• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ

by Kheetanat Synth Wannaboworn & Walden Bello
14 July 2023
in သူ့အတွေး သူ့အမြင်
A A
ဘန်ကောက်က Moving Forward ပါတီကို ထောက်ခံသူများ/ Thai PBS

ဘန်ကောက်က Moving Forward ပါတီကို ထောက်ခံသူများ/ Thai PBS

11k
VIEWS
Share on FacebookShare on Twitter

လာမည့်နေ့ရက်များသည် စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်နီးပါးအလွန် ထိုင်းနိုင်ငံအတွက် အရေးအပါဆုံး အချိန်ကာလများ ဖြစ်နိုင်သည်။ လူတိုင်း၏နှုတ်ဖျားမှ မေးနေသော မေးခွန်းမှာ ကွန်ဆာဗေးတစ် ရှေးရိုးစဉ်လာ အင်အားစုများက Move Forward ပါတီ (MFP) မှ လူငယ်ခေါင်းဆောင် ဖိထာ လင်မ်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်သစ် ဖြစ်ခွင့်မပေးခဲ့သောကြောင့် ဘာဆက်ဖြစ်မလဲဆိုသည့် မေးခွန်းဖြစ်သည်။

ပြည်သူများက လမ်းမပေါ်ထွက်လာပြီး ကန့်ကွက်ဆန္ဒပြမည်လား။ ထိုဆန္ဒပြသူများကို ဖြိုခွဲရန် စစ်သားများကို စေလွှတ်မည်လား။ လူထုထောက်ခံမဲဖြင့် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချမှုဖြစ်စေသည့် လွန်ခဲ့သော ဆယ်နှစ်ကျော်က အကြမ်းဖက်မှုများ ဘန်ကောက်သို့ ပြန်ရောက်လာမည်လား။

အလွန်အပြောင်းအလဲမြန်သောအချိန်

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

အကောင်းမြင်ခြင်းနှင့် အဆိုးမြင်ခြင်း၊ မျှော်လင့်ချက်နှင့် စိုးရိမ်ကြောက်လန့်မှုများသည် ယနေ့ ထိုင်းနိုင်ငံသားများ၏ စိတ်တွင် ပူးတွဲတည်ရှိနေသော်လည်း မျှော်လင့်ချက်သည် သေချာပေါက် အောင်မြင်ရမည် ဖြစ်သည်။ မေလ ၁၄ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲများတွင် MFP က မမျှော်လင့်ဘဲ မဲအများဆုံး အနိုင်ရလိုက်ပြီးနောက် နိုင်ငံအတွက် အရုဏ်တက်ချိန်သစ်ဆိုသည့်အမြင်ကို တားဆီးမရပေ။

မေလ ၁၄ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲများတွင် MFP က မမျှော်လင့်ဘဲ မဲအများဆုံး အနိုင်ရလိုက်ပြီးနောက် နိုင်ငံအတွက် အရုဏ်တက်ချိန်သစ်ဆိုသည့်အမြင်ကို တားဆီးမရပေ။

MFP သည် လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၅၁ နေရာ အနိုင်ရပြီး ၎င်း၏မဟာမိတ်ပါတီဖြစ်သော သက်ဆင်မိသားစုထိန်းချုပ် ဖွေထိုင်းပါတီကိုပင် သာလွန်သွားသည်။ ဖွေထိုင်းပါတီက လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၄၁ နေရာရသည်။ အလွယ်တကူ ရှုံးနိမ့်သွားသူများမှာ အာဏာရ စစ်အုပ်စု ထိန်းချုပ်ထားသည့် ပါတီများဖြစ်ပြီး လွန်စွာနည်းသည့် ၇၆ နေရာသာ ရသည်။

ဇူလိုင်လ ၁၃ ရက်နေ့က ဘန်ကောက်ရှိ ပါလီမန်တွင် ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲမဆုံးဖြတ်မီ စကားပြောနေသော Move Forward ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်း ဖိထာ လင်မ်ဂျာရွန်ရတ် / AFP

MFP ၏ အောင်မြင်မှုသည် လုံးဝလျင်မြန်သည်။ လွန်ခဲ့သော ငါးနှစ် ၂၀၁၈ ခုနှစ်ကမှ တည်ထောင်ပြီး ၂၀၁၉ ခုနှစ် ပါလီမန်ရွေးကောက်ပွဲများတွင် တတိယနေရာသို့ ရောက်လာသည်။ ထို့နောက် ၂၀၂၃ ခုနှစ်တွင် ပထမနေရာသို့ ရောက်လာပြီး မဲ ၁၄ သန်း သို့မဟုတ် ပေးသည့်မဲအားလုံး၏ ၄၀ ရာခိုင်နှုန်းရပြီး ၂၀၁၉ ခုနှစ်က ၁၃ ရာခိုင်နှုန်းထက် သိသိသာသာ ပိုရလာသည်။

စစ်တပ်ထိန်းချုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပြုလုပ်နေသည့် ဥပဒေထိုးစစ်ကြောင့် MFP စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ထိုတရားရုံးသည်ပင် Future Forward ပါတီကို တည်ထောင်သူ သန်နာသွန် ဂျောင်ဂရွန်ဂရန်ကစ်နှင့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် အခြားကိုယ်စားလှယ် အများအပြားနှင့်အတူ အရည်အချင်းပျက်ယွင်းသည်ဟု ဆုံးဖြတ်ပြီး ပါလီမန်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် မပေးပေ။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် Future Forward ပါတီကို ဖျက်သိမ်းပြီး ပါတီအမှုဆောင်များကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်သော်လည်း ထိုပါတီသည် နောက်တလကြာသောအခါ ခေါင်းဆောင်သစ် ဖိထာနှင့်အတူ Move Forward ပါတီအဖြစ် ပြန်လည်ရှင်သန်လာသည်ကိုသာ ကြုံတွေ့ရသည်။ ဖိထာက Move Forward ပါတီသည် Future Forward ပါတီ၏ အခန်းကဏ္ဍသစ်တခုဖြစ်ကြောင်း ကြေညာသည်။

အတိတ်ကို ပြန်ကြည့်မည်ဆိုပါက ထိုအစောပိုင်းက အခက်အခဲများသည် ယနေ့ Move Forward ရင်ဆိုင်နေရသည့် စိန်ခေါ်မှုလောက် မကြီးမားပေ။ ထိုစိန်ခေါ်မှုမှာ အစိုးရဖွဲ့စည်းခွင့်နှင့် နိုင်ငံ၏ အမြစ်တွယ်နေသော အာဏာစနစ်တွင် ကတိပေးထားသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်ဖြစ်သည်။

သို့သော် အတိတ်ကို ပြန်ကြည့်မည်ဆိုပါက ထိုအစောပိုင်းက အခက်အခဲများသည် ယနေ့ Move Forward ရင်ဆိုင်နေရသည့် စိန်ခေါ်မှုလောက် မကြီးမားပေ။ ထိုစိန်ခေါ်မှုမှာ အစိုးရဖွဲ့စည်းခွင့်နှင့် နိုင်ငံ၏ အမြစ်တွယ်နေသော အာဏာစနစ်တွင် ကတိပေးထားသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်ဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်ရန် ဖိထာသည် အထက်နှင့်အောက်လွှတ်တော် နှစ်ရပ်ရှိ ကိုယ်စားလှယ် ၇၅၀ ထံမှ ၃၇၆ မဲ ရရှိရမည်။ သူ့တွင် ၃၁၂ မဲရှိပြီးဖြစ်ကာ အောက်လွှတ်တော်မှ ပြိုင်ဘက်ပါတီများမှဖြစ်စေ၊ စစ်တပ်က ခန့်ထားသည့် အထက်လွှတ်ကိုယ်စားလှယ် ၂၅၀ မှဖြစ်စေ နောက်ထပ် ၆၄ မဲ ရရန်လိုနေသည်။ ဖိထာက ထို ၆၄ မဲကို သူရထားပြီးဖြစ်သည်ဟု ပြောခဲ့သော်လည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခြင်းသာ။

လက်ရှိအာဏာရ အသိုက်အဝန်း၏ အကျပ်အတည်း

အယုံအကြည်မဲ့ ခံနေရသော်လည်း စစ်တပ်သည် သြဇာကြီးမားသည့် အင်အားစုဖြစ်နေသေးသည်။ ယခင်က သြဇာကြီးခဲ့သော ဒီမိုကရက်ပါတီ ကဲ့သို့သော အခြား ပြိုင်ဘက်ပါတီများက နောက်မှပေါက်သည့် ရွှေကြာပင်ကို ကူညီရန် ငြင်းဆန်သည်။ ဒီမိုကရက်ပါတီသည် ယခုရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ပြီး ၂၅ နေရာသာ အနိုင်ရသည်။

အခြားပါတီတခုဖြစ်သော ဘုမ့်ဂျိုင်ထိုင်းပါတီက သူတို့သည် အစိုးရဖွဲ့လိုသည့်ပါတီများက အကူအညီတောင်းခံရမည့်ပါတီဟု ယူဆနေပြီး ၎င်းတို့ အနိုင်ရထားသည့် ၇၁ နေရာသည် (ဘုရင်နှင့် အခြားတော်ဝင်များအား ဝေဖန်လျှင် ထောင် ၁၅ နှစ်ထိ ပြစ်ဒဏ်ချနိုင်သော ရာဇဝတ်ကျင့်ထုံးဥပဒေ) ပုဒ်မ ၁၁၂ ကို ဖျက်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုသည့်ပါတီကို ထောက်ခံမည် မဟုတ်ကြောင်း ပြောသည်။

ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲမဆုံးဖြတ်မီ ဇူလိုင်လ ၁၀ ရက်နေ့က ထိုင်းလွှတ်တော် ဥက္ကဋ္ဌ ဝန် မူဟာမက် နူရ် မာထာ (အလယ်) နှင့် လက်ထောက်နှစ်ဦးတို့ ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးလုပ်နေစဉ် / Bangkok Post

ဝန်ကြီးချုပ်ရာထူး ရွေးချယ်သည့် ရလဒ်ကို ပုံဖော်မည့် အဆုံးအဖြတ်ကျသော အင်အားစုမှာ စစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော် ဖြစ်နေသည်။ အထက်လွှတ်တော်အမတ်များက ၎င်းတို့၏ အခန်းကဏ္ဍသည် နိုင်ငံ၏ မဏ္ဍိုင်ကြီး သုံးခုဖြစ်သော နိုင်ငံ၊ ဘာသာနှင့် ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်သူများ ဖြစ်သည်ဟု ယူဆနေသည်။ အချို့အထက်လွှတ်တော်အမတ်များက ၎င်းတို့သည့် ပြည်သူ့ဆန္ဒကို ထောက်ခံမဲပေးမည်ဟု ကြေညာထားသော်လည်း အများစုက ဘုရင်စနစ်ကို ဖျက်သိမ်းရေး လှုံ့ဆော်သည့်ပါတီကို မထောက်ခံကြောင်း ကြေညာသည်။

MFP သည် တော်ဝင်မိသားစုကို စော်ကားသည်ဟု သတ်မှတ်ခံရသူများကို ထောင်နှစ်ရှည်ချသည့် ထိုဥပဒေ ဖျက်သိမ်းရေးထက် ပြုပြင်ပြောင်းလဲရေးကိုသာ တောင်းဆိုသည်။

ပြဿနာမှာ အမည်ဆိုးကျော်ကြားသော ပုဒ်မ ၁၁၂ အပေါ် MFP ၏ သဘောထားဖြစ်သည်။ လူငယ်များ ဦးဆောင်သည့် ပုဒ်မ ၁၁၂ ဖျက်သိမ်းရေး လှုပ်ရှားမှု၏ တောင်းဆိုမှုကို ထောက်ခံရာရောက်သော်လည်း ရွေးကောက်ပွဲ မဲဆွယ်စဉ်အတွင်းနှင့် မေလတွင် ရွေးကောက်ပွဲအနိုင်ရပြီး MFP သည် တော်ဝင်မိသားစုကို စော်ကားသည်ဟု သတ်မှတ်ခံရသူများကို ထောင်နှစ်ရှည်ချသည့် ထိုဥပဒေ ဖျက်သိမ်းရေးထက် ပြုပြင်ပြောင်းလဲရေးကိုသာ တောင်းဆိုသည်။

MFP ပါလီမန် ကိုယ်စားလှယ် ရမ်စီမန်ရုမ်း၏ အဆိုအရ ပါတီ၏သဘောထားမှာ ထိုဥပဒေကို ပြုပြင်ပြောင်းလဲရန်သာ ဖြစ်ကြောင်းပြောသည်။ ဥပမာအားဖြင့်ဆိုပါက ထိုဥပဒေဖြင့် စွပ်စွဲခြင်းကို ရဲထံတိုင်ကြားရုံဖြင့် မစွပ်စွဲနိုင်စေဘဲ ထိုစွပ်စွဲချက်ကို ဂရုတစိုက် လေ့လာအကဲဖြတ်သည့် အစိုးရဌာနတခုက ကိုင်တွယ်သည့် ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်ဖြင့်သာ လုပ်ရမည်ဆိုသည့် ပုဒ်မမျိုးကို ပြဋ္ဌာန်း ပြင်ဆင်လိုခြင်း ဖြစ်သည်။

MPF ထောက်ခံသူအချို့က ထိုဥပဒေ ဖျက်သိမ်းရေးသဘောထားမှ MFP နောက်ပြန်ဆုတ်သွားခြင်းအတွက် ဝေဖန်ကြပြီး အချို့ထောက်ခံသူများက ထိုသို့လုပ်ခြင်းသည့် လက်တွေ့ကျသည့် အယူအဆဖြစ်သည်ဟု မြင်သည်မှာ အံ့သြစရာမဟုတ်ပေ။ ရှုပ်ထွေး ကွဲပြားနေသော နိုင်ငံရေးကို ထိန်းချုပ်နိုင်ရန် MFP အနေဖြင့် ထိုသို့ လုပ်ရန် လိုအပ်သည်ဟု မြင်ကြသည်။ ထိုသို့ သဘောထားသစ် ချမှတ်ရန် ပါတီတွင်းတွင် အပြင်းအထန် ဆွေးနွေးခဲ့ရနိုင်သည်။ MFP ၏ သဘောထားမှာ အထက်ပါ ဥပဒေကို ဖျက်သိမ်းရေးဖြစ်စေ၊ ပြုပြင်ရေးဖြစ်စေ ဝန်ကြီးချုပ်သစ်ရွေးချယ်ရာတွင် အဆုံးအဖြတ်ပေးမည့်သူများမှာ စစ်တပ်က စိတ်တိုင်းကျခန့်ထားသည့် အထက်လွှတ်တော် ကိုယ်စားလှယ်များသာဖြစ်သည်။

ထိုင်းနိုင်ငံရေးခေတ်သစ်

ဝန်ကြီးချုပ်သစ်ရွေးချယ်ခြင်းမှ မည်သည့်ရလဒ်ဖြစ်လာသည်ဖြစ်စေ ထိုင်းနိုင်ငံသည် ခေတ်သစ်တခုအတွင်း ချင်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ MFP ပါတီ၏ အံ့သြတုန်လှုပ်ဖွယ် ရွေးကောက်ပွဲ အောင်ပွဲတွင် သွင်ပြင်လက္ခဏာ အများအပြားရှိသည်။

လူငယ်မဲများ (ဂျန်ဇီနှင့် ထောင်စုနှစ်သစ်နောက်ပိုင်းမွေးသူများ) သည် ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ် ပေးလိုက်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်တပ်ကိုဆန့်ကျင်သည့် လူငယ်များဦးဆောင်သည့် လမ်းပေါ်မှ ဆန္ဒပြပွဲများသည် ကနဦးတွင် ကြိုကြားကြိုကြား ဖြစ်လာသော်လည်း ၂၀၁၇ ခုနှစ်မှ စတင်ပြီး အကြီးအကျယ် ဖြစ်လာကာ ပျမ်းမျှအသက် ၃၉ နှစ်အရွယ်ရှိသော ပါလီမန်အမတ်များ ပါဝင်သည့် ရွေးကောက်ခံပါတီ ပေါ်ပေါက်စေရေး အခြေအနေကို ဖန်တီးပေးလိုက်သည်။

ဗိုလ်ချုပ်များနှင့်ပေါင်းသည့် ဒီမိုကရက်ပါတီကဲ့သို့ အစဉ်အလာပါတီများနှင့် အစိုးရညွန့်ပေါင်းအဖွဲ့၏ လွန်စွာညံ့ဖျင်းသော စွမ်းဆောင်ရည်ကြောင့် နိုင်ငံရေးတွင် စစ်တပ်က ကြားဝင်စွက်ဖက်သည်ကို ပြတ်ပြတ်သားသား လက်မခံခြင်းနှင့် ဗိုလ်ချုပ်များ စစ်တန်းလျားပြန်ရေး တောင်းဆိုမှုများ ဖြစ်စေသည်။

သာမန်ပြည်သူများသည် ၂၀၁၄ ခုနှစ် စစ်အာဏာမသိမ်းမီက နိုင်ငံကို ဖရိုဖရဲဖြစ်စေသည့် ယခင် အနီနှင့်အဝါ အားပြိုင်မှုကို ကျော်ဖြတ်ပြီးဖြစ်သည့် သဘောဖြစ်သည်။

MFP က ၎င်း၏တပ်ပေါင်းစု မဟာမိတ် ဖွေထိုင်းပါတီကို ကျော်ဖြတ်ပြီး နိုင်ငံ၏ထိပ်ဆုံးပါတီ ဖြစ်လာခြင်းနှင့် ဒီမိုကရက်တို့ စွမ်းဆောင်ရည် လွန်စွာညံ့ဖျင်းခြင်းကြောင့် သာမန်ပြည်သူများသည် ၂၀၁၄ ခုနှစ် စစ်အာဏာမသိမ်းမီက နိုင်ငံကို ဖရိုဖရဲဖြစ်စေသည့် ယခင် အနီနှင့်အဝါ အားပြိုင်မှုကို ကျော်ဖြတ်ပြီးဖြစ်သည့် သဘောဖြစ်သည်။

ဖွေထိုင်းပါတီသည် သက်ဆင်ရှင်နာဝပ်၏ အများကြိုက်ဝါဒကို ထောက်ခံပြီး နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ ကျေးလက်လူထုကို လှုပ်ရှားစည်းရုံးကာ ဒီမိုကရက်တို့က နိုင်ငံမှ အထက်လွှာကို ထောက်ခံသည့်အနေဖြင့် ဘန်ကောက်လူလတ်တန်းစားကို လှုံ့ဆော်စည်းရုံးသည်။

၂၀၂၃ ခုနှစ်၊ မေလ ရွေးကောက်ပွဲအတွင်း နေရာဒေသ အများအပြားမှ၊ အထူးသဖြင့် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် ဘန်ကောက်တွင် များပြားလှသော ယခင်က အနီနှင့်အဝါ ဆန့်ကျင်သူများသည် လိမ္မော်ရောင် MFP နှင့် သဘောထားတူနေကြောင်း တွေ့ကြရသည်။ ယခင်က မိသားစုများအတွင်း အနီနှင့် အဝါအဖြစ် သွေးကွဲခဲ့သူများသည် ယခုအခါ MFP ၏ အလံတော်အောက်တွင် ညီညွတ်နေသည့် ဥပမာ အများအပြားကို လေ့လာသူများကပြောသည်။ “ကျနော်တို့ မိသားစုမှာ အနီတွေ၊ အဝါတွေ မရှိတော့ဘူး။ ကျနော်တို့အားလုံး MFP ကို မဲပေးခဲ့တယ်” ဟု ဘန်ကောက်မြို့ခံတဦးက စာရေးသူတို့ကို ပျော်ရွှင်စွာပြောသည်။

ပါတီထောက်ခံသူများအား မိန့်ခွန်းပြောနေသည့် ဖိထာ/The Nation

MFP ပါတီသည် ပြည်သူများ၏ အစဉ်အလာ ပုဂ္ဂိုလ်ရေး သို့မဟုတ် ပါတီကိုးကွယ်မှုဖြင့် ပြည်သူများကို မစည်းရုံးဘဲ ပြဿနာများနှင့် မူဝါဒများကို အာရုံစိုက်ကာ လုံးဝကွဲပြားခြားနားစွာ မဲဆွယ်သည်။ အခြား ပါတီများနှင့်မတူဘဲ MFP သည် မဲဝယ်ခြင်း မရှိပေ။ ထိုသို့ မဲမဝယ်ခြင်းမှာ ငွေမရှိသောကြောင့် သက်သက်သာ မဟုတ်ဘဲ ပြည်သူများသည် ခေတ်ဟောင်းက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် ကျေးဇူးခံ ကျေးဇူးစား လုပ်ရပ်များကို စိတ်ကုန်နေသည်ဆိုသည့် မူများနှင့် ယုံကြည်ချက်များကြောင့်လည်း မဲမဝယ်ခြင်းဖြစ်သည်။

မေလ ရွေးကောက်ပွဲ မတိုင်မီကာလတွင် MFP သည် စစ်တပ်ပြုပြင်ပြောင်းလဲရေးမှသည် LGBTQ အခွင့်အရေးနှင့် တိရစ္ဆာန်အခွင့်အရေးအထိ ပါဝင်သော မူဝါဒသဘောထား ၃၀၀ နှင့် ပတ်သက်သည့် အစီအစဉ်တခု ပြုလုပ်ပြီး မဲဆန္ဒရှင်များ၏ စိုးရိမ်ပူပန်မှုများ အားလုံးအတွက် နေရာပေးနိုင်သော အသိုက်အဝန်းဖြစ်ကြောင်း မဲဆန္ဒရှင်များကို ပြသရန် ကြိုးစားသည်။

“ကျနော်တို့က စစ်သားတွေရဲ့မဲလည်း ရတယ်” ဟု ပါလီမန်အမတ် ရုမ်းက ပါတီဌာနချုပ်တွင် ကျင်းပသည့် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်သော စိတ်ဝင်စားစရာ အချက်များအကြောင်း ရှင်းလင်းပွဲတခုတွင် စာရေးသူတို့ကို ပြောသည်။ “စစ်သား၊ စစ်သမီးတွေကပါ စစ်တပ်ပီသတဲ့ စစ်တပ်ဖြစ်ဖို့ စစ်သားသစ်တွေကို မလိမ်လည်တဲ့၊ အဆက်အသွယ်ကြောင့် မဟုတ်ဘဲ အရည်အချင်းကြောင့် ရာထူးတက်တဲ့ စစ်တပ်ဖြစ်ဖို့ ပြုပြင်ပြောင်းလဲရေး အခြေခံကို သဘောတူတယ်ဆိုတာကို ပြသနေတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

“သမားရိုးကျပါတီတခုက လူတယောက်က MFP ပါတီရဲ့ နိုင်ငံရေးအမှတ်တံဆိပ်ဟာ အစိုးရဖြစ်စေ၊ အတိုက်အခံဖြစ်စေ ကျနော်တို့ပါတီဟောင်းတွေ အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီလို့ ပြောတဲ့ ဆွေးနွေးပွဲတခုကို ကျနော်သတိရတယ်။ သူပြောတာ မှန်တယ်”

ယခုအခါ MFP ၏ တိုးတက်သောလှုပ်ရှားမှု ဖောင်ဒေးရှင်းကို ဦးဆောင်နေသော ပါလီမန်ကိုယ်စားလှယ်ဟောင်း ကွန်သီဒါ ရန်ဂရန်ကီရက်က “သမားရိုးကျပါတီတခုက လူတယောက်က MFP ပါတီရဲ့ နိုင်ငံရေးအမှတ်တံဆိပ်ဟာ အစိုးရဖြစ်စေ၊ အတိုက်အခံဖြစ်စေ ကျနော်တို့ပါတီဟောင်းတွေ အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီလို့ ပြောတဲ့ ဆွေးနွေးပွဲတခုကို ကျနော်သတိရတယ်။ သူပြောတာ မှန်တယ်” ဟု ရှင်းပြသည်။

ထိုင်း၏ အထက်လွှာ အသိုက်အဝန်းဟောင်းသည် အလွန်ကြီးမားသည့် အကျပ်အတည်းတွင် ရွေးစရာမရှိ ဖြစ်နေသည်။ ဖိထာကို ဝန်ကြီးချုပ်ဖြစ်ခွင့် ငြင်းပယ်ခြင်းအတွက် ပေးဆပ်ရမည့်တန်ဖိုးသည် လွန်စွာကြီးမားကြောင်း ထိုအသိုက်အဝန်း သိနေသည်။ ထိုလုပ်ရပ်၏ အကျိုးဆက်များကို ကြိုတင်ခန့်မှန်းရန် ခက်ခဲသော်လည်း လုံးဝ အနုတ်လက္ခဏာဆောင်သည်မှာ သေချာသည်။

ထိုအသိုက်အဝန်းဟောင်းအနေဖြင့် ခေတ်ရေစီးကြောင်းကို တွန်းလှန်ရန် နောက်တကြိမ်လုပ်နိုင်ခဲ့လျှင်ပင် Move Forward ပါတီ၏ အရှိန်အဟုန်ကို ကြာကြာခုခံရန် မဖြစ်နိုင်တော့ပေ။ ထိုအုပ်စုသည် မဲဆန္ဒရှင်အများစု၏ ကျယ်လောင် ရှင်းလင်းသော သတင်းစကားကို ကြားသိပြီး ထိုသတင်းစကားမှာ အပြောင်းအလဲအတွက် လမ်းဖယ်ပေးရန် ဖြစ်သည်။

(Bangkok Post ပါ Kheetanat Synth Wannaboworn နှင့် Walden Bello တို့၏ D-Day for Pita, but change inevitable ကို ဘာသာပြန်သည်။ )

You may also like these stories:

နိုင်ငံရေးက ပရာရွတ် နားပြီ

ထိုင်းဒီမိုကရေစီက “ခွင့်မလွှတ်နိုင်”မည်ကို မလုပ်ရန် လွှတ်တော်အမတ်များကို ဖိထာ သတိပေး

ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်ဥက္ကဋ္ဌကို ထိုင်းပါလီမန်က ဝန်ကြီးချုပ် မဲပေးခါနီးမှာ ရွေးချယ်

ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်

ထိုင်းနိုင်ငံရေးတွင် သမိုင်းဒီရေမြင့်နေသည်

Your Thoughts …
Tags: MFPMove Forward ပါတီSliderတော်ဝင်မိသားစုထိုင်းပုဒ်မ ၁၁၂ဖိထာ လင်မ်ဂျာရွန်ရတ်ဖွေထိုင်းပါတီဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရွေးကောက်ပွဲဝန်ကြီးချုပ်ရာထူး
Kheetanat Synth Wannaboworn & Walden Bello

Kheetanat Synth Wannaboworn & Walden Bello

Kheetanat Synth Wannaboworn နှင့် Walden Bello တို့သည် ဘန်ကောက်အခြေစိုက် သုတေသနနှင့် လှုံ့ဆော်ပညာပေးရေး အင်စတီကျု Focus on the Global South မှ ဝန်ထမ်းများဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မင်းတပ် CDF တပ်ဖွဲ့ဝင်များကို ရှေ့တန်းတနေရာ၌ တွေ့ရစဉ် (ဓာတ်ပုံ- CDF)

မင်းတပ် CDF စစ်တပ်ဂိတ်များကို တိုက်ခိုက်

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

မြန်မာအကြမ်းဖက်မှုများကို အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ရှုတ်ချ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved