• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်၊ မွန်နှင့် တနင်္သာရီ စစ်ဆင်ရေးများ ကွပ်ကဲသူ စစ်အရာရှိကြီးများ အပြောင်းအလဲဖြစ်

by ဧရာဝတီ
1 April 2023
in သတင်း
A A
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ဆင်ရေး တာဝန်ယူရသော စစ်တပ်အရာရှိကြီးများ အပြောင်းအလဲ ဖြစ်ခဲ့သည်

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ဆင်ရေး တာဝန်ယူရသော စစ်တပ်အရာရှိကြီးများ အပြောင်းအလဲ ဖြစ်ခဲ့သည်

12.2k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ဆင်ရေး တာဝန်ယူရသော စစ်တပ်အရာရှိကြီးများ အပြောင်းအလဲ ဖြစ်ခဲ့သည်။

အဆိုပါ တိုင်းနှင့် ပြည်နယ် ၃ ခုရှိ စစ်ဆင်ရေးများအား တိုင်းမှူးများ အထက်မှနေ၍ ကွပ်ကဲရသော ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ၄ ( ကစထ-၄ ) ရာထူးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင်ကို အနားပေးပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သော စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ဆင်း ဗိုလ်ချုပ်ညွန့်ဝင်းဆွေအား ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးကာ တာဝန်ပေးလိုက်သည်။

မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံအရ စစ်ဆင်ရေးအထူးအဖွဲ့ ၆ ဖွဲ့ရှိရာ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင်သည် စစ်ဆင်ရေးအထူးအဖွဲ့မှူး ၄ ရာထူးကို လွန်ခဲ့သော ၅ လ အောက်တိုဘာလဆန်းကမှ စ၍ တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စစ်ဖက်ဆိုင်ရာ ရာထူးခန့်ထားရေး ကကနကောင်စီ၏ အမိန့်အရ ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် ၅ နှစ်ကြာပြီးနောက် ရာထူးဆက် မတိုးပါက စစ်ဖက်ရာထူးမှ အနားယူရမည်ဟု သတ်မှတ်ချက်ရှိသော်လည်း ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်သည် ၂၀၂၁ ခုနှစ်နှောင်းပိုင်းကမှ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာခဲ့သူဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်တို့တွင် စစ်ဆင်ရေးတာဝန်ယူရသော အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးအား စစ်ဖက်ရာထူးမှ အနားပေးကာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်သည်ဟုလည်း သိရသည်။ ဗိုလ်ချုပ်မြတ်သက်ဦးသည်လည်း ၂၀၂၂ ခုနှစ် သြဂုတ်လဆန်းကမှ တာဝန်ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ ၎င်းနေရာတွင် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်း ဝင်လာသည်။

“ကစထမှူးနဲ့ တိုင်းမှူးကို တပြိုင်တည်း လဲလိုက်တယ်ဆိုတာကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အားမရလို့ လဲလိုက်တာပေါ့။ အရင်ကစထမှူးတုန်းကလည်း ဖြစ်လိုက်ရင် ကိုယ်ဖက်ကကွဲတာတွေပဲများလို့ လဲလိုက်တယ်။ ထပ်လဲတဲ့ ကစထမှူးကျတော့လည်း ဖြစ်လိုက်ရင် ကိုယ်ဖက်က ကွဲတာတွေပဲ ထပ်များတယ်။ အဲတော့ ထပ်ပြောင်းတယ်ပေါ့” ဟု CDM ဗိုလ်မှူးတဦးက သုံးသပ်သည်။

စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်ပုန်ကန် တိုက်ခိုက်မှုများ ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ပျံ့နှံ့လာပြီး မြန်မာစစ်တပ် ထိန်းချုပ်ထားသော စခန်းကုန်းများ မကြာခဏ လက်လွှတ်ခဲ့ရပြီး မကြာသေးမီက ထိုင်း-မြန်မာ နယ်စပ်မြို့ မြဝတီရှိ ကုန်သွယ်ရေးဇုံအတွင်းသို့ပင် တိုက်ခိုက်ခံခဲ့ရသည်။

“အဓိကဖြစ်နေတာက တပ်တွေမှာ အင်အားမရှိဘူး၊ ရဲတွေအနေနဲ့က ပြည်သူတွေရဲ့အမုန်းဒဏ်ရော နောက်တန်းကို ပြန်မနားရပဲ နှစ်နဲ့ချီပြီးရှေ့တန်းမှာနေ နေရတယ်၊ အဲတော့ရှေ့တန်းရောက် ရဲဘော်တွေရဲ့ စိတ်ဓါတ်ပိုင်း ကျဆင်းနေတယ်။ အဲတော့ တိုင်းမှူးပြောင်းလဲ တိုက်ပွဲက ရလဒ်ကောင်းတွေ ထွက်မှာ မဟုတ်ဘူး” ဟု အခြား CDM ဗိုလ်ကြီး နောက်တဦးက မှတ်ချက်ပေးသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း ကရင်ပြည်နယ် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ဆင်ရေး တာဝန်ယူရသော စစ်ဆင်ရေး အထူးအဖွဲ့မှူး ၂ ဦး၊ တိုင်းမှူး ၂ ဦးနှင့် တပ်မမှူး ၂ ဦးတို့ အပြောင်းအလဲ လုပ်ခဲ့ပြီး ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ၄ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး တာဝန်ယူခဲ့ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ် ကိုကိုမောင်က တာဝန်ယူခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် သူတို့နှစ်ဦးကို တာဝန်မှ ရွှေ့ပြောင်းခဲ့သည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်တွင် စစ်ဆင်ရေးတာဝန်ယူခဲ့သော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်တင်မိုးနိုင်အား ၂၀၂၂ ခုနှစ်အောက်တိုဘာလတွင် အနားပေးခဲ့ပြီး လေးကေ့ကော်ဒေသတွင် စစ်ဆင်ရေးလုပ်ခဲ့သော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၁၃ ( စကခ-၁၃ ) တပ်မှူး ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်ကိုလည်း စစ်ဖက်မှ အနားပေးကာ ၂၀၂၂ ခုနှစ်သြဂုတ်လဆန်းတွင် ဗီယက်နမ်သံအမတ်ကြီးအဖြစ် ရွှေ့ပြောင်းခန့်အပ်ခဲ့သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများတွင်လည်း စစ်ကောင်စီဖက်မှ ၂ နှစ်အတွင်း ကစထမှူး ၂ ဦး တိုင်းမှူး ၃ ဦးအထိ အပြောင်းအလဲလုပ်ခဲ့ဖူးသည်။

CDM ဗိုလ်မှူးတဦးကမူ ယခု စစ်တပ်အရာရှိကြီးများ အပြောင်းအရွှေ့သည် ပြီးခဲ့သည့် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က NUG, PDF နှင့် ၎င်းတို့ကို အားပေးနေသော တိုင်းရင်းသားတပ်ဖွဲ့များကို “ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမယ်” ဟုဆိုသော မိန့်ခွန်းကို အကောင်အထည်ဖော်ရန် ဖြစ်မည်ဟု ဆိုသည်။

သို့သော် စစ်ရေးလေ့လာသူတဦးက ဖယ်ရှားခံထိသော ဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင်သည် တိုက်ရည်ခိုက်ရည်ကောင်းသူဟု တပ်တွင်းတွင် နာမည်ရသူဖြစ်ပြီး သူ့ကို အနားပေးလိုက်ခြင်းသည် မှားယွင်းကြောင်း ဆိုသည်။

ယခု ကစထ-၄ မှူးဖြစ်လာသော ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ထိန်းတပ်တွင် တာဝန်ကျခဲ့ပြီး စစ်ဆေးတက္ကသိုလ်ကျောင်းအုပ်နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

You may also like these stories :

စစ်ကောင်စီဥက္ကဋ္ဌ မိန့်ခွန်းကြောင့် လူထုအပေါ် တိုက်ခိုက်မှု ပိုများလာနိုင်

မယ်ခါးထာ့တပ်စခန်းကို KNLA တပ်တွေ ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
149
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
66

ကော့ကရိတ် တိုက်ပွဲပြင်းထန် စစ်ရှောင် ၁ ထောင်နီးပါးရှိလာ

မြန်မာစစ်တပ် ပြိုလဲပျက်စီးသွားနိုင်သည်

ငါ့သားများ စစ်ထဲဝင်ရင်လေ (၁)

Your Thoughts …
Tags: ကရင်စစ်ဆင်ရေးများ ကွပ်ကဲသူစစ်ဆင်ရေးအထူးအဖွဲ့မှူး ၄စစ်အရာရှိကြီးများတနင်္သာရီဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင်မွန်အပြောင်းအလဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

by မွန်မွန်မြတ်
26 July 2024
6.2k

အာထူးနှင့် ဝေါတားစ်တို့၏ စာအုပ်တွင် နေဝင်း၏ ဗမာဇာတ်သွင်းရေးမူဝါဒ မဏ္ဍိုင်ကြီး သုံးခုကို ဖော်ထုတ်ထားသည်။

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

by ဧရာဝတီ
8 January 2026
5.5k

ရွေးကောက်ပွဲအပိုင်း(၁)အပြီး စစ်တပ်ထိပ်ပိုင်းရာထူးများ ဆက်တိုက်ပြောင်းလဲလျက်ရှိရာ အရေးပါသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်၊ စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်ရာထူးများအား စစ်ခေါင်းဆောင်လူရင်းများဖြင့် ပြောင်းလဲခန့်အပ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တဦးက ပြောသည်။

ပုသိမ်မြို့

ပုသိမ်မြို့

by ဧရာဝတီ
16 February 2025
5k

ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ဖြစ်တဲ့ အလျောက် ပုသိမ်မြို့ဟာ ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်ပါတယ်။

လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

by ဧရာဝတီ
10 September 2023
4.8k

ဖဆပလ အစိုးရက သစ္စာရှိကရင်လို့ ကင်ပွန်းတပ်တဲ့ သမ္မတဟောင်း မန်းဝင်းမောင်နဲ့ ဗိုလ်မှူးကြီး စောထွန်းစိန်၊ စောကျော်စိန်၊ စောမြသိန်းတို့လို ဆိုရှယ်လစ် အတွေးအခေါ်ရှိသူတွေ ဖွဲ့စည်းခဲ့တဲ့ ကရင်လူငယ်များ အစည်းအရုံး (KYO)လို အဖွဲ့အစည်းကိုလည်း ကရင်အဖွဲ့အစည်းတွေက ဗမာ့ရဲ့ လက်ကိုင်တုတ်လို့...

အာရှလမ်း ပြန်ဖွင့်နိုင်တော့မလား

အာရှလမ်း ပြန်ဖွင့်နိုင်တော့မလား

by စောလွင်
3 October 2024
4.5k

ထိုဆွေးနွေးပွဲတွင် KNU တပ်မဟာ ၆ မှ စစ်ကြောင်းမှူး ဗျူဟာမှူးတချို့လည်း ပါဝင်ရာ BGF ၏ လမ်းပြန်ဖွင့်ရန် ပြောဆို ညှိနှိုင်းမှုကို စစ်ကောင်စီတပ်များ မြဝတီသို့ တက်လာမည်စိုးသည့်အတွက် စစ်ရေးအမြင်အရ စစ်ကြောင်းမှူးများက လက်မခံခဲ့ဟု နီးစပ်သူတဦးက...

မြဝတီနှင့် ကော့ကရိတ်ကို ကရင်ပူးပေါင်းတပ်များ တိုက်ခိုက်

မြဝတီနှင့် ကော့ကရိတ်ကို ကရင်ပူးပေါင်းတပ်များ တိုက်ခိုက်

by ဧရာဝတီ
21 July 2023
4k

KNU အရာရှိကြီးတဦးကမူ မြဝတီမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်များသည် မြို့ဘက်သို့ တဖြည်းဖြည်း ရှေ့တိုးလာ နေသဖြင့် စစ်ကောင်စီတပ်များက မြို့ထဲသို့ တော်လှန်ရေးတပ်များ မဝင်နိုင်ရန် ကာနေခြင်း ဖြစ်နိုင်ကြောင်း

Next Post
မတ်လ ၃၁ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်

ရခိုင်ပြည်နယ်ထဲ ခြေလှမ်းစိပ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်

၂၀၂၂ သင်္ကြန်တွင် လည်ပတ်သူမရှိသဖြင့် တပ်ထောက်ခံသူများကိုစု၍ ကားဖြင့်တင်ကာ သင်္ကြန်မဏ္ဍပ်များသို့ လိုက်လံပို့ဆောင်ခဲ့ရသည့် အခြေအနေဖြစ်ခဲ့သည် / AAMIJ

သင်္ကြန်ပွဲတော် စည်ကားစေရန် စစ်ကောင်စီ ကြိုးပမ်းနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved