• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ ဘီလူးစစ်ကြောင်းကို မြောင်မှာ PDF တွေ ဝိုင်းတိုက်

by ဧရာဝတီ
25 March 2023
in သတင်း
A A
မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့ဝင်များ

မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့ဝင်များ

20.8k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းအတွင်း လူသတ်၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကောင်စီတပ်၏ ဘီလူးစစ်ကြောင်းမှာ မြောင်မြို့နယ်တွင် တိုက်ခိုက်ခံနေရပြီး စစ်ကြောင်းမှူးအပါအဝင် အကျအဆုံး များပြားလျက်ရှိကြောင်း ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မြောင်မြို့နယ်တွင် မတ် ၁၂ ရက်ကတည်းက ဝင်ရောက်လာသည့် တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းကို မတ် ၂၄ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်အထိ သေဆုံးမှု ရှိခဲ့ကြောင်း မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က အတည်ပြုသည်။ သေဆုံးသူ အရေအတွက်ကို ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
391
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
56

အဆိုပါ ၁၀ ရက်ခန့်အတွင်း ပြင်းထန်တိုက်ပွဲ ၃ ကြိမ်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှု ၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသလို တိုက်ပွဲတွင်း ပါဝင်သည့် PDF၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

CDSOM မှ ကိုနွေဦး က “တနယ်လုံးက ဒီစစ်ကြောင်းကို အရမ်းကြောက်နေကြတာ။ မြင်းမူမှာကတည်းက တောက် လျှောက် သတ်လာခဲ့တာကိုး။ ရက်ရက်စက်စက်လုပ်ပြီးမှ သတ်တဲ့အခါကျတော့ ပြည်သူတွေက တအားကြောက်တယ်။ အဲဒီစစ်ကြောင်းကြီးကို နယ်ထဲကနေ ထွက်သွားစေချင်နေပြီ။ ကိုယ့်နယ်သူနယ်သားတွေကို ဒီလောက် ဒုက္ခပေးနေတဲ့ စစ်ကြောင်း ဘာမှမလုပ်လိုက်နိုင်ဘူးဆိုရင် ကျနော်တို့ ဂုဏ်သိက္ခာတွေလည်း အလကားပဲလေ။ ဒီစစ်ကြောင်းကို လိုက်တိုက်ထုတ်နေတာ” ဟု ပြောသည်။

ပြင်းထန်တိုက်ပွဲများသည် မတ်လ ၁၅ ရက်တွင် ပေါက်ချောင်းရွာအနီး စတင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး၊ မိုင်းဆွဲခံရမှုကြောင့် ၆ ဦး၊ မတ် ၁၆ ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်ဒေသခံများထံမှ အတည်ပြု၍ရသည့် အချက်အလက်များကို ကိုးကားပြီး ကိုနွေဦးက ပြောဆိုသည်။

ထို့နောက် မတ် ၂၀ ရက်တွင် ရေစကြိုမြို့နယ် ရေလယ်ကျွန်းသို့ ထွက်ခွာသွားပြီး ၂၁ ရက်တွင် မြောင်မြို့နယ်ထဲသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ပေါက်ချောင်း၊ မြစ်ဆုံ၊ ချောင်းခွဲ ရွာ ၃ ရွာကြားတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များနှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၉ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ တပ်စွဲခဲ့သည့်နေရာအား ရှင်းလင်းရာတွင် တပ်ကြပ်ကြီး ၁ ဦး၏အလောင်းနှင့် အမိန့်ပြန်တမ်း အချက်အလက်အချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က စစ်ကြောင်းမှူး ကျသွားတယ်။ တပ်ကြပ်ကြီး အလောင်းတော့ ရွာထဲမှာ မြှုပ်ထားခဲ့တာကို ဖော်ပြီးတော့ ရွာပြင်ထုတ် မီးရှို့လိုက်တာပေါ့။ စစ်ကြောင်းမှူးရော တပ်ကြပ်ကြီးရော ၁၉ ယောက် ကျတယ်။ ကျန်တဲ့ အလောင်းတွေ ကတော့ သူတို့ (စစ်ကောင်စီ) တိုက်ပွဲဖြစ်တဲ့ နေရာမှာတင် မီးရှို့ခဲ့တယ်” ဟု ကိုနွေဦးက ဆိုသည်။

ယမန်နေ့ကလည်း မြောင်မြို့ ရဲစခန်းသို့ တပ်ပြန်ဆုတ်သည့် စစ်ကောင်စီ စစ်ကြောင်းကို စခန်းသို့ ပြန်မရောက်မီ ၂ မိုင်ခန့်အကွာရှိ မြောင်မြို့နယ်က လက်ယက်မရွာနှင့် မြင်းမူမြို့နယ်က ကြာပင်လှ ၂ ရွာကြားတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည်။ အသေအပျောက်ကိုမူ အတည်မပြုနိုင်သေးပေ။

ထိုသို့ အပြန်အလှန်ပစ်ခတ်မှု မဖြစ်ပွားမီတွင် ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသော မိုင်းကို ဖြုတ်ရန် ကြိုးစားသည့် ဘီလူးစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထံမှ ပြောဆိုသည်။

အဆိုပါ ဘီလူးစစ်ကြောင်းသည် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတခုဖြစ်ကြောင်း CDSOM အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း မြေပြင်သတင်းပို့ချက် ထောက်လှမ်းရေးသတင်းများအရ ဆိုထားသည်။

အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သော မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် တည်ရှိပြီး လက်အောက်ခံ တပ်ရင်းများကို အများအားဖြင့် မန္တလေးတိုင်းနှင့် နေပြည်တော် နယ်မြေအတွင်း ဖြန့်ကျက်ထားသည်။

ဧရာဝတီက သတင်းရယူသည့်အချိန်အထိ အဆိုပါ စစ်ကြောင်းသည် မြောင်မြို့နယ်က လက်ယက်မရွာနှင့် မြင်းမူမြို့ နယ်က ကြာပင်လှ၂ ရွာကြားတွင်သာရှိနေပြီး အင်အား ၁၅၀ ကျော်ဖြင့် စဝင်လာရာမှ အင်အား ၆၀ ခန့်သာ ကျန်ရှိတော့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု ၄၀ ကျော်သည် အတည်ပြုနိုင်သည့် ကိန်းဂဏန်းသာဖြစ်ပြီး ဒဏ်ရာရ သေဆုံးမှုများလည်း ရှိနိုင်သေးကြောင်း၊ တိုက်ပွဲများတွင် ပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်၂၀ ကျော်အထိ ရှိခဲ့ ကြောင်း မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ဆိုသည်။

“ဒီစစ်ကြောင်း ထူးခြားချက်ကို သတိထားမိတယ်။ တခြား စစ်ကြောင်းတွေတုန်းက သူတို့ဘက်က ခံရပြီဆိုရင် စစ်ကူ တောင်းတော့တာ။ စစ်ကူတွေ လာပေးတယ်။ ဒီစစ်ကြောင်းကတော့ စစ်ကူမတောင်းတာလား မသိဘူး။ ဒဏ်ရာ ရရင်လည်း ရတဲ့လူနဲ့ ဆက်သွားတယ်။ သေရင်လည်း သေတဲ့လူတွေကို ထားခဲ့ပြီးတော့ ရှိတဲ့လူတွေနဲ့ ဆက်သွားတယ်။ ဘယ်စစ်ကူမှလည်း မလာဘူး ကျန်တဲ့လူနဲ့ပဲ မိုက်မိုက်ကန်းကန်း ဆက်တိုးတယ်” ဟု ကိုနွေဦးက သုံးသပ်သည်။

ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီလတွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်း၌ ၎င်းတို့၏ စစ်ဆင်ရေးကို စတင် ခဲ့ပြီး အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်ရှိ ကန်တော်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်၂ ဦးနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသော ဒေသခံ လူငယ်၂ ဦးကို ဦးခေါင်းဖြတ်ပြီး သတ်ဖြတ်ခဲ့သည်။

ထို့နောက် မတ်လ ၁ ရက်တွင် ဧရာဝတီမြစ်နှင့် မူးမြစ် ဆုံသောနေရာ၌ တည်ရှိသော တာတိုင်ကျေးရွာကို ဝင်ရောက် စီးနင်းကာ ကျေးရွာဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုကျော်ဇောနှင့် ဒေသခံ အမျိုးသမီး ၃ ဦး အပါအဝင် ၁၇ ဦးကို သတ်ဖြတ်ခဲ့သည်။

အဆိုပါ သတ်ဖြတ်မှုများတွင် အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်ခြင်း၊ ဒေသခံများကို ဦးခေါင်းဖြတ်၊ ကိုယ်တွင်းအင်္ဂါများ ဖောက်ခြင်း၊ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ယခု မြောင်မြို့နယ်သို့ ဝင်လာသည့် စစ်ကြောင်းသည်လည်း ယခုကဲ့သို့ လူမဆန်သည့် လုပ်ရပ်များ ကျူးလွန်သည့် တပ်ဖွဲ့ဖြစ်နေရာ ဒေသခံပြည်သူများသည် ကြောက်လန့်တကြား ထွက်ပြေး တိမ်းရှောင်ကြသဖြင့် ယခင်ထက် စစ်ရှောင်ဦးရေ များပြားနေကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်နေပေးနေသည့် မြောင်လူငယ်ကွန်ရက်မှ အမရာမှူးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ဒီစစ်ကြောင်းက မြောင်နယ်ထဲကို မဝင်ခင်ကတည်းက မြင်းမူထဲမှာ တွေ့တဲ့လူတွေကို ရိုင်းရိုင်းစိုင်းစိုင်း သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တဲ့အတွက် ပြည်သူတွေ ကိုယ်တိုင်က အသက်အန္တရာယ်စိုးရိမ်တဲ့အပေါ်မှာ ပိုပြီးတော့ ရှောင်တိမ်းကြတယ်။ စစ်ရှောင်နေရတာက အားလုံးတောထဲမှာ နေပြီးတော့ ခွဲနေတဲ့နေရာ ၃ ခုမှာ ၂ နေရာက ရေအခက်အခဲ ဖြစ်နေတာ။ စားနပ်ရိက္ခာရော ရေရရှိရေး ကိစ္စရပ်တွေကို ဆောင်ရွက်ပေးနေရတယ်” ဟု ပြောသည်။

ယင်းစစ်ကြောင်းကြောင့် စတင်ပြေးရသည့် မတ် ၁၂ ရက်မှ ယနေ့အထိ စုစုပေါင်းကျေးရွာ ၃၀ ဝန်းကျင်မှ ပြည်သူ ပေါင်း ၄ သောင်းကျော် စစ်ရှောင်ရကြောင်း ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

You may also like these stories:

မုန်းဒေသခံ ၁၄ ဦး စစ်ကောင်စီ ဖမ်းထား

ခင်ဦးတွင် စစ်တပ်က PDF တဦးကို ခေါင်းဖြတ်သတ်ပြီး သစ်ပင်၌ ချိတ်ဆွဲထားခဲ့

တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ

မြန်မာစစ်တပ် ဆေးစွဲနေပြီ

စစ်ကောင်စီ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှု ၃၂ ခု ရှိ

Your Thoughts …
Tags: PDFစစ်ကောင်စီတပ်ဘီလူးစစ်ကြောင်းမြောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင်မြင်တွေ့ရသည့် အကယ်ဒမီ ပိုင်ဖြိုးသု / ဧရာဝတီ

ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား

မြဝတီကုန်သွယ်ရေးဇုန်အနီးတဝိုက် ယနေ့နံနက်တိုက်ပွဲဖြစ်ပွားမှု မြင်ကွင်း / CJ

တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved