• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီဥက္ကဋ္ဌ မိန့်ခွန်းကြောင့် လူထုအပေါ် တိုက်ခိုက်မှု ပိုများလာနိုင်

by ဧရာဝတီ
28 March 2023
in သတင်း
A A
၇၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင်

၇၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင်

16.1k
VIEWS
Share on FacebookShare on Twitter

NUG အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ၎င်းတို့ကို ကူညီနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကို ပြတ်ပြတ်သားသား အရေးယူမည်ဆိုသော စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်း ကြောင့် စစ်တပ်က လူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု ပိုများလာနိုင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) အချို့မှ ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

မတ်လ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့ အစည်း အချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောလိုတယ်။ ဒါကြောင့်လည်း ဒုတိယအကြိမ် အရေးပေါ် သက်တမ်းကာလမှာ အရေးကြီးတဲ့မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့် သတ်မှတ်ပြီး ထိန်းချုပ် ဆောင်ရွက်လျက်ရှိတယ်” ဟု မိန့်ခွန်းတွင် ပြောသည်။

ဆက်လက်၍ ၎င်းက စစ်အုပ်ချုပ်ရေးအမိန့်များ ကြေညာခြင်းသည် ပြည်သူများ အပေါ် ထိန်းချုပ် ကန့်သတ်လိုခြင်း မဟုတ်ဟုလည်း ပြောဆိုခဲ့သေးသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

စစ်ခေါင်းဆောင်က စစ်အုပ်ချုပ်ရေး အမိန့်များမှာ လူထုကို မရည်ရွယ်ဟု ပြောနေသော်လည်း လက်တွေ့မြင်သာသည် က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာပြီးနောက်တွင် စစ်ကောင်စီတပ်သည် အကြမ်းဖက်မှုများ ပိုလုပ်လာခြင်း ဖြစ်သည်။ စစ်ကိုင်တိုင်းနှင့် ရှမ်းကယား နယ်စပ်တို့တွင်ဆိုလျှင် အစုလိုက်အပြုံလိုက် လူသတ်မှုများပင် ဖြစ်ခဲ့သည်။

မတ်လ ပထမပတ်အတွင်း စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာ၌ လူ ၁၇ ဦးကို စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ စစ် ကြောင်းက ကိုယ်လက်အင်္ဂါများ ခုတ်ထစ်သတ်ဖြတ်ခဲ့သလို မတ်လ ဒုတိယပတ်တွင် ပင်လောင်းမြို့နယ် နန်းနိန်းရွာ၌ ဘုန်းတော်ကြီး ၃ ပါးအပါအဝင် လူ ၃၀ နီးပါးကို စစ်ကောင်စီဘက်က ပစ်ခတ်သတ်ဖြတ်မှုများပင်ရှိခဲ့ကြောင်း စစ်ကောင်စီတပ်ကို တိုက်နေသည့် တပ်ဖွဲ့များက ပြောဆိုသည်။

သို့ဖြစ်ရာ စစ်ကောင်စီဥက္ကဋ္ဌ၏ ပြောကြားချက်သည် လတ်တလောတွင်လည်း နိုင်ငံတဝန်း စစ်ကြောင်းထိုး တိုက်ခိုက်မှု လုပ်နေသည့် မြန်မာစစ်တပ်အဖို့ လေကြောင်းတိုက်ခိုက်မှုနှင့် လူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုလုပ်လာ မည်ဆိုသည့် သဘောပင်ဖြစ်နိုင်ကြောင်း NUG နှင့် EAOs အချို့က ယူဆကြသည်။

NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “တော်လှန်ရေး အင်အားစုတွေက ဒီလိုကိစ္စတွေကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားရပြီးဖြစ်တဲ့အတွက် ဒါကို ကောင်းကောင်းတုံ့ပြန်နိုင်တဲ့ အနေအထားရှိပါတယ်။ တခုပဲပေါ့။ ကြားထဲမှာ အရပ်သားပြည်သူတွေအပေါ်တော့ ကြွက်မနိုင်ကျည်မီးရှို့ဆိုတဲ့ပုံစံနဲ့ ရန်သူလို့ သဘောထားပြီး သတ်ဖြတ်မှု၊ ညှဉ်းပန်း မှုတွေ လုပ်နေတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အခုအချိန်မှာ သတိထားပြီး အကြမ်းဖက် စစ်အုပ်စုကို လျှော့ မတွက်ဘဲ သတိထားနေထိုင်ကြဖို့ လိုမယ်လို့ ယူဆပါတယ်” ဟုဆိုသည်။

NUG ၏ မဟာမိတ် EAO ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း စစ်ကောင်စီဥက္ကဋ္ဌသည် EAOs များကို စကားလုံးများဖြင့် ခြိမ်းခြောက်နေခြင်းသာ ဖြစ်ပြီး လူထုကို ပိုဒုက္ခပေးလာ နိုင်ကြောင်း ဧရာဝတီကို ပြောသည်။

တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စစ်ခေါင်းဆောင်

၎င်းက “အခုလည်း စစ်အုပ်ချုပ်ရေးကြေညာပြီး အကြမ်းဖက်နေတယ်။ ဒါက စကားလုံးအားဖြင့် ခြိမ်းခြောက်နေတာ လို့မြင်တယ်။ စကစ ကတော့ ဝေဟင် စစ်ဆင်ရေးအထိ စစ်ရေးကို မြှင့်နေပါပြီ။ ဆက်လုပ်စရာဆိုလို့ အပြစ်မဲ့ပြည်သူ ကို အကြောင်းမဲ့ ပိုမိုနှိပ်စက်ပြမယ်။ ကျနော်တို့နဲ့ ပြည်သူတွေ သွေးကွဲအောင်လုပ်မယ်ဆိုတဲ့ သူတို့ရဲ့ ဗျူဟာဟောင်း ကြီးကို အသုံးချလာလိမ့်မယ်” ဟု သတိပေးသည်။

CNF အနေနှင့်မူ စစ်ကောင်စီတပ်၏ စစ်ရေးအရ လုပ်ဆောင်ချက်များအပေါ် တုန်လှုပ်မှု မရှိကြောင်း ဆလိုင်းထက်နီက မှတ်ချက်ပေးသည်။

ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်ကို တိုက်နေသည့် ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဖြစ်သူ ဦးအောင်ဆန်းမြင့်က “ကျနော်တို့က နှစ်ပေါင်း ၇၀ ကျော် တော်လှန်ရေးကို လုပ်လာခဲ့ပြီးပြီ။ အရင်တုန်းက အခက်အခဲကြားထဲမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတဖွဲ့တည်းကို တောင်မှ မနှိမ်နင်းနိုင်ဘဲနဲ့ အခုလို ပြည်သူလူထုတရပ်လုံးက ပါလာတဲ့ တော်လှန်ရေးမျိုးကို နှိမ်နင်းမယ်ဆိုတာက လေထဲမှာ တိုက်အိမ်ဆောက်နေတာပေါ့” ဟု ရှင်းပြသည်။

၎င်းက လက်ရှိတွင် ကရင်နီဒေသ၌ စစ်ကောင်စီသည် စစ်ကြောင်း ၁၂ ကြောင်းဖြင့် ထိုးစစ်ဆင်မှုများ ဆောင်ရွက် နေသာ်လည်း စစ်ကောင်စီ၏ တပ်ရင်းတရင်းစာနီးပါး အင်အားပင် ပြုတ်သည်အထိ ထိခိုက်ကျဆုံးမှု များပြားနေ ကြောင်း ဆိုသည်။

ဦးအောင်ဆန်းမြင့်က “အားလုံးသိကြတဲ့ အတိုင်းပဲ။ ဒီးမော့ဆို အရှေ့ဘက် ဒေါတမကြီးတိုက်ပွဲမှာဆိုရင်လည်း ရာ ဂဏန်းနီးပါးကျဆုံးတာ။ ရာနဲ့ချီ ဒဏ်ရာရတာတွေရှိသလို နယ်စပ်တလျှောက်တိုက်ပွဲတွေမှာ သူတို့ဘက်က ကျဆုံး နေတာ ရှိပါတယ်။ ဆိုတော့ဗျာ ကျနော်တို့ကို နှိမ်နင်းမယ်ဆိုတာက ဘယ်လို နှိမ်နင်းမှာလဲပေါ့။ အပြောတခြား အလုပ် တခြားပဲ ဖြစ်နေတယ်” ဟု ဆိုသည်။

စစ်ရေးလေ့လာသူတဦးကလည်း စစ်ကောင်စီ ဥက္ကဋ္ဌသည် မတ်လ ၂၇ ရက် တပ်မတော်နေ့မတိုင်မီတွင် ကချင်၊ ကရင် နီ၊ ချင်းနှင့် ကရင်ပြည်နယ်တို့၌ NUG နှင့် ပူးပေါင်းသည့် EAOs များ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အကျ အဆုံးများနေသဖြင့် ယခုကဲ့သို့ လေသံမာမာဖြင့် မိန့်ခွန်းပြောလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAOs များကို နှိမ်နင်းမည်ဟု ယခင်ကတည်းက ပြောနေခြင်းဖြစ်ပြီး ၎င်း၏ ပြော ဆိုချက်သည် ယနေ့အချိန်အထိ အထမမြောက်နိုင်သေးသည်ကို တွေ့ရကြောင်း စစ်ရေးလေ့လာသူတဦးက ဆိုသည်။

၎င်းက “EAO တွေကတော့ ကြောက်မှာ မဟုတ်ပါဘူး။ ဆက်လုပ်မှာပဲ။ သူက အပြတ်ချပစ်လိုက်မယ်တို့ အပြုတ်တိုက် လိုက်မယ်တို့ အော်နေတာ ကြာပြီ။ အရင်ကတည်းက ပြောနေတာ။ အဲဒီလိုအချိန်တွေကတည်းကပဲ AA တို့ TNLA တို့ ကြီးထွားလာတာလေ။ PDF လည်း တဖြည်းဖြည်း အရှိန်ကောင်းလာတာပဲ။ တိုက်ရိုက် PDF ကိုထောက်ပံ့နေတဲ့ KNU ၊ KNPP ၊ KIA ၊ ချင်း ဒီအဖွဲ့တွေလည်း နောက်ဆုတ်မှာ မဟုတ်ဘူး။ အခုချိန်မှာ စစ်တပ်ကို ကြောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က မရှိသလောက်ဖြစ်သွားပြီ” ဟု ဆိုသည်။

တပ်မတော်နေ့ကို တက်ရောက်လာသည့် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မိသားစုနှင့် တွေ့ဆုံနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်ကောင်စီဥက္ကဋ္ဌသည် တပ်မတော်နေ့တွင် NUG ၊ PDF နှင့် ၎င်းတို့ကို ပံ့ပိုးနေသည့် EAO များကို ပြတ်ပြတ်သားသား အရေးယူမည်ဟု ပြောခဲ့ပြီးနောက်တွင် ယခင် စစ်ခေါင်းဆောင်ဟောင်းများအား ရှိခိုးကန်တော့ခြင်းအား ဆက်လက် ပြု လုပ်ခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် မီဒီယာများတွင် ဖော်ပြချက်များအရသိရသည်။

စစ်ကောင်စီဥက္ကဋ္ဌနှင့် ဇနီးသည် ယခင် စစ်တပ်ခေါင်းဆောင်ဟောင်းများဖြစ်သည့် သမ္မတဟောင်း ဦးသိန်းစိန်၊ ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေး အပါအဝင် အငြိမ်းစား တပ်မတော်အရာရှိကြီး ၁၉ ဦးနှင့် ဇနီး ၇ ဦး တို့အား မတ် ၂၇ ရက်နေ့လယ်ပိုင်းတွင် ကန်တော့ခဲ့သည်။

ယင်းကန်တော့ပွဲတွင် ကန်တော့ခံအငြိမ်းစား တပ်အရာရှိကြီးများကိုယ်စား ဒု-ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)နှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့က ဩဝါဒများ ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်ပြုလုပ်သည့် တပ်မတော်နေ့တွင်မူ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ကမော္ဘဒီးယား စသည့် နိုင်ငံများမှ စစ်ဘက် သံတမန် အချို့ တက်ရောက်ကြသလို တနိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးသည့် EAOs များလည်း အခမ်းအနား တက်ရောက် ကြကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် တွေ့ရသည်။

နိုင်ငံရေးပါတီများထဲတွင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး တက်ရောက်သလို စစ်တပ်နှင့် နီးစပ်သည့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးလီပေါ်တို့ စစ်ရေးပြ အခမ်းအနား တက်ရောက်ကြောင်း တွေ့ရသည်။

You may also like these stories :

စစ်တပ်ခရိုနီများ နေပြည်တော်စစ်ရေးပြပွဲအတွက် ငွေလှူ

Standard Army ဆိုသော်လည်း မြန်မာစစ်တပ် စိတ်ဓာတ်ပိုင်း ပိုမိုနိမ့်ကျလာ

Your Thoughts …
Tags: EAOစစ်ခေါင်းဆောင်တပ်မတော်နေ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.9k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

Next Post
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်က စစ်ကောင်စီဒုဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် မတ်လ ၂၃ ရက်နေ့က တွေ့ဆုံစဉ် / မြဝတီ

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်ကြိုးစားနေ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဟွေ့ကလုတ်ကျေးရွာ၊ မယ်ပရပ်ကွက်တွင် ထောင်ထားသော ကြော်ငြာဆိုင်းပုဒ်/CJ

မဲဆောက်တွင် ၁၀နှစ်ခံကတ် လုပ်ပေးဆိုကာ ငွေလိမ်သည့်အဖွဲ့ ဖမ်းဆီးခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved