မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး သုံးနှစ်ခွဲကျော် ကြာသောအခါ အာဏာသိမ်းမှုကြောင့် လိင်ကွဲပြားမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများနှင့် ပတ်သက်သည့် အချက်ပေး ခေါင်းလောင်းသံသည် ကျယ်လောင်လာခြင်း မရှိကြောင်း ထင်ရှားလာသည်။
ရက်စက်ကြမ်းကြုတ်ပြီး မဟာဖိုဝါဒ ကျင့်သုံးသော စစ်တပ်သည် လူ့အခွင့်အရေးနှင့် ကျား၊ မတန်းတူမှုအတွက် အလားအလာ မကောင်းဘဲ စစ်အာဏာသိမ်းမှုနှင့် ၎င်း၏ နောက်ဆက်တွဲ အခြေအနေက မြန်မာမှ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လိင်ကွဲပြားခြားနားသူများကို ခံစားစေရသည့် နစ်နာပျက်စီးမှုသည် တုန်လှုပ်စရာကောင်းလှသည်။
ရက်စက်ကြမ်းကြုတ်ပြီး မဟာဖိုဝါဒ ကျင့်သုံးသော စစ်တပ်သည် လူ့အခွင့်အရေးနှင့် ကျား၊ မတန်းတူမှုအတွက် အလားအလာ မကောင်းဘဲ စစ်အာဏာသိမ်းမှုနှင့် ၎င်း၏ နောက်ဆက်တွဲ အခြေအနေက မြန်မာမှ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လိင်ကွဲပြားခြားနားသူများကို ခံစားစေရသည့် နစ်နာပျက်စီးမှုသည် တုန်လှုပ်စရာကောင်းလှသည်။
ယခုအခါ နိုင်ငံ၏ လူဦးရေ ၃ ပုံ ၂ ပုံကို သက်ရောက်နေသည့် ပြည်တွင်းစစ်ကို အခြား နိုင်ငံတကာ အကျပ်အတည်းများက အာရုံလွဲစေခြင်းနှင့်အတူ စက်ဆုပ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည့် စစ်တပ်နှင့် ထိတွေ့ဆက်ဆံရေးကို ဆက်လက် အာရုံစိုက်နေသည့် ဒေသတွင်းနှင့် နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများထံမှ လုံလောက်သော ထောက်ပံ့မှုမရဘဲ မြေပြင်တွင် ဒုက္ခခံစားနေရသူများသည် ထိုဘက်စုံ ဘေးအန္တရာယ်များကို ကိုယ်တိုင် ဖြေရှင်းနေရသည်။
အမျိုးသမီးများကို ထိခိုက်နစ်နာစေသည့် သက်ရောက်မှုများ
စစ်အာဏာသိမ်းမှုကြောင့် လိင်ကွဲပြားခြားနားမှုအပေါ် ဆိုးရွားလှသော သက်ရောက်မှုများကို မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ် အင်ဒရူး၏ ကျယ်ပြန့်သော အစီရင်ခံစာသစ်တွင် အသေးစိတ်ဖော်ပြထားသည်။
အာဏာသိမ်းမှုနောက်ပိုင်း အမျိုးသမီးများနှင့် လိင်ကွဲပြားခြားနားသူများ ပိုခံစားရသည့် ဘေးအန္တရာယ် နည်းလမ်းအမျိုးမျိုးကို ထိုအစီရင်ခံစာတွင် မီးမောင်းထိုးပြထားသည်။ လိင်ကွဲပြားမှုအပေါ် သက်ရောက်မှုများသည် မညီမျှသော လူမှုယဉ်ကျေးမှုစံနှုန်းများနှင့် ဖိုဝါဒအုပ်စိုးမှု၊ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာတွင် မြစ်ဖျားခံသည်ကိုလည်း ထိုအစီရင်ခံစာက အခုတ်တရ ဖော်ပြသည်။
လေကြောင်းတိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မီးရှို့မှု၊ လိင်ပိုင်းနှင့် လိင်ကွဲပြားခြားမှုကို အခြေခံသော အကြမ်းဖက်မှုတို့ ပါဝင်သည့် စစ်ကောင်စီ၏ နိုင်ငံတဝန်း ကျယ်ပြန့်သည့် အကြောက်တရား စစ်ဆင်ရေးကြောင့် အရပ်သားအားလုံး ဒုက္ခခံစားရသော်လည်း အမျိုးသမီးများနှင့် လိင်ကွဲပြားခြားနားသူများသည် ဘေးအန္တရာယ်ကို ပိုခံစားရသည်။
စစ်တပ်သည် ဆိုးရွားလှသော လိင်ပိုင်းနှင့် လိင်ကွဲပြားခြားမှုကို အခြေခံသော အကြမ်းဖက်မှုကို တိုင်းရင်းသားဒေသများတွင် တော်လှန်ရေးကို နှိမ်နင်းရန် နည်းလမ်းအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုပြီး စစ်တပ်စစ်ဆင်ရေးများတွင် များစွာ အသုံးပြုကြောင်း ကုလသမဂ္ဂကလည်း တွေ့ရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အဓမ္မပြုကျင့်ခြင်း၊ အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းနှင့် လိင်ကွဲပြားခြားမှုကို အခြေခံသော အကြမ်းဖက်မှုများကို စစ်ဘေးရှောင် အခြေအနေ၊ လုံခြုံရေး စစ်ဆေးရေးစခန်းများနှင့် ဖမ်းဆီးချုပ်နှောင်ခံရသည့် အခြေအနေများ အပါအဝင် တနိုင်ငံလုံးတွင် တွေ့ရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အဓမ္မပြုကျင့်ခြင်း၊ အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းနှင့် လိင်ကွဲပြားခြားမှုကို အခြေခံသော အကြမ်းဖက်မှုများကို စစ်ဘေးရှောင် အခြေအနေ၊ လုံခြုံရေး စစ်ဆေးရေးစခန်းများနှင့် ဖမ်းဆီးချုပ်နှောင်ခံရသည့် အခြေအနေများ အပါအဝင် တနိုင်ငံလုံးတွင် တွေ့ရသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သည် အာဏာသိမ်းမှုနောက်ပိုင်း လိင်ပိုင်းနှင့် လိင်ကွဲပြားခြားမှုကို အခြေခံသော အကြမ်းဖက်မှုများအတွက် ကြီးမားကျယ်ပြန့်သည့် အထောက်အထားများကို စုဆောင်းထားကြောင်း၊ ရက်စက်ကြမ်းကြုတ်မှု အမြင့်မားဆုံး အဆင့်များကို အသုံးပြုနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဖော်ထုတ်ထားသည်။ စိတ်ပူစရာကောင်းသည်မှာ ယင်းကို တော်လှန်ရေးအင်အားစု အချို့ကလည်း ကျူးလွန်နေပြီး လုံခြုံရေးအန္တရာယ် ပိုမိုဆိုးရွားစေခြင်း ဖြစ်သည်။
နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ဖိစီးစေသည့်အရာများနှင့် လိင်အခြေပြု အင်အားမညီမျှမှုများကြောင့် အိမ်ထောင်ဖက်၏ အကြမ်းဖက်မှုများသည်လည်း မြင့်မားလာသည်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စီးပွားရေး အဆင်မပြေမှုကြောင့် အတင်းအကျပ် လက်ထပ်ထိမ်းမြားစေခြင်း၊ လူကုန်ကူးခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အလုပ်အကိုင်များလည်း တိုးလာနေသည်။
သို့သော် ထိုသို့ ခံစားရသူများအတွက် တရားမျှတမှုရရန် နည်းလမ်းအနည်းငယ်သာ ရှိသည်။ စစ်တပ်က ထိန်းချုပ်ထားသည့် ရဲတပ်ဖွဲ့သည် လိင်ပိုင်းနှင့် လိင်ကွဲပြားခြားမှုကို အခြေခံသော အကြမ်းဖက်မှုများ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်းထက် အတိုက်အခံများကို ဖိနှိပ်ရန်သာ အာရုံစိုက်နေရသောကြောင့် တရားဥပဒေစိုးမိုးမှုလည်း ပြိုလဲနေသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့အထိ အမျိုးသမီး ၅,၆၁၈ ဦးအပါအဝင် အရပ်သားများကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးခြင်းဖြင့် စစ်တပ်သည် ဥပဒေနှင့် တရားဥပဒေစနစ်များကို အသုံးချနေသည်။ လိင်အကြမ်းဖက်မှု၊ အင်အားအလွန်အကျွံသုံးမှု၊ ကျန်းမားရေးစောင့်ရှောက်မှုနှင့် အခြား အခြေခံလိုအပ်ချက်များ ခွင့်မပြုခြင်း စသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဖမ်းဆီးချုပ်နှောင်ထားသည့် အခြေအနေများသည်လည်း လူမဆန်ပေ။
စစ်ကောင်စီ၏ စီမံခန့်ခွဲမှု မှားယွင်းခြင်းသည် ထိန်းချုပ်မရသည့် ငွေကြေးဖောင်းပွမှု၊ စီးပွားရေး ဖရိုဖရဲဖြစ်ခြင်းနှင့် အလုပ်လက်မဲ့ တိုးလာခြင်းတို့ကို ဖြစ်စေသောကြောင့် အရပ်သားများသည် ထိုးစိုက်ဆင်းနေသည့် စီးပွားရေးကိုလည်း ကိုင်တွယ်ဖြေရှင်းနေရပြီး နိုင်ငံလူဦးရေ ထက်ဝက်နီးပါးသည် ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်ကြရသည်။
အမျိုးသမီးများသည် လုပ်အားခနိမ့် အလုပ်သမားများအနက် အများစုဖြစ်ပြီး ၎င်းတို့ မိသားစုများအတွက် အစားအစာနှင့် အခြေခံလိုအပ်ချက်များကို ပံ့ပိုးရန် တာဝန်ရှိသူများ ဖြစ်သောကြောင့် ဆင်းရဲနွမ်းပါးသော အမျိုးသမီးများ အခွင့်အရေး ဆုံးရှုံးမှုကို ဖြစ်စေသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည်လည်း ပြိုလဲသွားပြီး အမျိုးသမီးများ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များသည် တကိုယ်ရည်သန့်ရှင်းမှု၊ အစားအစာ၊ လိင်ပိုင်းနှင့် မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဆေးဝါး စသည်တို့ မရရှိခြင်း အပါအဝင် ကြီးမားသော ကျန်းမာရေး စိန်ခေါ်မှုများကို ရင်ဆိုင်ကြရသည်။ အများအပြားသည် ပညာရေး မရကြဘဲ လူမှုဝန်ဆောင်မှုများ ရရန်လည်း ခက်ခဲသည်။ ထိုသို့သော သက်ရောက်မှုများ ပေါင်းစပ်လိုက်သောအခါ အမျိုးသမီးများ၏ စိတ်ကျန်းမာရေးနှင့် ဘဝ တိုးတက်မှု ပြိုလဲပျက်စီးပြီး ဘေးအန္တရာယ်ရှိသော ဖြေရှင်းမှုများသို့ ဦးတည်စေသည်။
ပဋိပက္ခ၊ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုမှားယွင်းခြင်းနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံစနစ် ပြိုလဲခြင်းတို့ ပေါင်းစပ်လိုက်သောအခါ အလွန်ကြီးမားသည့် လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်လာပြီး အမျိုးသမီးနှင့် မိန်းကလေးငယ် ၉ ဒသမ ၂ သန်းအပါအဝင် လူ ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်။
ပဋိပက္ခ၊ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုမှားယွင်းခြင်းနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံစနစ် ပြိုလဲခြင်းတို့ ပေါင်းစပ်လိုက်သောအခါ အလွန်ကြီးမားသည့် လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်လာပြီး အမျိုးသမီးနှင့် မိန်းကလေးငယ် ၉ ဒသမ ၂ သန်းအပါအဝင် လူ ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်ဟု ခန့်မှန်းရသည်။ လူ ၃ ဒသမ ၂ သန်း အတင်းအကျပ် နေရပ်စွန့်ခွာရပြီး ၎င်းတို့အနက် ၅၃ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် အခြေအနေ အထူးဆိုးရွားသည်။ ရခိုင်ပြည်နယ်တွင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လိင်ကွဲပြားခြားနားသူများသည် စစ်တပ်၏ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် ရက်စက်ကြမ်းကြုတ်သော လိင်ပိုင်းအကြမ်းဖက်မှု အပါအဝင် လူမျိုးခွဲခြားဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခြင်းကို ကာလကြာရှည်စွာခံနေကြရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း သွားလာမှု၊ အလုပ်အကိုင် ကန့်သတ်ချက်များနှင့် လူသားချင်းစာနာမှု အကူအညီ ကင်းမဲ့ခြင်းသည် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ထိုထိခိုက်လွယ်မှုများကို ပိုမိုဆိုးရွားစေသည်။
ထို့ပြင် စစ်တပ်သည် အခြေအနေကို ဆိုးအောင် ဆက်လက်လုပ်နေသည်။ မတ်လတွင် စစ်တပ်သည် ကာလ ကြာမြင့်စွာ မကျင့်သုံးဘဲထားသော အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို စတင်ကျင့်သုံးပြီး အိမ်ထောင်မပြုသေးသည့် အမျိုးသမီးများ အပါအဝင် ပြည်သူများကို နှစ်နှင့်ချီ စစ်မှုထမ်းခိုင်းရန် လုပ်ဆောင်သည်။
ယခုအခါ အမျိုးသမီးများသည် လိင်အကြမ်းဖက်မှု သမိုင်းရှိသည့် စစ်တပ်တွင် တာဝန်ထမ်းဆောင်လျှင်ဆောင်၊ မဆောင်လျှင် ထွက်ပြေး၊ မပြေးလျှင် စောစီးစွာ အိမ်ထောင်ပြုရတော့မည် ဖြစ်သည်။ အတင်းအကျပ် စစ်သားစုဆောင်းခြင်းမှ ကင်းလွတ်ခွင့်ရသည့် အမျိုးသမီးများသည်လည်း အမျိုးသားများ အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်း၊ ထွက်ပြေးနေရခြင်းကြောင့် ပိုမိုကြီးမားသည့် မိသားစုဝန်ထုတ်ဝန်ပိုးကို ရင်ဆိုင်ရသည်။
တပ်ဦးသို့ ရောက်လာသော အမျိုးသမီးများ
မြန်မာနိုင်ငံ၏ မအောင်မြင်သော အသွင်ကူးပြောင်းရေး ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် လက်တွေ့အားဖြင့် နိုင်ငံတော်အကြီးအကဲ ဖြစ်ခဲ့သော်လည်း အမျိုးသမီးများသည် နိုင်ငံရေးအရ နေရာပေးမခံရ၊ အထူးသဖြင့် ဦးဆောင်မှုပိုင်းတွင် နေရာအပေးမခံရသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။
သို့သော် ဖရိုဖရဲအခြေအနေ၊ ပဋိပက္ခ၊ လိင်ကွဲပြားမှုဆိုင်ရာ ဆိုးရွားသောအန္တရာယ် ရင်ဆိုင်ရသောအခါ အမျိုးသမီးများနှင့် လိင်ကွဲပြားခြားနားသူများသည် ဆန္ဒပြပွဲများနှင့် သပိတ်များတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြသည်။
ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုံခြုံမှုကို အန္တရာယ် ကြီးမားစွာ ကျရောက်စေနိုင်ကာမူ ၎င်းတို့၏ လှုပ်ရှားမှုသည် နေရာမပေးလိုသည့် ခေတ်နောက်ပြန်ဆွဲသော လိင်ကွဲပြားမှုနှင့် ပတ်သက်သည့် လူမှုစံနှုန်းများကို စိန်ခေါ်နေကြသည်။ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု ဆန္ဒပြသူများ အားလုံး၏ ခန့်မှန်းခြေ ၄ ပုံ ၃ ပုံသည် အမျိုးသမီးများ ဖြစ်သောကြောင့် ၎င်းတို့၏ သတ္တိနှင့် စစ်အုပ်ချုပ်ရေး၏ လိင်ကွဲပြားမှုကို အခြေခံသည့် ဆိုးရွားသော အန္တရာယ်အပေါ် နားလည်မှုကို သက်သေပြနေသည်။
တော်လှန်ရေးလှုပ်ရှားမှုတွင် အမျိုးသမီးများသည် ဦးဆောင်မှုအခန်းမှ ပါဝင်သော်လည်း နိုင်ငံရေးအာဏာ ရရှိနိုင်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သိသိသာသာ တိုးတက်လာခြင်း မရှိပေ။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည့် ဖြုတ်ချခံအမတ်များဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးအဆင့်တွင် အမျိုးသမီး ၁၈ ရာခိုင်နှုန်းသာ ပါဝင်သည်။
တော်လှန်ရေးလှုပ်ရှားမှုတွင် အမျိုးသမီးများသည် ဦးဆောင်မှုအခန်းမှ ပါဝင်သော်လည်း နိုင်ငံရေးအာဏာ ရရှိနိုင်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သိသိသာသာ တိုးတက်လာခြင်း မရှိပေ။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည့် ဖြုတ်ချခံအမတ်များဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးအဆင့်တွင် အမျိုးသမီး ၁၈ ရာခိုင်နှုန်းသာ ပါဝင်သည်။
ပြည်တွင်းနေရပ်စွန့်ခွာ လူမှုအသိုက်အဝန်းများတွင် အမျိုးသမီးခေါင်းဆောင် အနည်းငယ်သာရှိပြီး လူမျိုးစု အခြေပြု အတိုင်ပင်ခံကောင်စီများတွင် အမျိုးသမီးများသည် လူနည်းစုဖြစ်သည်။ သို့သော် အမျိုးသမီးများ၏ အကျိုးဆောင်မှု အရည်အသွေးသည် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရေရှည်တည်တံ့မှုအပေါ် ကြီးမားသော ရိုက်ခတ်မှု ရှိနိုင်ကြောင်းနှင့် ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီးများ ပိုမိုပါဝင်သော နိုင်ငံများသည် ပို၍ကြွယ်ဝ ချမ်းသာကြောင်း သုတေသနက ဖော်ပြနေသည်။
ဒေသတွင်းနှင့် နိုင်ငံတကာ ပျက်ကွက်မှုများ
လိင်ကွဲပြားမှုအပေါ် အခြေခံသည့် ဆိုးရွားကျယ်ပြန့်သော ဘေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာနှင့် ဒေသတွင်းမှ ပါဝင်လှုပ်ရှားသူများသည် လိုအပ်သော ထောက်ခံမှု၊ ရင်းမြစ်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် တရားမျှတမှုပေးရန် ပျက်ကွက်ကြသည်။
လူသားချင်းစာနာမှု အကူအညီသည် လွန်စွာ မလုံမလောက် ဖြစ်ပြီး လိုအပ်နေသူများထံသို့လည်း မရောက်ပေ။ ထိုသို့ လိုအပ်နေသူများထံ မရောက်ရခြင်းမှာ အကူအညီများ ပေးပို့သည်ကို နှောက်ယှက်ဟန့်တားသည့် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မှီခိုခြင်းအတွက်လည်း တစိတ်တပိုင်းပါဝင်သည်။ ထိုအခါတွင်လည်း အမျိုးသမီးများသည် ၎င်းတို့ ကိုယ်တိုင်အတွက်နှင့် မိသားစုများလုံခြုံရေး ခြိမ်းခြောက်မှုများ ရှိစေကာမူ ထိုဟာကွက်ကို ဝင်ရောက်ဖြည့်ဆည်းပေးပြီး ပိုမို များပြားသော အရေးကြီးလာသည့် လူသားချင်းစာနာမှု လိုအပ်ချက်များကို ဖြည့်ဆည်းကာ ကယ်ဆယ်ရေးနှင့် ဝန်ဆောင်မှုများပေးသည်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ကျဆုံးနေသည့် ဘုံသဘောတူညီချက် ငါးချက်ဖြင့် အကျပ်အတည်း ဖြေရှင်းရေး မဖြစ်နိုင်သော စိတ်ကူးယဉ်အိပ်မက်ကို ဖက်တွယ်ပြီး နိုင်ငံတကာထောက်ခံမှုနှင့် အာရုံစိုက်မှု လျော့ကျလာသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ချမှတ်ခဲ့ပြီး အကြမ်းဖက်မှု ရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေး တိုက်တွန်းသော်လည်း ထိုအချက် နှစ်ချက်လုံး အကောင်အထည် ပေါ်မလာခဲ့ပေ။
စစ်ကောင်စီသည် ၎င်းတို့၏ အကြမ်းဖက် ရာဇဝတ်မှုနှင့် ဆိုးရွားလှသော စီမံခန့်ခွဲမှုကို ဆက်လက် လုပ်ဆောင်နေသော်လည်း ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် ဒေသတွင်းမှ ပတ်သက်နေသူများသည် စစ်ကောင်စီနှင့် ဆက်လက်ထိတွေ့ ဆက်ဆံနေသောကြောင့် စစ်ကောင်စီအား နည်းလမ်းပြောင်းရန် တွန်းအားမရှိပေ။
စစ်ကောင်စီသည် ၎င်းတို့၏ အကြမ်းဖက် ရာဇဝတ်မှုနှင့် ဆိုးရွားလှသော စီမံခန့်ခွဲမှုကို ဆက်လက် လုပ်ဆောင်နေသော်လည်း ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် ဒေသတွင်းမှ ပတ်သက်နေသူများသည် စစ်ကောင်စီနှင့် ဆက်လက်ထိတွေ့ ဆက်ဆံနေသောကြောင့် စစ်ကောင်စီအား နည်းလမ်းပြောင်းရန် တွန်းအားမရှိပေ။
မစ္စ ဂျူလီ ဘိရှော့ကို ကုလသမဂ္ဂ အထူးသံတမန် ခန့်အပ်ခြင်းသည် လမ်းကြောင်းမှန်အတွက် ခြေလှမ်းတခု ဖြစ်နိုင်သော်လည်း ခက်ခဲသောအခန်းကဏ္ဍဟု သတ်မှတ်ထားသည်။ ကာလကြာမြင့်ပြီဖြစ်သည့် ရာထူးတွင် သူမည်မျှ ထိထိရောက်ရောက် လုပ်နိုင်မည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လုပ်နိုင်သည့်၊ လုပ်သင့်သည့်အရာ အများအပြား ရှိနေသေးပြီး စစ်တပ်ကို အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အရေးယူရန် လုပ်ဆောင်နေသည့် နိုင်ငံတကာ အားထုတ်မှုကို ထောက်ခံခြင်းနှင့် ထိုအားထုတ်မှုများတွင် လိင်ပိုင်းဆိုင်ရာနှင့် လိင်ကွဲပြားမှု အခြေပြုရာဇဝတ်မှုများ ပါဝင်စေရေးတို့နှင့် စတင်ရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စစ်တပ်၏ ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးတွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အကြွင်းမဲ့ တရားစီရင်ရေးမူအရ အာဂျင်တီးနားနိုင်ငံတွင် ရာဇဝတ်မှုတခုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်ခဲ့သည်။ အလားအလာကောင်းသော ခြေလှမ်းတခုမှာ အာဂျင်တီးနား အစိုးရရှေ့နေက ထိုတရားရုံးအနေဖြင့် လူပုဂ္ဂိုလ် ၂၅ ဦးကို ဖမ်းဝရမ်းထုတ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် တောင်းဆိုသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကလည်း မြန်မာ၏ ၂၀၁၇ ခုနှစ်က လုပ်ရပ်များသည် ဂမ်ဘီယာနိုင်ငံက စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် ချိုးဖောက်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကလည်း အလားအလာရှိသည့် နိုင်ငံတကာရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသော်လည်း တရားစီရင်ပိုင်ခွင့်အရ ဘင်္ဂလားဒေ့ရှ်ပိုင်နက်တွင်း ကျူးလွန်သည့် အမှုများကိုသာ အနည်းဆုံး တစိတ်တပိုင်းအားဖြင့် စုံစမ်းစစ်ဆေးနိုင်သည်။
ထိုအားထုတ်မှုများသည် အပြုသဘောဆောင်သကဲ့သို့ စံနမူနာသဘောလည်း ဆောင်သည့်တိုင် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များ ပတ်ဝန်းကျင်တွင် အဓိကဖြစ်ခဲ့သည့် နယ်မြေရှင်းလင်းရေး၌ ကျူးလွန်ခဲ့သော ချိုးဖောက်မှုများကိုသာ အကန့်အသတ်ဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။
သို့သော် အထူးအစီရင်ခံစာ တင်သွင်းသူ၏ အစီရင်ခံစာတွင် ဖော်ထုတ်ခဲ့သည့်အတိုင်း အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲများသည် ထိထိခိုက်ခိုက် ပျက်စီးစေသော လိင်ကွဲပြားမှုအခြေခံ ရိုက်ခတ်ချက်များရှိပြီး ထိုရိုက်ခတ်ချက်များကို ခံစားခဲ့ရသည့် ဘေးအန္တရာယ်များ အားလုံးကို လွှမ်းခြုံသော ပိုမိုကျယ်ပြန့်သည့် တာဝန်ခံရေး အားထုတ်မှုဖြင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။
ပထမဆုံးလုပ်ရမည်မှာ စစ်ကောင်စီကို မြန်မာ၏ ကုလသမဂ္ဂကိုယ်စားပြုမှုမှ အမြဲတမ်း ပယ်ချခြင်းနှင့် အဆိုပြု ရွေးကောက်ပွဲအတုကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်း အပါအဝင် မြန်မာကို အုပ်ချုပ်သည့် အာဏာပိုင်အဖြစ်မှ လုံးဝငြင်းပယ်ခြင်း ဖြစ်သည်။
ပထမဆုံးလုပ်ရမည်မှာ စစ်ကောင်စီကို မြန်မာ၏ ကုလသမဂ္ဂကိုယ်စားပြုမှုမှ အမြဲတမ်း ပယ်ချခြင်းနှင့် အဆိုပြု ရွေးကောက်ပွဲအတုကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်း အပါအဝင် မြန်မာကို အုပ်ချုပ်သည့် အာဏာပိုင်အဖြစ်မှ လုံးဝငြင်းပယ်ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည်လည်း ရက်စက်ကြမ်းကြုတ်မှု အပြည့်အစုံကို စုံစမ်းစစ်ဆေးရန် အခြေအနေကို ICC သို့ လွှဲပြောင်းပေးအပ်ခြင်းဖြင့် ပိုမိုညီညွတ်သော အရေးယူမှု ပြုလုပ်နိုင်သည်။ နောက်ထပ် ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့အရေးယူမှုများ သို့မဟုတ် လေယာဉ်ဆီ ပေးပို့မှုအပါအဝင် လက်နက်ပိတ်ဆို့မှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။
လွန်စွာဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေသည့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းသည် အကျပ်အတည်းကို ပိုမိုရှည်ကြာစေရုံသာမက အရပ်သားများကို ပိုမို ဒုက္ခရောက်စေကြောင်း အာဆီယံက အသိအမှတ်ပြုရမည်ဖြစ်သည်။ ၎င်းတို့သည် အားလုံးအကျုံးဝင်သည့် နိုင်ငံရေးမူဘောင်သစ်ဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို ထောက်ခံရမည်ဖြစ်သည်။
နောက်ဆုံးအချက်မှာ လူသားချင်းစာနာမှု အကူအညီများကို အလွန် လိုအပ်နေသည့်နေရာများထံ ရောက်ရှိရန် ဒေသအခြေအနေကို ကောင်းစွာနားလည်ပြီး အလိုအပ်ဆုံးသူများသို့ လက်လှမ်းမီသည့် ဒေသဆိုင်ရာအုပ်စုများနှင့် ပူးပေါင်း ပေးပို့ရမည် ဖြစ်သည်။
နိဂုံး
အမျိုးသားများသည် မြန်မာမှစစ်ပွဲတွင် ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်နိုင်သော်လည်း အတိုင်းအတာအရ အမျိုးသမီးများနှင့် လိင်ကွဲပြားခြားနားသူများ၏ ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေးနှင့် ဘဝသာယာစိုပြေရေးတို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုးစိုက်ကျဆင်းသည်။
အမျိုးသမီးများနှင့် လိင်ကွဲပြားခြားနားသူများသည် အကျပ်အတည်း၏ ဒဏ်ကို အပြင်းထန်ဆုံး ခံစားရသော်လည်း ဘေးအန္တရာယ်ကို လျှော့ချရန် အောက်ခြေအဆင့်အထိ လုပ်ဆောင်ပြီး တော်လှန်ရေးလှုပ်ရှားမှု၏ တပ်ဦးသို့ ရောက်လာကြသည်။ သို့သော် ၎င်းတို့အင်အားစု တခုတည်း လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
အမျိုးသမီးများနှင့် လိင်ကွဲပြားခြားနားသူများသည် အကျပ်အတည်း၏ ဒဏ်ကို အပြင်းထန်ဆုံး ခံစားရသော်လည်း ဘေးအန္တရာယ်ကို လျှော့ချရန် အောက်ခြေအဆင့်အထိ လုပ်ဆောင်ပြီး တော်လှန်ရေးလှုပ်ရှားမှု၏ တပ်ဦးသို့ ရောက်လာကြသည်။
သို့သော် ၎င်းတို့အင်အားစု တခုတည်းအနေဖြင့် ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ စစ်အုပ်ချုပ်ရေး ထမ်းပိုးအောက်မှ လွတ်မြောက်သည့် ပိုမိုကွဲပြားစုံလင်၊ အကျုံးဝင်ပြီး တန်းတူညီမျှသော မြန်မာနိုင်ငံ တည်ဆောက်ရာတွင် အောင်မြင်ရေးအတွက် ၎င်းတို့ကို နိုင်ငံတကာ နိုင်ငံရေး၊ ဘဏ္ဍာရေး အထောက်အကူများစွာ ပိုမိုလိုအပ်သည်။
(The Diplomat ပါ Michelle Onello ၏ The Devastating Gendered Impacts of Myanmar’s Coup ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့
အမျိုးသမီးများကို အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်
စစ်ရှောင်နှင့် ထောင်တွင်းက အမျိုးသမီးများ လစဉ်သုံးပစ္စည်းများ အခက်အခဲဖြစ်နေ
ကနီတွင် စိတ်ကျန်းမာရေးချို့ယွင်းသူ အပါဝင် အမျိုးသမီး ၇ ဦး အဓမ္မပြုကျင့်ခံရ
PDF နှင့် စစ်ရှောင်အား ငွေထောက်ပံ့သည်ဆိုကာ အမျိုးသမီး ၇ ဦး ထောင်နှစ်ရှည်ချခံရ
အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ