ကိုဗစ်နိုင်တင်း ကပ်ရောဂါ၏ အသေအလဲထိုးနှက်ချက်မှ နာလန်ထကာစတွင် ကမ္ဘာ့စီးပွားရေးသည် ခရီးသွားလာမှု ကန့်သတ်ချက် အများအပြားကို ချမှတ်စေသည့် အိုမီခရွန် ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲကြောင့် နောက်ထပ် ထိုးနှက်ခံလိုက်ရသည်။
လွန်ခဲ့သော တပတ်မပြည့်မီက တောင်အာဖရိကတွင် စတင်တွေ့ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အစီရင်ခံခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် အာဖရိကမှ ပိစိဖိတ်အထိ၊ ဥရောပမှ ကနေဒါအထိ နေရာအနှံ့ ပျံ့နှံ့နေပြီး နိုင်ငံဒါဇင်ပေါင်းများစွာတွင် ခရီးသွားလာမှုကန့်သတ်ချက်များ ချမှတ်ထားရသည်။
စီးပွားရေးရိုက်ခတ်မှု ပြင်းထန်မှုသည် ထိုမျိုးကွဲသစ်၏ အန္တရာယ်မည်မျှ ကြီးမားသည်ဆိုသည့် အချက်နှင့် လက်ရှိ ကာကွယ်ဆေးများကို ထိုမျိုးကွဲက မည်သို့ကာကွယ်နိုင်သည့် အချက်အပေါ် မူတည်နေသည်။
အကောင်းဆုံး အခြေအနေဖြစ်လာလျှင်ပင် ၂၀၂၂ ခုနှစ်အတွက် စီးပွားရေးခန်မှန်းချက်များကို ဘောဂဗေဒ ပညာရှင်များက ပြန်လည်လျှော့ချနေရပြီဖြစ်သည်။
လာမည့်နှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်နှင့် ၎င်း၏ မျိုးကွဲသစ်များသည် ခြိမ်းခြောက်မှုဖြစ်နေသေးကြောင်း ပြောကြားနေသည်မှာ လအတန်ကြာပြီဖြစ်သည်။
လာမည့်နှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်နှင့် ၎င်း၏ မျိုးကွဲသစ်များသည် ခြိမ်းခြောက်မှုဖြစ်နေသေးကြောင်း ပြောကြားနေသည်မှာ လအတန်ကြာပြီဖြစ်သည်။
အိုမီခရွန်သည် နှိုင်းယှဉ်ချက်အားဖြင့် အားပျော့သည် ရောဂါလက္ခဏာများကိုသာ ဖြစ်စေလျှင် စီးပွားရေး ရိုက်ခတ်မှု အလယ်အလတ်သာဖြစ်စေပြီး ၂၀၂၂ ခုနှစ်ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း ဝ ဒသမ ၂၅ ရာခိုင်နှုန်းသာ ကျဆင်းစေမည်ဖြစ်ကြောင်း Oxford Economics မှ စီးပွားရေးပညာရှင်ချုပ် မစ္စတာ ဂရီဂေါ်ရီ ဒါကိုက ပြောသည်။
အိုမီခရွန်သည် အလွန်အန္တရာယ်များပြီး ကမ္ဘာ့ဒေသအများစုကို လော့ဒေါင်းပိတ်ဆို့မှု လုပ်ရသည့် အဆိုးရွားဆုံး အခြေအနေတွင်မူ ၂၀၂၂ ခုနှစ်အတွက် တိုးတက်မှုနှုန်းသည် ၂ ဒသမ ၃ ရာခိုင်နှုန်းပတ်ဝန်းကျင်သို့ ကျဆင်းသွားနိုင်သောကြောင့် ထိုမျိုးကွဲသစ်မပေါ်ပေါက်မီက Oxford Economics ကခန့်မှန်းထားသည့် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်စရာ ဖြစ်နေသည်။
ထိုကဲ့သို့သော အခြေအနေတွင် ကပ်ရောဂါ စတင်ကတည်းက ဒေါ်လာ ထရီလီယံပေါင်းများစွာကို အကူအညီပေးရန် ထုတ်သုံးရသော အစိုးရများသည် ကာကွယ်ဆေးများ ရမည်ဆိုလျှင် နောက်ထပ် ဘဏ္ဍာရေးအကူအညီပေးရန် စိတ်အားထက်သန်ခြင်း ရှိ၊ မရှိမှာ မသေချာတော့ကြောင်း မစ္စတာ ဒါကိုက ပြောသည်။
ထိုသို့သောအခြေအနေများသည် ကမ္ဘာ့စီးပွားရေးနှင့် ပြည်သူများ၏ အပြုအမူကို ထိုမျိုးကွဲက မည်သို့ ထိခိုက်နိုင်မည်ကို ဆုံးဖြတ်ရာတွင် အဓိကကျကြောင်း The Conference Board မှ ဘောဂဗေဒပညာရှင် အဲရစ် လန်းဒ်က ပြောသည်။
မိမိဘာသာ သီးခြားခွဲနေခြင်း
ဗိုင်းရပ်စ်အသစ်ကို ထိန်းချုပ်ရန် အစိုးရ၏ စီမံဆောင်ရွက်မှုများအပြင် လူများကို ကူးစက်မှုကို ကြောက်ရွံ့ခြင်းသည် စားသောက်ဆိုင်များသို့ သွားခြင်းနှင့် စားသုံးမှုလျှော့ချခြင်းကဲ့သို့သော ၎င်းတို့၏ ကိုယ်ပိုင်ခရီးသွားခြင်းနှင့် စီးပွားရေးလုပ်ဆောင်မှုများကို ကန့်သတ်ရန် တွန်းအားပေးကာ တိုးတက်မှုကို အကျိုးသက်ရောက်စေသည်ဟု လန်းဒ်က ပြောကြားခဲ့သည်။
နောက်ထပ်အန္တရာယ်တခုမှာ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် အကပ်အတည်းကို ပိုမိုဆိုးရွားသွားစေခြင်း ဖြစ်သည်။ လန်းဒ်က “လေကြောင်းကုန်စည် အများအပြားကို ခရီးသည်လေယာဉ်တွေရဲ့ ဝမ်းဗိုက်ထဲမှာ အခြေခံအားဖြင့် သိမ်းဆည်းထားပါတယ်၊ ဒါဟာ FedEx လေယာဉ်အမျိုးအစား အားလုံးတင် မဟုတ်ပါဘူး” ဟု ပြောသည်။
“ဒါကြောင့် ခရီးသည်တွေ ကူးသန်းရောင်းဝယ်ရေးခရီးစဉ်တွေအတွက် ဖျက်သိမ်းမှုတွေရှိရင် ဝယ်လိုအား ကျဆင်းသွားတယ်ဆိုရင် ကုန်သွယ်မှုလမ်းကြောင်းကို ကန့်သတ်ဖို့ အန္တရာယ်ရှိပါတယ်” ဟု သူက ပြောသည်။ ယင်းမှာ ကုန်စည်စီးဆင်းမှု ပိုမိုရှားပါးလာကာ ငွေကြေးဖောင်းပွမှု ဖိအားများ ပိုမိုဆိုးရွားလာနိုင်သည်။
အမေရိကန်သမ္မတ မစ္စတာ ဂျိုးဘိုင်ဒင်က အမျိုးအစားကွဲကို ပထမဆုံးတွေ့ရှိခဲ့သည့် တောင်အာဖရိကဒေသမှ ခရီးသွားများအတွက် အမေရိကန်က ၎င်း၏နယ်စပ်များကို ပိတ်ထားသော်လည်း ထိတ်လန့်စရာအကြောင်းမရှိဟု ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ထို့အပြင် အိုမီခရွန် ကူးစက်မှုလှိုင်းလုံးသည် “အလုပ်သမား တချို့ လုပ်ငန်းခွင်က ခေတ္တနုတ်ထွက်ပြီး အခြားသူများကို ပြန်မလာစေရန် ဟန့်တားစေကာ လက်ရှိအလုပ်သမားရှားပါးမှု ပိုမိုဆိုးရွားစေတယ်” ဟု Capital Economics မှ စီးပွားရေးပညာရှင် နီးလ်ရှီးယားက မှတ်ချက်တစ်ခု၌ ပြောကြားခဲ့သည်။
အိုမီခရွန်သည် ကိုဗစ် ဒယ်လ်တာ (Delta) ပေါ်ပေါက်လာချိန်မှစ၍ အခြားသောမျိုးကွဲများထက် ပိုမိုစိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းကိုယ်တိုင်က ယခင်မျိုးကွဲများထက် ပိုမိုကူးစက်နိုင်နေပြီ ဖြစ်သည်။
သို့သော် အမေရိကန်သမ္မတ မစ္စတာ ဂျိုးဘိုင်ဒင်က အမျိုးအစားကွဲကို ပထမဆုံးတွေ့ရှိခဲ့သည့် တောင်အာဖရိကဒေသမှ ခရီးသွားများအတွက် အမေရိကန်က ၎င်း၏နယ်စပ်များကို ပိတ်ထားသော်လည်း ထိတ်လန့်စရာအကြောင်းမရှိဟု ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
Pfizer ၏ အမှုဆောင် အရာရှိချုပ် (CEO) ဖြစ်သူ အဲလ်ဘတ် ဘော်လာက ဆေးဝါးထုတ်လုပ်သူများသည် မျိုးကွဲအသစ်နှင့်ပတ်သက်၍ သိလိုသည်များကို အများစုသိရန် ရက်သတ္တပတ်အနည်းငယ် လိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ကာကွယ်ဆေးထုတ်လုပ်သူ AstraZeneca၊ Pfizer/BioNTech၊ Moderna နှင့် Novavax တို့သည် မျိုးကွဲကို တိုက်ဖျက်နိုင်စွမ်းအပေါ် ယုံကြည်မှုရှိကြောင်း ဖော်ပြကြသည်။
အတိုးနှုန်း အတက်အကျ နှောင့်နှေးနေပါသလား
သို့သော်လည်း ပိုမိုပြင်းထန်နိုင်ခြေရှိသော မူကွဲတခု၏ ခြိမ်းခြောက်မှုသည် ဗဟိုဘဏ်များ၏ လုပ်ငန်းတာဝန်များကို ရှုပ်ထွေးစေမည်ဖြစ်ပြီး “ပုံသဏ္ဌာန် မကင်းမချင်း အတိုးနှုန်းမြှင့်တင်ရန် အစီအစဉ်များကို ရွှေ့ဆိုင်းနိုင်ကြောင်း” ရှီးယားက ပြောသည်။
အမေရိကန် ဗဟိုဘဏ် (Federal Reserve) သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အစည်းအဝေးလုပ်ရန်ရှိပြီး နောက်နေ့တွင် ဥရောပဗဟိုဘဏ် (ECB) နှင့် Bank of England အပါအဝင် အခြားအမြောက်အမြားနှင့် တွေ့ဆုံမည်ဖြစ်သည်။
“မသေချာမရေရာမှုတွေနဲ့ ကြောက်ရွံ့မှုတွေရဲ့ အနေအထားကို ပြန်ရောက်တိုင်း ဒါဟာ ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူလာမှုကို နှေးကွေးစေတယ်” ဟု ဒါကိုက ပြောသည်။
Pfizer ၏ အမှုဆောင် အရာရှိချုပ် (CEO) ဖြစ်သူ အဲလ်ဘတ် ဘော်လာက ဆေးဝါးထုတ်လုပ်သူများသည် မျိုးကွဲအသစ်နှင့်ပတ်သက်၍ သိလိုသည်များကို အများစုသိရန် ရက်သတ္တပတ်အနည်းငယ် လိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
တချိန်တည်းတွင် “မသေချာ မရေရာမှုများသည် ထိခိုက်စေသည်” ဟု စီးပွားရေးပညာရှင် ဒါကိုက ပြောကြားခဲ့သည်။
“မသေချာမရေရာမှုတွေနဲ့ ကြောက်ရွံ့မှုတွေရဲ့ အနေအထားကို ပြန်ရောက်တိုင်း ဒါဟာ ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူလာမှုကို နှေးကွေးစေတယ်” ဟု ဒါကိုက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျရုမ်း ပါဝယ် ကိုယ်တိုင်က အိုမီခရွန်သည် တရုတ်နှင့် ဥရောပသမဂ္ဂတို့နှင့်အတူ ကမ္ဘာ့စီးပွားရေးကို မောင်းနှင်သည့် အင်ဂျင်များထဲမှ တစ်ခုဖြစ်သည့် အမေရိကန်စီးပွားရေးအတွက် အန္တရာယ်တစ်ခုဖြစ်ကြောင်း သတိပေးခဲ့သည်။
(AFP တွင် ဖော်ပြထားသော Omicron variant raises new fears for pandemic-hit world economy ကို ဘာသာပြန်ဆိုပါသည်။)
You may also like these stories:
ကိုဗစ်ပိုးသစ် Omicron အကြောင်း သိရသမျှ
သန်းနှင့်ချီသော အမေရိကန် J&J ကိုဗစ်ကာကွယ်ဆေးများ ထိုင်း-မြန်မာ နယ်စပ် ပို့မည်
စစ်ကောင်စီက ပြည်သူ့ကျန်းမာရေးကို လက်နက်အဖြစ် သုံးနေသည်
မြန်မာနှင့် နိုင်ငံတချို့ ၌ ကိုဗစ်ကာကွယ်ဆေးအတုများ တွေ့သဖြင့် WHO သတိပေး