• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ဆင်ရိုင်းကို ဦးခေါင်းဖြတ်သည့် သက်သေမှတ်တမ်းထွက်လာ

by ဧရာဝတီ
1 April 2023
in သတင်း
A A
ဗိုလ်ဆင်ရိုင်း၏ ဦးခေါင်းအား ဖြတ်ယူသွားသည့် အာဏာသိမ်းစစ်ကြောင်း

ဗိုလ်ဆင်ရိုင်း၏ ဦးခေါင်းအား ဖြတ်ယူသွားသည့် အာဏာသိမ်းစစ်ကြောင်း

61.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်းမှ ဒုတပ်ရင်းမှူးဗိုလ်ဆင်ရိုင်း အား စစ်ကောင်စီက ခေါင်းဖြတ် သတ်ဖြတ်နေသည့် ဒရုန်းရုပ်သံမှတ်တမ်း ထွက်ပေါ်လာသည်။

ထိုဒရုန်းရုပ်သံမှတ်တမ်းအား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိုက်ကူး မှတ်တမ်း တင်ထားခြင်းဖြစ်ပြီး ထိုမှတ်တမ်းထဲတွင် ဖမ်းမိထားသည့် ဗိုလ်ဆင်ရိုင်းအား စစ်ကောင်စီ တပ်ဖွဲ့ဝင်က ခေါင်းဖြတ်ယူဆောင်သွားခြင်း ဖြစ်သည်။

အလောင်းကောက်ယူရာတွင် ပါဝင်သည့် မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် ကိုလုလင်က “အလောင်းသွားကောက်တော့ ခေါင်းမရှိဘူး။ ဒီမနက်မှ ခေါင်းကို တွေ့တယ်။ ခေါင်းဒဏ်ရာကလည်း ဟက်တက်ကွဲ နေတာ။ ၆ လက်မလောက် ရှိတယ်။ ဦးနှောက်အထိ မြင်ရတယ်။ အနောက်ကနေ ဓားနဲ့ ခုတ်ထားသလိုပဲ။ ကိုဆင်ရိုင်း ခေါင်းကို ရွာပြင်မှာ ပစ်ထားခဲ့တာ။ ကောက်ခဲ့တဲ့အချိန်မှာ ခေါင်းမှာ နားရွက် ၂ ဖက်လုံး မရှိတော့ဘူး” ဟု ပြောသည်။

ဒေသခံများအခေါ် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် ဆွဲလွဲအိုရွာအနီးရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၏ စစ်ကိုင်းခရိုင်၊ တပ်ရင်း အမှတ် ၁၊ တပ်ခွဲ ၃ စခန်းသို့ မတ်လ ၃၀ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး PDF တပ်၏ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဗိုလ်ဆင်ရိုင်း၏ ဦးခေါင်းအား ဖြတ်ယူသွားသည့် အာဏာသိမ်းစစ်ကြောင်း

ဗိုလ်ဆင်ရိုင်းသည် စစ်ကောင်စီတပ် ဝင်လာချိန်တွင် ထွက်ပြေး လွတ်မြောက်သော်လည်း ၎င်းတို့တပ်ခွဲတွင် အတူနေ ထိုင်သော သူငယ်ချင်းဖြစ်သူ CDM ဗိုလ်ကြီးကို စောင့်ဆိုင်းခေါ်ယူရင်း မလွတ်မြောက်ဘဲ သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက ပြောသည်။

ဗိုလ်ဆင်ရိုင်း အနီးအနား ဝန်းကျင်တွင် စစ်ကောင်စီတပ်သား ၁၅ ယောက်ခန့် ရှိသော်လည်း ဓားမကိုင်ဆောင်ထားသည့် စစ်သား ၁ ဦးက ခေါင်းကို ဖြတ်တောက်ပြီးနောက် ဆွဲလွဲအိုရွာဘက်သို့ ထွက်ခွာသွားသည့် မြင်ကွင်းကို ဒရုန်းဖြင့် မြင်ရကြောင်း ကိုလုလင်က ရှင်းပြသည်။

“ကျနော်တို့ ဒရုန်းနဲ့လွှတ်တဲ့အချိန်မှာ ဒရုန်းကနေ ဗိုလ်ဆင်ရိုင်းခေါင်းကို ခုတ်နေတာကို မြင်ရတယ်။ ပြီးတော့ ခေါင်းကို လက်မှာ ဆွဲသွားတယ်။ ခဏနေတော့ ခေါင်းကို ချပြီးတော့ အိတ်ထဲကို ဘာပစ္စည်းလဲ မသိဘူး။ ထည့်ပြီးတော့ ခေါင်း ကို လက်၂ ဖက်နဲ့ကိုင်ပြီး ပုခုံးပေါ် တင်သွားတာ။ ဖြတ်တာ ဓားမ ၃ ချောင်း ပါတယ်။ ၁ ချောင်းပြီး ၁ ချောင်းလဲပြီးတော့ ခုတ်တာ။ ခုတ်တာတော့ တယောက်တည်း ခုတ်တာ။ ဘေးပတ်ချာလည်မှာ ၁၅ ယောက်လောက် ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဗိုလ်ဆင်ရိုင်း၏ သူငယ်ချင်းဖြစ်သူ CDM ဗိုလ်ကြီးကိုမူ စစ်ကောင်စီက စစ်ကြောင်းနှင့်အတူ ပြန်လည် ဖမ်းဆီး ခေါ် ဆောင်သွားကြောင်း သိရသည်။

မတ်လ ၃၀ ရက် နံနက် ၅ နာရီတွင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်သည် ဆွဲလွဲအိုရွာအစွန်ရှိ PDF တပ် စခန်းကို စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တပြိုင်နက်တည်းမှာပင် ဆွဲလွဲအိုရွာ ကပ်လျက်ဖြစ်သည့် နဘက်ရွာတွင်လည်း စစ်ကြောင်း ၁ ကြောင်းက စီးနင်းဝင်ရောက်ကြောင်း သိရသည်။

ဗိုလ်ဆင်ရိုင်း၏ နာရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကိုနွေဦး- မြောင်)

စစ်ကြောင်းထွက်ခွာသည့် မတ် ၃၁ ရက်နေ့တွင် စခန်းသို့ ဝင်ရှောက်ရှာဖွေရာ၌ တပ်ဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းကို တွေ့ရှိရပြီး ၁ ဦးတွင် ရိုက်နှက်ထားသဖြင့် မျက်နှာဖူးယောင် ဒဏ်ရာများ၊ ဦးခေါင်းပွင့်ထွက်ခြင်းများ တွေ့ရှိရပြီး ကျန် ၁ ဦးတွင် လိင်အင်္ဂါကို သေနတ်ဖြင့် ပစ်ခတ်ထားသည့် ဒဏ်ရာ၊ ပေါင်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

“တယောက်ကတော့ ယောက်ျားအင်္ဂါကို ထောက်ပစ်သတ်သွားတာ။ ကျနော်တို့ ထင်တာက ပက်လက် (သို့) မှောက် လျက်ကို သေနတ်ပြောင်းကို ထိုးလိုက်ပြီးတော့ ပစ်လိုက်တာ။ တစောင်းအနေအထားဆိုတော့ ခါးလောက်က ပွင့် ထွက်သွားတာ။ တခြားတယောက်ဆို မျက်နှာက ရစရာ မရှိဘူး။ ခေါင်းကို ပစ်ထားတော့ ခေါင်းက ပွင့်နေတယ်” ဟု ကိုလုလင်က ပြောသည်။

စီးနင်းတိုက်ခိုက်ခံရသည့်တပ်ခွဲတွင် တိုက်ပွဲဝင်နိုင်သည့် သေနတ် ၂ လက်သာ ရှိပြီး အဆိုပါ ၂ လက်ကို မိုင်းအဖွဲ့နှင့် ကင်းအဖွဲ့သို့ ပေးထားရသည့်အတွက် စခန်း၌ ခုခံစရာ မည်သည့် လက်နက်မျှ ရှိမနေသည့်အတွက် ဆုတ်ခွာထွက်ပြေးရခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကိုနွေဦးက “လက်နက်က ၂ လက်ပဲရှိတယ်။ အဲဒါကလည်း ရှေ့မှာမိုင်းအဖွဲ့ကို ၁ လက် ကင်းဖွဲ့ကို ၁ လက် ပေးထားတော့ စခန်းထဲမှာ ၁ လက်မှ မရှိဘူး။ စခန်းထဲကို ဝင်လာတာ မြင်ပေမယ့် ဘာမှ ပြန်လုပ်လို့ မရဘူး။ အပြေးသက်သက်ပဲ။ လူ ၇၀ ကျော်ရှိတဲ့ တပ်ခွဲ ၁ ခွဲက လက်နက်လေး ၂ လက်ပဲ ပေးထားတာက အစုလိုက်အပြုံလိုက်သတ်ခံရဖို့ ပေးထားသလိုတောင် ဖြစ်နေတယ်။ ဝင်လာတဲ့အချိန်မှာတော့ ဘာမှတောင် ပြန်ပြီးတော့ မခုခံနိုင်လိုက်ပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဘီလူးစစ်ကြောင်းသည် မတ်လအတွင်း မြောင်မြို့နယ်သို့ ဒုတိယအကြိမ်အဖြစ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး မတ် ၁၂ ရက်ကတည်းက မတ် ၂၄ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်အထိ သေဆုံးမှုရှိခဲ့ကြောင်း မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ့ (CDSOM) က အတည်ပြုသော်လည်း သေဆုံးသူအရေအတွက်ကို ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်း မရှိပေ။

ထိုသို့ အကျအဆုံး များပြီးနောက် အင်အား ၆၀ ကျော်သာ ကျန်ရှိတော့သော ဘီလူးစစ်ကြောင်းသည် ၂၅ ရက်တွင် မြင်းမူမြို့နယ်အတွင်းသို့ ပြန်ဆုတ်ခွာသွားပြီးနောက် လူထပ်ဖြည့်ကာ ၂၉ ရက်မှစကာ မြောင်မြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်ဆင်ရိုင်း၏ နာရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကိုနွေဦး- မြောင်)

အဆိုပါ ၁၀ ရက်ခန့်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်၂ ဦး ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသလို တိုက်ပွဲတွင်း ပါဝင် သည့် PDF၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
90
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ကိုနွေဦးက “အကျအဆုံး များထားတဲ့ စစ်ကြောင်းဆိုတော့ လုံးဝ ကျေနပ်မှာ မဟုတ်ဘူး။ ပြန်ကိုလာမယ်လို့ မှန်းထားတာ။ ဒီစစ်ကြောင်းကတော့ တော်တော်ကြမ်းပြီး ရက်စက်တဲ့ စစ်ကြောင်းပေါ့။ ကိုယ့်ဆိုလည်း အရှင်ထားမှာ မဟုတ် ဘူး သတ်မှာပဲ။ သူတို့ လုပ်ရမယ့်အတိုင်း သူတို့ဆက်လုပ်သွားမှာ ကျနော်တို့ဘက်ကလည်း ကာကွယ်ရမယ့် အလုပ် ကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ ပြင်ဆင်ကြိုးစားရမယ်” ဟု ပြောသည်။

ယခု အကြိမ် ဝင်ရောက်လာသည့် ဘီလူးစစ်ကြောင်းတွင် တပ်မ တပ်မ ၉၉၊ ၇၇ ၊ ၃၃၊ လက်အောက်ရှိ တပ်သားများ စုပေါင်းလာခြင်း ဖြစ်ကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီလတွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ပိုင်း၌ ၎င်းတို့၏ စစ်ဆင်ရေးကို စတင်ခဲ့ပြီး အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်ရှိ ကန်တော်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်၂ ဦးနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသော ဒေသခံ လူငယ်၂ ဦးကို ဦးခေါင်းဖြတ်ပြီး သတ်ဖြတ်ခဲ့သည်။

ထို့နောက် မတ်လ ၁ ရက်တွင် ဧရာဝတီမြစ်နှင့် မူးမြစ် ဆုံသောနေရာ၌ တည်ရှိသော တာတိုင်ကျေးရွာကို ဝင်ရောက် စီးနင်းကာ ကျေးရွာဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုကျော်ဇောနှင့် ဒေသခံ အမျိုးသမီး ၃ ဦး အပါအဝင် ၁၇ ဦးကို သတ်ဖြတ်ခဲ့သည်။

အဆိုပါ သတ်ဖြတ်မှုများတွင် အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်ခြင်း၊ ဒေသခံများကို ဦးခေါင်းဖြတ်၊ ကိုယ်တွင်းအင်္ဂါများ ဖောက်ခြင်း၊ ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီ ဘီလူးစစ်ကြောင်းကို မြောင်မှာ PDF တွေ ဝိုင်းတိုက်

မုန်းဒေသခံ ၁၄ ဦး စစ်ကောင်စီ ဖမ်းထား

အစုလိုက်သတ်ဖြတ်မှုဖြစ်ပွားရာ ဒေသများသို့ စစ်ခေါင်းဆောင်များ လှည့်လည်ဂုဏ်ပြု

နမ်းနိန်းရွာသားတွေ ဘယ်လို အသတ်ခံခဲ့ရလဲ

တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ

စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ

Your Thoughts …
Tags: ဗိုလ်ဆင်ရိုင်းဘီလူးစစ်ကြောင်းမြောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၂

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၂

by မိုးစက်ငြိမ်းချမ်း
30 August 2024
7.4k

ဤမန်းမြောက် စစ်ဆင်ရေးတွင် နယ်မြေအလိုက် စစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့သုံးဖွဲ့ကို တွေ့ရ၏။

စစ်ကိုင်းတွင် လူမဆန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှူး သပိတ်ကျင်းနယ်၌ အရှင်ဖမ်းမိ

စစ်ကိုင်းတွင် လူမဆန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှူး သပိတ်ကျင်းနယ်၌ အရှင်ဖမ်းမိ

by ဧရာဝတီ
21 August 2024
5.7k

ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် ၅ ဦးကို သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်း၌ အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ( PLA) ထံက သိရသည်။

ရေစကြို ရေလယ်ကျွန်းဒေသမှ မြောင်ဘက်သို့အင်အားတိုး၍ စစ်ကြောင်းထိုးနေ

ရေစကြို ရေလယ်ကျွန်းဒေသမှ မြောင်ဘက်သို့အင်အားတိုး၍ စစ်ကြောင်းထိုးနေ

by ဧရာဝတီ
11 March 2025
2.9k

ရေစကြိုမြို့နယ် သာဂေါင်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကြောင်းသည် မတ်လ ၇ ရက်မှ စတင်ကာ မြောင်နယ်သို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေ

တန့်ဆည်အနောက်ခြမ်း ဒေသခံ ၁၁ ဦး စစ်ကြောင်းက သတ်ဖြတ်

တန့်ဆည်အနောက်ခြမ်း ဒေသခံ ၁၁ ဦး စစ်ကြောင်းက သတ်ဖြတ်

by ဧရာဝတီ
4 March 2024
1.3k

စစ်ကြောင်းဝင်ရောက်စဉ် တန့်ဆည်နယ် အနောက်ခြမ်း တန့်ဆည်-ကံထူးမ-ကလေးဝ (မဟာမြိုင်လမ်း) လမ်းမပေါ်ရှိ ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံ ၃ သောင်းနီးပါး ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကြောင်း ထွက်သွားပြီဖြစ်သော်လည်း ဒေသခံများ ဖမ်းဆီး သတ်ဖြတ်ခံထားရမှုကြောင့်...

တန့်ဆည် ကံထူးမရဲစခန်း PDF တို့ သိမ်းပိုက်

တန့်ဆည် ကံထူးမရဲစခန်း PDF တို့ သိမ်းပိုက်

by ဧရာဝတီ
5 March 2024
1.2k

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းရှိ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွား သဖြင့် စခန်းအား အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း

ရွှေဘိုခရိုင်၌ စစ်ရှောင် ၇ သောင်းကျော်ရှိ

ရွှေဘိုခရိုင်၌ စစ်ရှောင် ၇ သောင်းကျော်ရှိ

by ဧရာဝတီ
22 February 2024
1.1k

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်များသို့ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံ ၅ သောင်းကျော် ထပ်မံတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ဦးရေ ၇ သောင်းကျော်ထိ ရှိလာပြီဖြစ်ကြောင်း ကူညီပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။

Next Post
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ဆင်ရေး တာဝန်ယူရသော စစ်တပ်အရာရှိကြီးများ အပြောင်းအလဲ ဖြစ်ခဲ့သည်

ကရင်၊ မွန်နှင့် တနင်္သာရီ စစ်ဆင်ရေးများ ကွပ်ကဲသူ စစ်အရာရှိကြီးများ အပြောင်းအလဲဖြစ်

မတ်လ ၃၁ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်

ရခိုင်ပြည်နယ်ထဲ ခြေလှမ်းစိပ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved