PNO တို့ ငြိမ်းချမ်းရေးယူခြင်း
ဦးအောင်ခမ်းထီ ဥက္ကဋ္ဌဖြစ်လာသည့် ၁၉၇၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ၁၄ နှစ်တာ ကာလအတွင်း PNO သည် တော်လှန်ရေး လက်နက်ကိုင်များ မဟာမိတ် အစုအဖွဲ့ဖြစ်သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) နှင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) တို့တွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။
သို့သော် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် PNO ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညီလာခံအပြီးတွင် အဆိုပါ အဖွဲ့အစည်းများမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး နောက်တလအကြာ ဧပြီလ ၁၁ ရက်နေ့တွင်မှု PNO တို့ စစ်တပ်နှင့် ငြိမ်းချမ်ရေး ယူခဲ့ကြသည်။

PNO တို့ ငြိမ်းချမ်းရေး ယူသည့်အချိန်က နိုင်ငံတော် ငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အဖွဲ့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ် ခင်ညွန့် ငြိမ်းချမ်းရေး မျက်နှာစာတွင် ရှေ့တန်းရောက်နေသည့်ကာလဖြစ်ပြီး ထိုစဉ်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုးတက်မှုလုပ်ငန်း အကောင်းအထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌရာထူးကို ယူထားသည်။

၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲအပြီး ကိုးကန့်၊ ဝ၊ မိုင်းလားအဖွဲ့များ ခွဲထွက်ကာ စစ်တပ်နှင့် ငြိမ်းချမ်းရေးယူပြီးစ ပူပူနွေးနွေး နှစ်ကာလများ အတောအတွင်းဖြစ်ပြီး ဗိုလ်ချုပ် ခင်ညွန့်က တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လုပ်နေသည့်ကာလလည်း ဖြစ်သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့်စစ်တပ်ကြား ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွင် အဓိက ခရာကျခဲ့သူတဦးမှာ သတင်းစာဆရာကြီး ပင်လုံဦးစံအောင် ဖြစ်သည်။ ဦးစံအောင်သည် ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) မှ ဝင်ရောက်ရွေးကောက်ခံခဲ့သည့် လွှတ်တော်အမတ်ဖြစ်ပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးမှုကို တက်ရောက် သတင်းယူခဲ့သူ သတင်းထောက်တဦးလည်း ဖြစ်သည်။ ထို့ကြောင်းလည်း ၎င်းအား ‘သက်ရှိပင်လုံ’ ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။

စစ်တပ်ဘက်က PNO သို့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ဦးစံအောင်မှတဆင့် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင် ဆက်သွယ်ခဲ့သည်ဟု ၁၉၉၁ ခုနှစ်၊ ဧပြီလ ၁၄ ရက်ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာပါ ဦးအောင်ခမ်းထီ၏ ပြောဆိုချက်တွင် ပါရှိခဲ့သည်။
စစ်တပ်ဘက်က PNO သို့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ဦးစံအောင်မှတဆင့် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင် ဆက်သွယ်ခဲ့သည်ဟု ၁၉၉၁ ခုနှစ်၊ ဧပြီလ ၁၄ ရက်ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာပါ ဦးအောင်ခမ်းထီ၏ ပြောဆိုချက်တွင် ပါရှိခဲ့သည်။

၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်မှု နဝတ အစိုးရ ဒုတိယ ဗိုလ်မှူးကြီး ကျော်သိန်း ဦးဆောင်သည့် အဖွဲ့နှင့် PNO ဘက်က ဦးခွန်ထွန်းရီတို့ ဦးဆောင်သည့် အဖွဲ့တို့ ပဏာမအဆင့် ဆွေးနွေးနိုင်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲအပြီး နောက်တလ အကြာ မတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညီလာခံကို PNO တို့ချည်း သီးသန့် ကျင်းပကြသည်။ မတ်လ ၂၉ ရက်နေ့တွင်မှု ပအိုဝ်းအမျိုးသားများ အားလုံး၏ ကိုယ်စားလှယ်များ ပါဝင်သည့် ညီလာခံကို ထပ်မံကျင်းပပြီး ၁၉၉၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် PNO နှင့် စစ်တပ်တို့ ငြိမ်းချမ်းရေး ယူလိုက်ကြတော့သည်။
ငြိမ်းချမ်းရေးယူအပြီး နှစ်ပတ်အကြာ ဧပြီ ၂၅ ရက်တွင် PNO နှင့် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ (ပအမဖ) တို့ပါဝင်သည့် အမျိုးသားကော်မတီကို လူ ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီတွင် ဦးအောင်ခမ်းထီက ဥက္ကဋ္ဌ၊ ဦးခွန်မောင်ငွေက ဒုဥက္ကဋ္ဌ၊ ဦးခွန်ဝိဇ္ဇာက အတွင်းရေးမှူးနှင့် ဦးခွန်မောင်တုတ်က တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ကြပြီး ဦးခွန်ထွန်းရီ၊ ဦးခင်ကျော်ညို၊ ဦးခွန်သိန်းဖေတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြသည်။
ထို့နောက် နာမည်ကျော် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ဖြစ်ပေါ်လာရေး နဝတ အစိုးရက ခေါ်ယူကျင်းပသည့် ၁၉၉၃ ခုနှစ်မှ စတင်သော အမျိုးသားညီလာခံသို့ PNO တို့ တက်ရောက် ပူးပေါင်းခဲ့ကြသည်။

၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး မယူဘဲ ကျန်ရှိခဲ့သည့် PNO အဖွဲ့ဝင်များ ဖြစ်သည့် ဦးခွန်ဥက္ကာနှင့် ရဲဘော်များကမှု ပအိုဝ်းပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (PPLO) ကို ဖွဲ့စည်းပြီး နောင် ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့၌ ပအိုဝ်းညီလာခံတရပ် ခေါ်ယူကာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကို ဖွဲ့စည်းခဲ့ကြသည်။
အထူးဒေသ (၆)၊ အသွင်ပြောင်း ပြည်သူ့စစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
PNO တို့ ငြိမ်းချမ်းရေး ယူအပြီး ၎င်းတို့ လှုပ်ရှားရာ နေရာကို အထူးဒေသ ၆ ဟု စစ်တပ်က သတ်မှတ်ပေးလိုက်သည်။ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် စစ်တပ်က အပစ်ရပ်အဖွဲ့များကို ပြည်သူ့စစ် အသွင်းကူးပြောင်းရေး ကြေညာခဲ့ရာ PNO လည်း ထိုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့ရသည်။
ထိုအချိန်မှစ၍ ပြည်သူ့စစ် ဖြစ်သွားသော ပအိုဝ်းအမျိုးသားတပ်မတော် (PNA) သည် စစ်ဦးစီးချုပ်ရုံး အောက်သို့ ရောက်ရှိသွားပြီး ကာကွယ်ရေးဦးစီးချုပ် လက်အောက်နှင့်သာ သက်ဆိုင်ကြောင်း PNA ကွပ်ကဲရေးမှူး ဦးခွန်လှနှင့် ဧရာဝတီ သတင်းဌာန တွေ့ဆုံမေးမြန်းမှုတွင် ဦးခွန်လှက ပြောဆိုခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ၂၀၁၀ ပြည့်နှစ် ဩဂုတ် ၂၀ ရက်နေ့တွင် ကြေညာခဲ့ရာ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း သုံးမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာခဲ့သည်။
ထိုမှတဖန် ဖွဲ့စည်ပုံပေးထာချက် လမ်းကြောင်းအတိုင်း ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် PNO ပါတီကို မှတ်ပုံတင်၍ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း သုံးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကြရာ PNO ၏ ရွေးကောက်ခံ အမတ် ၁၀ ဦး ထွက်ပေါ်လာခဲ့သည်။
ထိုအထဲတွင် ဦးအောင်ခမ်းထီ၏ လက်ရုံး လူယုံများဖြစ်ကြသော ဦးနေဝင်းထွန်း (ခ) ဦးနေဝင်းဆွေ၊ ဦးစံလွင် (လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်) နှင့် ဦးခွန်သိန်းဖေတို့လည်း ပါဝင်ခဲ့ကြသည်။
ပအမဖ နှင့် PNO ကြားက ပါတီအမည်ပြဿနာ
ပအိုဝ်းတော်လှန်ရေးတွင် PNO နှင့် ယှဉ်တွဲနေသည့် အဖွဲ့ကြီးမှာ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ (ပအမဖ) ပင် ဖြစ်သည်။ ပအမဖကို ၁၉၅၀ ပြည့်နှစ်၊ ဩဂုတ် ၂ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခင်ရှိပြီး ဖြစ်သော ပအိုဝ်းလှိုင်ဗူ (ခ) ပအိုဝ်းစုစည်းအဖွဲ့က ဆင်းသက်လာခြင်း ဖြစ်သည်။ ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ်နှင့် ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အစဉ်အလာရှိ တိုင်းရင်သားပါတီကြီး တခုလည်း ဖြစ်သည်။

၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းအပြီး ပါတီများကို ဖျက်သိမ်းရာတွင်မှု ပအမဖလည်း ဖျက်သိမ်းခံခဲ့ရသည်။ သို့သော် ၁၉၈၈ အရေးအခင်း အပြီးတွင် ပါတီကို ဒုတိယအကြိမ် ပြန်လည် မှတ်ပုံတင်ကြပြီး ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။
၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းအပြီး ပါတီများကို ဖျက်သိမ်းရာတွင်မှု ပအမဖလည်း ဖျက်သိမ်းခံခဲ့ရသည်။ သို့သော် ၁၉၈၈ အရေးအခင်း အပြီးတွင် ပါတီကို ဒုတိယအကြိမ် ပြန်လည် မှတ်ပုံတင်ကြပြီး ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။
သထုံ ဦးလှဖေနှင့် ဦးကျော်စိန်တို့သည်လည်း ၁၉၆၀ ရွေးကောက်ပွဲ အနိုင်ရ ပအမဖ အမတ်များဖြစ်ပြီး ၎င်းတို့ ထောင်မှ လွတ်လာပြီးနောက်ပိုင်း PNO ၏ ဥက္ကဋ္ဌများအဖြစ် ဦးဆောင်သွားခဲ့ကြသည်။
ထိုသို့ ခေါင်းဆောင်မှုအပိုင်းတွင်ပါ ယှဉ်တွဲနေသော ပအမဖနှင့် PNO အဖွဲ့ကြီး နှစ်ဖွဲ့ကြား ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး ပါတီမှတ်ပုံတင်ရမည့် ကာလတွင်မှု မည်သည့်အမည်ဖြင့် မှတ်ပုံတင် ဝင်ရောက်မည်ဆိုသည့် ပြဿနာဖြစ်ခဲ့ကြသည်။
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၄ ရက်တွင် ကျင်းပခဲ့သည့် ပအမဖ၏ ပဉ္စအကြိမ်ညီလာခံတွင် ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ပအိုဝ်းပါတီအား ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ အမည်ဖြင့် မှတ်ပုံတင်ရန် စာရေးဆရာ အင်းလေးမောင်ခွန်နွယ်က အဆိုတင်သွင်းပြီး ဦးခွန်ရာမနှင့် အခြားသူတဦးက ထိုအဆိုကို ထောက်ခံဆွေးနွေးခဲ့ရာ ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ တခဲနက် ထောက်ခံသည့်အတွက် ပအမဖ အမည်ဖြင့် မှတ်ပုံတင်ရန် ညီလာခံက အတည်ပြု ဆုံးဖြတ်ခဲ့သည်ဟု ပအမဖ ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြ ထားသည်။
ထိုသို့ ညီလာခံက အတည်ပြု ဆုံးဖြတ်ခဲ့သော်လည်း ဖိအားပေးသည့် လူတစုကြောင့် PNO အမည်ဖြင့် မှတ်ပုံတင်လိုက်ကြသည်ဟုလည်း ဆိုထားသည်။
PNO ဘက်ကမူ အဆိုပါ ၂၀၁၀ ပြည့်နှစ်က ပြုလုပ်သည့် ညီလာခံ ဆုံးဖြတ်ချက်ဖြင့်ပင် ပအမဖ အမည်ကို ဆက်လက် အသုံးမပြုတော့ဘဲ ၎င်းတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အမည်ဖြင့် ပအိုဝ်းလူမျိုးများ၏ အရေးအရာကို တစ်ခုတည်းသော ဦးဆောင်နိုင်ငံရေးပါတီ အဖြစ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုခဲ့သည်။ ထိုအချိန်တွင် PNO ၏ ဦးဆောင် ဥက္ကဋ္ဌမှာ ဦးအောင်ခမ်းထီ ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင်မှု ပအမဖ က ၎င်းတို့၏ ယခင်မူလ ပါတီအမည်ဖြင့် တတိယအကြိမ် ပြန်လည် မှတ်ပုံတင်နိုင် ခဲ့ကြသည်။
PNO နယ်မြေမှ တိုက်ပွဲများ
ယခုနှစ်ဆန်း ဇန်နဝါရီ တတိယပတ်မှစ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်မြေများတွင် PNO ပါဝင်သည့် တိုက်ပွဲများ ဖြစ်လာခဲ့သည်။
ဟိုပုံးမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ၏ ယာဉ်တန်းကို စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်များက တားဆီးရာမှ နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ခဲ့ကြသည်။
ထို့နောက်ရက်တွင်မှု ကရင်နီဒုက္ခသည်များ ခိုလှုံနေသည့် ဆီဆိုင်မြို့နယ်၊ နောင်ထောင်ရွာကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းမှ စတင်ဗုံးကြဲခဲ့ရာမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တိုက်ပွဲများ စတင်ခဲ့သည်။
ထို့နောက်ရက်တွင်မှု ကရင်နီဒုက္ခသည်များ ခိုလှုံနေသည့် ဆီဆိုင်မြို့နယ်၊ နောင်ထောင်ရွာကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းမှ စတင်ဗုံးကြဲခဲ့ရာမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တိုက်ပွဲများ စတင်ခဲ့သည်။
တိုက်ပွဲများအတွင်း ကရင်နီဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များလည်း ပါဝင်ခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့တွင် PNLA က ဆီဆိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်အထိ ထိုးစစ်ဆင်နိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင်မှု စစ်တပ်နှင့် PNO က ဆီဆိုင်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်များကြောင့် ဆီဆိုင်မြို့မှာ အပျက်အစီးများနှင့် ကျန်ခဲ့ပြီး အရပ်သား ပြည်သူများလည်း သေဆုံးခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်များနှင့်အတူ ဇန်နဝါရီ ၂၁ ရက်နေ့မှ စတင်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်တို့နှင့် ဆက်စပ်ဒေသများအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ အရေအတွက်မှာ ပြီခဲ့သည့် ဇွန် ၂၂ ရက်နေ့အထိ ဆိုလျှင် ၈၄ ဦးအထိ ရှိလာပြီး စစ်ဘေးရှောင်အရေအတွက် ၇ သောင်းနီးပါး ရှိလာသည်ဟု ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်ထားသည်။
ထိုကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၄၆၃ ကြိမ်နှင့် အထက် ရှိခဲ့သည်ဟုလည်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က စုစည်းဖော်ပြထားသည့် အချက်အလက်များတွင် ဖော်ပြထားသည်။
PNO စစ်ကော်မတီ ခေါင်းဆောင်များ
စစ်ရေးကာလအတွင်း ဖွဲ့စည်းလိုက်သည့် PNO ၏ စစ်ကော်မတီတွင် နယက ဦးအောင်ခမ်းထီက ဥက္ကဋ္ဌ ဖြစ်သည်။ ဒု ဥက္ကဋ္ဌမှာ ၎င်းနှင့်အတူ တော်လှန်ရေးကာလအတွင်းကတည်းက ပါဝင်ခဲ့သူ ဦးပီတာထွန်းနိုင် ဖြစ်သည်။

ဦးအောင်ခမ်းထီ၊ ဦးပီတာထွန်းနိုင်နှင့် ပတ်သက်၍ ဦးခွန်ဥက္ကာ၏ ပအိုဝ်းတော်လှန်ရေး နှစ် ၅၀ ခရီး စာအုပ်တွင် ပါရှိသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
“PNO ဗဟိုအစည်းအဝေးတရပ်တွင် သဘောထား ကွဲလွဲကြပြီးနောက် ရန်သူတပ်များသည် နားလည်မှုယူ ဆက်သွယ်၍ ပအိုဝ်းနယ်မြေတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဥက္ကဋ္ဌကြီး အောင်ခမ်းထီ၏ လုံခြုံရေးကို ထိပါးစေသည်ဟု ယူဆ၍ ဗိုလ်မှူးကြီး အောင်ခမ်းအား ရှင်းပစ်ရန် ဥက္ကဋ္ဌကြီး အောင်ခမ်းထီက အမိန့်ချခဲ့သည်။ ယင်းအမိန့်ကို အကောင်အထည် ဖော်ကြသူများမှာ ဗိုလ်မှူးကြီး ထွန်းရီနှင့် ဗိုလ်မှူး ပီတာတို့ပင် ဖြစ်သည်” ဟု အဆိုပါ စာအုပ် စာမျက်နှာ ၁၅၁ တွင် ရေးသား ထားသည်။ ဗိုလ်မှူး ပီတာမှာ ယခုအချိန်တွင် PNO စစ်ကော်မတီ၏ ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ထိုစဉ်က အသတ်ခံရသူ ဗိုလ်မှူးကြီး အောင်ခမ်းမှာ PNO ၏ ဒုဥက္ကဋ္ဌဖြစ်ပြီး ဦးအောင်ခမ်းထီက ဥက္ကဋ္ဌဖြစ်သည်။ ဗိုလ်မှူးကြီး အောင်ခမ်းကို သတ်ပြီးသည့်နောက် ဦးအောင်ခမ်းထီက ဦးခွန်ဥက္ကာဆီသို့ ပို့ခဲ့သည့်စာတွင် “ရန်သူနဲ့ ပူးပေါင်းဖို့ ကြိုးစားတဲ့ ပုဂ္ဂိုလ်ကို ရှင်းလိုက်ရတယ်။ ငါ့ညီနဲ့ နိုင်ငံရေးအရ ကွဲစရာ မရှိဘူးလို့ ယုံကြည်လို့ အခုလို သတင်းပေးရတာဖြစ်ပါတယ်” ဟု အဆိုပါ စာအုပ် စာမျက်နှာ ၁၅၂ တွင် ရေးသားထားသည်။
ဦးခွန်ဥက္ကာကလည်း ရန်သူနှင့် ပူးပေါင်းရန် ကြိုးစားကြောင်း ထင်ရှား၍ ဗိုလ်မှူးကြီး အောင်ခမ်းအား ထိုသို့ အရေးယူ ရှင်းလင်းခြင်းကို ထောက်ခံကြောင်း စာပြန်ခဲ့သည်။
ဦးခွန်ဥက္ကာကလည်း ရန်သူနှင့် ပူးပေါင်းရန် ကြိုးစားကြောင်း ထင်ရှား၍ ဗိုလ်မှူးကြီး အောင်ခမ်းအား ထိုသို့ အရေးယူ ရှင်းလင်းခြင်းကို ထောက်ခံကြောင်း စာပြန်ခဲ့သည်။
PNO ၏ စစ်ကော်မတီတွင် ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် ဒုက္ကဋ္ဌ ဦးပီတာထွန်းနိုင်တို့ပြီးလျှင် စစ်ဦးစီးချုပ်အဖြစ် ဦးခွန်မြင့်အောင်က တာဝန်ယူထားသည်။ ထို့အောက်တွင်မှ ဒု စစ်ဦးစီးချုပ် ၁ က ဦးနေဝင်းထွန်း ဖြစ်ပြီး ဒု စစ်ဦးစီးချုပ် ၂ မှာ ဦးအောင်ခမ်းထီ၏သား ဦးခွန်စိန်မင်း ဖြစ်သည်။

ထိုသို့ စစ်ရေးဘက် အကြီးတန်းရာထူးများကို ၎င်း၏ လူယုံများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ပါတီဘက်ပိုင်းတွင်လည်း ၎င်းနှင့်အတူ စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူစဉ်ကတည်းက ကိုယ်စားလှယ်များအနေဖြင့် တက်ရောက်ခဲ့ဖူးသူ လူယုံများဖြစ်သော ဦးခွန်စံလွင်နှင့် ဦးခွန်သိန်းဖေတို့က ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တာဝန်တို့ကို ယူထားကြသည်။
အချုပ်ဆိုရလျှင် ဦးအောင်ခမ်းထီသည် PNO ၏ စီးပွားရေးအင်ပါယာကို စစ်တပ်နှင့် ပူးပေါင်း တည်ဆောက်ခဲ့သကဲ့သို့ လူမျိုးစုတွင်း၊ ဒေသတွင်း ဩဇာအင်ပါယာကိုလည်း ၎င်း၏ လူယုံများကို နေရာပေး တည်ဆောက်ထားနိုင်သူ ဖြစ်သည်။
(ပြီးပါပြီ။)
You may also like these stories:
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၂
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၃
မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ
မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ
PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်
ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပအိုဝ်းတော်လှန်ရေးခရီး နှစ် ၅၀
အပစ်ရပ် PNLA တပ်ဖွဲ့ဝင် ၅ ဦးအား ပအိုဝ်းပြည်သူ့စစ်မှ ဖမ်းဆီးသတ်ဖြတ်
ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို