• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အခြေခံပညာဝန်ထမ်းများ ရာထူးတိုး စနစ်သစ် ဘာကြောင့် ဝေဖန်ခံနေရသလဲ

by ဇင်လင်းထက်
2 December 2020
in ဆောင်းပါး
A A
ကိုဗစ် ပထမလှိုင်းအပြီး ဇူလိုင်လအတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်း တကျောင်း / ထက်ဝေ / ဧရာဝတီ

ကိုဗစ် ပထမလှိုင်းအပြီး ဇူလိုင်လအတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်း တကျောင်း / ထက်ဝေ / ဧရာဝတီ

11.7k
VIEWS
Share on FacebookShare on Twitter

အခြေခံပညာမှ ဆရာ၊ ဆရာမများအား ရာထူးတိုးမြှင့်ပေးသည့် စနစ်သစ်ကို ကျင့်သုံးမည် ဟု ပညာရေးဝန်ကြီးဌာနက ကြေညာလိုက်ပြီးသည့်နောက် ယင်းစနစ်သစ်နှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေသည်။

အသစ်ကျင့်သုံးမည့် စနစ်သစ်အရ လုပ်သက် ၁၀ နှစ် အထက် ရှိသည့် မူလတန်းကျောင်းအုပ်များနှင့် ပညာရေးဘွဲ့ရ မူလ တန်း ကျောင်းအုပ်များကို နိုဝင်ဘာ ၁ ရက်မှ စ၍ အထက်တန်းပြ လစာတိုးမြှင့်ပေးကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေ ညာလိုက်ခြင်းကြောင့် ဖြစ်သည်။

မူလတန်းရှိ အခြားသော သင်ကြားရေးဝန်ထမ်းများ၊ အလယ်တန်းနှင့် အထက်တန်းရှိ ပညာရေး ဝန်ထမ်းများ၏ ရာထူးနေ ရာများနှင့် ပတ်သက်၍ စနစ်သစ်အရ ပြောင်းလဲခန့်ထားလိုက်ကြောင်းကိုမူ ပညာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

ဆရာ/ဆရာမ အခွင့်အရေး တက်ကြွလှုပ်ရှားသည့် ဆရာအဖွဲ့များကမူ ယင်းစနစ်က ဆရာ၊ ဆရာများအပေါ် နစ်နာစေနိုင် သည်ဟု ပြောဆိုသော်လည်း ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာ ဦးစီးဌာနကမူ အသစ်ပြောင်းလိုက်သည့် ရာထူးတိုး စနစ်သည် ဆရာ၊ ဆရာမ များအတွက် သာမက အခြေခံပညာသင် ကျောင်းသူ၊ ကျောင်းသားများအတွက်ပါ အကျိုးကျေးဇူး များလိမ့်မည်ဟု ဆိုသည်။

ထိုသို့ နှစ်ဖက်ကွဲလွဲနေသည့် ရာထူးတိုး စနစ်သစ်သည် ဆရာ/ဆရာများအတွက် တကယ်အကျိုးရှိ၊ မရှိ ဆန်းစစ်ဖို့ လိုအပ် သည်။

ရာထူးတိုး စနစ်သစ်က ဘာလဲ

ယခင်က အခြေခံပညာကျောင်းများ၌ ပညာရေး ကောလိပ်ဆင်းများ၊ နေ့စားလပေး ကျောင်းဆရာများကို မူလတန်းပြ အဖြစ် ခန့်ထားပြီး သတ်မှတ်လုပ်သက်ပြည့်မီပါက အလယ်တန်းပြအဖြစ် ရာထူးတိုးမြှင့်သကဲ့သို့ အလယ်တန်းပြ သတ်မှတ် လုပ်သက်ပြည့်ပါက B.Ed. (ပညာရေးဘွဲ့) အတွက် ဝင်ခွင့် စာမေးပွဲဖြေဆိုစေကာ B.Ed. သင်တန်းတက်စေပြီး အောင်မြင် ပါက အထက်တန်းပြအဖြစ် ရာထူးတိုး ခန့်ထားသည်။

အခြေခံပညာတွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ဆရာ၊ ဆရာမ ရှားပါးနေသည့် ပြဿနာကို ပြေလည်စေရန် ရာထူးတိုး စနစ်သစ်ကို အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ဆိုသည်။

ယခင် စနစ်ဟောင်းအရ မူလတန်းနှင့် အလယ်တန်းတို့တွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆရာ၊ ဆရာမများမှာ ရာထူးတိုးကာ အထက်တန်းသို့ ရောက်ကုန်သဖြင့် သက်ဆိုင်ရာ နယ်ပယ်တွင် ကျွမ်းကျင်ဆရာ၊ ဆရာမများ ရှားပါး ကုန်သည်ဟု အခြေခံပညာဦးစီးဌာနက ယူဆသည်။

ထိုအတွက် အခြေခံပညာတွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ဆရာ၊ ဆရာမ ရှားပါးနေသည့် ပြဿနာကို ပြေလည်စေရန် ရာထူးတိုး စနစ်သစ်ကို အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ဆိုသည်။

စနစ်သစ်တွင်မူ လုပ်သက် ၁၀ နှစ်အထက် မူလတန်းကျောင်းအုပ်များ၊ ပညာရေးဘွဲ့ရ မူလတန်းကျောင်းအုပ်များကို နိုဝင်ဘာ ၁ ရက်က စကာ အထက်တန်းပြ လစာ တိုးမြှင့်ပေးခြင်း ဖြစ်သည်။

အခြေခံပညာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “မူလတန်းဆရာတွေကိုTraining ပေးလိုက်ပြီးရင် အလယ်တန်းကို တက်တယ်။ အလယ်တန်းဆရာတွေကိုTraining ပေးပြီးရင် အထက်တန်းကို ရာထူးတိုးသွားတယ်။ အဲဒီအခါ အထက် တန်း Training တွေ ပေးရပြန်ရော ဆရာ/ဆရာမ အများစုက အထက်တန်းပြနဲ့တင် ပင်စင် ယူကုန်ကြတာများတယ်။ အဲဒီ မှာ လစ်လပ်တဲ့နေရာအတွက် ခန့်ရပြန်ရော၊ ဒီသံသရာကြီးက လည်နေတယ်။ ဒါကြောင့် အရည်အသွေးရှိတဲ့ ဆရာတွေ သူ့ Level နဲ့သူ မူလတန်းမှာနေချင်ရင် မူလတန်းမှာပဲ အထက်တန်း လစာကိုစားပြီး သင်ကြားနိုင်အောင်စနစ်ကို ပြောင်း နေတာ” ဟု ဧရာဝတီသို့ ပြောကြားသည်။

ရာထူးတိုး စနစ်သစ်ကို ဘက်စုံ လွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း အစီရင်ခံစာ (CESR Report) ကို အခြေခံကာ ရေးဆွဲထားသည့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အခြေခံ ပညာ ဦးစီးဌာနက ဆိုသည်။

ရာထူးတိုး စနစ်သစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းဟူ၍ နယ်ပယ်သုံးခု ခွဲထားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
168
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
532
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

မူလတန်းတွင် မူလတန်းပြသည် ရာထူးအမြင့်ဆုံးဖြစ်ပြီး ယင်းနောက်တွင် ဒု မူလတန်းပြ၊ လက်ထောက် မူလတန်းပြ ရာထူး အလိုက်ရှိ သည်။ အလယ်တန်းတွင်လည်း အလယ်တန်းပြ ရာထူးသည် အမြင့်ဆုံးဖြစ်ပြီး ယင်းနောက်တွင် ဒုအလယ်တန်းပြ၊ လက်ထောက် အလယ်တန်းပြ ရာထူးများ လိုက်သည်။

အခြေခံပညာ အထက်တန်းတွင်မူ ယင်းကဲ့သို့ ခွဲခြားမှု မရှိပေ။ စနစ်သစ်တွင် မူလတန်းပြနှင့် မူလတန်းကျောင်းအုပ်တို့ သည် လစာအတူတူ၊ ရာထူးအဆင့်အတန်းခြင်း အတူတူ ဖြစ်လာမည်ဖြစ်ပြီး၊ လုပ်သက် ၁၀ နှစ် အထက်ရှိသူများသည် အထက်တန်းပြ လစာဖြစ်သည့်၂ သိန်း ၁ သောင်း ၆ ထောင်ကျပ် ရရှိမည် ဖြစ်သည်။

“မူလတန်းပြနဲ့ မူလတန်းကျောင်းအုပ်နဲ့က အတူတူပဲ Level တခုတည်းပဲ။ လစာလည်း အတူတူပဲ။ မူလတန်း ကျောင်းအုပ် က မူလတန်းကျောင်းရဲ့ ပညာရေး စီမံခန့်ခွဲမှုကို တာဝန်ယူရမယ်။ မူလတန်းပြက သင်ကြားရေးပိုင်းမှာ တာဝန်အရှိဆုံးဖြစ် လာမယ်” ဟု ဦးကိုလေးဝင်းက ရှင်းပြသည်။

“ကျနော့် အမြင်အရတော့ အားနည်းချက်က မရှိသလောက်ပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ သွားနေတာလေ။ ကလေးတွေ အတွက် ပညာသင်ယူခွင့် အခွင့်အလမ်း ပိုရမယ်။ ဆရာ၊ ဆရာမတွေအတွက် ရာထူးတိုး အပြောင်းအရွှေ့တွေ ပိုရလာ မယ်”

ထို့အတူ အလယ်တန်းတွင်လည်း လက်ထောက် အလယ်တန်းပြသည် စနစ်ဟောင်းမှ အလယ်တန်းပြလစာ ရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

“ဒု အလယ်တန်းပြသည် လက်ရှိ အလယ်တန်းပြလစာ၊ အလယ်တန်းပြသည် လက်ရှိ အထက်တန်းလစာ ရမယ်။ မူလ တန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ပညာရှင်အဆင့်ကို သွားဖို့ဆိုရင် ရာထူးတိုး စာမေးပွဲတွေ ဖြေရမယ်” ဟု ဦးကို လေးဝင်းက ပြောသည်။

အခြေခံပညာ ကဏ္ဍအတွက် ရာထူးတိုးလမ်းကြောင်း အသေးစိတ်ကိုမူ အခြေခံပညာ ဦးစီးဌာနက ရေးဆွဲနေဆဲ ဖြစ်ပြီး၊ ရာထူးတိုးလမ်းကြောင်း ရေး ဆွဲပြီးပါက ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။

“ကျနော့် အမြင်အရတော့ အားနည်းချက်က မရှိသလောက်ပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ သွားနေတာလေ။ ကလေးတွေ အတွက် ပညာသင်ယူခွင့် အခွင့်အလမ်း ပိုရမယ်။ ဆရာ၊ ဆရာမတွေအတွက် ရာထူးတိုး အပြောင်းအရွှေ့တွေ ပိုရလာ မယ်” ဟု ဦးကိုလေးဝင်းက မှတ်ချက်ပေးသည်။

နစ်နာမှုများရှိနိုင်ဟုဆိုကြ

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးစနစ်သစ်ကြောင့် နစ်နာမှုများ ရှိလာနိုင်သည်ဟုဆိုကာ ဝေဖန်နေကြသည့် ဆရာ/ ဆရာမ များလည်း ရှိသည်။

ဆရာ/ဆရာမများက အခြေအနေ ၃ ခုကို အကြောင်းပြ၍ Facebook လူမှုကွန်ရက်ရှိ ဆရာ၊ဆရာမများ Group များတွင် ဝေဖန်ပြောဆိုနေကြသည်။

ပထမအခြေအနေမှာ စနစ်သစ်မပြောင်းခင်ကတည်းက မူလတန်းပြဆရာအချို့သည် မူလတန်းကျောင်းအုပ်ကြီး ရာထူး အတွက် ရာထူးတိုး လျှောက်ထားခြင်းများ ရှိသည်။ ယင်းရာထူးတိုး လျှောက်ထားမှုများအားလုံး စနစ်သစ် စတင်သည့် နိုဝင်ဘာလ ၁ ရက်မှ စတင်ကာ တင်ထားသည့် ရာထူးတိုး လျှောက်လွှာများ စနစ်သစ်တွင် အကျူံးမဝင်တော့သည့် အခြအနေ ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း မူလတန်းကျောင်းအုပ်လျှောက်ထားသူ ဆရာတဦးက “၂၀၁၉ ဒီဇင်ဘာမှာ မူလတန်းပြတွေ အတွက် ရာထူးတိုးခေါ်တယ်။ မူလတန်းပြက အလယ်တန်းပြနဲ့ မူအုပ်ဆိုပြီး၂ မျိုး လျှောက်လို့ ရတယ်။ ကျနော့် မိတ်ဆွေတချို့က အလယ်တန်းပြကို လျှောက်ကြတယ်။ ကျနော်က မူအုပ်ကို လျှောက်လိုက်တယ်။ အခုက အလယ်တန်းပြတွေအတွက် ခန့် ထားရေးက ထွက်သွားပြီ။ ကျနော်တို့ မူအုပ်လျှောက်ထားတဲ့သူတွေက အခုထိ မထွက်သေးဘူး။ မူအုပ် လျှောက်ထားတဲ့ သူတွေအတွက် ထွက်မပေးတော့ဘူးလို့လည်း အသံတွေ ကြားနေရတယ်။ ဘယ်နှယောက်ကို ခန့်လိုက်ပါတယ်ဆိုတဲ့ စာ လေးထွက်ပေးရင်ကို မဆိုးပါဘူး။ လုံးဝ ထွက်မပေးတော့ဘူးဆိုရင်တော့ မူအုပ်လျှောက်ထားတဲ့သူတွေအတွက် နစ်နာ တယ်လို့ ခံစားရပါတယ်” ဟု ဆိုသည်။

ဆရာ/ဆရာမများက အခြေအနေ ၃ ခုကို အကြောင်းပြ၍ Facebook လူမှုကွန်ရက်ရှိ ဆရာ၊ဆရာမများ Group များတွင် ဝေဖန်ပြောဆိုနေကြသည်။

ပဲခူးမြိုနယ် သာယာအေးကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ ဆရာတဦးကလည်း ရာထူးတိုး စနစ်သစ်ကို ၎င်းအနေနှင့် မကြိုက်ရသည့် အကြောင်းကို ယခုကဲ့သို့ ဆိုသည်။

“ကျနော်က လုပ်သက် ၄ နှစ်လောက်ရှိပြီ။ အရင် စနစ်ဟောင်းအရ ဆိုရင် မူလတန်းပြပေါ့။ အခု စနစ်သစ်အတိုင်း နေရာချ မယ် ဆိုရင် ကျနော်တို့ လုပ်သက်က မူလတန်းပြ၊ ဒု မူလတန်းပြ ရာထူးအတွက် လုပ်သက် မမီတာကြောင့် လက်ထောက် မူလတန်းပြ ရာထူးအဖြစ်ပဲ လုပ်ရမှာ။ ပြောမယ်ဆိုရင် ရာထူးက နောက်၂ ဆင့်လောက် ဆုတ်သွားမယ့် သဘော ဖြစ်နေ တယ်”

ဒုတိယ တခုမှာ အခြေခံပညာကျောင်းများတွင် ယခင်ကတည်းကရှိနေသည့် အလယ်တန်းပြရာထူး ရထားပြီး မူလတန်း တာဝန်ထမ်းနေသူများအရေး ကိစ္စ ဖြစ်သည်။ ၎င်းတို့သည် ရာထူးက အလယ်တန်းပြ ရာထူးရထားသော်လည်း မူလတန်း တွင် ဆရာ လိုအပ်ချက်ရှိနေသဖြင့် မူလတန်းတွင် ဝင်သင် နေရသူများ ဖြစ်သည်။

ထိုသူများ၏ ရာထူးတာဝန်နှင့် ပတ်သက်၍ မူလတန်းတွင် ခန့်ထားမည်လော။ အလယ်တန်း ရာထူးတွင် ခန့်ထားမည်လော ဆိုသည့် အချက်မှာလည်း ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကဏ္ဍအတွက် ရာထူးတိုးစနစ်သစ်တွင် ရှင်းရှင်းလင်းလင်း ရှိမနေသည့် အခြေအနေ ဖြစ်သည်။

တတိယအခြေအနေမှာ ပညာရေး တက္ကသိုလ်များမှ နှစ်စဉ် သင်တန်းပေးနေသည့် ဘွဲ့လွန်ပညာရေး ဒီပလိုမာသင်တန်း (PGDMA – Postgraduate Diploma in Multi-media Arts) ဆင်းများအတွက် ရာထူးနှင့် တာဝန် ကိစ္စဖြစ်သည်။

ပုံမှန်အားဖြင့် PGDMA ဆင်းများသည် အလယ်တန်းပြ ရာထူးဖြင့် တာဝန်ထမ်းရသည်။ ရာထူးတိုး စနစ်သစ်တွင်မူ PGDMA များအတွက် ရာထူးနှင့် တာဝန်ကိစ္စမှာ တိတိကျကျ ပါဝင်လာခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ၏ အခြေခံပညာကဏ္ဍ အဖွဲ့ဝင် ဦးအေးမင်းထိုက်က ပြောသည်။

“PGDMA ဆရာတွေက ဘယ်သွားရမှန်း မသိဘူး။ သူတို့ဟာက လုပ်တော့ လုပ်တယ်။ CESR Report တွေကို ယူပြီးတော့ လုပ်တယ်။ ဒါပေမယ့် လုပ်နည်းကိုင်နည်းတွေမှာ နည်းနည်းလေး လစ်ဟာမှုတွေ ရှိနေတယ်။ ဒါကြောင့် ဝေဖန်မှုတွေ ရှိနေ တာပါ” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ရာထူးတိုးစနစ်သစ် ဆိုင်ရာမူများ ပိုမို တိကျရှင်းလင်းရန် ပညာရေးဝန်ကြီးဌာနနှင့် ဆရာ/ဆရာမ ကိုယ်စား လှယ်များ နှစ်ဖက် တွေ့ဆုံဆွေးနွေးရမည် ဖြစ်ကြောင်း ဦးအေးမင်းထိုက်က ပြောဆိုသည်။

ဝိုင်းပြင်ဖို့ ကြိုးစားနေ

MTF အနေနှင့်လည်း ရာထူးတိုး စနစ်သစ်အပေါ် အခြေခံပညာ ဆရာ/ဆရာမများ၏ သဘောထားများ စုစည်းနေပြီး ဆရာ၊ ဆရာမများ၏ သဘောထားကို ထင်ဟပ်သည့် စာတမ်းတစောင် ပြုစုနေကြောင်းလည်း ဆိုသည်။ ယင်း စာတမ်း ထွက်လာ ပါက ပညာရေး ဝန်ကြီးဌာနထံ သွားရောက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဦးအေးမင်းထိုက်က ပြော သည်။

“အဲဒီ Report ရရင် အဲဒါကို ကိုင်ပြီးတော့ ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးမှာ။ တကယ်တော့ ကျနော်တို့က ဝိုင်းပြင်ချင် တာ။ စနစ်ကြီးကို လုံးဝ အပြစ်ပြောနေတာ မဟုတ်ပါဘူး။ ထိခိုက်နစ်နာမှု အသက်သာဆုံးဖြစ်အောင် ဝိုင်းစဉ်းစားကြရမှာ ပါ”

“အဲဒီ Report ရရင် အဲဒါကို ကိုင်ပြီးတော့ ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးမှာ။ တကယ်တော့ ကျနော်တို့က ဝိုင်းပြင်ချင် တာ။ စနစ်ကြီးကို လုံးဝ အပြစ်ပြောနေတာ မဟုတ်ပါဘူး။ ထိခိုက်နစ်နာမှု အသက်သာဆုံးဖြစ်အောင် ဝိုင်းစဉ်းစားကြရမှာ ပါ” ဟု ဦးအေးမင်းထိုက်က ပြောသည်။

ရာထူးတိုး စနစ်သစ်နှင့် ပတ်သက်၍ အခြေခံပညာ ဆရာ/ဆရာမများ၏ သဘောထားကို ထင်ဟပ်သည့် စာတမ်းသည် လာမည့် ဒီဇင်ဘာလတွင် ထွက်ရှိလာမည် ဖြစ်ကြောင်း MTF ထံက သိရသည်။

You may also like these stories:

ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်သည့် ဆရာ၊ ဆရာမ ၅၀ ကျော် ကိုဗစ်ကူးစက်ခံရ

KNU လက်မှ ပြန်လွတ်လာသည့် ကျောင်းအုပ်ဆရာကြီးနှင့် မေးမြန်းချက်

Your Thoughts …
Tags: မူလတန်းရာထူးတိုးစနစ်သစ်အခြေခံပညာ
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

by ဧရာဝတီ
16 June 2025
114

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက) ကျောင်းကို စစ်ကောင်စီတပ်က အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဧရာဝတီကို ပြောပါတယ်။

ကလေးများကို စာသင်နေသည့် ကျောင်းဆရာမ တဦး / ဧရာဝတီ

ရာထူးတိုးနစ်နာမှုဖြေရှင်းပေးရန် ဆရာ၊ ဆရာမ ၉၃ ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံထံ စာပို့

by ဇင်လင်းထက်
2 December 2020
9.5k

အခြေခံပညာ ဆရာ၊ ဆရာမ ၉၃ ဦးက ၎င်းတို့၏ ရာထူးတိုးကိစ္စဆိုင်ရာ နစ်နာချက်များ ဖြေရှင်းပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သို့ ဒီဇင်ဘာလ ၁ ရက်တွင် အသနားခံစာပေးပို့လိုက်သည်။

ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းတကျောင်းတွင် ဆရာမ တဦး စာသင်ကြားနေစဉ် / ပြေကျော် / ဧရာဝတီ

အခြေခံ ပညာရေးဝန်ထမ်းများ လစာတိုးမည်

by ထက်နိုင်ဇော်
24 August 2016
992

လစာတော့ တိုးစေချင်တယ်။ ကုန်ဈေးနှုန်း တက်မှာလည်း ကြောက်တယ်။ အခုလစာတိုးမယ်ဆိုတဲ့အသံနဲ့တင် ကုန်ဈေးနှုန်းက တက်နေပြီ

၂၀၂၁ ခုနှစ် ဇွန်လက ကျောင်းဖွင့်ချိန် / CJ

အာဏာသိမ်းပြီး ကျောင်းမတက်ရသည့် ကလေး ၂ ဆ တိုး

by ဧရာဝတီ
1 June 2022
4.4k

အာဏာသိမ်းမှုကြောင့် ပြီးခဲ့သည့် ၂ နှစ်အတွင်း ကျောင်းမတက်နိုင်သည့် ကလေး ၂ ဆကျော်တိုးလာကြောင်း Save the Children အဖွဲ့မှ ထုတ်ပြန်သည်။

နေပြည်တော် ရုံးချုပ်ရှေ့တွင် အခြေခံပညာ ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့် ပုံစံ စာခြောက်ရုပ်အား တွေ့ရစဉ်  /  New Generation Movement for Education Reform

ရာထူးတိုး နစ်နာမှု ဖြေရှင်းရေး ဆရာ/ဆရာမများ၏ တောင်းဆိုမှု အရှိန်မြင့်လာ

by ဇင်လင်းထက်
14 December 2020
6.7k

အခြေခံပညာ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့် ဓာတ်ပုံကပ်ထားသည့် စာခြောက်ရုပ် တရုပ်ကို ဝန်ကြီးဌာန ရုံးရှေ့ မြေကွက်လပ်တွင် စိုက်ထူထားခြင်းဖြစ်ပြီး စာခြောက်ရုပ်၏ လည်ပင်းတွင်လည်း စာများရေးထားသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသေးသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း  / ဇော်နောင်လင်း / ဧရာဝတီ

ကျောင်းက အကြာကြီးပိတ်ထားရင် ရေရှည်တော့ မကောင်းဘူး

by ဇင်လင်းထက်
22 May 2020
17.7k

အခြေခံပညာနှင့် အဆင့်မြင့် ပညာကဏ္ဍတို့တွင် ကျောင်းများပြန်ဖွင့်ရန် သင့်၊ မသင့်နှင့် မြန်မာ့ပညာရေး ပုံမှန် လည်ပတ်နိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်သင့်သည်တို့ကို သိရှိနိုင်ရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းအား...

Next Post
လက်နက်ကိုင် အကြမ်းဖက် သတ်ဖြတ်မှုများ မြန်မာ့နိုင်ငံရေးတွင် အမြစ်တွယ်နေခဲ့ပြီး အဆိုးကျော့သံသရာ လည်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည် / ဧရာဝတီ

မြန်မာ့နိုင်ငံရေးမှာ အကြမ်းဖက်ဝါဒ အမြစ်တွယ်နေသည်

နှစ်သစ်ကူးချိန်

နှစ်သစ်ကူးချိန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved