ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ပြီး တပတ်ခန့်အကြာတွင် အနိုင်ရ ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် လုပ်ကြံခံရမှု သည် နိုင်ငံရေးအရ လုပ်ကြံမှု ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ က ထုတ်ဖော်ပြောကြားခဲ့ပြီး နိုင်ငံရေးပါတီအချို့ကလည်း အပြင်အထန် ကန့်ကွက် ရှုတ်ချကြောင်း ကြေညာခဲ့ကြသည်။
ယင်းလုပ်ကြံမှုသည် အမြင်သဘောထား မတူကွဲပြားမှုအပေါ် တွေ့ဆုံညှိနှိုင်း ဖြေရှင်းခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက် သတ်ဖြတ်မှုများ မြန်မာ့နိုင်ငံရေးတွင် အမြစ်တွယ်နေသည်ကို သက်သေပြလျက်ရှိပြီး အကြမ်းဖက်သည့် လုပ်ရပ်များအား ဆန့်ကျင်ကန့်ကွက်ကြောင်း နိုင်ငံရေး ယဉ်ကျေးမှုတရပ် အနေဖြင့် ရပ်တည်ပြသရန် လိုအပ်နေပြီ ဖြစ်သည်။
“အကြမ်းဖက် ခံရတာက ထိခိုက်ခံရသူ သက်သက်တင် မဟုတ်ပါဘူး။ ဒါက နိုင်ငံရေး အသိုက်အမြုံ တခုလုံးအတွက် အရေးကြီးတယ်။ နိုင်ငံရေး အသိုက်အမြုံထဲမှာ အပြန်အလှန်တွေ ဖမ်းကြတယ်၊ ထောင်သွင်း အကျဉ်းချတာတွေ ရှိတယ်။ ဒါတွေ အကုန်လုံးက ကျနာ်တို့နိုင်ငံရဲ့ နိုင်ငံရေး အသိုက်အမြုံ တခုလုံးကို အန္တရာယ်ပြုနေတယ်။ အန္တရာယ် ရှိနေတယ်လို့ မြင်တယ်။ ဒါကို အားလုံးက တစည်းတလုံးတည်း ရပ်ပြီးတော့ ဒါကို ဆန့်ကျင်တယ်၊ လက်မခံဘူးဆိုတာကို ပြောသင့်တယ်။ ပြောဖို့လည်း လိုတယ်လို့ မြင်ပါတယ်”
နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်နှင့်အတူ စစ်အုပ်ချုပ်ရေးမှသည် ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ လုပ်ကြံမှု၊ လက်နက်ကိုင် အကြမ်းဖက်မှု၊ ဖိနှိပ်မှုများဖြင့် အဆိုးကျော့ သံသရာအား အဆုံး သတ်ရန် နိုင်ငံရေး အသိုက်အဝန်းအတွင်း ရှိနေသူတိုင်းတွင် တာဝန်ရှိကြောင်း နိုင်ငံရေး လေ့လာသူများက ထောက်ပြကြသည်။
“အကြမ်းဖက် ခံရတာက ထိခိုက်ခံရသူ သက်သက်တင် မဟုတ်ပါဘူး။ ဒါက နိုင်ငံရေး အသိုက်အမြုံ တခုလုံးအတွက် အရေးကြီးတယ်။ နိုင်ငံရေး အသိုက်အမြုံထဲမှာ အပြန်အလှန်တွေ ဖမ်းကြတယ်၊ ထောင်သွင်း အကျဉ်းချတာတွေ ရှိတယ်။ ဒါတွေ အကုန်လုံးက ကျနာ်တို့နိုင်ငံရဲ့ နိုင်ငံရေး အသိုက်အမြုံ တခုလုံးကို အန္တရာယ်ပြုနေတယ်။ အန္တရာယ် ရှိနေတယ်လို့ မြင်တယ်။ ဒါကို အားလုံးက တစည်းတလုံးတည်း ရပ်ပြီးတော့ ဒါကို ဆန့်ကျင်တယ်၊ လက်မခံဘူးဆိုတာကို ပြောသင့်တယ်။ ပြောဖို့လည်း လိုတယ်လို့ မြင်ပါတယ်” ဟု တကောင်း နိုင်ငံရေး လေ့လာမှု အင်စတီကျူ မှ ဦးရဲမျိုးဟိန်းက ပြောသည်။
ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲသည် အငြင်းပွားမှုများ ရှိနေသည့်တိုင် တည်ငြိမ် အေးချမ်းပြီး လူထုဆန္ဒထင်ဟပ်သည့် ရွေးကောက်ပွဲအဖြစ် စောင့်ကြည့်သူများနှင့် သံတမန်များက ကြိုဆိုခဲ့ကြသော်လည်း ဦးထိုက်ဇော် လုပ်ကြံခံရမှုနှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ NLD ကိုယ်စားလှယ်လောင်းများ အကြမ်းဖက် ဖမ်းဆီးခံရမှုသည် သမိုင်း အမည်းစက် ဖြစ်ခဲ့ရသည်။
ယင်းလုပ်ရပ်များအပေါ် မြန်မာနိုင်ငံ အခြေစိုက် သံရုံးများက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး ဦးထိုက်ဇော် လုပ်ကြံခံရမှုအား သူရဲ ဘောကြောင်သည့် လုပ်ရပ်အဖြစ်ရှုမြင်ကာ သတ်ဖြတ်မှုအတွက် တာဝန်ရှိသူများအား ဥပဒေအရ အရေးယူ ဖြေရှင်းပေးရန် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Mr. Christian Lechervy က တိုက်တွန်း ပြောကြားထားသည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအနေဖြင့်လည်း လုပ်ကြံမှုအပေါ် အံ့ဩတုန်လှုပ်မိကြောင်းနှင့် ဒီမိုကရေစီ၏ အနှစ် သာရအား ထိခိုက်စေရန် ရည်ရွယ်ကာ ရက်စက်ကာ တရားနည်းလမ်း မကျသည့် အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချပြီး ကျူးလွန်သူများအား အရေးယူ အပြစ်ပေးရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုအပေါ် အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ထုတ် ဖော် ကြေညာခဲ့သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်းမှာလည်း ပါတီ ဝန်းရံထောက်ခံသူများကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် သေဆုံးသည်အထိ အကြမ်းဖက် တိုက်ခိုက်သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ယင်းအတွက်ကြောင့် လုပ်ကြံမှုသည် တနိုင်ငံလုံး အတိုင်းအတာ အနိုင်ရထားသည့် NLD နှင့် ရှမ်းပြည်နယ်အတွင်း နေရာ အများစု အနိုင်ရထားသည့် SNLD တို့ကြား အထင်အမြင် လွဲစေရန်နှင့် ဒေသအတွင်း ဥပဒေစိုးမိုးမှု မရှိသည့် လက်နက်ကိုင် အကြမ်းဖက်မှုများအား လှုံ့ဆော်ခြင်းပင်။
အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သည့် ဦးထိုက်ဇော်သည် နိုဝင်ဘာ၂၁ ရက် ညနေပိုင်းတွင် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာရှိ ၎င်း၏ နေအိမ်ရှေ့တွင်ပင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။
၎င်းအနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်(၁) တွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ဒုတိယနေရာမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ကိုယ်စားလှယ်လောင်းထက် ၅၄ မဲ အသာရကာ ရလဒ် ကျဉ်းမြောင်းစွာဖြင့် အနိုင်ရထားခြင်း ဖြစ်သည်။
ယင်းအတွက်ကြောင့် လုပ်ကြံမှုသည် တနိုင်ငံလုံး အတိုင်းအတာ အနိုင်ရထားသည့် NLD နှင့် ရှမ်းပြည်နယ်အတွင်း နေရာ အများစု အနိုင်ရထားသည့် SNLD တို့ကြား အထင်အမြင် လွဲစေရန်နှင့် ဒေသအတွင်း ဥပဒေစိုးမိုးမှု မရှိသည့် လက်နက်ကိုင် အကြမ်းဖက်မှုများအား လှုံ့ဆော်ခြင်းပင်။
SNLD အနေဖြင့်လည်း လုပ်ကြံမှုအပြီး နောက်တရက်ဖြစ်သည့် နိုဝင်ဘာ၂၂ ရက်တွင် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူအား ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာခဲ့ပြီး တရားဥပဒေ စိုမိုးမှု မရှိသည့် အခြေအနေအား ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် ပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။
ယင်းပြင် လုပ်ကြံမှုနှင့် ပတ်သက်ပြီး ပြည်သူ့ပါတီ(PP) ကလည်း “မည်သည့် အကြမ်းဖက်မှုကိုမဆို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားဥပဒေအရ နိုင်ငံသားတိုင်း အကာအကွယ် ရရှိစေရေး၊ တရားဥပဒေ စိုးမိုး မှုအပေါ် နိုင်ငံသားအားလုံး ယုံကြည် အားကိုးလာစေရေးသည် အရေးတကြီး ဆောင်ရွက်ရမည် ဟု ယုံကြည်ကြောင်း” နိုဝင်ဘာ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တည်ရှိသည့် ကျောက်မဲမြို့နယ်သည် လက်နက်ကိုင်တပ်ဖွဲ့တချို့ လှုပ်ရှားသည့် ဒေသတခု ဖြစ်ပြီး အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည့် မှတ်တမ်းများလည်း ရှိထားသည်။
ဦးထိုက်ဇော် လုပ်ကြံ မခံရမီ SNLD မှ ကိုယ်စားလှယ်လောင်း တဦးသည်လည်း လားရှိုးမြို့နယ်အတွင်း လူတစု၏ အကြမ်းဖက် ရိုက်နှက်ခြင်း ခံခဲ့ရပြီး ယင်း မတိုင်မီကလည်း ကျောက်မဲမြို့နယ်တွင် ပါတီဝင် သုံးဦး လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်ပွား ခဲ့ကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တည်ရှိသည့် ကျောက်မဲမြို့နယ်သည် လက်နက်ကိုင်တပ်ဖွဲ့တချို့ လှုပ်ရှားသည့် ဒေသတခု ဖြစ်ပြီး အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည့် မှတ်တမ်းများလည်း ရှိထားသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျူ (MIPS)၏ လေ့လာမှုများအရ ကျောက်မဲမြို့နယ်အတွင်း ၂၀၁၆ ခုနှစ်မှ၂၀၂၀ အထိ လက်နက်ကိုင် မဟုတ်သည့် အရပ်သားများအား ပစ်မှတ်ထားသတ်ဖြတ်မှု ဖြစ်စဉ် ၂၀ ရှိခဲ့ပြီး သေဆုံးသူ ၃၁ ဦး ရှိခဲ့ကြောင်း MIPS ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်တွင် ရေးသား ဖော်ပြထားသည်။
အဆိုပါ ကာလအတွင်း တိုက်ပွဲဖြစ်စဉ် မဟုတ်ဘဲ မိုင်း၊ လက်လုပ်မိုင်း စသည်တို့ဖြင့် ထိခိုက်မှုဖြစ်စဉ် ၆၃ ခု ရှိခဲ့ပြီး ၁၀၇ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြထားသည်။
လုပ်ကြံသတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်သည့် အခြေအနေမှာလည်း နည်းပါးကာ ဒေသခံများ အနေဖြင့်လည်း အသက်အန္တရာယ် လုံခြုံမှု မရှိသည့်အတွက် လုပ်ကြံမှုများအကြောင်း ထုတ်ဖော်ပြောဆိုရန် စိုးရိမ်မှု ရှိကြသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် NLD ကိုယ်စားလှယ်လောင်းများ ဖြစ်သည့် ဒေါ်ချစ်ချစ်ချော၊ ဒေါ်နီနီမေမြင့်နှင့် ဦးမင်းအောင်တို့ အနေဖြင့် ရက္ခိုင် စစ်တပ်(AA) ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရ သေးသည်။
လက်ရှိတွင်လည်း ဖမ်းဆီးခြင်း ခံထားရသည့် ဒေါ်နီနီမေမြင့်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပြီး ဦးမင်းအောင်သည် တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်၂ ကိုယ်စားပြု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သည်။
AA အနေဖြင့် ၎င်းတို့ ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘဲ အစိုးရထံတွင် ဖမ်းဆီးထားသည့် ရခိုင် နိုင်ငံရေးသမားများ၊ ကျောင်းသား ပြည်သူများအား လွှတ်ပေးခြင်းဖြင့် အလဲအလှယ် လုပ်ရန် ထုတ်ပြန်ထားသည်။
ယင်းသို့ ရွေးကောက်ပွဲ နီးကပ်ချိန်တွင် ကိုယ်စားလှယ်လောင်းများအား လက်နက်ဖြင့် အကြမ်းဖက် ဖမ်းဆီးမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ရွေးကောက်ပွဲ ဝင် ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများက နှုတ်ဆိတ်နေခဲ့ကြသည်။
“ကျနော်တို့ နိုင်ငံမှာ အဆိုးကျော့ သံသရာကို ရပ်တန့်ဖို့ လိုတယ်။ နိုင်ငံရေး ယဉ်ကျေးမှုတရပ်ကို တည်ဆောက်ဖို့ လိုတယ်။ လက်နက်နဲ့ ဖြေရှင်းတာမျိုးတွေ၊ အကြမ်းဖက် ဖမ်းဆီးတာမျိုးတွေ မလုပ်သင့်သလို အာဏာရ အစိုးရတွေ ကလည်း ဖိနှိပ်တဲ့ပုံစံနဲ့ ဖမ်းဆီးထောင်ချတာမျိုးတွေက မလုပ်သင့်တဲ့ ကိစ္စတွေလို့ပဲ မြင်ပါတယ်” ဟု ဦးရဲမျိုးဟိန်း က ပြောသည်။
ယင်းသို့ ရွေးကောက်ပွဲ နီးကပ်ချိန်တွင် ကိုယ်စားလှယ်လောင်းများအား လက်နက်ဖြင့် အကြမ်းဖက် ဖမ်းဆီးမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ရွေးကောက်ပွဲ ဝင် ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများက နှုတ်ဆိတ်နေခဲ့ကြသည်။
ယင်းအတွက် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်က သတင်းစာ ရှင်းလင်းပွဲတွင် NLD ကိုယ်စားလှယ်လောင်းများ ဖမ်းဆီးခံရခြင်း အပေါ် မည်သည့်ပါတီက ထုတ်ဖော် တောင်းဆိုသလဲဟု ဆိုကာ မေးခွန်း ထုတ်ခဲ့သည်။
တဖက်တွင်လည်း ရခိုင်နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်သည့် ဒေါက်တာ အေးမောင်နှင့် ဥပဒေအရ ဖမ်းဆီးခံထားရသည့် ကျောင်းသား၊ ပြည်သူများလည်း ရှိနေသည့်အပေါ် နိုင်ငံရေးအရ ဖိနှိပ်မှုအဖြစ် အစိုးရအား ဝေဖန်ချက်များလည်း ရှိနေ သည်။
ယင်းပြင် ရခိုင်ပြည်သူလူထု အနေဖြင့်လည်း တပ်မတော်နှင့် AA ကြား တိုက်ပွဲဖြစ်ပွားမှုများအတွင်း သေကြေဒဏ်ရာရမှု များ၊ နေရပ် စွန့်ခွာရမှုများ အများအပြား ရှိနေပြီး ယင်းတို့အပေါ်တွင် အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ ကာကွယ်မှုပေးရန် လိုအပ်နေကြောင်းလည်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်ခဲ့ကြသည်။
ရခိုင်အမျိုးသား ပါတီ(ANP) ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “ကျမတို့ဘက်ကလည်း ကိုယ့်ပါတီရဲ့ ရပ်တည်ချက်ကိုပြောတယ်။ အာဏာရထားတဲ့ ပါတီတရပ်ဟာ ဒီတနိုင်ငံလုံးအတွက် တာဝန်ရှိတယ်ဆိုရင် ကျောသားရင်သား မခွဲခြားဘဲနဲ့ ပြည်သူကို မျက်နှာမူပြီးတော့ ပြည်သူတွေရဲ့ ကောင်းမှုထဲမှာ မလုပ်ပေးနိုင်ရင်တောင် စာနာတဲ့ နှစ်သိမ့်တဲ့ အနေအထားတွေ ပြသသင့်တယ် ဆိုတာတော့ ကျမတို့က ရပ်တည်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
သို့သော် ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲတွင် လူထုဆန္ဒနှင့်အညီ ရွေးကောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များအား အကြမ်းဖက်ခြင်းသည် လူထုကိုယ်စားပြု ရွေးကောက်ထားခြင်းကို လျစ်လျူရှု အကြမ်းဖက်ခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံရေးကို အကြမ်းဖက်ခြင်း ဖြစ်သည်။
ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်ပြီး ဖြစ်ရပ်တိုင်းတွင် အဖွဲ့အစည်းများ၏ ရပ်တည်ချက်အတိုင်း အမြင်၊ သဘောထား မတူညီမှုများ ရှိနေမည်ဖြစ်ပြီး နိုင်ငံရေး ပါတီတိုင်းအနေဖြင့် သဘောထားကြေညာချက် ထုတ်ရမည်ဆိုသည့် အယူအဆအား လက်မခံနိုင်သော်လည်း ပြဿနာများအား တွေ့ဆုံညှိနှိုင်းမှု မရှိသည့် မည်သည့် အကြမ်းဖက် လုပ်ရပ်မျိုးကိုမဆို ကန့်ကွက်ရှုတ်ချကြောင်း ၎င်းက ပြောသည်။
သို့သော် ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲတွင် လူထုဆန္ဒနှင့်အညီ ရွေးကောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များအား အကြမ်းဖက်ခြင်းသည် လူထုကိုယ်စားပြု ရွေးကောက်ထားခြင်းကို လျစ်လျူရှု အကြမ်းဖက်ခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံရေးကို အကြမ်းဖက်ခြင်း ဖြစ်သည်။
“နိုင်ငံရေး ကိစ္စတွေကို လက်နက်နဲ့ ဖြေရှင်းတဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း ဆိုတာက အစိုးရမှာတင် တာဝန်ရှိတာ မဟုတ်ဘူး။ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အကုန်လုံးက ဒီဟာကိုတော့ ကြေညာချက်တွေ ထုတ်သင့် တာပေါ့နော်။ မိမိတို့ရဲ့ပါတီ၊ အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒကို ထုတ်ပြန်သင့်တာပေါ့။ လက်နက်နဲ့ ဖြေရှင်းတာကတော့ မှားတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သူ ဦးရဲထွန်း(သီပေါ)က ပြောသည်။
မြန်မာ့ နိုင်ငံရေးသမိုင်းတွင် အမြင်မတူညီမှုများ အပေါ် လက်နက်အားကိုး ဖြေရှင်းသည့် လုပ်ရပ်များ၊ မတရားသည့် ဥပဒေ များဖြင့် ဖိနှိပ်ဖမ်းဆီးမှုများသည့် လူထု လိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြီးမားသည့် အနှောင့်အယှက်ဖြစ်ပြီး တညီတညွတ်တည်း ဆန့်ကျင်ကြရန် လိုအပ်နေပြီ ဖြစ်သည်။
“နိုင်ငံရေး ကိစ္စတွေကို လက်နက်နဲ့ ဖြေရှင်းတာတွေ၊ ဖိနှိပ်တဲ့နည်းနဲ့ ဖြေရှင်းတာတွေက အကုန်လုံးအတွက်ကို အန္တရာယ် ရှိတယ်။ ဒီလိုကိစ္စတွေက ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး နှုတ်ဆိတ်နေရင် နောက်ဆိုရင် ကိုယ့်ဘက်ကိုပါ ရောက်လာလိမ့်မယ်။ ဒါမျိုးတွေကို လက်မခံဘဲ ဆန့်ကျင်တယ်ဆိုတာကိုလည်း အကုန်လုံးက ပြောဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ဦးရဲမျိုးဟိန်း က သုံးသပ် ပြောဆိုသည်။
You may also like these stories:
လုပ်ကြံခံရသည့် ဦးထိုက်ဇော် မဲရလဒ် ကန့်ကွက်သူ မရှိလျှင် လစ်လပ်မဲဆန္ဒနယ် သတ်မှတ်မည်
လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို
ရွေးကောက်ပွဲ နီးကပ်လာချိန် တောင်ကုတ်မှ NLD အမတ်လောင်း ၃ ဦး ပြန်မလွတ်သေး