• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ

by ဧရာဝတီ
19 December 2024
in ဆောင်းပါး
A A
လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းသည်ဆိုကာ အဓမ္မဖမ်းဆီးမှု၊ ငွေပေး၍ ရွေးယူရမှုများ နိုင်ငံတဝန်း ဖြစ်နေသည် (ဧရာဝတီ)

2.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်အပါအဝင် နိုင်ငံတဝန်း စခန်းများ မြို့ရွာများ လက်လွှတ်ဆုံးရှုံးနေရပြီး ထောင်ချီသောတပ်သားများ အလံဖြူထောင် လက်နက်ချနေသည့် စစ်ကောင်စီသည် ထိုအခြေအနေကို ပြန်ဖြည့်တင်းရန် စစ်မှုထမ်းဥပဒေကို ပြဌာန်း၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့ မြို့များ၌ လူငယ်များကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေသည်။

၂၀၂၄ ခု ဖေဖေါ်ဝါရီ ၁၀ရက်က စ အသက်ဝင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် အသက် ၁၈နှစ်မှ ၃၅နှစ်ကြား အလှည့် ကျ စာရင်းပေး တာဝန်ထမ်းဆောင်ရမည်ဆိုသော်လည်း အဓမ္မဖမ်းဆီးကာ လူကုန်ကူးသည့် ဈေးကွက်တခုပမာ ဖြစ်လာရာ မှ အပတ်စဉ် ၇ အရောက်တွင် ပြန်ပေးဆွဲ ငွေဖြင့်ရွေးရသည့် အခြေအနေသို့ ရောက်လာကြောင်း စစ်ကောင်စီ လိုလားသူ များကပင် ဝန်ခံလာရသည်။

လက်တွေ့လည်း စစ်တပ်အပါအဝင် ရပ်/ကျေးအုပ်ချုပ်ရေးပိုင်းများ၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများက လမ်းပိတ် ဖမ်းဆီးခြင်း၊ အဝေးပြေးကားဝင်းများ၌ လူငယ်များကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ အိမ်ပေါ်အထိ တက်ဖမ်းဆီး ခြင်းများ လုပ်နေပြီး ပြန်လွှတ်ပေးရမည်ဆိုပါက အခြေခံ ကျပ်သိန်း ၈၀ ပေါက်ဈေးရှိသည်ဆိုသော သတင်းများက မြေပြင်ပကတိ အခြေအနေကို ထင်ဟပ်နေသည်။

စစ်တပ်လိုလားသူ လော်ဘီတဦးဖြစ်သည့် သဇင်ဦးကိုယ်တိုင်က ထိုအခြေအနေကို လူမှုကွန်ရက်၌ တိုက်ရိုက်လွှင့်ပြီး ပြောဆိုထားသလို တခြားသူများကလည်း သူတို့နှင့် နီးစပ်ရာတို့၏ အတွေ့အကြုံ၊ ကိုယ်တိုင်ငွေပေး၍ ရွေးခဲ့ရသူများ၏ ခံစားမှုတို့ကို လူမှုကွန်ရက်၌ ရေးသားလာကြပြီး နယ်၌ နေသူတို၏ စိုးရိမ်စိတ်၊ ရပ်ကွက်လူကြီး၏ ခြိမ်းခြောက်မှုအောက် မျက်နှာချနေရပုံ၊ ခရီးသွားများ ရန်ကုန်အဝေးပြေးကားဂိတ်၌ စစ်မှုထမ်းဥပဒေ အကြောင်းပြ အဖမ်းခံရပုံတို့ကို ပြည်သူ့ ချဉ်ဖတ်ဖြစ်နေပြီး အော့နှလုံးနာစရာကောင်းကြောင်း ရင်ဖွင့်ရေးသားကြသည်ကို တွေ့ရသည်။

စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးခေါ်ဆောင်ခံရသူများ (People’s Militia Group)

သဇင်ဦးကိုယ်တိုင် “တရားမဝင်တဲ့ အကြမ်းဖက်သမားတွေပဲလုပ်တဲ့၊ ဒုစရိုက်သမားတွေပဲ လုပ်တဲ့ ပြန်ပေးဆွဲမှုကို မြို့ပေါ်တွေမှာ တော်တော် များများ ပေါ်ပေါ်တင်တင် လုပ်လာကြတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးတော့ လုပ်လာကြတယ်။ ပိုဆိုး တာက အဲဒီလိုမျိုး ခေါ်ဆောင်သွားတဲ့သူတွေကို တကယ်ပဲ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတာမျိုး မဟုတ်ဘဲနဲ့ ငွေကြေးတစုံ တရာနဲ့ လိုက်လံပြီးတော့ ရွေးခိုင်းတဲ့ဖြစ်စဉ်တွေ ဖြစ်တယ်” ဟု ဆိုထားသည်။

စစ်ကောင်စီက မည်သို့ပင် ငြင်းချက်ထုတ်နေစေကာမူ မြေပြင်၌ ၎င်း၏ လက်ပါးစေများက ပေါ်တာဆွဲငွေညှစ်ခြင်းများ အမှန်တကယ် ပြုလုပ်နေကြောင်းကို နားမဆန့်အောင် ကြားရသည့် ထိုလုပ်ရပ်များက မီးမောင်းထိုးပြနေပြီး၊ တာဝန်ရှိများ အနေဖြင့် ကြည့်ကောင်းကောင်းနှင့် လွှတ်ထားသည်ကို အတော် အံ့သြမိကြောင်းလည်း သဇင်ဦးက စစ်ကောင်စီကို ပြစ်တင်ဝေဖန်ထားသည်။

ယခင်က လူတယောက်လျှင် ငွေကျပ် ၁၀ သိန်း၊ ၁၅ သိန်းသာ တောင်းသော် လည်း ထိုမှတဆင့် ကျပ် သိန်း ၃၀၊ လက်ရှိ တွင်မူ သိန်း ၈၀ နှင့် ၁၂၀ ကြားပေးကာ လူပြန်ရွေးရသည့် အခြေအနေမျိုးထိ ငွေတောင်းကြမ်းမှုများ မြေပြင်တွင် ဖြစ်လာနေကြောင်းလည်း သိရသည်။

မန္တလေးမြို့ခံတဦးက “ပြည်သူ့စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး အုပ်ကြီးတွေက ဝင်ငွေရှာနေကြတာ။ အချို့အုပ်ကြီးတွေ ဆိုရင် တိုက်ဆောက်၊ ကားစီး၊ ရွှေတွဲလဲငွေတွဲလဲနဲ့ ဖြစ်နေကြတာ။ ရပ်ကွက်လုံခြုံရေးဆိုပြီး ဖွဲ့ထားတဲ့ကောင်တွေကလည်း တက်တူးတွေ၊ နားကပ်တွေနဲ့ ပလေကပ်တွေဝတ်ပြီး လူမိုက်ပုံစံတွေ။ တခါတလေ စစ်တပ်ယူနီဖောင်းပါဝတ်ပြီး လုပ်စားနေ ကြတာ။ သူတို့တွေဟာ အရင်က ခိုးဆိုးလုနှိုက်၊ လူရမ်းကား၊ ထောင်ထွက်တွေပဲ။ အကျင့်ပျက်ရဲတွေ၊ အုပ်ကြီးတွေနဲ့ပေါင်း ပြီး ရပ်ကွက်ထဲက လူငယ်တွေကို ဖမ်းပြီးငွေညှစ်နေကြတာ” ဟု ပြောသည်။

သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများကို စစ်တပ်က ဆင့်ခေါ်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း စစ်မှုထမ်းအကျုံးဝင်သူများအား သတ်မှတ်ဦးရေ ပြည့်အောင် စုဆောင်းပေးရန်၊ စုဆောင်းပေးနိုင်ခြင်း မရှိပါက လူစားထိုးပေးရန် စသည်ဖြင့် ညွှန်ကြားချက်များ ရှိကြောင်းလည်း မြို့ခံများက ဆိုသည်။

ဧရာဝတီက ပြုစုထားသည့် စာရင်းများအရ ၂၀၂၄ နိုဝင်ဘာမှ ဒီဇင်ဘာ ၁၆ ရက်ထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့ မြို့ကြီးများ အပါအဝင် စစ်ကိုင်းတိုင်းမှ ကလေး၊ ရေဦး၊ စစ်ကိုင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ မန္တလေးတိုင်းမှ ကျောက်ဆည်၊ ညောင်ဦး၊ မြင်းခြံ၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ စဉ့်ကိုင်၊ တံတားဦး၊ ပဲခူးတိုင်းမှ ပြည်၊ အုတ်တွင်း၊ အုတ်ဖို၊ သာယာဝတီ၊ လက်ပံ တန်း၊ မင်းလှ၊ ဧရာဝတီတိုင်းမှ ပုသိမ်၊ ကျုံပျော်၊ လပွတ္တာ၊ ဖျာပုံ၊ ဟင်္သာတ စသည့် မြို့နယ်များမှ လူငယ် ၈၀၀ နီးပါးထိ ပေါ်တာဆွဲဖမ်းဆီးခံရသည်။

ရန်ကုန်တိုင်း မြို့နယ်များမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များအားလုံး စစ်မှုထမ်း အပတ်စဉ် ၈၊ ၉၊ ၁၀ အတွက် စစ်မှုထမ်းရမည်၊ ထွက်ပြေးတိမ်းရှောင်သူများရှိပါက လမ်းနှင့်ရပ်ကွက်များ၊ နေအိမ်များအတွင်းအထိပါ ဝင်ဆွဲမည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးပိုင်းက တရားဝင် အသိပေးခဲ့ပြီးနောက် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ ဆက်တိုက် ဆိုသလို လူငယ်များ ဖမ်းဆီးခံနေရသည့် အခြေအနေ ဖြစ်သည်။

ဖမ်းဆီးရာတွင် စစ်တပ်နှင့်ရဲများက အိမ်စီးကားများဖြင့် လမ်းအတွင်းလှည့်လည်ပြီး ဖမ်းဆီးကြသလို စစ်တပ်၊ ပျူစောထီး၊ အုပ်ချုပ်ရေးအဖွဲ့များက ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခြင်း၊ စစ်မှုထမ်းအမည်စာရင်းပါသည်ဟုဆိုကာ နေအိမ် အထိ လိုက်ပါ ခေါ်ဆောင်ခြင်းများဟု သိရသည်။

ထို့အတူ မန္တလေးမြို့တွင်လည်း ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်နေ့ထိ မြို့နယ် ၇ မြို့နယ်မှ လူငယ် ၁၂၅ ဦး စစ်မှုထမ်း ဥပဒေကြောင့် မတရားဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ထားသည်။

အမြန်လမ်းပေါ်တွင် ကားများကို စစ်ဆေးနေသည့် ပြည်သူ့စစ်(ပျူစောထီး)များ

ဒီဇင်ဘာ ပထမပတ်၌ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်းတို့၌ အုပ်ချုပ်ရေးပိုင်းနှင့် ပျူစောထီး များက လူငယ်များကို ဖမ်းနေသလို အချို့ကိုငွေဖြင့် ပြန်ရွေးခိုင်းကြောင်း၊ ဥတ္တရသီရိမြို့နယ် V4 လမ်းဆုံ စစ်ဆေးရေး ဂိတ်တွင် အုတ်ကွင်းအလုပ်သမား ၁၂ ဦး၊ တပ်ကုန်းမြို့နယ်၌ လူငယ် ၃၀ကျော် အဖမ်းခံရပြီး ဒက္ခိဏသီရိမြို့နယ် ချိုင်းရွာမှ လူငယ် ၇ ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးကဖမ်း၍ တဦးလျှင် ကျပ် သိန်း ၂၀ တောင်းခြင်း၊ ပျဉ်းမနားမြို့နယ် ဆင်သေ၊ ဈေးကုန်း၊ သနပ်ပင်ဆိပ်၊ သကြားစက်၊ ကျွန်းဦး၊ ဇီးဖြူ၊ ကြံဖို၊ မအူပင်ရွာတို့သို့ စစ်တပ်က ဝင်ကာ ရွာအုပ်ချုပ်ရေးက လက်ညိုးထိုးသည့် အိမ်များသို့ ဝင်၍လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
124
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
453
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.6k

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်ကလည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှ ၅ ရက်တကြိမ် ပြုလုပ်သည့် သဲတောဈေးသို့ ဈေးဝယ်လာသော လူငယ်များကို စစ်တပ်က ၅ နေရာခွဲ၍ ဖမ်းရာ တနေရာလျှင် လူငယ် ၂၀ ဦးခန့် ဖမ်းခံရကြောင်း ဒေသတွင်းသတင်းများ ဖော်ပြနေသည့် Voice Of Wundwin က ထုတ်ပြန်ထားသည်။

Voice Of Wundwin မှ တာဝန်ရှိသူတဦးက “စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူလိုနေလို့ ဈေးပတ်ရက်ကိုစောင့်ပြီး အကွက်ချဖမ်းဆီးတာမျိုးပဲ။ သဲတောဝမ်းတွင်း အဝင်ပေါက်တွေကနေ ကြိုစောင့်ပြီး လာသမျှလူငယ်တွေ အကုန်နီးပါး ဆွဲသွားတာ။ ၁၀၀ လောက် ပါသွားတယ်။ ဖမ်းခံရတဲ့သူအချို့တော့ ငွေပေးပြီးလိုက်ရွေးလို့ လွတ်လာတာမျိုးတွေ ရှိတယ် လို့လည်းသိရတယ်” ဟု ပြောသည်။

သဲတောဈေးသည် ဝမ်းတွင်းမြို့နယ်တခုလုံးနီးပါး လာရောက်ဝယ်ယူလေ့ရှိသည့် ၅ ရက်ဈေး ဖြစ်ပြီး အဖမ်းခံရသူများကို မိတ္ထီလာမြို့ရှိ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၁၁၃ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း၊ ငွေပေး နိုင်သူအချို့ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း စစ်မှုထမ်းဆင့်ခေါ်လျှင် လိုက်ပါမည်ဟု သက်ဆိုင်ရာ မိဘအုပ်ထိန်း သူများကိုယ်တိုင် ခံဝန်လက်မှတ်ထိုးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်မှစ၍ မြင်းခြံမြို့ပေါ်ရှိ အမှတ် (၆) ရပ်ကွက်နှင့် အဝေးပြေးကားဝင်းများ၌ စစ်တပ်နှင့် သီတာယုမွန် ဦးဆောင်သော ပျူစောထီးအဖွဲ့က လူငယ်အမျိုးသား ၄၀ ကျော်ကို ပေါ်တာဆွဲခဲ့ပြီး အမျိုးသမီးတချို့လည်း ဖမ်းဆီးခံရကြောင်း၊ ကျောက်ဆည်မြို့တွင်လည်း အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ဦးဆောင်ပြီး ကျောက်ဆည်ပန်းခြံနား၌ ရွာများမှ တက်လာသည့် ဈေးကားများကိုတား၍ ဖမ်းဆီးခေါ်ဆောင်မှုများ ပေါ်ပေါ်တင်လုပ်လာသလို ရွာထိပ်မှစောင့်ကာ အလုပ်သွားရန် ထွက်လာကြသည့် လူငယ်များအား ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်၊ သာယာဝတီ၊ အုတ်ဖို၊ မင်းလှ၊ လက်ပံတန်းနှင့် အုတ်တွင်းမြို့နယ်များတွင် နိုဝင်ဘာ ဒုတိယ ပတ်မှစ၍ ရွာတွင်း ဝင်ကာ လူငယ်များကို ဖမ်းရာ ထွက်ပြေးသူများအား သေနတ်ဖြင့်ပစ်သဖြင့် လူငယ် ၁ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ လက်ပံတန်းဘက်၌လည်း လမ်းမှစောင့်၍ ကားပေါ်မှဆွဲချကာ ဖမ်းရာ အဖမ်းခံရသည့် ရွာမှ လူငယ်တဦးအား လိုက်ရွေးရာ ငွေကျပ် သိန်း ၁၆၀ ခန့် ကုန်သွားကြောင်း၊ အဆိုပါဖြစ်စဉ်များကြောင့် ရွာမှမြို့ပေါ်တက်ပြီး ဈေးပင်မဝယ် ရဲကြတော့ကြောင်း ဒေသခံတဦးက ပြောပြသည်။

ပဲခူးတိုင်းအနောက်ခြမ်း ဒေသခံများအား ကူညီပေးနေသူတဦးက “ပေါ်တာတွေကတော့ နေ့စဉ်လိုလို ဆွဲနေတာပါ။ ဒီလ ထဲမှာ နေ့တိုင်းနီးပဲ၊ အိမ်ပေါ် ထိကို တက်ဆွဲနေကြတာ။ သူတို့ မူရင်းရည်ရွယ်ချက်က အသက်ပြည့်ပြီးသားတွေဆိုပေမယ့် ဒေသခံတွေကလည်း စစ်သား ကောက်ခံရမှာကြောက်လို့ အသက်ပြည့်ပြီးသား လူငယ်တွေကို ရွာမှာမထားကြတာ များ တယ်။ အဲဒီလိုမျိုးတွေကြောင့် သူတို့ဝင်လာပြီဆိုရင် အိမ်မှာရှိတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အို တွေ ကို ခေါ်သွားပြီး အသက်ပြည့် ပြီးသားသူတွေနဲ့ ပြန်လဲခိုင်းနေတာမျိုးတွေလည်း လုပ်နေကြတယ်” ဟု ရှင်းပြသည်။

အုတ်ဖိုမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဝင်သိမ်းမည်ဟု သတင်းထွက်ပေါ်ခဲ့သဖြင့် ဒီဇင်ဘာ ၁၁ ရက်က မြို့အဝင်အထွက်လမ်းများအား ပိတ်ဆို့စစ်ဆေးပြီးနောက် လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသား ၅၀ ကျော် ဖမ်းဆီးကာ မင်းလှထွေအုပ်ရုံး၊ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) လက်အောက်ခံ ခလရ ၁၊ ခလရ ၃၅၊ ခမရ ၆ တပ်ရင်းများသို့ ခေါ်ဆောင်သွားကာ စစ်မှုထမ်းရန် ကိုက်ညီသူများအား မိသားစုနှင့် ဆက်သွယ်ခွင့်မပေး ကြောင်း မြို့ခံတဦးက ဆိုသည်။

မင်းလှမြို့နယ် ကျောက်တိုင်ရွာသားတဦးက “ကျနော်တို့ရွာဘက်ကို ဝင်လာတာက အရပ်ဝတ်တွေ ရွာထိပ်မှာ ကားတွေ ဖင်ထိုးပြီးတော့ ဝင်လာကြတာ။ အင်အား ၃၀ လောက်ပါတယ်။ စစ်ကားနဲ့ရော အိမ်စီးကားတွေနဲ့ပါ ဆွဲနေကြတာ။ အိမ်စီး ကားတွေနဲ့က လမ်းပေါ်တွေ့တဲ့သူကို ဆွဲတယ်။ စစ်ကားနဲ့ကျတော့ ရွာတွေထဲဝင် အိမ်တွေပေါ်ထိ တက်ပြီးတော့ တွေ့သမျှ လူငယ်လူရွယ်တွေကို ဖမ်းခေါ်ကြတာ။ စစ်မှုထမ်းကြေးမပေးတဲ့ ရွာတွေဆိုရင် ပိုပြီးတော့လုပ်တယ်။ အဲဒီလိုရွာမျိုးတွေကို အများဆုံးဝင်ဆွဲနေကြတာ” ဟု ပြောသည်။

နိုဝင်ဘာ ၂၆ ရက်က ပဲခူးတိုင်းအတွင်းရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းတွင် ပြုလုပ်သည့် စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) ဖွင့်ပွဲ / People’s Militia Group

စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်ရှိ အောင်မင်္ဂလာ၊ အောင်ဇေယျ၊ ရွှေပြည်သာရပ်ကွက်များတွင်လည်း ဒီဇင်ဘာ ၁၀ ရက်မှ စတင်ပြီး စစ်တပ်က နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ရေဦးအခြေပြု People’s Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ပြောသည်။

ကလေးမြို့တွင်လည်း ဒီဇင်ဘာ ဒုတိယပတ်အတွင်း လူငယ် ၃၀ ကျော်အထိ စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံလိုက်ရပြီး မြို့ပြင်စစ်ဆေးရေးဂိတ်အား ဖြတ်သန်းသွားလာသည့် လူငယ်များနှင့် လမ်းသွားလမ်းလာ လူငယ်များ အများဆုံးပါသွားပြီး ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) တွင် ဖမ်းဆီးထားပြီး အချို့အား စစ်သင် တန်းတက်ရောက်ရန်အတွက် လေ့ကျင့်ရေးကျောင်းများသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် စစ်သည်တဦးက “လူပြန်ပေးဆွဲပွဲ ကျင်းပသလို ဖြစ်နေတာ။ လက်ရှိ ရခိုင်စစ်မြေပြင်မှာ စစ်ရှုံးနေတော့ စစ်သားလိုအပ်ချက်တွေ ရှိလာတာမို့ အခုလိုမျိုးတွေ လုပ်လာ ကြတာလို့ပဲ မြင်တယ်။ အချို့မြို့နယ်တွေမှာဆိုရင် ပေါ်တာဆွဲသလို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေက စစ်မှု ထမ်းဥပဒေအရ အကျုံးဝင်တယ်ဆိုပြီး တာဝန်ရှိသူတွေကိုယ်တိုင် ပြောလာကြတယ်။ စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်က တည်းက သူတို့ ရှုံးနေပါပြီလို့ အကြမ်းဖက်စစ်တပ်ဟာ ဝန်ခံလိုက်တာမျိုးပဲ” ဟု ပြောသည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဖုန်းနံပါတ်များအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသလို တချို့ဖုန်းနံပါတ်များသည် တပ်ဆင်ထားခြင်းမရှိဟုသာ တုံ့ပြန် ချက်သာရပြီး၊ စစ်ကောင်စီ၏ သတင်းစာများက လူငယ်များအား ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း ဆိုသည့် သတင်းများမှာ သတင်းတု၊ သတင်းမှား များသာဖြစ်ပြီး တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား၍ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်လေ့ရှိသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းအကောင်အထည်ဖော်မှု အခြေအနေများကို လေ့စောင့်ကြည့်ပြီး အစီရင်ခံစာများ ပြုစုထုတ်ပြန် ပေးနေသည့် လွတ်လပ်သော သုသတေသနအဖွဲ့တခုဖြစ်သည့် ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ၏ အောက်တိုဘာ ၂၀ ရက်နေ့ စာရင်းများအရ အပတ်စဉ် (၅) အထိ စစ်မှုထမ်းစုဆောင်းခံရသူ ၂၁,၀၀၀ ထက်မနည်း ရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၇) ကို ဖွင့်လှစ်လျက်ရှိပြီး ရှေ့အပတ်စဉ်များ၏ သင်တန်းဆင်း ပွဲများလည်း ပြုလုပ်လျက်ရှိသည်။ ။

You may also like these stories:

စစ်သားစုဆောင်းမှုကြောင့် ရန်ကုန်နှင့် မန္တလေးတွင် မှောင်သည်နှင့် လူသူ ခြောက်ကပ်

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရသည့် မြန်မာကျောင်းသားများဘဝ

ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတွေကို ရှေ့တန်းပို့နေပြီ (ရုပ်/သံ)

Your Thoughts …
Tags: စစ်ကောင်စီစစ်မှုထမ်းဥပဒေပေါ်တာဆွဲလူငယ်လူပြန်ပေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

မာနယ်ပလော အလွမ်း

မာနယ်ပလော အလွမ်း

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved