• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်

by ဧရာဝတီ
6 July 2024
in သတင်း
A A
၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်

ဇူလိုင် ၃ရက်က စသည့် ၁၀၂၇ အပိုင်း ၂၏ အရှိန်သည် မန္တလေးတိုင်းအတွင်းသို့ ထိုးဖောက်ကာ စစ်ဆင်လာသည်ကို တွေ့ရသည်(ဧရာဝတီ)

5.1k
VIEWS
Share on FacebookShare on Twitter

“၁၀၁၂၇” တကျော့ပြန် စစ်ဆင်ရေးက မန္တလေးတိုင်းအထိ ကျယ်ပြန်လာရာ တော်လှန်ရေးတပ်များက စဉ့်ကူးနယ်မှ ရဲနှင့် တပ်စခန်း ၆ခုကို သိမ်းပိုက်ပြီး မိုးကုတ်- မတ္တရာလမ်းကို ထိန်းချုပ်ရန် ကြိုးစားနေသလို မတ္တရာ လေကြောင်းရန် ကာကွယ်ရေးတပ်နှင့် စခန်း ၁၀ခုခန့်လည်း ရပြီးဖြစ်သည့်အတွက် မန္တလေးမြို့နှင့် ၁၅မိုင်ခန့်အကွာအထိ ချဉ်းကပ်လာပြီ ဟုဆိုရမည်။

ဇွန်လ ၂၅ ရက်က စခဲ့သည့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်တိုက်ပွဲများနှင့် တပြိုင်တည်း ဧရာဝတီမြစ်အရှေ့ခြမ်းဒေသ မန္တလေး-မိုးကုတ်လမ်း တလျောက်ရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး(မန္တလေး-PDF)နှင့် ပူးပေါင်းတပ်များက စစ်ဆင်ရေး လုပ်နေခြင်းဖြစ်သည်။

မတ္တရာ အရှေ့ခြမ်း ထိုးစစ်တွင် အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် ဆည်တော်၊ ပန်းသလဲတောင်၊ ရေစို တောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်နှင့် Alpha(အယ်လ်ဖာ) ဘိလပ်မြေစက်ရုံ စိုးမိုးကုန်းဖြစ်သော မြေနီတောင်စခန်းတို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ချနှင့် ဖမ်းမိသူ ၆၄ ဦး၊ မိသားစု ၁၁၇ ဦးကို ထိန်းသိမ်း ထားပြီး လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ခဲယမ်းများစွာ သိမ်းမိကြောင်း မန္တလေး-PDF က ကြေညာထားသည်။

လေကြောင်းရန် ကာကွယ်ရေးတပ်ကို တိုက်ခိုက်စဉ် စစ်ကူလာသည့် စစ်တပ်ကိုလည်း ပြင်ဦးလွင်ခရိုင်-ပကဖ၊ မတ္တရာ-ပကဖတို့ မှ စလေရွာအနီး ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၆ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ ၁၄ လက်နှင့် ကား ၄ စီးရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ မတ္တရာအရှေ့ခြမ်းကတော့ ၈၀ ရာခိုင်နှုန်းလောက် သိမ်း ပိုက်ပြီးပါပြီ ။ ၂၀ ရာခိုင်နှုန်း လောက် ကျန်တာ အပြီးသတ်နိုင်ဖို့ကတော့ ကြိုးစားနေကြတယ်။ ဒါက အန္တိမ ရည်မှန်းချက်တော့ မဟုတ်ဘူး။ ၁၀၂၇ ဒုတိယလှိုင်းနဲ့အတူ တော်လှန်ရေးကြီး ပြီးဆုံးသွားဖို့ ကြိုးစားနေတာဖြစ်တယ်” ဟု ပြောသည်။

ဤတကြိမ် သိမ်းပိုက်မှုတွင် မန္တလေးမြို့ မီးလင်းရေးအတွက် အရေးပါသော ဆည်တော်ကြီးရေလှောင်တမံလည်း ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရက ဂျပန်အကူအညီဖြင့် အကြီးစားပြုပြင်ခဲ့ပြီးနောက် စက်ရုံ-၁ မှ ၅ ဒသမ ၁ မဂ္ဂါဝပ်နှင့် စက်ရုံ-၂ မှ ၅ ဒသမ ၃ မဂ္ဂါဝပ် ၂၄ နာရီ ထုတ်လုပ် ပေးလျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားသည့် နေရာများကို ပြသည့် မြေပုံ(ဧရာဝတီ)

Alpha(အယ်လ်ဖာ) ဘိလပ်မြေစက်ရုံ စိုးမိုးကုန်းဖြစ်သော မြေနီတောင်စခန်း ဆိုလျှင် ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်ကြားတွင် ရှိပြီး မန္တလေးနန်းတွင်းနှင့် ၁၅ မိုင်ခန့်ကွာသည်ဟု ဆိုရမည်။

ထို့အတွက် မန္တလေးမြောက်ဖက်နား အထိ ထိုးဖောက် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေဖြစ်ပြီး စစ်တပ်ဘက်ကလည်း မတ္တရာမြို့နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် အင်အား တိုးချထားကြောင်း မတ္တရာ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) တာဝန်ရှိ သူတဦးက ပြောသည်။

၎င်းက “ မတ္တရာမြို့မှာ အင်အားတထောင်လောက်နဲ့စုစည်းပြီး ခုခံပြင်ထားတယ်။ မန္တလေးမြို့ကို တိုက်ရိုက်ထိုးဖောက်နိုင်တဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံမှာလည်း အင်အားအလုံးအရင်းနဲ့ ခံစစ်ပြင်နေတာရှိတယ်။ ကျနော်တို့ရရှိထားတဲ့သတင်းအရ တပ်မ ၉၉ လက်အောက်ခံတပ်တွေ၊ လက်ရုံးတပ်တွေနဲ့ ပြည်သူ့စစ်တွေ ပါဝင်နေတယ်လို့ သိထားရတယ်” ဟု ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

မန္တလေးမြောက်ခြမ်း ထိုးစစ်စတည်းက မန္တလေး-မိုးကုတ်လမ်းနှင့် မန္တလေး-မြစ်ကြီးနားလမ်းတို့ကို ညဘက်မသုံးဖို့ ပြင်ဦးလွင်ခရိုင်-ပကဖက သတိပေးခဲ့ပြီး လတ်တလော ထိုလမ်းမကြီးများပေါ်ရှိ စစ်တပ်နှင့် ရဲကင်းစခန်း များ အား မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေပြီဖြစ်သည်။

မန္တလေး-မိုးကုတ်လမ်းရှိ စဉ့်ကူးမြို့ပေါ်မှ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် အားကစားခန်းမတို့ကို ပြင်ဦးလွင်ခရိုင်-ပကဖက ဒရုန်းဖြင့် ဗုံးသီး ၁၆ လုံး ကြဲခဲ့ပြီး ယမန်နေ့ကမူ နွယ်ရုံရွာ ရဲကင်းကို မန္တလေး-PDF ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး လက်ပံလှလမ်းဆုံအနီးရှိ ပင်လယ်ကြီးရွာရဲကင်းကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

အလားတူ သပိတ်ကျင်းမြို့နယ် တွင်းငယ်လမ်းစုံမှ မိုးမိတ်မြို့သို့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်က အရေးပါသည့် ကင်းချောင်းတံတား တပ်စခန်းကိုလည်း ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး သပိတ်ကျင်းမြို့မှ မိုးမိတ်သို့ စစ်ကူလမ်း ကြောင်းအား အပြီးတိုင် သိမ်းပိုက်စိုးမိုးထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ပြောသည်။

ပြီးခဲ့သည့် ရက်က စဉ့်ကူးမြို့နယ် စခန်းသိမ်းတိုက်ပွဲများတွင် တွေ့ရသည့် မန္တလေး-PDFတပ်များ (MDY – PDF)

ထိုသို့ မန္တလေးမြောက်ခြမ်း အရေးပါသည့်လမ်းမကြီးအား ဖြတ်တောက်ထိန်းချုပ်ထားနိုင်ရေး ပူးပေါင်းတပ်များက ထိုးစစ် ဆင်မှုကြောင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့တို့အား ဦးတည်သည့်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ဖွယ်ရှိနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

၎င်းက “မတ္တရာကနေ မန္တလေးကို ရောက်ဖို့တော့ မလွယ်ဘူး၊ စဉ့်ကူးဘက်ကို ရောက်သွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းဘက် အထိလည်း ရောက်လာနိုင်တယ်။ ဒါက မိုးကုတ်ဘက်ကနေ တဆက်တည်း ဖြစ်နေ တာဆိုတော့ ဆက်တိုးမယ့်စစ်ကြောင်းတွေက ဧရာဝတီမြစ်အရှေ့ကမ်းပေါ့ မန္တလေးဘက်ကို ဆင်းမသွားဘဲနဲ့ စဉ့်ကူးဘက်ကို ချဲ့လာနိုင်တယ်လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ဧပြီ ၂၈ ရက်ကလည်း စဉ့်ကူးမြို့အရှေ့ဘက် တောင်ကြောပေါ်ရှိ ဝါးပိုးချပ်ရွာ တပ်စခန်းအား မန္တလေး-PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ပြီး တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)မှ အုပ်ချုပ်မှုဌာနမှူး ဒုတိယဗိုလ်မှူးကြီး တင်ကို (တေဇ ၂၈)အပါအဝင် ၁၁ ဦးသေဆုံးကာ စစ်သား ၁၅ ဦး လက်နက်ချ အညံ့ခဲ့ကြောင်းနှင့် လက်နက်ငယ် ၁၉ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြေပြန့်ဒေသထိုးစစ်အတွက် ပြင်ဆင်နေသည့် NUG က လက်ရှိထိုးစစ်အား “ရှမ်းမန်းစစ်ဆင်ရေး”ဟု ဆိုထားပြီး မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်သည် မိုးကုတ်၊ မိုးမိတ်နှင့် သာမက ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းထားသည့် မဘိမ်းမြို့တပ်မဟာ-၁၁ နယ်မြေ တို့နှင့်လည်း ထိစပ် ဆက်စပ်နေသည်။

သို့သော် ထိုဒေသများ ထိန်းချုပ်နိုင်ရေးထက် တိုင်းရင်းသားမဟာမိတ်များ၏ စစ်ဆင်ရေးလှိုင်းနှင့်အတူ ပြည်မဒေသမှ အရေးပါသော မြို့ကြီးများအား ထိုးစစ်ဆင်နိုင်ရေးသည် ပို၍ အဓိကကျကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် တဦးက ပြောသည်။

၎င်းက “၁၀၂၇ ဒုတိယလှိုင်းက ကျနော်တို့အတွက် အရေးကြီးတယ်။ တိုင်းရင်းသားမဟာမိတ်တွေ ဖော်ဆောင်ပေးတဲ့ လှိုင်းတွေကို ခိုစီးရတယ်၊ လှိုင်းခိုစီးရင်းနဲ့ ကျနော်တို့ ပြည်မမှာရှိတဲ့ အရေးကြီးတဲ့မြို့တွေကို သိမ်းပိုက်နိုင်အောင် ကြိုးစား နေတယ်။ ဒီလှိုင်းကို မျှော်လင့်ခဲ့တာကြာပြီ၊ အခုကျနော်တို့မျှော်လင့်တဲ့ လှိုင်းကရောက်လာပြီ၊ လှိုင်းနဲ့အတူ ကျနော်တို့ အနေနဲ့ ပြည်မရဲ့ အထင်ကရမြို့တွေဖြစ်တဲ့ မန္တလေးကို ပစ်မှတ်ထားရှိတယ်၊ နောက်တခုက ဒီလှိုင်းနဲ့ အတူ တော်လှန်ရေးအဆုံးအထိ ပါသွားမယ်လို့ ကျနော်တို့မျှော်လင့်တယ်” ဟု ပြောသည်။

You may also like these stories:

တိုက်ပွဲများကြောင့် မန္တလေးနှင့် ပြင်ဦးလွင် လုံခြုံရေး တင်းကျပ်

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း လာပြီ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးMDY-PDFNUGမန္တလေးရှမ်းမန်း စစ်ဆင်ရေးလေကြောင်းရန်ကာကွယ်ရေးတပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်နဲ့ အရှိန်မြင့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး (ရုပ်/သံ)

ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်နဲ့ အရှိန်မြင့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး (ရုပ်/သံ)

မင်းအောင်လှိုင် ကိုယ်စား ဦးသိန်းစိန်က တရုတ်ကို အကူအညီတောင်းခဲ့သလား

မင်းအောင်လှိုင် ကိုယ်စား ဦးသိန်းစိန်က တရုတ်ကို အကူအညီတောင်းခဲ့သလား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved