• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

by ဧရာဝတီ
28 June 2024
in သတင်း
A A
မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

၁၀၂၇ တကျော့ပြန် စစ်ဆင်ရေးအတွင်း တွေ့ရသည့် TNLA စစ်သားတဦး (TNLA)

7.2k
VIEWS
Share on FacebookShare on Twitter

တရုတ်ကြားဝင်မှုဖြင့် ၅ လကျော် ယာယီအပစ်ခဲ့သည့် ရှမ်းမြောက်ဒေသတွင် ဇွန်လ ၂၅ ရက်မှစ၍ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေရာ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်များ၏ ဤတကြိမ် ထိုးစစ်က မန္တလေးတိုင်းအထိ ကျယ်ပြန့်လာပြီဟု ဆိုရမည်။

TNLA ပူးပေါင်းတပ်များသည် ထိုးစစ်သုံးရက်အတွင်း နောင်ချိုရှိ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၁၁၅ နှင့် ခမရ-၁၁၄ နှစ်ခု အပါအဝင် ရဲစခန်း၊ တပ်စခန်းငယ်များနှင့် ဌာနဆိုင်ရာရုံး စုစုပေါင်း ၂၅ ခုကျော်အား သိမ်းပိုက်ခဲ့ပြီး နောင်ချိုနှင့် ကျောက်မဲမြို့ပေါ် အထိ စီးနင်းနေရာယူနိုင်ခဲ့သည်။

လက်ရှိတိုက်ပွဲများမှာ ယမန်နှစ်က အကြီးအကျယ်အောင်မြင်မှုရခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း-၂ ဖြစ်သည်ဟု TNLA က ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ဟိုင်ဂင်အပစ်ရပ် သဘောတူညီ ပျက်မပျက်ကိုမူ ယတိပြတ် ပြောဆိုခြင်း မရှိပေ။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ကျမတို့က ဟိုင်ဂင်နဲ့ပတ်သက်လို့ ပြောလိုခြင်း မရှိသေးဘူး။ ရှမ်းမြောက်မှာပဲ ရပ်သွားခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ တောက်လျှောက်ဖြစ်နေတယ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ က နွေဦးတော်လှန်ရေး နဲ့အတူ ပူးပေါင်းပြီးတော့မှ ဆင်နွှဲတဲ့တိုက်ပွဲဖြစ်တယ်။ အဓိက ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် ပပျောက်ဖို့နဲ့ ဒေသခံ လူထုကို ကာကွယ်ဖို့ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိစစ်ဆင်ရေးသည် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ အခြားသော MDY- PDF ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကဲ့သို့သော နွေဦးတော်လှန်ရေးအဖွဲ့များလည်း ပူးပေါင်းဆင်နွှဲနေကြောင်း သူကပြောသည်။

ရှမ်းမြောက်ဒေသ ပြင်းထန်သည့်တကျော့ပြန်တိုက်ပွဲသည် မန္တလေးမြို့အနီး မတ္တရာမြို့နယ်ထဲအထိ ဖော်ဆောင်မှုများ ရှိသဖြင့် ရှမ်းပြည်နှင့် မန္တလေး “ရှမ်းမန်း” စစ်ဆင်ရေးဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဆိုသည်။

ယခုစတင်သည့် ၁၀၂၇ အပိုင်း ၂ ဖြစ်ပွားရာ ဒေသများနှင့် သိမ်းဆည်းရမိသည့် စစ်တပ်တည်နေရာပြ မြေပုံ (ဧရာဝတီ)

စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ မိုးကုတ်ဗျူဟာတပ်ရင်း လေးရင်း၊ အမှတ် ၅၁၃ တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်နေကြောင်း NUG က အသိပေးထားသည်။

လက်ရှိတွင် မတ္တရာမြို့ အရှေ့မြောက်ဘက် ဆည်တော်ကြီးရေလှောင်တမံအနီးရှိ အမှတ် ၁၀၁၄ လေကြောင်းရန် ကာကွယ် ရေးတပ်ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေကြောင်း NUG က ပြောသည်။

TNLA ပူးပေါင်းတပ်များသည် နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြိုတို့အား အပြီးသတ်ပိုက်နိုင်ရေး မြို့အနီး တပ်ရင်းဌာနချုပ် များအား တိုက်ခိုက်နေသကဲ့သို့ မိုးမိတ်၊ သီပေါနှင့် မတ္တရာမြို့နယ်တို့တွင်လည်း တိုက်ပွဲဖော်ဆောင်မှုများ ရှိသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

နောင်ချို၊ ကျောက်မဲ၊ သီပေါအား အပြီးသတ် သိမ်းပိုက်နိုင်ပါက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ မြေပြင် လမ်းကြောင်း ဖြတ်တောက်ပိတ်ဆို့နိုင်မည် ဖြစ်သည့်အပြင် မတ္တရာ-မိုးကုတ်လမ်းကြောင်း ထိန်းချုပ်နိုင်ခြင်းအားဖြင့်လည်း မိုးမိတ်သည် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခံရမည့်အခြေအနေဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။

ထို့ပြင် တိုက်ပွဲများသည် မန္တလေးနှင့် ပြင်ဦးလွင်အား အရှေ့ နှင့် မြောက်ဘက်က ထိုးဖောက် ဖော်ဆောင်ခြင်းဖြစ်၍ မန္တလေးနှင့် ပြင်ဦးလွင်မြို့သည်လည်း ခြိမ်းခြောက်ခံလာရသည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းက “ မတ္တရာ- မိုးကုတ်ဧရိယာဆိုရင် မန္တလေးကို တိုက်ရိုက်ခြိမ်းခြောက်ပြီးသား ဖြစ်သလို နောင်ချို-ကျောက်မဲကလည်း ပြင်ဦးလွင်ကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်တယ်။ အဲဒီတော့ အခုစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က လောလောဆယ် မန္တလေးနဲ့ ပြင်ဦးလွင်ကို တိုက်ရိုက် ခြိမ်းခြောက်တာလို့ ပြောလို့ရတယ်၊ အလုံးအရင်းနဲ့ စတိုက်တဲ့အတွက် ဒီတိုက်ပွဲတွေက လွယ်လွယ်နဲ့တော့ ရပ်မသွားဘူး။ မြို့သိမ်းတိုက်ပွဲတွေဟာ ကျားကုတ်ကျားခဲ တိုက်တဲ့တိုက်ပွဲတွေ ဖြစ်တယ်” ဟု ပြော သည်။

နောင်ချိုမြို့တွင်း ဝင်ရောက် နေရာယူထားသည့် တော်လှန်ရေးတပ်များ (ပြည်သူ့ကာကွယ်ရေး တပ်မတော် မန္တလေး)

မန္တလေးတိုင်းထဲအထိ ထိုးဖောက်လာသည့် “၁၀၂၇ တကျော့ပြန်စစ်ဆင်ရေး”သည် မတ္တရာ- မိုးကုတ်နှင့်ဆက်စပ်နေသည့် ဧရာဝတီမြစ်အရှေ့ ခြမ်း စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့အထိ ကူးစက်နိုင်သကဲ့သို့ နောင်ချိုမြို့တောင်ဘက် တောင်ခမ်း၊ ကျောက်ဂူ၊ အင်တော၊ ရပ်စောက်မြို့နယ်တို့အထိ ပျံနှံ့သွားနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ကပြောသည်။

၎င်းက “NUG ကတော့ ရှမ်း-မန်းလို့တော့ ပြောတာပေါ့နော်၊ ကျနော်ကတော့ နောင်ချိုကို တိုက်တဲ့အနေအထားက ကျောက်ဂူ၊ အင်တောကနေတဆင့် ရပ်စောက် ရှမ်းတောင်ပေါ့နော်၊ ရှမ်းတောင်ကနေမှတဆင့် ကရင်နီဘက်အထိ ထိုးဖောက် ချိတ်ဆက်သွားနိုင်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

အင်တော-ရပ်စောက်မြို့ အရှေ့ဘက်ဒေသသည် ရှမ်းပြည်တပ်မတော်(SSPP/SSA) လှုပ်ရှားရာဒေသများဖြစ်ပြီး SSPP/SSA နှင့် TNLA တို့သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(FPNCC) အဖွဲ့ဝင် မဟာမိတ်များဖြစ်ကြသည်။

၁၀၂၇ တကျော့ပြန်ထိုးစစ်သည် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်တွင်သာ ပြင်းထန်နေဆဲဖြစ်ပြီး မြို့များ အပြီးတိုင် သိမ်းပိုက်ရေးအတွက် တပ်ရင်းဌာနချုပ်များအား ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်သည်။

နောင်ချိုမြို့ အနီးတွင် ခမရ ၁၁၄ ၊ ခမရ ၁၁၅ နှင့် အမှတ် ၆၀၆ ဒုံးတပ်ရင်းတို့ရှိပြီး မြို့နယ်ခွဲဖြစ်သည့် တောင်ဘက် ၁၇ မိုင် ကျော် အကွာရှိ တောင်ခမ်းမြို့တွင် အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကွဲမှုဌာနချုပ်နှင့် လက်အောက်ခံ အမြောက်တပ်ရင်း ၃ ရင်းအခြေစိုက်ထားပြီး ထိုအမြောက်တပ်ရင်းများမှ နောင်ချိုဘက်သို့ လက်နက်ကြီးပစ်ကူပေးလေ့ရှိကြောင်း ဒေသခံ တဦးက ပြောသည်။

ကျောက်မဲမြို့တွင်းတိုက်ပွဲ၌ သေဆုံးသူများကို သဂြိုလ်ပေးရန် လူမှုကူညီရေးအသင်းများက ဆောင်ရွက်နေစဉ် (နမ့်ခုံးရှမ်းများ ပရဟိတအသင်း)

လက်ရှိတွင် ခမရ ၁၁၄ နှင့် ခမရ ၁၁၅ အား သိမ်းပိုက်ထားသည့် TNLA ပူးပေါင်းတပ်များသည် မြို့အနီးကျန်ရှိနေသော အမှတ်-၆၀၆ ဒုံး တပ်ရင်းအား သိမ်းပိုက်ရန် ဆက်လက် ထိုးစစ်ဆင်နေသည်။

လွေးယေဦးက “ခမရ ၁၁၄ ကို မနေ့ည ၇ နာရီလောက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒုံးတပ်ရင်းကိုတော့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အခြေအနေပါ” ဟု ယနေ့နံနက်ပိုင်းတွင် ပြောသည်။

ဇွန်လ ၂၆ ရက်က သိမ်းပိုက်လိုက်နိုင်သည့် ခမရ ၁၁၅ တပ်ရင်းဌာနချုပ်မှ လက်နက်မျိုးစုံ အလက်ရေ ၃၅၀ ကျော်၊ ကံ့ကော်တပ်စခန်းနှင့် အခြားစခန်းများမှလည်း လက်နက်မျိုးစုံ အလက်ရေ ၅၀ ကျော်ရရှိခဲ့ကြောင်း၊ နောင်ချိုရဲစခန်း အတွင်းမှ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကျောက်မဲတိုက်ပွဲတွင် စစ်သား ၁၇ ဦး လက်နက်မျိုးစုံ ၅၀ ကျော်နှင့်အတူ လက်နက်ချခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ထို့ပြင် TNLA ပူးပေါင်းတပ်များသည် ကျောက်မဲမြို့အခြေစိုက် အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နှင့် တဆက်တည်း ရှိနေသော ခမရ ၅၀၁ နှင့် ခမရ ၅၀၂ တပ်ရင်းနှစ်ခုအား တိုက်ခိုက်နေသည့်အပြင် မိုးကုတ်မြို့သိမ်း တိုက်ပွဲကို ဆက်လက် ဖော်ဆောင်လျက်ရှိသည်။

လက်ရှိတွင် ကျောက်မဲမြို့တွင်း ရဲစခန်းနှင့် ရုံးဌာနများအား TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်၍ မြို့ထဲ၌ နေရာယူ ထိန်းချုပ်ထားသည့်အပြင် မိုးကုတ်မြို့အနောက်ခြမ်း ဒေါ်နန်းကြည်တောင်အနီးနှင့် ကျပ်ပြင်ရပ်ကွက်တွင် တိုက်ပွဲ ပြင်းထန် နေသည်။

ကျောက်မဲမြို့တွင်း နေရာယူထားသည့် TNLA ပူးပေါင်းတပ်များ(SPM News)

တိုက်ပွဲများအတွင်း လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပြီး နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့ပေါ် ရပ်ကွက်များထဲ သို့ ဗုံးကြဲချမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိနေသလို ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ နေအိမ်နှင့် ဘာသာရေး အဆောက်အဦအချို့ ပျက်စီးခဲ့သည်။

ယနေ့နံနက်ကလည်း ကျောက်မဲအခြေစိုက်တပ်ရင်းများနှင့်ဆက်စပ်နေသည့် အမှတ် ၇ ရပ်ကွက်ထဲသို့ လေကြောင်း ဗုံးကြဲ မှုကြောင့် ရွှေကျင်ဘုန်းတော်ကြီးကျောင်း ထိမှန်ပျက်စီးခဲ့ရပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ကျောက်မဲဒေသခံတဦးက ပြောသည်။

၎င်းက “ဒီနေ့မြို့ပေါ်မှာ တိုက်လေယာဉ်က တောက်လျှောက်ဝဲပြီးတော့ ဗုံးကြဲနေတယ်၊ ၇ ရပ်ကွက်ကို ဗုံးချနေတာပါ။ ဒီနေ့ မနက်ဆို ၅ ကြိမ်လောက်ရှိပြီ ကြဲချနေတာ။ ရွှေကျင်ဘုန်းကြီးကျောင်းကို ဗုံးသီး သုံးလုံးကျတယ်။ ထိခိုက် ဒဏ်ရာရတာ တွေ မရှိဘူး။ မြို့ပတ်ပတ်လည်း လမ်းတွေလည်း ပိတ်ထားတော့ ဘယ်မှ ထွက်မရဘူး၊ ဆေးရုံခန်းတွေလည်း မရှိတော့ဘူး။ တချို့ရွာလမ်းတွေကနေ ထွက်တဲ့သူတွေရှိပေမယ့် မိုးတွင်းဆိုတော့ လမ်းတွေက ပျက်နေတာတွေရှိတယ်၊ တချို့နေရာကျ တိုက်ပွဲတွေကြောင့် ပေးမထွက်ဘဲ ပြန်လှည့်ခိုင်းတာတွေရှိတယ် ” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မတ္တရာမြို့နယ်တို့အတွင်းရှိ အရပ်သား ထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း တချို့လည်း မန္တလေးဘက်သို့ ခြေလျင်သွားရောက်ကာ ရှောင်တိမ်းရန် ကြိုးစားနေသည်ဟု ဒေသခံများထံမှ သိရသည်။

You may also like these stories:

ကျောက်မဲအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို TNLA ဝင်တိုက်နေ

စစ်ကောင်စီ တပ်ရင်း ဌာချုပ်များ ကျရှုံးမှုကို ရေတွက်ကြည့်ခြင်း

မြန်မာစစ်တပ်မှ ဘက်ပြောင်းခြင်းနှင့် နွေဦးတော်လှန်ရေး

ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာတွင် ဗဟိုဖြန့်ထွက်စနစ်သစ် လိုအပ်

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂NUGTNLAကျောက်မဲနောင်ချိုမန္တလေးမိုးကုတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ဘာတွေ ဖြစ်နေကြသနည်း

ဘာတွေ ဖြစ်နေကြသနည်း

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေး (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved