ဧရာဝတီမြစ် ရေစီးကြောင်း ပြောင်းလဲသွားတာကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မြစ်ကမ်းပါးပြိုမှု အန္တရာယ်ကို ခံစားနေရတာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။
ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်တခုဖြစ်တဲ့ ပန်းလှိုင်မြစ်ကမ်းဘေးက မြစ်ဝကျွန်းကပေါ်ဒေသ၊ ညောင်းတုန်းမြို့နယ်၊ အနောက်ကျွန်းရွာမှာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ ည ၁၂ နာရီလောက်က မြစ်ကမ်းပါးမြိုလို့ နေအိမ် ၂၀ လောက် မြောပါသွားခဲ့ပါတယ်။
ဒါဟာ ဧရာဝတီမြစ်ရေစီးကြောင်း ပြောင်းလဲမှု အကျိုးဆက်၊ နောက်ဆက်တွဲ သက်ရောက်မှုတွေဖြစ်ပြီး ဒေသခံတွေ အနေနဲ့ ကြိုတင်ကာကွယ်မှုတွေကို ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ဦးဝင်းမျိုးသူက သတိပေး ပြောဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ကမ်းပါးပြို #ဧရာဝတီမြစ် #မြစ်ဝကျွန်းပေါ်ဒေသ #ညောင်တုန်း #environment #Climate change
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













