• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အိုမီခရွန်အကြောင်း နောက်ဆုံး သိရသမျှ

by ဧရာဝတီ
18 December 2021
in ဆောင်းပါး
A A
အိုမီခရွန်မျိုးကွဲကို 3D ပုံဖြင့် မြင်ရစဉ် /  Getty Images

အိုမီခရွန်မျိုးကွဲကို 3D ပုံဖြင့် မြင်ရစဉ် / Getty Images

8.7k
VIEWS
Share on FacebookShare on Twitter

အိုမီခရွန်ကူးစက်မှု ရောဂါလက္ခဏာများ၊ ကာကွယ်ဆေးထိရောက်မှုနှင့် ကမ္ဘာတဝန်း ကူးစက်မှုတို့၏ ရုပ်ပုံကားချပ်ကို အစောပိုင်းလေ့လာမှုများက စတင်ပြသလာပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲ ကူးစက်မှုသည် ကမ္ဘာတဝန်းတွင် ဆပွားတိုးနေစဉ် သိပ္ပံပညာရှင်များသည် အကြီးအကျယ် ဗီဇပြောင်းထားသော ထိုမျိုးကွဲသည် မည်သို့ကူးစက်သည်ကို ပုံဖေါ်ရန် ယခုကပ်ရောဂါ လှိုင်းအတွင်း အန္တရာယ်သစ်များကို ခန့်မှန်းနိုင်ရန် အကြီးအကျယ်ကြိုးစားနေသည်။

ယခုလအတွင်းထုတ်ပြန်သည့် ပမာဏလေ့လာမှုများတွင် အိုမီခရွန်မျိုးကွဲအပေါ် ကာကွယ်ဆေး ထိရောက်မှုနှင့် ပိုမိုပြင်းထန်သော ဖျားနာမှုဖြစ်နိုင် မဖြစ်နိုင်တို့နှင့်ပတ်သက်သည့် သဲလွန်စများကို ရရှိသော်လည်း သေချာရေရာစွာ မသိရသေးသည်များ အပြားအပြားကျန်နေပြီး သုတေသနများ ထပ်မံလုပ်ဆောင်ရန် လိုအပ်နေသည်။

အိုမီခရွန်မျိုးကွဲနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ သိရှိပြီးသည်များကို အောက်တွင် ဖေါ်ပြလိုက်သည်။

မည်သည့်အတွက် အိုမီခရွန်ကို စိုးရိမ်စရာ ကောင်းသနည်း

ကပ်ရောဂါ အဆုံးသတ်ရေး အိုမီခရွန်ကဲ့သော မျိုးကွဲသစ်များသည် ခြိမ်းခြောက်မှုဖြစ်နေပြီး ထိုဗိုင်းရပ်စ် ကူးစက်နေချိန်တွင် ထိုသို့သော မျိုးကွဲများ ထပ်မံပေါ်ပေါက်ဦးမည်

ကပ်ရောဂါ အဆုံးသတ်ရေး အိုမီခရွန်ကဲ့သော မျိုးကွဲသစ်များသည် ခြိမ်းခြောက်မှုဖြစ်နေပြီး ထိုဗိုင်းရပ်စ် ကူးစက်နေချိန်တွင် ထိုသို့သော မျိုးကွဲများ ထပ်မံပေါ်ပေါက်ဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများ သတိပေးသည်။

အိုမီခရွန်မျိုးကွဲသည် ဗိုင်းရပ်စ်၏ ပြင်ပကို ကာကွယ်ထားပြီး ကာကွယ်ဆေးများနှင့် monoclonal antibodies ကုထုံး၏ အဓိက ပစ်မှတ်ဖြစ်သော ပရိုတိန်းဆူးတံများတွင် ဗီဇပြောင်းလဲမှု ၃၀ ကျော်ကို ပြသနေသည်။

ထိုသို့မျိုးဗီဇ ပြောင်းလဲမှုကြောင်း ထိုမျိုးကွဲသည် ပိုမိုလျှင်မြန်စွာကူးစက်ပြီး ကာကွယ်ဆေးများက ထုတ်လုပ်ပေးသည့် ရောဂါခုခံမှု သို့မဟုတ် ယခင်ကူးစက်မှုကြောင့် ရလာသည့် သဘာဝကိုယ်ခံစွမ်းအားကို ရှောင်တိမ်းနိုင်စွမ်းရှိနေနိုင်သည်။ အင်္ဂါနေ့က ထုတ်ပြန်သည့် ကမ္ဘာ့ကျန်းမရေးအဖွဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ အိုမီခရွန်မျိုးကွဲသည် ယခင်တွေ့ပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများထက် ပိုမိုလျှင်မြန်စွာ ကူးစက်ကြောင်း သိရသည်။

အိုမီခရွန်သည် ပိုမိုပြင်းထန်သော ဖျားနာမှုကို ဖြစ်စေပါသလား

လက်ရှိအချိန်အထိ အထောက်အထားများက ထိုသို့ မပြသသေးသော်လည်း ပြောရန် လွန်စွာစောနေနိုင်သည်။

ယခုလအတွင်း ထုတ်ပြန်သည့် အဓိက လက်တွေ့ကျသော လေ့လာမှုတွင် ၎င်းကို လွန်ခဲ့သောလက စတင်တွေ့ရှိရာ တောင်အာဖရိကမှ ကူးစက်မှုများကို လေ့လာသည်။ ရလဒ်များအရ ၎င်းသည် ဒယ်လ်တာ မျိုးကွဲလောက် မပြင်းထန်သည့်သဘောပြသနေသည်။ ဒယ်လ်တာသည် နိုင်ငံများစုတွင် အဓိကလွှမ်းမိုးသော မျိုးကွဲဖြစ်နေဆဲဖြစ်သည်။ ဒယ်လ်တာကူးစက်သည့်လှိုင်အတွင်းက ဆေးရုံတင်ရသူများထက် ၂၉ ရာခိုင်နှုန်း လျှော့နည်းဆေးရုံတင်ရကြောင်း တောင်အာဖရိက အရာရှိများပြောသည်။

လန်ဒန်အင်ပဲရီယဲကောလိပ်နှင့် ယူကေ ကျန်းမာရေးလုံခြုံရေးအေဂျင်စီတို့၏ လေ့လာချက်ကမူ အိုမီခရွန်သည် ဒယ်လ်တာထက် ၅ ဆ ပိုကူးနိုင်ခြေရှိပြီး ဒယ်လ်တာထက် ပိုမပြင်းထန်ဆိုသည် လက္ခဏာ မပြသဟု ပြောဆိုသည်။

သို့သော် လန်ဒန်အင်ပဲရီယဲကောလိပ်နှင့် ယူကေ ကျန်းမာရေးလုံခြုံရေးအေဂျင်စီတို့၏ လေ့လာချက်ကမူ အိုမီခရွန်သည် ဒယ်လ်တာထက် ၅ ဆ ပိုကူးနိုင်ခြေရှိပြီး ဒယ်လ်တာထက် ပိုမပြင်းထန်ဆိုသည် လက္ခဏာ မပြသဟု ပြောဆိုသည်။ ယင်းသုတေသနကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အတွင်း အင်္ဂလန်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း ပထမဆုံးကူးစက်သည့် ဒါဇင်အနည်းငယ်သော အိုမီခရွန် ကူးစက်ခံရသူများသည် မပြင်းထန်ကြောင်း ရောဂါထိန်းချုပ်တားဆီးရေးဌာန (CDC) ကပြောသည်။

CDC သည် အိုမီခရွန် မျိုးကွဲကူးစက်ခံရသူ ၄၃ ဦးကိုလေ့လာခဲ့ပြီး ၎င်းတို့အနက်မှ တဦးကို ၂ ရက်ကြာ ဆေးရုံတင်ရသည်။ အတွေ့ရအများဆုံး ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်းနှင့် နှာပိတ်နှာယိုခြင်းဖြစ်သည်။ ပါဝင်သူများ၏ ၄ ပုံ ၃ ပုံကျော်ကို ကာကွယ်ဆေးအပြည့်အ၀ ထိုးထားပေးပြီး ဖြစ်သည်။ ထိုသူများ၏ ၃ ပုံ ၁ ပုံသည် တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးပင်ထိုးထားပြီးဖြစ်ကြောင်း CDC ကပြောသည်။

CDC ၏ ဒါရိုက်တာ ဒေါက်တာ ရိုချီလီ ဝယ်လန်းစကီးက ထိုအစီရင်ခံသည် နိဒါန်းမျှ ဖြစ်ကြောင်းနှင့် ၎င်းတို့ဌာနအနေဖြင့် အိုမီခရွန်ကို အနီးကပ်ဆက်လက်စောင့်ကြည်မည်ဖြစ်ကြောင်းပြောသည်။ အိုမီခရွန်သည် အားပျော့သည့် ရောဂါလက္ခဏာများကိုသာဖြစ်စေလျှင်ပင် ကူးစက်မှုနှုန်းမြင့်မားခြင်းကြောင့် အပြင်းအထန် ကူးစက်ခံရသော နိုင်ငံများတွင် ကျန်းမာရေးစနစ် ဝန်ပိမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများ သတိပေးသည်။

ပိုမိုကူးစက် လွယ်ပါသလား

အစောဆုံး သုတေသနများအရ အိုမီခရွန်မျိုးကွဲသည် ယခင်မျိုးကွဲများထက် ပိုမိုကူးစက်ကြောင်းပြနေသော်လည်း တိကျသည့် ကူးစက်မှုရုပ်ပုံလွှာကို မသိရသေးပေ။

အိုမီခရွန်ကို လွန်ခဲ့သောလက တောင်အာဖရိကတွင် စတင်တွေ့ရှိပြီး သုံးပတ်ပင်မပြည့်မီ တောင်အာဖရိကတွင် အဓိကကူးစက်သော မျိုးကွဲဖြစ်သွားသည်။ ထိုမျိုးကွဲသည် ဗြိတိန်တွင် ဒယ်လ်တာမျိုးကွဲကိုကျော်လွန်ပြီး အဓိကကူးစက်သည့် မျိုးကွဲဖြစ်လာတော့မည်ဟု ဗြိတိန် အရာရှိများ ပြောသည်။

တောင်အာဖရိကနှင့် ဗြိတိန်ကဲ့သို့ အပြင်းအထန်ကူးစက်သောနေရာများတွင် ကူးစက်မှုအရေးအတွက် ဆတိုးတိုးသောကြောင့် ထိုမျိုးကွဲသည် လွန်စွာကူးစက်လွယ်ကြောင်း ပြသနေသော်လည်း သုတေသနကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ အိုမီခရွန်ကို လွန်ခဲ့သောလက တောင်အာဖရိကတွင် စတင်တွေ့ရှိပြီး သုံးပတ်ပင်မပြည့်မီ တောင်အာဖရိကတွင် အဓိကကူးစက်သော မျိုးကွဲဖြစ်သွားသည်။ ထိုမျိုးကွဲသည် ဗြိတိန်တွင် ဒယ်လ်တာမျိုးကွဲကိုကျော်လွန်ပြီး အဓိကကူးစက်သည့် မျိုးကွဲဖြစ်လာတော့မည်ဟု ဗြိတိန် အရာရှိများ ပြောသည်။

အိုမီခရွန်အပေါ်ကာကွယ်ဆေးများ ထိရောက်မှု ရှိပါသလား

ထိုမျိုးကွဲ၏ မျိုးဗီဇပြောင်းလဲမှုများကြောင့် ကိုဗစ်နိုင်တင်း ကာကွယ်ဆေးများက ထုတ်ပေးသည့် အကာအကွယ် ကိုယ်ခံစွမ်းအားကို တိမ်းရှောင်သွားနိုင်မည်ကို စိုးရိမ်ကြောင်း ကျွမ်းကျင်သူအချို့ပြောသည်။

အစောပိုင်းက ဓါတ်ခွဲခန်းစမ်းသပ်ချက်များအရ အိုမီခရွန်သည် ကာကွယ်ဆေးများကို တစုံတရာအထိ ခုခံနိုင်သော်လည်း လုံးဝလွတ်မြောက်နိုင်မည့် အလားအလာမရှိကြောင်း သိရသည်။ သို့သော် ထိုပဏာမ တွေ့ရှိချက်သည် လက်တွေ့ပြင်ပအခြေအနေတွင် မည်သို့ဖြစ်မည်ကို နားလည်ရန် သုတေသနလိုအပ်နေသေးသည်။

တောင်အာဖရိက အကြီးမားဆုံး ကျန်းမာရေးလုပ်ငန်းမှ အင်္ဂါနေ့တွင် ထုတ်ပြန်သည့် သုတေသနအရ Pfizer-BioNTech ကာကွယ်ဆေးနှစ်ကြိမ်သည် အိုမီခရွန်မျိုးကွဲကြောင့် ဆေးရုံတက်ရခြင်းကို ၇၀ ရာခိုင်နှုန်းကာကွယ် ပေးပြီး ဒယ်လ်တာမျိုးကွဲကြောင့် ဆေးရုံတက်ရခြင်းကို ၉၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ကြောင်းသိရသည်။

တတိယအကြိမ် အားဖြည့်ကာကွယ်ဆေးသည် အိုမီခရွန်မျိုးကွဲကြောင့် ရောဂါခုခံသည့် ပဋိပစ္စည်းကျဆင်းခြင်းကို ရင်ဆိုင်ရာတွင် အဓိကကျသည့် အခန်းမှပါဝင်နိုင်ကြောင်း ပဏာမ အချက်အလက်များအရသိရသည်။ ဓါတ်ခွဲခန်းစမ်းသပ်မှုအရ တတိယအကြ်ိမ် အားဖြည့်ကာကွယ်ဆေးသည် အိုမီခရွန်ကိုကောင်းစွာ ကာကွယ်ကြောင်း Pfizer က လွန်ခဲ့သောအပတ်ကကြေညာသည်။ ၎င်းတို့ထုတ်လုပ်သည့် ကာကွယ်ဆေးနှစ်ကြိမ်စနစ်က ယခင်မျိုးကွဲများကို ကာကွယ်ပေးသည့် အဆင့်အထိ ရှိသည်ဟု ဆိုသော်လည်း ထိုအချက်ကို ပြင်ပလက်တွေ့တွင် အတည်ပြုရဦးမည်ဖြစ်သည်။

အိုမီခရွန်မျိုးကွဲသည် ကာကွယ်ဆေးမှပေးသော အကာအကွယ်အချို့ကို ကျော်လွှားသွားမည်ဆိုသည့် ကာကွယ်ဆေး ထုတ်လုပ်သူများ၏ အစောပိုင်းက သံသယများကို ဓါတ်ခွဲခန်းစမ်းသပ်မှုများက အတည်ပြုပေးသော်လည်း ရောဂါတိုက်ဖျက်မှု ပဋိပစ္စည်း ကျဆင်းနေလျှင်ပင် ကိုယ်ခံစွမ်းအားစနစ်တွင် ထိုမျိုးကွဲကိုသိရှိနိုင်ပြီး ၎င်းကိုတိုက်မည့် အခြားကိရိယာများရှိကြောင်း ကျွမ်းကျင်သူများက အလေးထားပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
454
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126

အိုမီခရွန်သည် ကာကွယ်ဆေးထိုးပြီးသူများအကြား ကူးစက်မှု စံချိန်တင်စေမည့် အလားအလာ တိုးလာ စေနိုင်သော်လည်း အိုမီခရွန်ကူးစက်ခံရသူများသည် အများမျိုးကွဲကူးစက်ခံရသူများထက် ပြင်းထန်သော ရောဂါလက္ခဏာခံစားရကြောင်း ပြသသည့်လက္ခဏာကို ယခုအထိ မတွေ့သေးကြောင်း ပြောသည်။

အိုမီခရွန်သည် ကာကွယ်ဆေးထိုးပြီးသူများအကြား ကူးစက်မှု စံချိန်တင်စေမည့် အလားအလာ တိုးလာ စေနိုင်သော်လည်း အိုမီခရွန်ကူးစက်ခံရသူများသည် အများမျိုးကွဲကူးစက်ခံရသူများထက် ပြင်းထန်သော ရောဂါလက္ခဏာခံစားရကြောင်း ပြသသည့်လက္ခဏာကို ယခုအထိ မတွေ့သေးကြောင်း ပြောသည်။

မည်သည့်နေရာတွင် ပျံ့နှံ့နေသနည်း

အိုမီခရွန်မျိုးကွဲကူးစက်မှုကို နိုင်ငံပေါင်း ၇၀ ကျော်တွင် တွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ သိရသည်။

ကိုးကား။ ။NBC မှ What we know — and don’t know — about the omicron variant

You may also like these stories:

ဘင်္ဂလားဒေ့ရှ်ပြန် စက်လှေသမားများထံမှ ကိုဗစ်ပိုး ဆက်တိုက်တွေ့နေ

စစ်ကောင်စီက ပြည်သူ့ကျန်းမာရေးကို လက်နက်အဖြစ် သုံးနေသည်

အိုမီခရွန်မျိုးကွဲကြောင့် ကပ်ဆိုက်နေသော ကမ္ဘာ့စီးပွားရေး စိုးရိမ်စရာဖြစ်လာ

Your Thoughts …
Tags: COVID-19ကာကွယ်ဆေးကိုရိုနာဗိုင်းရပ်စ်ဆေးသုတေသနအိုမီခရွန်မျိုးကွဲအိုမီခရွန်အကြောင်း နောက်ဆုံး သိရသမျှ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် / SoeLwin / Facebook

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

by လဲ့လဲ့
26 December 2018
55.1k

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သောအခြေအနေများ၊ ကြိုတင်စစ်ဆေးနိုင်မှုများနှင့် ဓာတ်ရောင်ခြည် ကုသမှု၊ ခွဲစိတ်ကုသမှုအခြေအနေများ၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်ပြီး ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်အား ဧရာဝတီသတင်း ထောက် လဲ့လဲ့မှ တွေ့ဆုံမေးမြန်းထားသည်။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

Next Post
ရန်ကုန်မြို့ပေါ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းယူစဉ် အဖမ်းခံခဲ့ရသည့် Myanmar Now သတင်းထောက် မကေဇွန်နွေး

အာဏာရှင်စနစ်အောက်က အမျိုးသမီးသတင်းထောက်များ ဘဝ

စစ်ကောင်စီက သတင်းသမားတွေကို ရန်သူလို့ သတ်မှတ်နှိပ်ကွပ် (ရုပ်/ သံ)

စစ်ကောင်စီက သတင်းသမားတွေကို ရန်သူလို့ သတ်မှတ်နှိပ်ကွပ် (ရုပ်/ သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved