ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ လျှို့ဝှက်ဆွေးနွေးမယ့် မြန်မာ့အရေး ဆွေးနွေးပွဲဟာ သတင်းပေါက်ကြား သွားတာကြောင့် ဖျက်လိုက်ရတယ်လို့ ဆွေးနွေးပွဲတက်ရောက်မယ့်သူတွေက ဧရာဝတီကို ပြောပါတယ်။
ဆွေးနွေးပွဲကို ဇွန်လ ၁၇ ရက်နေ့မှာ ပြုလုပ်ဖို့ပြင်ဆင်ထားတာဖြစ်ပြီး သံလွင်အင်စတီကျု၊ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (JCB)၊ မလေးရှားနိုင်ငံ အထူးသံတမန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ ဆွေးနွေးဖို့ ရှိနေတာပါ။
ဒီဆွေးနွေးပွဲအတွက် မလေးရှားအထူးသံတမန်က ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး ဒီကတဆင့် နေပြည်တော်ကို သွားရောက်နိုင်တယ်လို့ ပွဲတက်မယ့်သူတွေက ပြောပါတယ်။
ဆွေးနွေးပွဲတက်ရောက်မယ့်သူတွေဟာ ချင်းမိုင်ကို ရောက်ရှိနေကြတာဖြစ်လို့ နေရာရွှေ့ပြောင်း ဆွေးနွေးတာ၊ ပုံစံပြောင်းဆွေးနွေးတာတွေလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
#မြန်မာ #ဧရာဝတီ #ချင်းမိုင် #ဆွေးနွေးပွဲ #JCB #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













