ ကျောင်းရှိကာ ကျောင်းသားပေါင်း ၁၄၈၆ ဦး သင်ကြားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆ ဒဿမ ၃ သန်းခန့် မှီတင်းနေထိုင်ကြပြီး ဗမာတိုင်းရင်းသားမှာ လူဦးရေ အများဆုံးဖြစ်ကာ ကရင်တိုင်းရင်းသားမှာ လူဦးရေ ၁ ဒဿမ ၄ သန်းကျော်ဖြင့် ဒုတိယ လူဦးရေ အများဆုံးဖြစ်ကြောင်း သိရသည်။ ရခိုင်တိုင်းရင်းသားမှာ လူဦးရေ ၈ သောင်းကျော်ရှိပြီး တတိယလူဦးရေ အများဆုံးဖြစ်ကာ ချင်းတိုင်းရင်းသား များမှာ လူဦးရေ ၁ သောင်းကျော်ရှိကာ စတုတ္ထမြောက် လူဦးရေအများဆုံး ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းများအရ သိရသည်။

 

Your Thoughts …
Tags: တိုင်းရင်းသားနာမည်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာစဉ်  / ထက်ဝေ / ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် “ဝ” ဒေသသို့ သွားရောက်လိုသည့် သဘောထားရှိဟု ဆို

မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း  / ဇော်နောင်လင်း / ဧရာဝတီ

ကျောင်းက အကြာကြီးပိတ်ထားရင် ရေရှည်တော့ မကောင်းဘူး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved