• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေဘိုခရိုင်၌ စစ်ရှောင် ၇ သောင်းကျော်ရှိ

by ဧရာဝတီ
22 February 2024
in သတင်း
A A
ရွှေဘိုခရိုင်၌ စစ်ရှောင် ၇ သောင်းကျော်ရှိ

ရွှေဘိုမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ / ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

1.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်း ဝင်ရောက်နေသည့် စစ်ကြောင်းများကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြသည့် စစ်ဘေး ရှောင် ဦးရေမှာ ၇ သောင်းကျော် အထိ ရှိလာကြောင်း အကူအညီပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။

ဘီလူးစစ်ကြောင်းဟု အမည်ပေးထားသည့် ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှ အမှတ် ၇၀၈ ခြေမြန်တပ်ရင်း၊ ပုသိမ်မြို့နယ် ဝါးယားချောင်းရှိ အမှတ် ၁၁ ခြေလျင် တပ်ရင်းနှင့် ရွှေဘိုမြို့ရှိ အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့များက ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်များသို့ ဝင်၍ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ဝင်လာသည့် စစ်ကြောင်းများကြောင့် ယနေ့တိုင် ရွာမပြန်နိုင်ဘဲ ရှောင်နေရသူ ၂ သောင်းကျော် ရှိသလို၊ ယခုနှစ် ဇန်နဝါရီလက တကျော့ပြန်ဝင်သည့် စစ်ကြောင်းကြောင့် ထပ်မံရှောင်ရသူ ၂ သောင်း ကျော် ရှိကြောင်း၊ ယမန်နေ့ကလည်း တန့်ဆည်မြို့ ကံထူးမရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးများက သိမ်းသဖြင့် စစ်တပ်က ဗုံးကြဲရာ တန့်ဆည် အနောက်ခြမ်း ရွာပေါင်း ၄၀ခန့်မှ လူ ၃သောင်းခန့် ထွက်ပြေးရသဖြင့် ဒေသတွင်း စစ်ရှောင် ၇ သောင်း ကျော် ဖြစ်လာ ကြောင်း ရွှေဘိုခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ရှိသူတဦးက ဧရာဝတီ ကို ပြောသည်။

ရွှေဘိုခရိုင်သည် ပေါ်ဆန်းစပါး အဓိကစိုက်ပျိုးပြီး နွေစပါးစိုက်ချိန်တန်သော်လည်း ယနေ့တိုင် မစိုက်ပျိုးနိုင်သေးသလို စစ်ရှောင်များ ထပ်မံတိုးလာပြီး ရက်ရှည်စစ်ရှောင်နေရသဖြင့် စားနပ်ရိက္ခာအခက်ခဲများလည်း ကြုံတွေ့ နေရကြောင်း ဒေသခံများက ဆိုသည်။

ရေဦးမြို့နယ်မှ စစ်ရှောင်တဦးက “ကျနော်တို့ အလုပ်ပျက်အကိုင်ပျက်နဲ့ ပြေးနေရတာ တလကျော်သွားပြီ။ ကိုယ့်ရွာ ကိုယ့် အိမ်မှာ အိပ်ကြရတဲ့ရက်က နည်းပြီး ပြေးနေရတဲ့ရက်ကများနေတယ်။ တလမှာ ၅ ရက်လောက်ပဲ အိမ်မှာ နေရတော့တယ်။ အဲဒါတောင် ကောင်းကောင်းမွန်မွန် နေရတာမျိုးမဟုတ်ဘူး။ ဘယ်အချိန် စစ်ကြောင်းလာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျီးလန့် စာ စားနေနေကြတာ။ အခုဆိုရင် နွေစပါးစိုက်ချိန်ရောက်နေပြီ ဘာမှ မလုပ်နိုင်ကြသေးဘူး” ဟု ပြောသည်။

အလားတူ တန့်ဆည်မြို့နယ်မှ စစ်ရှောင်များကလည်း ထွက်ပြေးနေသဖြင့် လယ်ထဲမဆင်းနိုင်သည့်အတွက် နွေစပါးစိုက် ရန် အခက်အခဲတွေ့နေကြောင်း၊ စစ်ကြောင်းများက ညအချိန်မတော်မှ ဝင်သဖြင့် ရွာတွင်း ညအိပ်မနေရဲသလို လယ်ထဲသို့ လည်း ရဲရဲဝံဝံ မဆင်းရဲကြောင်း ဆိုသည်။

ဒီပဲယင်းမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “အခုစစ်ကြောင်းက တွေ့ရင် သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ ခြေလက်ဖြတ်တောက်တာ၊ မီးရှို့တာတွေလုပ်နေတော့ ကြောက်လန့်ပြီး ထွက်ပြေးကြရတာ။ အခုအချိန်ထိ ရပ်ရွာတွေထဲကို မကပ်နိုင်ကြသေးဘူး။ လက်ရှိ ဆောင်းမကုန်သေးတော့ ညပိုင်းအအေးဓာတ်ရှိနေသေးတော့ စောင်တွေ လိုအပ်နေတယ်။ ပြီးတော့ စားသောက်ဖို့ ရိက္ခာတွေလည်း လိုနေတယ်” ဟု ပြောသည်။

ရွှေဘိုမြို့နယ်၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ တန့်ဆည် ဒေသများတွင် ရွှေဘိုပေါ်ဆန်းစပါး (ဘေးကျား)ကို အဓိက စိုက်ပျိုး ကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရွှေဘိုပေါ်ဆန်းစပါး မိုးစပါးစိုက်ဧက ပေါင်း ၂၁၈၄၄ ဧက၊ ဧရာမင်းစပါး ၆၅၇၅၀ ဧက၊ မနော်ဟရီစပါး ၂၃၆၅၄ ဧက၊ IR-747 စပါး ၁၇၅၃၂ ဧက၊ ရွှေသွယ်ရင်စပါး ၂၁၆၁၇ ဧကနှင့် ဆင်းသုခစပါး ၁၃၂ ဧက စုစုပေါင်း ၃၄၇၀၂၉ ဧက စိုက်ပျိုးထားကြောင်း စစ်ကောင်စီ၏ စစ်ကိုင်းတိုင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စီမံကိန်း စာရင်းအင်းဌာန စာများအရ သိရသည်။

ရွှေဘိုမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ / ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

ယမန်နေ့က တန့်ဆည်နှင့် ရေဦးမြို့ကြားရှိ စစ်တပ်နှင့် ပျူစောထီး ၃၀ခန့် တပ်စွဲထားသည့် ကံထူးမ စံပြရွာ နယ်မြေ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးများက သိမ်းကာ မီးရှို့ဖျက်ဆီးသဖြင့် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သလို မြေပြင် စစ်ကြောင်းလည်း စစ်ကူလွှတ်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အရှိန်အဟုန်ကောင်းစဉ်က ရွှေဘိုခရိုင် အတွင်း စစ်ကြောင်းထိုးမှု လျော့နည်းခဲ့သော်လည်း ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ပြီးနောက် တကျော့ပြန် စစ်ကြောင်းများ ထိုးလာခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ဘီလူးစစ်ကြောင်းဟုခေါ်သည့် ခမရ-၇၀၈ နှင့် ခလရ-၁၁ ပူးပေါင်းစစ်ကြောင်းသည် ရေဦးမြို့တွင် အထိုင်ချတပ်စွဲပြီး ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ ဖေဖော်ဝါရီ ၁၂ ရက်ထိ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမြို့နယ်များကို လှည့်လည်စစ်ကြောင်း ထိုးခဲ့စဉ် ရေဦးမြို့နယ်မှ ကာကွယ်ရေးရဲဘော် ၁ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ရေဦးနှင့် တန့်ဆည်မြို့နယ်အစပ် ရေဦးမြို့နယ်အနောက်ခြမ်းရှိ တူမောင်းနှင့် ရွာသာယာသို့ ခမရ-၇၀၈ နှင့် ခလရ-၁၁ ပူးပေါင်းစစ်ကြောင်း ဝင်ရောက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများပါ ပြုလုပ်ခဲ့ရကြောင်း People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

ထိုသို့ ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက်တွင် စစ်ကောင်စီက တူမောင်းနှင့် ရွာသာယာကျေးရွာအနီးဝန်းကျင်သို့ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ဒေသခံများ အချိန်မီ တိမ်းရှောင်နိုင်ခဲ့ သဖြင့် ထိခိုက်မှုမရှိသော်လည်း တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် ကျေးရွာ ၁၈ ရွာခန့်မှ ဒေသခံ ၁ သောင်းကျော် အရေးပေါ်စစ်ရှောင်ခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄၊ ၁၅ ရက်များတွင် တန့်ဆည်မြို့နယ်၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ ၂ ဦး၊ ဒေသခံ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံအသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၅၊ ၁၆ ရက်များတွင်လည်း ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက တောတိုက် (လယ်စောင့်တဲ) များ၌ နေထိုင်သော အသက် ၃ နှစ်အရွယ် မောင်ဇေထူးအောင်နှင့် ကိုယ်ဝန်သည် မချစ်စု အောင် (၂၅ နှစ်)၊ ဦးလင်း (၆၂ နှစ်)၊ ဒေါ်မြင့်သန်း (၆၂ နှစ်)၊ ဒေါ်စန်းလင်း (၅၂ နှစ်)၊ ဒေါ်ဆင်တုံ (၇၅ နှစ်) တို့ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်ရဲခေါင်က “သတ်ဖြတ်ခံရတဲ့ မချစ်စုအောင်က ကိုယ်ဝန် ၅ လကျော်လောက် ရှိနေပြီ။ ၁၆ ရက်နေ့ တောနင်းရှာဖွေချိန် တွေတဲ့အထဲမှာပါတဲ့ ၃ နှစ်သားကလေးက မွေးရာပါစအိုပေါက်မပါလို့ ဗိုက်ကနေ ဖောက်ပြီး ပိုက်တန်းလန်းနဲ့ ဆေးခန်းပြနေရတဲ့ကလေးပါ။ အဲဒီကလေးကို ဆေးကုပေးဖို့ စုဆောင်းထားတဲ့ ပိုက်ဆံ ၂၅ သိန်းကျော်ကိုလည်း ယူသွားကြတယ်လို့ သိရတယ်။ အသက်ခံရတဲ့ မိသားစုတွေက မြင်းစီးနဲ့ ဇီးဖြူကုန်းကြားထဲမှာရှိတဲ့ တောတိုက်တွေမှာ ခိုလှုံစစ်ဘေးရှောင်ပြီး လုပ်ကိုင်စားသောက်နေကြတာ။ ပြောရမယ်ဆိုရင် တောထဲမှာ ပုန်းခိုရှောင်တိမ်း နေကြရတဲ့သူတွေပေါ့” ဟု ပြောသည်။

အဆိုပါဒေသခံများအား မြင်းစီးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ကျော်ဦး ဦးဆောင်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကောက်ယူသဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဗိုလ်ရဲခေါင်က “အဲဒီဖြစ်စဉ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လူတယောက် ကျနော်တို့ဆီ ရောက်လာ တယ်။ ထွက်ပြေးလာတဲ့သူက သူတို့ လက်ထဲတော့ အသေမခံနိုင်ဘူးဆိုပြီး ထွက်ပြေးလာတာတဲ့။ အသတ်ခံရတဲ့သူ တွေက တမိပေါက် မိသားစုဝင်တခုတည်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ဆွေမျိုးအရင်းတွေလို့ သိရတယ်။ သူတို့က PDF တွေနဲ့လည်း မပတ်သက်ချင်သလို ပျူတွေနဲ့လည်း ဝေးဝေးနေချင်တာမို့ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အခုနေတဲ့ နေရာမှာနေပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတဲ့သူတွေလို့ သိရတယ်” ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

ရွှေဘိုမြို့နယ်တွင် ပျူစောထီးကျေးရွာ ၈ ရွာခန့်ထိရှိပြီး ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ရင်းမှ စီမံခန့်ခွဲအုပ်ချုပ်ကြောင်း၊ မြင်းစီးကျေးရွာတွင်ရှိသော ပျူစောထီးအဖွဲ့ဝင် ၅၀ ခန့်ကို စစ်ကောင်စီက လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားကြောင်း သိရသည်။

You may also like these stories:

ရွှေဘိုသို့ အိမ်အပြန်တခေါက်

ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ

ရွှေဘို၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ၂၇ ရွာမှ စစ်ရှောင်များ အကူအညီလိုအပ်နေ

အရာတော်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များတွင် ၄ရက်အတွင်း အိမ် ၁၃၀၀ ကျော် မီးရှို့ခံရ

Your Thoughts …
Tags: စစ်ကိုင်းတိုင်းစစ်ကြောင်းထိုးစစ်ဘေးရှောင်ဘီလူးစစ်ကြောင်းရွှေဘိုမြို့နယ်လေကြောင်းတိုက်ခိုက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.2k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

by ရဲမျိုးဟိန်း
12 December 2023
26.8k

ယခုအခါ စစ်ကောင်စီသည် ၎င်းတို့တပ်များ အင်အား၊ စွမ်းရည်နှင့် စိတ်ဓာတ် အကြီးအကျယ် ထိခိုက်သွားပြီး ပိုမိုကြောက်စရာကောင်းသော ရန်သူကို ရင်ဆိုင်နေရသည်။

Next Post
လုပ်သားထု အင်အား ဆုံးရှုံးမယ်

လုပ်သားထု အင်အား ဆုံးရှုံးမယ်

သတင်းပြန်မပို့သည့် စစ်သည်များကို ပျောက်ဆုံးစာရင်းသွင်းပြီး မိသားစုဝင်များကို နှင်ထုတ်နေ

သတင်းပြန်မပို့သည့် စစ်သည်များကို ပျောက်ဆုံးစာရင်းသွင်းပြီး မိသားစုဝင်များကို နှင်ထုတ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved