ဒုစစ်ခေါင်းဆောင်၏ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ခရီးစဉ်
အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်နေသည့် အနောက်မြောက်တိုင်း စစ်ဌာန ချုပ်နယ်မြေနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတို့ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဆက်တိုက် ဆိုသလို သွားရောက်ကာ စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မတ်လ ၁၉ ရက်က ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုး အောင်၊ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့နှင့်အတူ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ်သို့ သွားရောက်ခဲ့ပြီး တိုင်းမှူးနှင့် တပ်နယ်မိသားစုများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး တပ်တွင်းစည်းလုံး ညီ ညွတ်ရေး အလေးထား လုပ်ဆောင်ကြရန် ပြောဆိုခဲ့သည်။
လက်အောက်ခံ စစ်သည်များနှင့် ပတ်သက်၍လည်း စစ်ခေါင်းဆောင်က “စစ်သည်တဦးချင်းအနေဖြင့် မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိ မိသားစုအပေါ် သစ္စာရှိရန်၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက် အချင်းချင်းအပေါ် သစ္စာရှိရန်၊ တပ်မတော်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန်အတွက် စောင့်ထိန်းကြရန်လိုကြောင်း” ပြောသည်။
စစ်ခေါင်းဆောင်ထံမှ ဂုဏ်ပြုပေးအပ်သည့် အစားအသောက်ပစ္စည်းများ ရယူခဲ့သည့် အနောက်မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်သည် ပြီးခဲ့သည့် မတ်လ ၁ ရက်က စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာနေပြည်သူများ အား စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်၏ အဓိက တာဝန်ရှိသူလည်း ဖြစ်သည်။
စစ်ကောင်စီတပ်အနေဖြင့် တာတိုင် ကျေးရွာအား ဝင်ရောက်စီးနင်းပြီးနောက် ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် တဦးနှင့် ဒေသခံများ ဖမ်းဆီးကာ ဦးခေါင်း၊ ခြေလက်များ ဖြတ်တောက်ခြင်း အပါအဝင် လူ ၁၇ ဦးအား အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
ထို့အတူ ဒုတိယစစ်ခေါင်းဆောင်ဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်လည်း လတ်တလော တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ခဲ့သည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ လွိုင်ကော်တပ်နယ်သို့ မတ်လ ၁၅ ရက်က သွားရောက်ခဲ့ပြီး ရှမ်း- ကယားနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်း တပ်နယ်များတွင် လှည့်လည် သွားလာ စည်းရုံးလှုံ့ဆော်လျက်ရှိသည်။
လွိုင်ကော်တပ်နယ်မိသားစုများနှင့် တွေ့ဆုံစဉ် ဒုစစ်ခေါင်းဆောင်က တပ်တွင်းစည်းလုံး ညီညွတ်ရေး အရေးကြီး ကြောင်း၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် တာဝန်ထမ်းကြ ရန်နှင့် တပ်ဆင်ပေးထားသည့် လက်နက်ခဲယမ်း၊ ကိရိယာများအား အပြည့်အဝ ထိရောက်စွာ အသုံးချကြရန် ပြော ဆိုခဲ့သေးသည်။
ထိုခရီးတွင် ပါဝင်သည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးသည် မတ်လ ၁၁ ရက်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ် မြေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာတွင် သံဃာ ၃ ပါး အပါအဝင် အရပ်သား၂၂ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ အဓိက တာဝန်ရှိသူတဦး ဖြစ်သည်။
နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက “အခြေအနေတွေဟာ၂၀၂၃ ခုနှစ်မှာ ပိုပြီးတော့ တင်းမာပြင်းထန်လာနိုင်တယ်ဆို တာသိတဲ့အတွက် အတော်လည်း စိတ်ဓာတ်ကျ စစ်ပန်းနေတဲ့ သူတို့ရဲ့ စစ်ကောင်စီတပ်တွေကို အခုကတော့ ဂုဏ်ပြုပွဲ တွေလုပ်ဖို့၊ ချီးမြှင့်မြှောက်စားမှုတွေလုပ်ဖို့၊ သူတို့ လုံခြုံရေးအင်အားစုတွေ စုစည်းဖို့ လိုအပ်တဲ့အတွက် ဒီကနေ့ အဲဒီနေ ရာတွေကို အလေးထား လုပ်နေတာလို့ မြင်ပါတယ်” ဟု ပြောသည်။
လက်ရှိ တော်လှန်ရေး ဒေသများအနေဖြင့်လည်း စစ်ကိုင်းတိုင်းနှင့် နေပြည်တော်အား တိုက်ရိုက် ခြိမ်းခြောက်လာနိုင် သည့် ရှမ်း- ကယား နယ်စပ်ဒေသတို့သည် အဓိကကျသည့်နေရာမှ ပါဝင်နေသည့်အတွက် ယခုကဲ့သို့ စစ်ခေါင်းဆောင် များ ကိုယ်တိုင်သွားရောက်ပြီး တပ်ဖွဲ့များအား ခံစည်းစစ်တောင့်တင်းစေရန် ပြင်ဆင်မှုနှင့် ပြင်းထန်သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်စည်းရုံးနေခြင်းဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်သည်။
စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့်နယ်မြေထိစပ်နေသည့် ရှမ်း- ကယားနယ်စပ် ပင်းလောင်းမြို့နယ်အတွင်းသို့ ဖေဖော်ဝါရီလထဲကစတင်၍ စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိရာ ယနေ့ အချိန်ထိ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံအနောက်ဘက်ခြမ်းဒေသတို့အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိနေ သည်။
You may also like these stories:
မင်းတပ်နှင့်မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရ
ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်
နမ်းနိန်းရွာသားတွေ ဘယ်လို အသတ်ခံခဲ့ရလဲ