• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တန့်ဆည် ကံထူးမရဲစခန်း PDF တို့ သိမ်းပိုက်

by ဧရာဝတီ
5 March 2024
in သတင်း
A A
တန့်ဆည် ကံထူးမရဲစခန်း PDF တို့ သိမ်းပိုက်

ကံထူးမရဲစခန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်/ NUG

1.2k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းမှ ရဲနှင့် စစ်သားများ ဆုတ်ခွာထွက်ပြေးသွားသဖြင့် စခန်းအား ယမန် နေ့ ကအလုံးစုံ သိမ်းပိုက်လိုက်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရဲတပ်ရင်း ၁၆၊ ခမရ ၃၆၁ နှင့် ပျူစောထီးများ တပ်စွဲထားသည့် ကံထူးမရွာရဲစခန်းအား ဖေဖော်ဝါရီ ၂၁ ရက်မှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
224
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
488
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
191

၎င်းတို့၏စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ် အနောက်ပိုင်းကျေးရွာများအား ဖေဖော်ဝါရီ ၂၁ ရက်မှ မတ်လ ၃ ရက်အထိ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးခဲ့ပြီး အရပ်သားပြည်သူ ၁၁ ဦးကို ဖမ်း ဆီး၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း နယ်နိမိတ်ခြင်းထိနေသည့် ရေဦးမြို့နယ် အခြေပြု People’s Defense Comrade မှ သတင်းပြန် ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။

ကိုထူးခန့်ဇော်(အမေ့သား) က “စစ်ကောင်စီစစ်ကြောင်းနဲ့ ကန့်ဘလူဘက်ကလာတဲ့ ဝါသဝရဲ့ ပျူစစ်ကြောင်းတွေက ပြည်သူတွေကို သတ်ဖြတ်ပြီး စခန်းကို မတ် ၃ ရက်မှာ စွန့်ခွာပြီး ထွက်ပြေးသွားပြီ။ ကံထူးမဘက်မှာလည်း စစ်ခွေးတွေ မရှိတော့ဘူး။ စခန်းကို အလုံးစုံ မထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးနဲ့ လူတွေသတ်ဖြတ်ပြီးတော့ တန့်ဆည်ဘက်ကို ပြန်ခေါက်သွားပြီ။ လက်ရှိ ဒီနေ့မနက်မှာ တန့်ဆည်နယ်ထဲကနေ ရေဦးနယ်ထဲကို ပြန်ဝင်တယ်” ဟု ဧရာဝတီကို ပြော သည်။

ကံထူးမရွာရဲစခန်းအား ၂၀၂၄ ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၁ ကွပ်ကဲရေး အစီအစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ရွှေဘိုခရိုင် တပ်ရင်း ၃၊ ၆၊ ၁၂၊ ဗျုဟာ ၅၂ မှ ရွှေဘိုခရိုင် တပ် ရင်း ၇၊ ၈၊ ၁၆နှင့် စစ်ကိုင်း ခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းလျက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကံထူးမရဲစခန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်/ NUG

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တံတားဦး၊ နမ့်စန်၊ နမခ၊ တောင်ငူ၊ နေပြည်တော် လေတပ်တို့မှ လာသည့် တိုက် လေယာဉ်၊ Y-12၊ Mi-35 ရဟတ်ယာဉ်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၂ ရက် နှင့် ၂၃ ရက်များတွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်၌ ခမရ ၁၁၊ ခမရ ၇၀၈၊ ပျူစောထီးပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း NUG က ဆိုသည်။

စစ်ကောင်စီတပ်များ ကံထူးမရဲစခန်းကို စွန့်ခွာထွက်ပြေးသွားသည့်အတွက် ကံထူးမ ရဲစခန်းကို အပြီးသတ် သိမ်းယူ နိုင်ခဲ့ပြီး G-3 ၅ လက်၊ နာနတ်သီးဗုံး ၄ လုံး၊ MA-15 ကျည် ၁၆၃၅ တောင့်၊ ကျည်အိမ် ၁၂ ခု၊ ကျပ်ငွေ ၃၈ သိန်းနှင့် မော်တော်ယာဉ် အမြောက်အမြား သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၁၈ ဦး သေဆုံးပြီး စစ်သား ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ကိုထူးခန့်ဇော်(အမေ့သား) က “တန့်ဆည်နယ်နောက်ခြမ်း ကံထူးမရွာအပါအဝင် ကျေးရွာ ၆ ရွာကိုလည်း မီးရှို့ ဖျက် ဆီးခဲ့တယ်။ ၁၀ ရွာကျော်အထိ ဘီလူးစစ်ကြောင်းရော ဝါသဝစစ်ကြောင်းရော ပေါင်းပြီးတော့ အင်အား ၂၀၀ ကျော်နဲ့ ကျေးရွာတွေထဲကို ဝင်ရောက် စီးနင်းခဲ့တယ်” ဟု ပြောသည်။

ဘီလူးစစ်ကြောင်း ဟုခေါ်သည့် ခမရ ၇၀၈ နှင့် ခလရ ၁၁ ပူးပေါင်းတပ်ဖွဲ့သည် ရေဦးမြို့၌ တပ်စွဲပြီး ဇန်နဝါရီလဆန်း ပိုင်းမှ စ၍ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမြို့နယ်များသို့ လှည့်လည်စစ်ကြောင်းထိုးနေရာမှ ကံထူးမတိုက်ပွဲကြောင့် တန့်ဆည် မြို့နယ်သို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်လာခြင်းဟု သိရသည်။

ကံထူးမရဲစခန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်/ NUG

ကိုထူးခန့်ဇော်က ဆက်လက်၍ “ဘီလူးစစ်ကြောင်းက မြေပြင်မှာ ရဲဘော်တွေနဲ့ တိုက်ရဲခိုက်ရဲလို့ နာမည်ကြီးနေတာ မဟုတ်ဘူး။ ပြည်သူတွေကို PDF ခေါင်းစဉ်တပ် ဖမ်းဆီးပြီး တစစီ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်တာတွေကြောင့် ဒီစစ်ကြောင်းက နာမည်ဆိုးနဲ့ ကျော်တာပေါ့” ဟု ပြောသည်။

စစ်ကြောင်းဝင်ရောက်စဉ် တန့်ဆည်နယ် အနောက်ခြမ်း တန့်ဆည်-ကံထူးမ-ကလေးဝ (မဟာမြိုင်လမ်း) လမ်းမပေါ်ရှိ ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံ ၃ သောင်းနီးပါး ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကြောင်း ထွက်သွားပြီဖြစ်သော်လည်း ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံထားရမှုကြောင့် ကျေးရွာအားလုံး ပြန်လည် ဝင်ရောက် နေထိုင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၃ ရက်တွင် စစ်ကောင်စီ စစ်ကြောင်းပြန်လည် ထွက်ခွာသွားသောကြောင့် ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ များ နယ်မြေရှင်းလင်းရေးလုပ်ချိန်၌ သတ်ဖြတ်ခံရသူများ၏ အလောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရသည့် အရပ်သား ပြည်သူများအနေဖြင့် ကိုယ်လက်အင်္ဂါများကို ရက်ရက်စက်စက် ဖြတ်တောက်၍ သတ် ဖြတ်ခံထားရကာ၊ ထိုသို့ သတ်ဖြတ်မှု ကျူးလွန်သူများအား ပြင်းထန်စွာ ရှုတ်ချပြီး အမိန့်ပေးစေခိုင်းသူ၊ လက်ရောက် ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနှင့် တာဝန်ရှိသူ အဆင့်ဆင့်ကို တန့်ဆည်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ပြည်တွင်း/ပြည်ပ တရားစီရင်ရေးစနစ်နှင့် ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး အမျိုးသားညီညွတ်ရေး အစိုး ရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ အားထုတ် ဆောင်ရွက်သွားမည်ဟု မတ်လ ၄ ရက်က ထုတ် ပြန်သည်။

You may also like these stories:

တန့်ဆည်အနောက်ခြမ်း ဒေသခံ ၁၁ ဦး စစ်ကြောင်းက သတ်ဖြတ်

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

အတင်းအကျပ် စစ်သားစုဆောင်းရေး စစ်ကောင်စီက ဝါဒဖြန့် သိမ်းသွင်းနေ

Your Thoughts …
Tags: PDFတန့်ဆည်ဘီလူးစစ်ကြောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.4k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.2k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
စစ်သုံ့ပန်းမိသားစုတွေကို စောင့်ရှောက်ထားကြောင်း AA ထုတ်ပြန် (ရုပ်/သံ)

စစ်သုံ့ပန်းမိသားစုတွေကို စောင့်ရှောက်ထားကြောင်း AA ထုတ်ပြန် (ရုပ်/သံ)

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate