• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

စစ်ခေါင်းဆောင်၏ မြင်းခြံ သံမဏိစက်ရုံ တိုက်ခိုက်ခံရ၍ ရပ်ထားရ

by The Irrawaddy
21 August 2024
in Military, စီးပွားရေး, သတင်း
A A
စစ်ခေါင်းဆောင်၏ မြင်းခြံ သံမဏိစက်ရုံ တိုက်ခိုက်ခံရ၍ ရပ်ထားရ

၂၀၂၃ မေလ ၃၁ ရက်က မြင်းခြံ သံမဏိစက်ရုံသို့ လာရောက်သော စစ်ခေါင်းဆောင်အား တွေ့ရစဉ်/ CINCDS

6.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှ အမှတ် ၁ သံမဏိစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့က Myingyan District Special Operation (MDSO) စစ်ဆင်ရေးအတွင်း ၆၀ မမ စိန်ပြောင်းဖြင့် အချက် ၅၀ ခန့် တပြိုင်နက် တိုက်ခိုက် ခဲ့ရာ လည်ပတ်မှု ရပ်ဆိုင်းသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူတဦးက ပြောသည်။

ဩဂုတ် ၁၆ ရက်ညပိုင်းက စစ်သား ၂၀၀ခန့် လုံခြုံရေးယူထားသည့် ထိုစက်ရုံကို PDF တို့က စိန်ပြောင်းများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုနှင့် သေဆုံးဒဏ်ရာရမှုများအား အသေးစိတ် မသိရသေးကြောင်း ၎င်းကဆိုသည်။

“စစ်တပ် လက်နက်ပစ္စည်းထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ သံနဲ့သံမဏိကို ဒီစက်ရုံကနေလည်း ထုတ်လုပ်ပြီး သုံးနေတာ ဖြစ်လို့ ပစ်မှတ်ထား တိုက်ခိုက်တာပါ။ မတိုက်ခိုက်ခင်က စက်ရုံက လည်ပတ်တယ်၊ ပစ်ပြီးတဲ့နောက်ပိုင်းမှာ ဆက် လည် ပတ်တာ မရှိတော့ဘူး၊ ငြိမ်ကျသွားတယ်၊ စက်လည်ရင် အဲဒီနားက ရွာနီးစပ်တွေက စက်သံကြီး တညလုံး ကြားရ တယ်” ဟု သူက ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ၃ ကြိမ်သွားရောက်ခဲ့ရာ နောက်ဆုံးအကြိမ်မှာ ၂၀၂၃ ခုနှစ် မေလကဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့၏ Myingyan District Special Operation (MDSO)အတွင်း ဆက်စပ်နေ သည့် မြင်းခြံ၊ မိထ္တီ၊ မန္တလေးဒေသကို ပြသည့် မြေပုံ(ဧရာဝတီ)

ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်က စတင်သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)၌ တောင်သာနှင့် မြင်းခြံမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ သံမဏိစက်ရုံအတွင်း ရွှေ့ပြောင်းခိုလှုံခဲ့ရပြီး မြို့ပေါ် ဌာနဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းလျှက် ရှိကြောင်း PDF များက ပြောသည်။

ဒေသတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ဆင်ရေးအတွင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်တို့ ၌ တိုက်ပွဲများဖော်ဆောင်၍ စစ်တပ်စခန်းအချို့အား သိမ်းပိုက်ထားသော်လည်း စစ်သားအင်အား ၂၀၀ ခန့်ဖြင့် အခိုင်အမာ တပ်စွဲထားသည့် သံမဏိစက်ရုံအား စီးနင်းတိုက်ခိုက်သိမ်းပိုက်ရန် အခက်အခဲရှိနေသေးကြောင်း PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။

မြင်းခြံစက်ရုံထုတ် သံမဏိများအား စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုတွင် အသုံးချခြင်းရှိမရှိ မသေချာသော်လည်း ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ရွာရှိ အမှတ်-၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆)မှ ထုတ်သည့် သံမဏိကိုမူ အဓိက အသုံးပြုကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

၎င်းက “ ကာကွယ်ရေးအတွက်က ပဲခူးတိုင်း ပန်းတောင်း ဥသျှစ်ပင်နားက ညောင်ခြေထောက်(ကပစ-၆) မှာရှိတဲ့ သံမဏိစက်ရုံက ထုတ်လုပ်တာတွေ သုံးတာဖြစ်တယ်” ဟု ပြောသည်။

တနှစ်လျှင် သံတန်ချိန် ၄သိန်းထုတ်လုပ်နိုင်မည်ဆိုသော အမှတ်-၁ မြင်းခြံသံမဏိစက်ရုံကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)က ၂၀၀၄ ခုနှစ်တွင် တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးဘဏ် (CDB)၏ ချေးငွေဖြင့် စတင်ခဲ့ပြီး ထိုစဉ်က လုပ်ကွက် ၁ အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၆ ဘီလီယံ ရယူကာ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ မေလ ၃၁ ရက်က မြင်းခြံ သံမဏိစက်ရုံသို့ လာရောက်သော စစ်ခေါင်းဆောင်အား တွေ့ရစဉ်

ချေးငွေအတိုး ၄.၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ခဲ့သဖြင့် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် စက်မှု ဝန်ကြီး ဌာနက လွှဲပြောင်းရယူခဲ့ရပြီး စစ်တပ်ပိုင် MEC အကြွေးများအား အစိုးရက စိုက်ဆပ်ခဲ့ရသည်။

အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ်က အကြွေးပိကာ အရှုံးပေါ်မှုကြောင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်း ထားခဲ့ရကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တရုတ်အစိုးရအား နေ့စဉ် ပေးဆပ်နေရသည့်ပမာဏမှာ ယူရိုငွေ သုံးသိန်းကျော်ရှိကြောင်း မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ၂၀၂၀ ခုနှစ် တိုင်း လွှတ်တော်အစည်းအဝေး၌ ပြောဆိုခဲ့သည်။

၂၀၂၀ ခုနှစ်တွင် မြင်းခြံ အမှတ် ၁ သံမဏိစက်ရုံနှင့် ပတ်သက်၍ အကြွေးမှာ အတိုးအပါအဝင် ယူရိုငွေ ၁.၆၁၅ ဘီလီယံကျော် ရှိလာရာ ထိုနှစ်မှာပင် မြန်မာအစိုးရနှင့် တရုတ် CDB ဘဏ်တို့အကြား အကြွေးဆိုင်းငံ့ စာချုပ် ချုပ်ဆိုခဲ့ သည်။

သို့သော် ၂၀၂၁ ခုနှစ် တကျော့ပြန်စစ်တပ်အာဏာသိမ်းပြီးနောက်တွင် စစ်ခေါင်းဆောင်က ပြည်တွင်း သံနှင့်သံမဏိသုံးစွဲမှု လိုအပ်ချက်ဟုဆိုကာ အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်လည်ပတ်ရန် စက်မှုဝန်ကြီး ဦးချာလီသန်းကို လုပ်ဆောင် စေခဲ့သည်။

၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်း၌ သံရည်ကြိုပုံလောင်းမှု စတင်လည်ပတ်နိုင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖွင့်လှစ်ခဲ့ရာ ထိုစီမံကိန်းတွင် အီတလီနိုင်ငံမှ Danieli ကုမ္ပဏီလည်း ပါဝင်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

လက်ရှိ စစ်တပ်ပိုင် MEC နှင့် ရုရှားအစိုးရပိုင် Rostec လုပ်ငန်းလက်အောက်ခံ VO Tyazhpromexport တို့ ပူးပေါင်း အကောင် အထည်ဖော်နေသည့် တောင်ကြီးမြို့နယ် အမှတ်-၂ သံမဏိစက်ရုံ (ပင်းပက်)မှ ထွက်သည့် သံစိမ်းကုန်ကြမ်းများ ဖြင့် မြင်းခြံစက်ရုံကို လည်ပတ်ကာ သံနှင့် သံမဏိထုတ်လုပ်ရန် ရည်မှန်းထားခြင်းဖြစ်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
48
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
40
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
60

ရုရှားအစိုးရပိုင် Rostec လုပ်ငန်းစုမှာ မြန်မာစစ်တပ်အား လက်နက်နှင့်စစ်သုံးယာဉ်များ တင်ပို့နေသည့် ကုမ္ပဏီ တခုဖြစ်သည်။

သို့သော် မြင်းခြံသံမဏိစက်ရုံ ပြန်လည်ပတ်သည့်တနှစ်တာအတွင်း ကားအို၊ ကားဟောင်းများသာ အရည်ကျိုခဲ့ရသည်ကို တွေ့ရပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်မှ ၂၀၂၄ ခုနှစ် မတ်အထိ သံရည်ကျို လေးထောင့်ပုံသံမဏိချောင်း ၁၁၈၂၉ ဒသမ ၈၃ တန်ထုတ် လုပ်ခဲ့ကြောင်း စက်မှုဝန် ကြီးဌာနစာရင်းများအရ သိရသော်လည်း တင်ဒါခေါ်ရောင်းချခြင်း ပြုလုပ်သည်ကို မရှိတွေ့ရပေ။

စက်ရုံက အရည်ကျိုခဲ့သော ကားအိုကားဟောင်းများ၏ အင်ဂျင်၊ ဒိုင်နမို၊ မော်တာ အပျက်အဟောင်းများနှင့် သံရည်ပျက်တုံးများကိုသာ တင်ဒါခေါ်ရောင်းချလေ့ရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် သံနှင့်သံမဏိသုံးစွဲမှု တန်သုံးသန်းခန့်ရှိရာ ပြည်တွင်းထုတ်လုပ်မှုမှ တန်ချိန် တသန်းခန့်သာ ရသည့်အတွက် လိုအပ်သည့် တန်နှစ်သန်းခန့်အား ပြည်ပမှတင်သွင်းရန် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် သုံးစွဲနေရကြောင်း စက်မှုဝန်ကြီးဌာနဘက်က ပြောထားသည်။

၂၀၂၃ မေလ ၃၁ ရက်က မြင်းခြံ သံမဏိစက်ရုံသို့ လာရောက်သော စစ်ခေါင်းဆောင်အား တွေ့ရစဉ်

စစ်ခေါင်းဆောင် ပြန်လည်အကောင်အထည်ဖော်နေသည့် ပင်းပက်နှင့်မြင်းခြံ သံမဏိစက်ရုံနှစ်ခု အပြည့်အဝ လည်ပတ်နိုင်ပါက နှစ်စဉ် သံနှင့်သံမဏိ တန် ၅ သန်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

လက်ရှိတွင် PDF များဖော်ဆောင်သည့် မြင်းခြံခရိုင်စစ်ဆင်ရေးအတွင်း တိုက်ခိုက်ခံရမှုရှိလာသဖြင့် စက်ရုံဆက်လက် အကောင်အထည်ဖော် လည်ပတ်နိုင်ရေး မရေမရာ ဖြစ်နေသလို သံမဏိစက်ရုံနှင့် ကပ်လျက်ရှိ V-Power သဘာဝ ဓာတ်ငွေသုံးလျှပ်စစ် စက်ရုံနှင့် Sembcorp လျှပ်စစ်စက်ရုံတို့မှာ တိုက်ပွဲများပြင်းလာသည့်အတွက် ရပ်ထားရသဖြင့် မဟာဓာတ်အားလိုင်းသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်မှု လျော့ကျခဲ့ရပြီဖြစ်သည်။

You may also like these stories:

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

မြင်းခြံဓာတ်အားပေး စက်ရုံကို စင်္ကာပူကုမ္ပဏီ ယာယီရပ်ဆိုင်း

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

Your Thoughts …
Tags: PDFစက်မှုဝန်ကြီးဌာနစစ်လက်နက်ပစ္စည်းမြင်းခြံခရိုင်အမှတ်(၁) သံမဏိစက်ရုံ
The Irrawaddy

The Irrawaddy

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ဂျိတ္တောတွင် ခုခံနေသော စစ်ကောင်စီတပ်ဖွဲ့ ထွက်ပြေး

ဂျိတ္တောတွင် ခုခံနေသော စစ်ကောင်စီတပ်ဖွဲ့ ထွက်ပြေး

စစ်အာဏာသိမ်းကာလ ရာထူးတိုးလာသည့် “ဒွေး” မောင်နှမ

စစ်အာဏာသိမ်းကာလ ရာထူးတိုးလာသည့် "ဒွေး" မောင်နှမ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved