ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက) ကျောင်းကို စစ်ကောင်စီတပ်က အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဧရာဝတီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီလောက်မှာ ဘက စာသင်ကျောင်းကို အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မူလတန်းအရွယ် ကလေးငယ် နှစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လအိကျေးရွာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးနဲ့လည်း ၇ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ဖယ်ခုံ #လအိ #ဘကကျောင်း #မူလတန်း #အသေခံဒရုန်း #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













