• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ

by အောင်သူရ
31 July 2024
in ဆောင်းပါး
A A
မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ

မိုးကုတ်ရတနာမြေကို နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်ခေါင်းဆောင်များ၊ သူတို့နှင့် ရင်းနှီးသောခရိုနီအချို့က လက်ဝါးကြီးအုပ်ထားခဲ့သည်/AFP

3.3k
VIEWS
Share on FacebookShare on Twitter

လူတစုကသာ လက်ဝါးကြီးအုပ်ထားခဲ့သော မိုးကုတ်ရတနာမြေအား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက် လိုက်ပြီဖြစ်သည်။ တရားဝင်စာရင်းများကို သုတေသနပြုနေသည့် Global Witness အဖွဲ့၏ အစီရင်ခံစာက တနှစ်လျှင် ကျောက်မျက်ထုတ်လုပ်မှုမှ အမေရိကန်ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းကျော်အထိ ရရှိနေသည်ဟု ဖော်ပြထားသည်။ တရားမဝင်ဈေးကွက်ပါ ထည့်တွက်ပါက အဆိုပါ ဝင်ငွေထက် ၅ ဆကျော် ရှိနိုင်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ပမာဏသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ကြားကာလအား တွက်ချက်ထားခြင်း ဖြစ်သည်။

ထိုပမာဏသည် မိုးကုတ်ရတနာမြေတခုတည်းမှ မဟုတ်သော်လည်း ၅၀ ရာခိုင်နှုန်းခန့်သည် မိုးကုတ်ရတနာမြေမှ ရရှိသည့်ပမာဏဟု ကျောက်မျက်ကုန်သည်အချို့က ဆိုသည်။ ၂၀၁၅ ခုနှစ်တွင် ကျင်းပသော ကျောက်မျက်ပြပွဲတခုတွင် မိုးကုတ်ရတနာမြေမှထွက်သည့် ပတ္တမြားရောင်းရသည့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ဖိုး ရှိခဲ့သည်။ ဒေါ်လာသန်းချီတန် ကျောက်များထွက်ရှိသော မိုးကုတ်ရတနာမြေကို နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်ခေါင်းဆောင်များ၊ သူတို့နှင့် ရင်းနှီးသောခရိုနီအချို့က လက်ဝါးကြီးအုပ်ထားခဲ့သည်။

မိုးကုတ်တွင် လုပ်ပိုင်ခွင့်ရသော လူတစုမှာ နေချင်းညချင်း ခရိုနီကြီးများ ဖြစ်လာခဲ့ကြသည်။

မိုးကုတ်ကျောက်တွင်းများကြောင့် ချမ်းသာသွားသူများထဲတွင် နဝတခေတ် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ၊ ဦးအောင်ကိုဝင်း (ကမ္ဘောဇဘဏ် – KBZ)၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်နှင့် ဦးနေဝင်းထွန်း (ပအိုဝ်းပြည်သူ့စစ်အဖွဲ့) တို့မှာ လူသိများသည်။ လူမသိသူမသိ ကြီးပွားချမ်းသာသွားသူများလည်း များစွာရှိခဲ့သည်။

မိုးကုတ်တွင် ကျောက်တူး၍ အကျိုးအမြတ်များစွာ ရရှိသည့်အဖွဲ့များထဲတွင် နဝတနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် ကိုးကန့်အဖွဲ့နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့လည်း ပါဝင်သည်။ ထို့ပြင် နဝတအကြီးအကဲ ဦးသန်းရွှေ၏ သားသမီးများသည်လည်း မိုးကုတ်တွင် ကျောက်တူးခွင့် ရခဲ့ကြသည်။

မိုးကုတ်မြို့ကို အထက်စီးမှ မြင်ရစဉ်

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ခန့်အကြာမှစ၍ မိုးကုတ်တွင် စီးပွားဖြစ် ကျောက်တူးဖော်ရေး လုပ်ငန်းများ စတင်ခဲ့သည်။ ယခင်က ကျောက်မျက်တူးဖော်ရေး လုပ်ငန်းကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းကသာ လုပ်ကိုင်ခဲ့သည်။ သို့သော် ၁၉၉၀ ပြည့်နှစ်မှစ၍ မိုးကုတ်ဒေသ ကျောက်တူးဖော်ရေးလုပ်ငန်းကို စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (UMEHL) နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်အချို့ကို တူးဖော်ခွင့်ပြုခဲ့သည်။ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်မှ ကုမ္ပဏီ ခြောက်ခုနှင့် ပုဂ္ဂလိက ကုမ္ပဏီ ခြောက်ခုတို့သည် မိုးကုတ်ဒေသတွင် နှစ်ရှည် ကျောက်တူးဖော်ခွင့် ရရှိခဲ့ကြသည်။

ထို့စဉ်က တူးဖော်ရရှိခဲ့သည့် ကုမ္ပဏီများမှာ ရတနာကုဋေကုဋာ၊ လင်းရောင်ခြည်၊ ရွှေပြည်အေး၊ ရွှံပန်း၊ သန်းတစ်ရာ၊ ကျောက်ဆောင်၊ ပန်လင်နှင့် ပန်ရှိုး ဟူသည့် ကျောက်မျက်တူးဖော်ရေး စခန်းများကို နိုင်ငံပိုင် တူးဖော်မည်ဖြစ်ပြီး မိုးကုတ်ရှိ နေရာပေါင်း ၄၆ ခုတွင် ပုဂ္ဂလိကလုပ်ငန်းများကို တူးဖော်ခွင့်ပြုရန် စီစဉ်ခဲ့ကြောင်း Myanmar Now က ရရှိထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးခေတ် ကျောက်မျက်တူးဖော်ရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းများတွင် တွေ့ရသည်ဟု ရေးသားထားသည်။ ရတနာကုဋေကုဋာ ကုမ္ပဏီသည် စစ်တပ်ပိုင်ကုမ္ပဏီတခု ဖြစ်သည်။

စစ်တပ်ပိုင် ရတနာကုဋေကုဋာ ကုမ္ပဏီနှင့် ဦးအောင်ကိုဝင်းတို့သည် မိုးကုတ်ဒေသတွင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းအား အကျိုးတူလုပ်ခဲ့ကြသည်ဟု မိုးကုတ်ဒေသခံ ကျောက်ကုန်သည်များထံမှ သိရသည်။

“ဘယ်ကုမ္ပဏီက ဘယ်သူနဲ့ ပတ်သက်တယ်ဆိုတာ ကျောက်မျက်ပြပွဲတွေ လုပ်တဲ့အခါမှ သိရတာ ရတနာကုဋေကုဋာက ဆရာကျောင်း (ဦးအောင်ကိုဝင်း) နဲ့ ပတ်သက်တယ်၊ ဦးပိုင်နဲ့ အကျိုးတူလုပ်တာ” ဟု မိုးကုတ်ဒေသခံ ကျောက်မျက်လုပ်ငန်းရှင်တဦးက ဆိုသည်။ လက်ရှိအချိန်ထိ ဦးအောင်ကိုဝင်းတွင် မိုးကုတ်ဒေသမှ တူးဖော်ရရှိသည့် ကျောက်မျက်ရတနာများထဲမှ မရောင်းချရသေးသည့် ကျောက်မျက်များစွာ ရှိသေးကြောင်းလည်း ကျောက်ကုန်သည်အချို့က ဆိုသည်။

ရတနာကုဋေကုဋာ ကုမ္ပဏီသည် မိုးကုတ်မြို့၊ ကျောက်ပြသာဒ်ရွာ (အနောက်ဘက်ရွာ) ဘုန်ကြီးကျောင်း အောက်ဘက်နားရှိ ကျောက်အထွက်ကောင်းသော နေရာတွင် တူးဖော်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ရတနာကုဋေကဋာ ကုမ္ပဏီသည် ကျောက်ပြသာဒ်ရွာ ဘောလုံးကွင်းကိုလည်း တူးဖော်ခွင့်ရခဲ့သည်။

“ဆရာကျောင်း (ဦးအောင်ကိုဝင်း) ကတော့ အများကြီးရသွားတာပေါ့။ ဆရာကျောင်းက ဘာရလဲဆိုတော့ ကျောက်ပြသာဒ် ကုဋေကုဋာဆိုတာ နာမည်ကြီးကိုး။ မဆလ ခေတ်က ကော်ပိုရေးရှင်းဆိုပြီး နိုင်ငံတော်ကနေပဲတူးတာ နဝတ ခေတ်ကျတော့ ဗိုလ်ချုပ်မောင်အေးတို့နဲ့ အလွမ်းသင့်တဲ့လူတွေဆိုတော့ ကျောက်ပြသာဒ် ကုဋေကဋာစခန်းကို ဦးပိုင်ဆွဲလိုက်တာပေါ့။ အဲဒီ သူဆွဲတဲ့အချိန်မှာ တော်တော်ကို ကျောက်ရသွားပါတယ်၊ တော်တော်ကို နာမည်ကြီးပါတယ်” ဟု မိုးကုတ်ဒေသတွင် ကျောက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ဖူးသူတဦးက ဆိုသည်။

မိုးကုတ် ကျောက်မျက်လုပ်ငန်းနှင့် ကြီးပွားချမ်းသာသွားသူ နောက်တဦးမှာ ပအိုဝ်း ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ သားမက်ဖြစ်သူ ဦးနေဝင်းထွန်း ဖြစ်သည်။ ဦးနေဝင်းထွန်း ပိုင်သော ပတ္တမြားနဂါးကုမ္ပဏီသည် မိုးကုတ်နှင့် မိုင်းရှူးဒေသတွင် ကျောက်မျက်တူးဖော်ခွင့် ရရှိခဲ့သည်။

“နေဝင်းထွန်းက ကုဋေကုဋာ ကုမ္ပဏီအောက်နားက ကျောက်ပြသာဒ်ရွာနဲ့ ကပိုင်ကြားထဲမှာ တူးသွားတာ၊ ပအိုဝ်းခွင်လို့ ဒေသခံတွေက ခေါ်တယ်” ဟု ကျောက်မျက်ကုန်သည်တဦးက ဆိုသည်။

မိုးကုတ်ရှေ့တန်း စစ်မြေပြင်တနေရာ၌ တိုကိပွဲဝင်နေသည့် TNLA တပ်ဖွဲ့ဝင်များ / Mai A Hein

အဆိုပါဒေသတွင် တူးဖော်ရင်း အဖိုးတန်ကျောက်မျက်များ ရရှိသွားသည့်အတွက် ဦးနေဝင်းထွန်းသည် မြန်မာပြည်၏ ထိပ်တန်းခရိုနီတဦး ဖြစ်လာခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဦးနေဝင်းထွန်းသည် မိုးကုတ်မြို့တွင်ရှိသော သောက်သုံးရေ အဓိကထွက်သည့် တောင်ကျောအား ကျောက်တူးရန် ကြိုးစားခဲ့သေးသည်။

“ဦးသိန်းစိန် (သမ္မတ) မထွက်ခင်လေး မိုးကုတ်မြို့မှာ သူ (ဦးနေဝင်းထွန်း) ပြဿနာတခု တက်သွားတယ်။ မိုးကုတ်မြို့အတွက် သောက်သုံးရေထွက်တဲ့ တောင်ကနေ အဲဒီမှာ ကျောက်ကြောလည်း ရှိတာကိုး၊ ကျောက်သားလည်း ရှိတယ်၊ ရေလည်းထွက်တယ်၊ အဲဒီရေကို တမြို့လုံးက သောက်ရတာပေါ့၊ အဲဒီရေ ခန်းသွားရင် တမြို့လုံးက ဒုက္ခရောက်မှာပေါ့။ အဲဒီတောင်ကို သူက လိုဏ်ခေါင်းဖောက်ပြီး တူးဖို့လုပ်တာ၊ ကြံ့ခိုင်ရေးပါတီက လက်ခံတဲ့သဘော၊ မြို့ခံတွေက ကန့်ကွက်လို့ မလုပ်သွားရဘူး” ဟု မိုးကုတ်မြို့ခံတဦးက ပြန်ပြောပြသည်။

ဦးအောင်ကိုဝင်းနှင့် ဦးနေဝင်းထွန်းတို့သည် နဝတခေတ် ဒုစစ်ခေါင်းဆောင် မောင်အေးနှင့် ရင်းနှီးသူများ ဖြစ်သည်။ ထို့ကြောင့်လည်း မိုးကုတ်ဒေသတွင် ကျောက်မျက်တူးဖော်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

မိုးကုတ်နှင့်ပတ်သက်၍ နောက်ထပ် ကြီးပွားသွားသူတဦးမှာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ဖြစ်သည်။ သူသည် မိုးကုတ်မြို့တွင် မွေးဖွားခဲ့သူဖြစ်သည်။ မိဘများမှာ ဆင်းရဲသော်လည်း ဦးမြင့်လှိုင်မှာ စာတော်သည့်အတွက် မိုးကုတ်မြို့ခံ သူဌေးတဦးက ကျောင်းထားပေးပြီး ၁၀ တန်းအောင်မြင်ကာ စစ်ဗိုလ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်လှိုင်သည် စစ်တပ်တွင် ဗိုလ်ချုပ်ဖြစ်လာပြီးနောက်ပိုင်း မိုးကုတ်မြို့တွင် တရားမဝင် တူးဖော်သည့် ကျောက်ကွက်များမှထွက်သည့် ကျောက်များအား ဝယ်ယူခဲ့သူဖြစ်သည်။ ဦးမြင့်လှိုင်၏ ညီဖြစ်သူမှတဆင့် ဝယ်ယူပေးခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ခိုးတူးသည့်တွင်းမှ ထွက်သည့် ကျောက်များအား နဝတခေတ်တွင် အာဏာပိုင်များနှင့် ပတ်သက်သူများသာ ဝယ်ရဲကြသည်။ ဦးမြင့်လှိုင် တိုင်းမှူးဖြစ်ချိန်တွင် မိုးကုတ်ဒေသရှိ ခိုးတူးသည့် ကျင်းမှထွက်သော ကျောက်များအား ပေါ်တင် ဝယ်ယူခဲ့သူဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
47
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
278
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.1k

တရားမဝင် တူးဖော်သည့်ကျင်းများမှ ထွက်သည့် ကျောက်များအား ဈေးနှိမ်ဝယ်၍ရသည့်အတွက် ဦးမြင့်လှိုင်သည်လည်း မိုးကုတ်ကျောက်လုပ်ငန်းဖြင့် ချမ်းသာလာသူ ဖြစ်သည်။

“သူတိုင်းမှူးဖြစ်ပြီးတော့ မိုးကုတ်က သူနဲ့ခင်တဲ့ကုန်သည်တချို့ကို ကျောက်ဝယ်ခိုင်းတယ်၊ အဲဒီမှာ ဘာပြောလဲဆိုတော့ ငွေကအစ ချက်ချင်း ချေပေးမယ်၊ အနည်းဆုံး သူ့ကို (သိန်း) ၁ သောင်း၊ (သိန်း) ၅ ထောင် ကျောက်မျိုးပဲ လာပြ၊ ၂ ထောင်၊ ၃ ထောင်ကျောက် လာမပြနဲ့ဆိုတာ နာမည်ကြီးသွားတာပေါ့” ဟု ကျောက်ကုန်သည်တဦးက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ပြန်လည် ဝေဖန်သည့်အတွက် ဦးမြင့်လှိုင်ကို ဖမ်းဆီးသည့်အခါ သူအိမ်တွင် ကျောက်မျက်ရတနာ များစွာကို သိမ်းဆည်းရမိခဲ့သည်။

မိုးကုတ်ဒေသနှင့် ပတ်သက်၍ နောက်ထပ် ကြီးပွားချမ်းသာသူများထဲတွင် ၁၉၉၀ ပြည့်နှစ် နဝတ နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည့် ဝ တပ်ဖွဲ့နှင့် ကိုးကန့် (ရန်မိုးလျန်)၊ နဝတ အကြီးအကဲ ဦးသန်းရွှေ၏ သားသမီးများ၊ ဦးတေဇတို့သည် မိုးကုတ်ကျောက်မျက်လုပ်ငန်းဖြင့် အကြီးအကျယ် ကြီးပွားခဲ့သူများ ဖြစ်သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးနောက် ၂၀၁၆ ခုနှစ်မှစ၍ မိုးကုတ်တွင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းလိုင်စင်များကို သက်တမ်း ထပ်မတိုးပေးတော့ပေ။ သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မိုးကုတ်တွင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ ပြန်လည် စတင်ခဲ့သည်။ အာဏာပိုင်များနှင့် ပိုင်သည့်သူများမှာ ထင်သလို တူးခဲ့ကြသည်။

မိုးကုတ်မြိုထဲ ဝင်ရောက်လာသော တပ်ဖွဲ့ဝင်များအား မြို့ခံများက ကြိုဆိုစဉ်

အာဏာသိမ်းပြီး သုံးနှစ်ကျော် အကြာတွင် မိုးကုတ်မြို့အား TNLA ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ လက်ရှိအချိန်တွင် မိုးကုတ်မြို့အား TNLA ဦးဆောင်သော မဟာမိတ်များက ထိန်းချုပ်ထားခဲ့သည်။ နွေဦးတော်လှန်ရေးနှင့်အတူ မိုးကုတ်ရတနာမြေသည် စစ်ခေါင်းဆောင်များနှင့် ခရိုနီများအတွက် နေရာရှိတော့မည် မဟုတ်ပေ။

You may also like these stories:

မိုးကုတ်ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ အတွဲလိုက်ပစ် ဒုံးတွေပါ သိမ်းဆည်းရရှိ (ရုပ်/သံ)

မိုးကုတ်၊ မိုးမိတ်၌ စစ်သားများ အရပ်ဝတ်ဖြင့် အိမ်များတွင် ခိုအောင်းနေဟုဆို

မိုးကုတ်မှာ ကျောက်တူးဖော်ခွင့် NUG ဖော်ဆောင်မည် (ရုပ်/သံ)

မိုးကုတ်ရတနာမြေ ကျောက်မျက်တူးဖော်ခွင့် ချပေးရန် NUG စီစဉ်နေ

၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း

Your Thoughts …
Tags: NLDTNLAကျောက်မျက်ရတနာခရိုနီစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးစီးပွားရေးဦးပိုင်လီမိတက်နေဝင်းထွန်းနွေဦးတော်လှန်ရေးမိုးကုတ်မြင့်လှိုင်အပစ်အခတ်ရပ်စဲရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်ကိုဝင်း
အောင်သူရ

အောင်သူရ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သမဝါယမ နိုင်ငံတော်သစ်ကြီးဆီသို့

သမဝါယမ နိုင်ငံတော်သစ်ကြီးဆီသို့

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း (ရုပ်/သံ)

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved