• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သင်္ဘောသားလစာငွေ ပြည်တွင်းဘဏ်တချို့မှ ထုတ်ယူရန် ခက်ခဲနေ

by ဧရာဝတီ
12 September 2024
in သတင်း
A A
သင်္ဘောသားလစာငွေ ပြည်တွင်းဘဏ်တချို့မှ ထုတ်ယူရန် ခက်ခဲနေ

ကိုဗစ်ကာလက မြန်မာသင်္ဘောများလိုက်ပါသည့် ကော့သောင်းရေပြင်တွင် တွေ့ရသော ပင်လယ်ကူး သင်္ဘောတစီး(MOI)

1.8k
VIEWS
Share on FacebookShare on Twitter

သင်္ဘောသားများ၏ လစာဒေါ်လာငွေများကို ကုမ္ပဏီများမှတဆင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များသို့လွှဲ၍ ငွေထုတ်ယူရာတွင် အခက်အခဲတချို့ရှိနေကြောင်း သင်္ဘောသားအသိုင်းအဝိုင်းမှ သိရသည်။

လက်တလော United Amara Bank (UAB)ဘဏ်တွင် သင်္ဘောသားလစာငွေများကို ထုတ်မပေးဘဲထားသည်မှာ တပတ်ကျော်ရှိလာပြီဖြစ်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။

၎င်းက “ဥရောပက သင်္ဘောသားတွေရဲ့ လစာကို မြန်မာနိုင်ငံက UAB ဘဏ်မှာ Special account for Sailors ဆို အကောင့်ဖွင့်ပြီး ပို့ရပါတယ်။ ကုမ္ပဏီတွေက ဘဏ်ကို ငွေ တိုက်ရိုက်လွှဲရတာ။ ပုံမှန်က လစဉ် ပြန်ပို့ငွေကို ၂ ရက်ကနေ ၃ ရက်အတွင်း မြန်မာပြည်ဘဏ်အကောင့်ကနေ ထုတ်လို့ရပေမယ့် ယခု စက်တင်ဘာလမှာ တပတ်ကျော်တဲ့အထိ ငွေ ထုတ်လို့ မရသေးဘူး”ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘဏ်သို့ မေးမြန်းရာတွင်လည်း နိုင်ငံခြားမှ ဝင်ရောက်လာသည့်ငွေများကို စိစစ်နေဆဲ ဖြစ်သောကြောင့်ဟုသာ ပြန်လည် ဖြေကြားကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “အရင်က တခါမှ အခုလို မဖြစ်ခဲ့ဘူး။ အခုက တဦးတည်း မဟုတ်ဘဲ လူတိုင်း အခုလို ကြုံလာရတာ”ဟု ပြောသည်။

UAB Bank သည် နဝတအစိုးရခေတ်က ဩဇာကြီးသော ဝန်ကြီးဟောင်း ဦးအောင်သောင်းသားဖြစ်သူ ဦးနေအောင် ပိုင်သည့် ပုဂ္ဂလိကဘဏ်တခု ဖြစ်ပြီး စစ်အစိုးရလက်ထက် ပုဂ္ဂလိကဘဏ်များကို လုပ်ပိုင်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။

ပင်လယ်ပြင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာသင်္ဘောသားတဦး (Myanmar Seaman)

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး UAB ဘဏ်၏ ရုံးဖုန်းသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။

RelatedPosts

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
3
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
11
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
6

၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သင်္ဘောသားလစာငွေများကို ၂၁ ရက်အတွင်း AD လိုင်စင်ရ ပုဂ္ဂလိကဘဏ်များ၌ စိတ်ကြိုက်ရောင်းချခွင့်ရှိပြီး ၂၁ ရက်ကျော်ပါက ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ဖြတ်ယူမည်ဖြစ်ကြောင်း ဆိုထားသည်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက “သင်္ဘောသားလစာ ငွေက မြန်မာငွေနဲ့ ထုတ်တာတော့ ထုတ်လို့ရပါတယ်။ ကျနော် သိသလောက်တော့ ပြဿနာ မရှိပါဘူး။ ထုတ်လို့တော့ ရပါတယ်။ လစာငွေကတော့ ဘဏ်တွေက လုပ်ကြပါတယ်။ UAB ၊ CB ၊ KBZ ၊ ဧရာဝတီ၊ A-bank အားလုံးတော့ လုပ်ကြပါတယ်”ဟု ဧရာဝတီသို့ပြောသည်။

စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်၊ Online Trading တွင် ၁ ဒေါ်လာလျှင် ၃၅၀၀ ကျပ်ကျော် သတ်မှတ်ထားပြီး သင်္ဘောသားလစာငွေများကို ဘဏ်များမှ လဲလှယ်ပေးရာတွင် ယခုနှစ် ဇူလိုင်လမှစ၍ အထူးနှုန်းထား ၁ ဒေါ်လာလျှင် ၄၁၅၀ ကျပ်ဖြင့် ရရှိကြောင်း သိရသည်။

သို့သော်လည်း ယင်းနှုန်းထားမှာ ပြင်ပပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ကွာဟမှုရှိနေသောကြောင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်အနေဖြင့်လည်း စစ်ကောင်စီ၏ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် နှုန်းထားပြောင်းလဲ သတ်မှတ်ပေးရန် တောင်းဆိုထားခြင်းများလည်းရှိကြောင်း ယင်းအသင်းမှ သိရသည်။

ထို့ပြင် သင်္ဘောသားများအနေဖြင့် လစာဝင်ငွေကို ၁ နှစ်စာ ကြိုတင်အခွန်ဆောင်ပြီးမှသာ ပတ်စပို့သက်တမ်း တိုးရသည့် အခြေအနေလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပင်လယ်ကူးသင်္ဘောသား ၇သောင်းဝန်းကျင်ရှိပြီး ယင်းတို့အနက် ထက်ဝက်ခန့်မှာ လုပ်ငန်းခွင်များ၌ လုပ်ဆောင်နေကြသောကြောင့် လစဉ်ပျမ်းမျှနိုင်ငံခြားဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိနိုင်ကြောင်း သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

You may also like these stories:

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို

Your Thoughts …
Tags: UAB Bankဒေါ်လာဗဟိုဘဏ်သင်္ဘောသားလစာငွေအခက်အခဲအခွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

Next Post
မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ် တိုးတက်မှု (အပိုင်း ၁)- ပထမဆုံး အာဏာသိမ်းမှု ဘာကြောင့် ခုခံမှု နည်းရသလဲ

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ် တိုးတက်မှု (အပိုင်း ၁)- ပထမဆုံး အာဏာသိမ်းမှု ဘာကြောင့် ခုခံမှု နည်းရသလဲ

စစ်ဖြစ်နေသော မြန်မာသို့ အကူအညီစင်္ကြံဖွင့်ရေး ICRC တွန်းအားပေးနေ

စစ်ဖြစ်နေသော မြန်မာသို့ အကူအညီစင်္ကြံဖွင့်ရေး ICRC တွန်းအားပေးနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved