• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၂

by အောင်သစ်
23 August 2024
in Ethnic Issues, Investigation, စီးပွားရေး, ဆောင်းပါး
A A
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၂
4.9k
VIEWS
Share on FacebookShare on Twitter

ဒေါ်လာ သန်းချီဝင်သည့် ပတ္တမြားနှင့် ကျောက်စိမ်းတူးဖော်ရေး

ပတ္တမြားနဂါးအုပ်စုနှင့် နအဖ စစ်အစိုးရတို့ ဖက်စပ်လုပ်ခဲ့သည့် လုပ်ကွက်များမှ ထွက်ရှိသည့် ပတ္တမြားနှင့် ကျောက်စိမ်း ကျောက်မျက်များကို ရောင်းချမှုမှ ရခဲ့သည့် ငွေပမာဏသည် ၁၉၉၆ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ခုနစ်နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ရရှိခဲ့ကာ နအဖ အစိုးရသို့ ဒေါ်လာ ၆ သန်းကျော် ပေးဆောင်ခဲ့ပြီး ဖြစ်ကြောင်း ဦးနေဝင်းထွန်းက ပြောဆိုခဲ့ဖူးသည်။

ထို့ပြင် ပတ္တမြားနဂါးကုမ္ပဏီ ပုဂ္ဂလိကပိုင် လုပ်ကိုင်သည့် လုပ်ကွက်များမှလည်း ထို ခုနစ်နှစ်တာ ကာလအတွင်း စစ်အစိုးရသို့ အခွန်အဖြစ် အမေရိကန်ဒေါ်လာ ၁ သန်းနှင့် ကျပ် ၃၅ သန်း ပေးဆောင်နိုင်ခဲ့သည်ဟု ၎င်းက ပြောခဲ့သည်။

Ruby Dragon Group/ PNO ၏ ၂၀၁၄/၂၀၁၃ ခုနှစ်များတွင် ရရှိသည့် အခွန်မဆောင်ခင် ကျောက်စိမ်းကျောက်မျက် ရောင်းရငွေ / Global Witness – Jade: Myanmar’s “Big State Secret”

၂၀၁၄ ခုနှစ် ကျောက်မျက်ပြပွဲ ရောင်းရငွေများတွင်မူ ဦးနေဝင်းထွန်း ကုမ္ပဏီက အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ကွက်များမှ အခွန်မဆောင်ခင် ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်  ကန်ဒေါ်လာ ၄၆ သန်းကျော် ရရှိခဲ့သည်။ ထိုပမာဏသည် အချက်အလက် ရရှိသည့် နှစ်နှစ်စာ ဝင်ငွေမျှသာ ရှိသေးရာ ပတ္တမြားနဂါး ကုမ္ပဏီအုပ်စု၏ ကျောက်စိမ်း၊ ကျောက်မျက်လုပ်ငန်းမှ ရသည့်ဝင်ငွေ မည်မျှ များပြားနိုင်ကြောင်း မှန်းဆကြည့်လျှင်ပင် ဒေါ်လာ သန်းပေါင်းများစွာ ရှိမည်ဖြစ်သည်။

ထိုသို့ ကျောက်စိမ်း ကျောက်မျက်လုပ်ငန်းတွင် ထိပ်တန်း၌ ရပ်တည်နေသူပီပီ ဦးနေဝင်းထွန်းက မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်၏ ဒု ဥက္ကဋ္ဌရာထူးကိုလည်း ယူခဲ့သူဖြစ်သည်။

နိုင်ငံအနှံ့ ရွှေရှာသူ

ဦးနေဝင်းထွန်းက ၂၀၀၀ ပြည့်နှစ်တွင် ပတ္တမြားနှင့် ကျောက်စိမ်း အချောထည်စက်ရုံကို နေပြည်တော်၌ တည်ဆောက်ခဲ့သကဲ့သို့ တဖက်တွင်လည်း ၎င်း၏ ပထမဆုံး ရွှေတူးဖော်ရေး လုပ်ကွက်ကို ဧက ၃၅၀ ကျော်ဖြင့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ကျောက်ပါးစပ် ဒေသတွင် စတင်ခဲ့သည်။ နောက်ပိုင်းတွင်မှု ဧက ၁,၄၀၀ ကျော်အထိ ထိုဒေသတွင် တိုးချဲ့လုပ်ကိုင်သည်။

ဧရာဝတီက ရရှိထားသည့် အချက်အလက်များအရဆိုလျှင် ပတ္တမြားနဂါးအုပ်စုသည် ရွှေတူးဖော်ရေးကို ထပ်မံ ချဲ့ထွင်ခဲ့ကာ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းလောင်းဒေသတွင် ဧက ၂,၀၀၀၊ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ဝါးပုတောင်ဒေသတွင် ဧကပေါင်း ၂၄,၀၀၀ ရှိ လုပ်ကွက်များကို လုပ်ကိုင်သည့်အပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင်လည်း ရွှေတွင်းများကို ဖြန့်ကြက် လုပ်ကိုင်ခဲ့သည်။

ဧရာဝတီက ရရှိထားသည့် အချက်အလက်များအရဆိုလျှင် ပတ္တမြားနဂါးအုပ်စုသည် ရွှေတူးဖော်ရေးကို ထပ်မံ ချဲ့ထွင်ခဲ့ကာ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းလောင်းဒေသတွင် ဧက ၂,၀၀၀၊ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ဝါးပုတောင်ဒေသတွင် ဧကပေါင်း ၂၄,၀၀၀ ရှိ လုပ်ကွက်များကို လုပ်ကိုင်သည့်အပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင်လည်း ရွှေတွင်းများကို ဖြန့်ကြက် လုပ်ကိုင်ခဲ့သည်။

ခနောက်စိမ်း၊ ခဲမဖြူ၊ အဖြိုက်နက် လုပ်ကွက်များ

ပတ္တမြားနဂါး ကုမ္ပဏီအုပ်စုက ခနောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲတွင် ဧက ၅၀၀ ကျော်ဖြင့် လုပ်ကိုင်သည်။

နောက်ပိုင်းတွင် ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင်ပါ Ruby Dragon Mining Company အမည်ဖြင့် ခနောက်စိမ်းများ တူးဖော်ခဲ့ကြောင်း MEITI အစီရင်ခံစာ အချက်အလက်များတွင် ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီက ပင်လောင်းမြို့နယ်တွင် ခဲမဖြူနှင့် အဖြိုက်နက် တူးဖော်ရေးကို လုပ်ဆောင်သကဲ့သို့ ဂေါ်ဒန်ကျောက် (Gypsum) တူးဖော်ရေးကို ရှမ်းပြည် မောက်မယ်မြို့နယ်တွင် လုပ်ကိုင်ကြောင်းလည်း အဆိုပါ အစီရင်ခံစာများတွင် ပါရှိသည်။

ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းကိုလည်း ၂၀၁၅ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်ဟု ပတ္တမြားနဂါးကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုသို့ မြန်မာနိုင်ငံက ထွက်ရှိသည့် သယံဇာတ တွင်းထွက်မျိုးစုံကို တူးဖော်ထုတ်လုပ်နေသူ ဦးနေဝင်းထွန်းက သမ္မတ ဦးသိန်းစိန်လက်ထက် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီတွင် ဥက္ကဋ္ဌ တာဝန်ကို ယူခဲ့ဖူးသေးသည်။ ၎င်းသည် PNO တို့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်စဉ်က ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၉ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် လွှတ်တော်အမတ် ဖြစ်လာခဲ့သူလည်း ဖြစ်သည်။

ဟိုတယ်လုပ်ငန်းထဲက PNO ခေါင်းဆောင်များ

ပအိုဝ်း PNO တို့ ၂၀၀၄ ခုနှစ်မှစ၍ ဟိုတယ်လုပ်ငန်းထဲသို့ ဝင်ရောက်လာကြသည်။ ထိုနှစ် မတ်လတွင် Ruby Jade Hotel ကို ကချင်ပြည်နယ်၊ ဖားကန့်၌ တည်ဆောက်ခဲ့သည်။

၂၀၀၆ ခုနှစ်၊ ဇွန်လတွင်မှု ရွှေကျွန်းမျှော ဟိုတယ်အုပ်စု (Golden Island Cottages Hotel Group Co., Ltd) ကို တည်ထောင်ခဲ့ကြသည်။ အင်းလေးဒေသ နမ်းပန်နှင့် သလဲဦးရွာတို့တွင် ရွှေကျွန်းမျှော ဟိုတယ်နှစ်ခုကို ဖွင့်လှစ်ခဲ့ကြသည်။

အင်းလေးဒေသရှိ PNO ပိုင် နမ်းပန်ဟိုတယ်။

အဆိုပါ ဟိုတယ်အုပ်စုတွင် ဦးအောင်ခမ်းထီ၊ ဦးနေဝင်းထွန်း၊ ခွန်စံလွင်၊ ခွန်သိန်းဖေ၊ ခွန်မောင်ငွေ၊ ခွန်မောင်နီ၊ ခွန်ထွန်းဦး၊ ခွန်ထွန်းပေါ်နှင့် ဦးစံလင်းတို့က ဒါရိုက်တာများ ဖြစ်ကြသည်။

ကုမ္ပဏီ ဒါရိုက်တာများထဲမှ တဦးဖြစ်သူ ဦးခွန်မောင်ငွေမှာ PNO တို့ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးယူအပြီး နှစ်ပတ်အကြာ ဧပြီလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပအိုဝ်းဒေသဖွံ့ဖြိုးရေး အမျိုးသားကော်မတီ၏ ဒုဥက္ကဋ္ဌဖြစ်ပြီး ဦးအောင်ခမ်းထီက ဥက္ကဋ္ဌဖြစ်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
110
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.5k
သဇင်ပန်း

သဇင်ပန်း

10 January 2026
101
အင်းလေးဒေသရှိ PNO ပိုင် သလဲဦး ဟိုတယ်။

ထပ်မံ၍ ပတ္တမြားနဂါးကုမ္ပဏီသည် ရန်ကုန် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်နေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ ငှားရမ်း၍ Royal Ruby Jade Hotel & Spa ကို ၂၀၀၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

၂၀၀၇ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးတွင် ပါရှိခဲ့သည့် Royal Ruby Jade Hotel ဖွင့်ပွဲ

အဆိုပါ ဟိုတယ် ဖွင့်ပွဲသတင်းက ထိုခေတ် ထိုအချိန် စစ်အစိုးရသတင်းစာ၏ မျက်နှာဖုံးတွင် နေရာယူခဲ့သည်အထိ PNO တို့ စစ်တပ်နှင့် အဆင်ပြေခဲ့ကြသည်။

စစ်တပ်နှင့် အနီးကပ် ဆက်ဆံရေး ကောင်းမွန်သည့် ဦးနေဝင်းထွန်းက ထိုနှစ် ၂၀၀၇ ခုနှစ်မှာပင် ငပလီ မြပြင်ကျေးရွာရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးပိုင် မြေ ၆ ဒသမ ၆ ဧကကို ၎င်း၏ ကျောက်စိမ်းနဂါး ကုမ္ပဏီ အမည်ဖြင့် ငှားရမ်း၍ Jade Marina Resort ကို လုပ်ကိုင်ခဲ့သည်။

စစ်တပ်နှင့် အနီးကပ် ဆက်ဆံရေး ကောင်းမွန်သည့် ဦးနေဝင်းထွန်းက ထိုနှစ် ၂၀၀၇ ခုနှစ်မှာပင် ငပလီ မြပြင်ကျေးရွာရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးပိုင် မြေ ၆ ဒသမ ၆ ဧကကို ၎င်း၏ ကျောက်စိမ်းနဂါး ကုမ္ပဏီ အမည်ဖြင့် ငှားရမ်း၍ Jade Marina Resort ကို လုပ်ကိုင်ခဲ့သည်။

ငပလီ မြပြင်ကျေးရွာရှိ Jade Marina Resort

အဆိုပါ စစ်ထောက်ချုပ်ရုံးပိုင် မြေကို ငှားရမ်း စာချုပ် နှစ်ကြိမ် ချုပ်ဆိုခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပထမ အကြိမ်နှင့် ၂၀၁၆ ခုနှစ်တွင် ပြန်လည် ပြင်ဆင်၍ ဒုတိယအကြိမ် ချုပ်ဆိုခဲ့သည်။

ဧရာဝတီက ရရှိထားသည့် စာရွက်စာတမ်းများအရ ၂၀၀၇ ခုနှစ်တွင် အဆိုပါမြေ ၆၆ ဧက အတွက် တနှစ်လျှင် သိန်း ၃၃၀ ကျပ်ဖြင့် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ပြန်လည် ပြင်ဆင်သည့် စာချုပ်တွင်မှု မြေအသုံးချမှု ပရီမီယံကြေးအဖြစ် မြေ ၁ ဧကအတွက် သိန်း ၂,၅၀၀ ကျပ်ဖြင့် ၆ ဒသမ ၆၀ ဧကအတွက် ကျပ်သိန်းပေါင်း ၁၆,၅၀၀ ကို စစ်ထောက်ချုပ်ရုံးဘက်က တောင်းဆိုခဲ့သည်။

နေပြည်တော်ရှိ သူရဇ္ဇဟိုတယ် (ဟေမာဝင်း ဟိုတယ်) သည်လည်း ဦးနေဝင်းထွန်း ရာနှုန်းပြည့် ပိုင်ဆိုင်သည့် ဟိုတယ် ဖြစ်ပြီး ဟိုတယ်ကို စီမံခန့်ခွဲရန် Haymar Win Hotel Enterprise Co., Ltd ကို တည်ထောင်ထားသည်။

နေပြည်တော်ရှိ သူရဇ္ဇဟိုတယ်

တီကျစ်ရှိ နဂါးဘိလပ်မြေ

ဦးနေဝင်းထွန်းက ၁၉၉၉ ခုနှစ်တွင် နဂါး ဘိလပ်မြေကုမ္ပဏီ ကို တည်ထောင်ပြီး ပင်လောင်းမြို့နယ် တီကျစ်၌ ဘိလပ်မြေစက်ရုံ ဆောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပြီး Dragon Cement တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့သည်။

အဆိုပါ နဂါး ဘိလပ်မြေကုမ္ပဏီတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဆီဆိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ခွန်သန်းထူး က ဒါရိုက်တာတဦးအဖြစ် ပါရှိသည်။ ဦးခွန်သန်းထူးသည် ဦးနေဝင်းထွန်း၏ အခြား ကျောက်မျက်ကုမ္ပဏီတခုဖြစ်သော အရုဏ်ဦးနဂါး ကျောက်မျက် ကုမ္ပဏီတွင်လည်း ရှယ်ယာရှင်တဦးဖြစ်သည်။

တပ်မတော် နှစ် ၆၀ ပြည့်ကို ဂုဏ်ပြုဖွင့်ခဲ့သည့် PNO ဝိုင်စက်ရုံ

PNO အုပ်စုက ၂၀၀၅ ခုနှစ်တွင် မြေနီတောင်ထုတ်လုပ်မှုကုမ္ပဏီ (Red Mountain Production Company) ကို တည်ထောင်၍ ဝိုင်လုပ်ငန်းကို ဝင်ရောက်ခဲ့သည်။ တပ်မတော်နေ့ နှစ် ၆၀ ပြည့်အဖြစ် ဂုဏ်ပြု၍ PNO ၏ ဝိုင်စက်ရုံကို ဖွင့်လှစ်ခဲ့ကြသည်။

ထိုကုမ္ပဏီတွင် ခွန်းပအိုဝ်း ကျောက်မျက်ကုမ္ပဏီ၏ ဒါရိုက်တာလည်းဖြစ် PNO ဒုဗိုလ်မှူးကြီးလည်း ဖြစ်သည့် ဦးနေစိုးကျော်က ဒါရိုက်တာတဦးအဖြစ် ပါဝင်သည်။

ဦးအောင်ခမ်းထီ၏ သမီး ဒေါ်နန်းရီရီဝင်း (ခ) ဒေါ်နန်းလုံခမ်းသည်လည်း Red Mountain Production Company ၏ ဈေးကွက်မန်နေဂျာဖြစ်ပြီး ၎င်းက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သေးသည်။

ဖခင်လုပ်ငန်းထဲက သားသမီးများ

၂၀၁၄ ခုနှစ်တွင် ပတ္တမြား နဂါးအုပ်စုက သံမဏိလုပ်ငန်းဘက်သို့ ဝင်ရောက်လာကြသည်။ Mega Super Steel Company နှင့် Mega Steel International Company တို့ကို ထိုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် Ruby Dragon Steel Manufacturing Company ကို တည်ထောင်ခဲ့သည်။

အဆိုပါ သံမဏိလုပ်ငန်း ကုမ္ပဏီများကို ဦးနေဝင်းထွန်း မိသားစုက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ၎င်း၏ သားလတ်ဖြစ်သူ ဦးရဲမြတ်သူနှင့် သားငယ် ဦးမင်းမြတ်သူတို့က ဦးစီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ဦးရဲမြတ်သူမှာ စင်ကာပူနှင့် ကနေဒါတို့တွင် ကျောင်းတက်ခဲ့ပြီး မိသားစု၏ စီးပွားရေးကို ပြန်လည် ဦးစီးလုပ်ကိုင်ခဲ့သူ ဖြစ်သည်။

အဆိုပါ သံမဏိလုပ်ငန်း ကုမ္ပဏီများကို ဦးနေဝင်းထွန်း မိသားစုက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ၎င်း၏ သားလတ်ဖြစ်သူ ဦးရဲမြတ်သူနှင့် သားငယ် ဦးမင်းမြတ်သူတို့က ဦးစီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ဦးရဲမြတ်သူမှာ စင်္ကာပူနှင့် ကနေဒါ ပညာရေးတို့ဖြင့် ပြီးဆုံးထားပြီး ၎င်းမိသားစု၏ စီးပွားရေးကို ပြန်လည် ဦးစီး လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

၎င်းက လုပ်ဖော်ကိုင်ဖက် အင်ဒိုနီးရှားနိုင်ငံသူ ဂျင်နီဖာ ဂျာနတ် (Jennifer Janeth) နှင့်အတူ Noble Twin Dragons (S) Pte. Ltd ကို ၂၀၀၄ ခုနှစ်၊ ဧပြီလတွင် စင်ကာပူ၌ မှတ်ပုံတင် တည်ထောင်ခဲ့သည်။

ထိုကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂၅ သန်းဖြင့် Pyay Tower ကို ရန်ကုန်၌ ထိုနှစ် အောက်တိုဘာလတွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင်မှု ဦးရဲမြတ်သူက ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသူ ဂျင်နီဖာ ဂျာနတ်ကို လပ်ထပ် ခဲ့သည်။

စစ်ထောက်ချုပ်ရုံးပိုင် မြေပေါ် ဆောက်လုပ်ထားသည့် ရန်ကုန်ရှိ Lotte Hotel ၌ ပြုလုပ်ခဲ့သော မင်္ဂလာအခမ်းအနားတွင် တွေ့ရသည့် ဦးနေဝင်းထွန်းနှင့် ဇနီး ၊သားလတ် ရဲမြတ်သူ နှင့် Jennifer Janeth

ဦးနေဝင်းထွန်း၏ သားကြီးဖြစ်သူ ဦးကောင်းမြတ်သူမှာ သတ္တုတူးဖော်ရေး လုပ်ငန်းဘက်တွင် ဒါရိုက်တာနေရာများ ယူထားသူဖြစ်ပြီး ဖခင်၏ အဓိက ရတနာတူးဖော်ရေး ကုမ္ပဏီများဖြစ်သည့် Ruby Dragon Jade & Gems, Kyauk Seinn Nagar, Khine Thit Sar Gems ကုမ္ပဏီနှင့် Ruby Dragon Mining ကုမ္ပဏီများ၏ ဒါရိုက်တာတဦး ဖြစ်သည်။

ဦးရဲမြတ်သူနှင့် ဒေါ်မြင့်မြတ်သူ

သမီးဖြစ်သူ ဒေါ်မြင့်မြတ်သူမှာလည်း ဖခင်၏ကုမ္ပဏီများစွာတွင် ဒါရိုက်တာရာထူးကို ယူထားပြီး ဦးစီးလုပ်ကိုင်လျက်ရှိသည်။ ငပလီရှိ Jade Marina Resort ကို စစ်ထောက်ချုပ်ရုံးနှင့် စာချုပ် ချုပ်ဆိုခဲ့ရာတွင် ဒေါ်မြင့်မြတ်သူ အမည်ဖြင့် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မြန်မာပြည် နာမည်ကျော် ရော့ခ် အဆိုတော်ကြီး ဇော်ဝင်းထွဋ်၏ သား ကိုဝင်းထွဋ်သော်တာ (ခ) အီတိုးနှင့် လက်ထပ်ခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

ခွန်ပအိုဝ်းကုမ္ပဏီနှင့် ဒု ဗိုလ်မှူးကြီး ခွန်မြတ်

ခွန်ပအိုဝ်း ကျောက်မျက်နှင့် တွင်းထွက်ရတနာ ကုမ္ပဏီ လီမိတက်ကို ၁၉၉၆ ခုနှစ်တွင် PNO ၏ ဗဟိုစီးပွားရေးတာဝန်ခံ ဒု ဗိုလ်မှူးကြီးအဆင့် ဦးခွန်မြတ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်  ဦးခွန်မြတ် ကွယ်လွန်ခဲ့သည်။

၎င်း၏သားဖြစ်သူ PNO ဒုဗိုလ်မှူးကြီး ခွန်နေစိုးကျော်၊ ဦးခွန်ဝဏ္ဏသူနှင့် သမီးဖြစ်သူ ဒေါ်နန်းဌေးဌေးလတ်တို့က လက်ရှိ ထိုကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် ဦးဆောင် လုပ်ကိုင်နေကြသည်။

ခွန်ပအိုဝ်း ကျောက်မျက်ကုမ္ပဏီသည် မိုင်းရှူးရတနာမြေတွင် ကျောက်မျက်လုပ်ကွက်များနှင့် ဖားကန့်ဒေသ လုံးခင်း၊ တာမခံ၊ ခေါက်ခေါ် မှော်များတွင် ကျောက်စိမ်း တူးဖော်ထုတ်လုပ်ခွင့်များ ရရှိခဲ့သည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာ့ ကျောက်မျက်ထုတ်လုပ်မှု ထိပ်တန်းကုမ္ပဏီ ၁၀ ခု ထဲတွင် ပါဝင်ကြောင်း စစ်တပ် အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် Global Witness ၏ Conflict Rubies: How luxury jewellers risk funding military abuses in Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုဗိုလ်မှူးကြီး ဦးခွန်မြတ်၏ သားသမီးများ ပအိုဝ်းဒေသဖွံ့ဖြိုးရေး ငွေကျပ်သိန်းပေါင်း ၁ သောင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် PNO သို့ လှူဒါန်းစဉ်/ P-onational.org

ခွန်ပအိုဝ်း ကျောက်မျက်ကုမ္ပဏီကို တည်ထောင်သူ PNO ဒု ဗိုလ်မှူးကြီး ခွန်မြတ်သည် ၁၉၈၈ အရေးအခင်းအပြီး ပအိုဝ်းမြေသို့ ရောက်ရှိလာသော ကျောင်းသားလူငယ်စုတို့ ဖွဲ့စည်းခဲ့ပြီး နောင် ABSDF တပ်ရင်း ၆၀၁ ဖြစ်လာသည့်  ဒီမိုကရက်တစ် လူငယ်များတပ်မတော် (Democratic Youth Army – DYA) တွင် တပ်ခွဲမှူး၊ တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သည်။ PNO တို့ ငြိမ်းချမ်းရေးယူသည့်အချိန်တွင်မှု DYA အဖွဲ့ဝင် ကျောင်းသားများ ပအိုဝ်းနယ်မြေမှ ထွက်ခွာသွားနိုင်ခဲ့ကြသည်။

နောင်တွင် ချမ်းသာ ကြွယ်ဝလာသည့် ဦးခွန်မြတ်သည် လက်ဝှေ့ပွဲများကို ဝါသနာပါသူတဦးလည်း ဖြစ်ပြီး ၎င်းကြည့်ရှုသည့် ပြိုင်ပွဲများတွင် ကစားသမားကောင်းများကို ရွှေဆွဲကြိုးများ ဆုချလေ့ရှိသည်။

၂၀၁၀ ပြည့်နှစ်က ကျင်းပသည့် လက်ဝှေ့ပွဲတပွဲတွင် ခွန်ပအိုဝ်း ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးခွန်မြတ်က ရွှေဆွဲကြိုးများ ဆုချခဲ့သည်။

ဦးခွန်မြတ်၏ မှာထားချက်အရပင် ၎င်းကွယ်လွန်သွားသည့်အခါ ပအိုဝ်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ရန် PNO သို့ ငွေကျပ်သိန်းပေါင်း ၁ သောင်းကို ၎င်း၏ သားသမီးများက ထာဝရ ငွေပဒေသာပင်အဖြစ် လှူဒါန်းခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

You may also like these stories:

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁

မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ

မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ

PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်

ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပအိုဝ်းတော်လှန်ရေးခရီး နှစ် ၅၀

အပစ်ရပ် PNLA တပ်ဖွဲ့ဝင် ၅ ဦးအား ပအိုဝ်းပြည်သူ့စစ်မှ ဖမ်းဆီးသတ်ဖြတ်

ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို

Your Thoughts …
Tags: ABSDFMECMEHLMEITIMGEPNOTNLAခရိုနီစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးနအဖနေဝင်းထွန်းပတ္တမြားနဂါးကုမ္ပဏီပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မိုးကုတ်မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသယံဇာတအရေးယူပိတ်ဆို့မှုအောင်ခမ်းထီ
အောင်သစ်

အောင်သစ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကျိန္တလီမြို့ကို  ကြည်းတပ်နှင့် ရေတပ်ပေါင်း၍  ဆက်တိုက်ပစ်နေ

ကျိန္တလီမြို့ကို ကြည်းတပ်နှင့် ရေတပ်ပေါင်း၍ ဆက်တိုက်ပစ်နေ

တောင်ကုတ်အနီးကျေးရွာများကို စစ်တပ် ဗုံးကြဲ၍ အမျိုးသမီး ၁ ဦး သေဆုံး

တောင်ကုတ်အနီးကျေးရွာများကို စစ်တပ် ဗုံးကြဲ၍ အမျိုးသမီး ၁ ဦး သေဆုံး

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

11 hours ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved