• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၉ / အညာမြေ စစ်ဆင်ရေးကြောင့် မြင်းခြံသို့ သင်္ဘော ၄စီးဖြင့် စစ်ကူပို့

by ဧရာဝတီ
27 May 2025
in သတင်း
A A
၉ / အညာမြေ စစ်ဆင်ရေးကြောင့် မြင်းခြံသို့ သင်္ဘော ၄စီးဖြင့် စစ်ကူပို့

၂၀၂၄ ခု သြဂုတ်လ ၁၀ရက် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တို့၌ Myingyan District Special Operation (MDSO)အမည်ဖြင့် တော်လှန်ရေးတပ်များ စစ်ဆင်ရေး ဖော်ဆောင်ခဲ့သေးသည် (ဧရာဝတီ)

3k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း မြင်းခြံခရိုင် တော်လှန်ရေးတပ်များ၏ ၉ / အညာမြေ စစ်ဆင်ရေးကြောင့် တရုတ်ပိုက်လိုင်းဖြတ်သန်းရာ နွားထိုးကြီး အပါအဝင် မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်များရှိ စစ်တပ်စခန်း ၈ ခု တပြိုင်တည်းတိုက်ခံရပြီး စစ်ကောင် စီက ရေလမ်းမှ သင်္ဘော ၄စီးဖြင့် ဆီမီးခုံဆိပ်ကမ်းသို့ စစ်ကူများ ပို့၍ အင်အားဖြည့်နေသည်။

မေလ ၂၆ရက် နံနက်ပိုင်းက မန္တလေး ဂေါဝိန်ဆိပ်မှ စစ်သင်္ဘောနှစ်စီးနှင့် ပခုက္ကူမြို့မှ စစ်သင်္ဘော ၂ စီးတို့ ထိုညနေမှာပင် မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းသို့ ဆိုက်လာပြီး လူနှင့် ရိက္ခာများ ဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တဦးက ဧရာဝတီကို ပြောသည်။

၎င်းက “ကျနော်တို့ သိရသလောက် အင်အား ၂၀၀ နီးပါးရှိတယ် ဆိပ်ကမ်းကနေ ဆီမီးခုံမြို့ဘက်နဲ့ မြောင်နယ်မရိုးကုန်း ရွာတွေဘက်ကို ဖောကားတွေနဲ့ ပို့တာ၊ လူအင်အားနဲ့ ခဲယမ်းရိက္ခာအပြည့်ပဲ၊ ဒီနေ့မနက်စောစော သင်္ဘောတွေ အထက် ပြန်ဆန်ကြတယ်” ဟု ဆိုသည်။

မေ ၁၅ရက်က စခဲ့သည့် ၉/အညာမြေ စစ်ဆင်ရေးတွင် မြင်းခြံမြို့ပေါ်ရှိ အမှတ်(၁၈) ရပ်ကွက် စစ်တပ်စခန်း၊ ဆီမီးခုံနယ် မြေရဲစခန်း၊ ကျောက်ပြုတ်ရွာ ပျူစောထီးအထိုင်စခန်း၊ တောင်သာမြို့ နယ် နန်းမြင့်တောင်ကြားစခန်း၊ ထနောင်းကုန်း ပျူစောထီးရွာအထိုင်စခန်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးနယ်မြေရဲစခန်း၊ ထန်းဇင်မြောက်ကျေးရွာအနီး တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းစောင့်ဂိတ်စခန်း၊ ငါန်းဇွန်မြို့ ပေါ်ရှိ ထွေအုပ်ရုံးများကို တပြိုင်တည်းတိုက်ခိုက်ခံခဲ့ရပြီး၊ စစ်တပ်နှင့် ပျူစောထီး ၅၀ ဦးကျော် သေဆုံးကာ အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း 9/A Nyar Myae Operation အဖွဲ့က ထုတ်ပြန်ထားသည်။

နွားထိုးကြီးမြို့မရဲစခန်းနှင့် မြို့အနီးရှိ ဂက်စ်ပိုက်လိုင်းစောင့် စစ်စခန်းများကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ရာ လက်ရှိလည်း စိုးမိုးထားဆဲဖြစ်သလို တော်လှန်ရေးတပ်များဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

မေ ၂၆ ရက်ထိ ပစ်ခတ်နှင့် ဗုံးကြဲမှုများ ဆက်ရှိနေသဖြင့် ဒေသခံများမှာ နေရပ်မပြန်နိုင်သေးကြောင်း၊ ထိခိုက်သေဆုံး မှုလည်းရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ မြို့များတွင် စစ်ကောင်စီမှ လုံခြုံရေးပိုတင်းကျပ်လာပြီး စစ်ဆေးမှုများ ပိုလုပ် လာကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်း မန္တလေး၊ မြင်းခြံ၊ မိထ္တီလာခရိုင်များ ပြ မြေပုံ (ဧရာဝတီ)

မြင်းခြံမြို့ခံတဦးက “မြို့အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက်မှာ တိုက်ပွဲတွေဖြစ်တော့ မြို့ပေါ်ကို စစ်ရှောင်လာကြတာတွေ ရှိတယ်။ အရင်ကတည်းကရောက်နေတဲ့ စစ်ရှောင်တွေလည်း အများကြီးရှိတယ်။ တိုက်ပွဲတွေဖြစ်ခဲ့တော့ မြို့ပေါ်မှာ နေရထိုင်ရတာ နည်းနည်းကျပ်သွားတာပေါ့။ အစစ်အဆေးတွေလည်း အရင်ထက် ပိုကြမ်းလာတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ တွေမှာ ဗုံးကြဲတာတွေရှိနေတော့ စစ်ရှောင်တွေလည်း မပြန်နိုင်ကြသေးဘူး” ဟု ပြောသည်။

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် မြို့အဝင်အထွက်များ၌ စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးများက ဖြတ်သန်း သွားလာသည့် ကား၊ ဆိုင်ကယ်များအပြင် ရွာမှ မြို့ပေါ်သို့ ဈေးဝယ်လာသူ များပါမချန် ပိုက်စိပ်တိုက်စစ်ဆေးနေကြောင်း တောင်သာမြို့ခံတဦးက ဆိုသည်။

ထိုအခြေအနေများကြောင့် မြို့ပေါ်တွင် မစည်ကားတော့ဘဲ နေ့လယ် ၁၂ ရီကျော်လျှင် တိတ်ဆိတ်ခြောက်ကပ်နေအပြင် ရွာနှင့် မြို့ချင်းဆက်လမ်းမကြီးများကိုလည်း ဒေသခံများ အသုံးပြုမှုနည်းပါးသွားကြောင်း နွားထိုးကြီး မြို့ခံတဦး က လည်း ပြောသည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
56
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
7
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
10

မေ ၂၄ ရက် နံနက်ပိုင်း မြင်းခြံအရှေ့မြောက်ခြမ်း နဘူးအိုင်တကြောရှိ ရွာများအား လေကြောင်းမှ ဗုံးသီး၊ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ရာ ငွေပေါ်ကျွန်းရွာမှ ထန်းတက်သူတဦး သေဆုံးပြီး နဘူးအိုင်ရွာဘုန်းကြီးကျောင်းမှ ကိုရင်ငယ် ၃ ပါး ဒဏ်ရာရခဲ့ ကြောင်း၊ မေ ၂၂ ရက်၌ မိတ္ထီလာတက် ပါရာမိုတာ ၅ စီးဖြင့် တောင်သာမြို့ နယ် ရုံးစင်လေးရွာသို့ ဗုံးသီး ၁၄ ကြဲချခဲ့ရာ အိမ် ၅ လုံး၊ ဘုန်းကြီးကျောင်း၊ သိမ်တို့ ထိခိုက်ပျက်စီးခဲ့သလို ညအချိန် မြို့သာရဲစခန်းမှ မြင်းခြံမြို့နယ်အရှေ့ခြမ်းသို့ လက်နက်ကြီးဖြင့် ၃ ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မေ ၁၉ ရက် နေ့လယ် မြင်းခြံမြို့နယ်ရှိ ကန်ဆင့်ရွာအား မကွေးလေတပ်မှ ဗုံး ၂ လုံး ကြဲချခဲ့၍ အိမ်နှစ်လုံးပေါ်ကျ၍ ၄ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည်။

ဒေသခံတဦးက “ကန်ဆင့်က မြင်းခြံမြို့ရဲ့ အရှေ့ဘက်မှာ ရှိတာဆိုတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ တော်တော်ဝေးတဲ့နေရာ မှာရှိတာ။ တိုက်ပွဲဧရိယာနယ်မြေထဲမပါဘူး။ သေဆုံးတဲ့ အမျိုးသမီးနှစ်ဦးဆိုရင် ကြက်သွန်လှောင်ထားတာကို ရွာထဲဝင်ပြီး ရှင်းလင်းတာတွေ လုပ်နေတဲ့အချိန် ဗုံးကြဲတာနဲ့ကြုံသွားတာ။ လူနေအိမ် ပျက်စီးတာလည်းရှိတယ်” ဟု ပြောသည်။

ကန်ဆင့်ရွာသည် အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁ ထောင်ခန့်ရှိပြီး ရွာတွင်းနှင့် ဝန်းကျင်၌ တော်လှန်ရေးတပ်များ မရှိကြောင်း၊ မတ် ၂၀ ရက် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ၁ဦးသေဆုံးရာ ဒေသခံများမှာ ရွာအနီး တောတောင်များနှင့် ယာခင်းများအတွင်း ပြောင်းရွှေ့နေ ထိုင်ခဲ့ကြောင်း သိရသည်။

၉/ အညာမြေစစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိနက်လက်များနှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်/ 9/A Nyar Myae Operation

မြေပြင်တိုက်ပွဲ ပြင်းထန်မှုအပြင် လေကြောင်းပစ်ကူများကြောင့် ဝက်လူးကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများဖြစ်သော ဂွေးပင်တော၊ ထန်းခွ၊ ပဲချက်၊ ထန်းစင် စသည့် ကျေးရွာများမှ ဒေသခံ ၇ ထောင်ခန့် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရပြီး လက်ရှိ အချိန်ထိ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးဟု ဒေသခံများက ဆိုသည်။

အလားတူ မြင်းခြံမြို့နယ် ဆီမီးခုံနယ်မြေရဲစခန်းတိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရသူများကိုလည်း စစ်ကောင်စီ တပ်က မေ ၂၀ ရက်ထိ ပြန်လည်ဝင်ရောက်ခွင့် မပြုသေးသလို စစ်တပ်နှင့်အတူ ဆုံရွာပျူစောထီးများမှ နေအိမ်များအား ဖောက်ထွင်းခိုးယူလျက်ရှိကြောင်း မြင်းခြံမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

၉/ အညာမြေစစ်ဆင်ရေးတွင် မြင်းခြံခရိုင် Commando၊ မြင်းခြံခရိုင်တပ်ရင်း (၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ ကျောက် ဆည်ခရိုင် Commando၊ မိတ္ထီလာခရိုင် တပ်ရင်း ၃၊ နေပြည်တော် တပ်ရင်း ၈၀၁၊ တောင်သာစစ်ဆင်ရေးအဖွဲ့၊ တံတားဦး မြို့နယ် ပကဖ၊ မိတ္ထီလာမြို့နယ် ပကဖအဖွဲ့များ ပူးပေါင်းပါဝင် တိုက်ခိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းရာ ဒေသတခုဖြစ်သလို မိတ္ထီလာလေတပ်နှင့် တံတားဦး လေတပ် ကြားရှိ ခရိုင်တခုဖြစ်ကာ အရှေ့မြောက်ဘက်၌ မန္တလေးမြို့၊ အရှေ့ဘက်၌ တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မလှိုင်၊ မိတ္ထီလာမြို့နယ်၊ မြောက်ဘက်၌ စစ်ကိုင်းတိုင်း စစ်ကိုင်း၊ မြင်းမူမြို့ နယ်၊ အနောက်ဘက်၌ ညောင်ဦးမြို့နယ်၊ မကွေး တိုင်း ရေစကြို၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ တောင်ဘက်၌ ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။

You may also like these stories:

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

PDF တွေ ဖော်ဆောင်တဲ့ ၉/ အညာစစ်ဆင်ရေး (ရုပ်/သံ)

Your Thoughts …
Tags: ၉/အညာမြေစစ်ဆင်ရေးဆီမီးခုံဆိပ်ကမ်းတရုတ်ဓာတ်ငွေ့ပိုက်လိုင်းမြင်းခြံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

by ဧရာဝတီ
19 August 2024
5.3k

လွတ်လပ်ရေးရပြီးနောက်ပိုင်း ကွန်မြူနစ်တပ်များ ကြီးစိုးခဲ့သဖြင့် မသုံးလုံးနယ်မြေဟု နာမည်ကျော်ခဲ့ သည့် မန္တလေး၊ မြင်းခြံ၊ မိထ္တီလာတို့မှာ တဆက်တစပ်တည်းရှိနေသည့်ဒေသဖြစ်ပြီး မြင်းခြံခရိုင်အရှေ့မြောက်ဘက်၌ မန္တလေးမြို့၊ အရှေ့ ဘက်တွင် တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား

စစ်တပ် ဖမ်းသွားသည့် မြင်းခြံနယ်ခံ ၉ ဦး၏ အလောင်းများ လမ်းဘေး၌တွေ့ရှိ

စစ်တပ် ဖမ်းသွားသည့် မြင်းခြံနယ်ခံ ၉ ဦး၏ အလောင်းများ လမ်းဘေး၌တွေ့ရှိ

by The Irrawaddy
30 January 2024
4k

မြင်းခြံနှင့် တောင်သာမြို့နယ်များသို့ ဇန်နဝါရီ ၂၈ ရက် ၂၉ ရက်များတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး များ ဝင်ရောက်ကာဒေသခံ ၉ ဦးကို ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်၍ လမ်းဘေး၌ ရုပ်အလောင်းများ စွန့်ပစ်ခဲ့

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

by အေးချမ်းဆု
12 July 2025
3.4k

ထူးခြားချက်တခုမှာ ရန်ကုန်-မန္တလေး အမြန်လမ်း ဝဲယာတွင် တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်၏။

မြင်းခြံဝန်းကျင် စစ်ကြောင်းထိုး၍ တိုက်ပွဲများဖြစ်

မြင်းခြံဝန်းကျင် စစ်ကြောင်းထိုး၍ တိုက်ပွဲများဖြစ်

by ဧရာဝတီ
7 March 2025
2.4k

မြင်းခြံမြို့တွင် သီတာယုမွန်ဦးဆောင်သော ပျူစောထီးအဖွဲ့များအပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှ သင်တန်းဆင်း ပြည်သူ့စစ်များလည်း အင်အားဖြည့်တင်းထားရာ ခန့်မှန်းအင်အား ၂၀၀ ကျော်ရှိနိုင်ကြောင်း၊ ထို့အတူ မိတ္ထီလာမြို့၌ အခြေစိုက်ထားသော အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်(တမခ ၉၉) လက်အောက်ခံ တပ်ရင်းများမှ စုပေါင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်...

မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)

မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)

by ယဉ်မွန်
13 August 2024
2.1k

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက အထူးစစ်ဆင်ရေး တရပ်အဖြစ် စစ်ရေးဖော်ဆောင် နေပါတယ်။

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

by ဧရာဝတီ
13 August 2024
2k

မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ရုံသည် ဒေသတွင်း မတည်ငြိမ်မှုများ ပြင်းထန်လာသောကြောင့် စက်ရုံလည်ပတ်နေမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်

Next Post
သတိထားရမယ့် မြစ်ကမ်းပါးပြိုမှု အန္တရာယ် (ရုပ်/သံ)

သတိထားရမယ့် မြစ်ကမ်းပါးပြိုမှု အန္တရာယ် (ရုပ်/သံ)

ချင်းပြည်တက်သည့်စစ်ကြောင်း တီးတိန်အဝင်၌ ပိတ်ဆို့ ခံထားရ

ချင်းပြည်တက်သည့်စစ်ကြောင်း တီးတိန်အဝင်၌ ပိတ်ဆို့ ခံထားရ

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 day ago
898

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved