• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ်ပြန် စက်လှေသမား ၉ ဦးတွင် ကိုဗစ်ပိုးတွေ့

by ဧရာဝတီ
1 December 2021
in သတင်း
A A
စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်း  / RSCCI – Facebook

စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်း / RSCCI – Facebook

11.2k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့ပြီးနောက် စစ်တွေမြို့နယ် ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်ဝင်လာသော စက်လှေသမားများအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာ ၉ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်ဝင်ရောက်လာသော စက်လှေသမားများကို စက်လှေထဲတွင် ၁၀ ရက်ကြာ အသွားအလာကန့်သတ် (Quarantine) ထားရှိပြီးနောက် နိုဝင်ဘာ ၃၀ ရက်တွင် ကျန်းမာရေးဝန်ထမ်းများက သွားရောက် ပြီး စက်လှေသမား ၂၆ ဦးကို ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးခဲ့ရာ ၉ ဦးထံတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်နယ်မှူး ဒေါက်တာ ကြည်လွင်က ဧရာဝတီသို့ ပြောသည်။

၎င်းက “ပြန်ဝင်လာတဲ့ လှေသမားတွေကို ကျနော်တို့က Quarantine ထားတယ်။ ၃ ရက်ကနေ ၇ ရက် အကြာမှာ ဆေးစစ် တာပေါ့။ မနေ့က စက်လှေသမား ၂၆ ယောက်ကို စစ်တဲ့အခါ ၉ ဦး ပိုးတွေ့တယ်။ သူတို့ ကျန်မာရေးလည်း ကောင်းတယ်။ ဘာရောဂါလက္ခဏာမှလည်း မပြပါဘူး” ဟု ဆိုသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့သည့် စက်လှေသမားများကို ယမန်နေ့ကတည်းက စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားပြီး ဆေးကုသမှု ပေးနေကြောင်း၊ ၎င်းတို့တွင် တွေ့ရှိသည့် ကိုဗစ်ပိုးအမျိုးအစားနှင့် ပတ်သက်၍ မည်သည့် မျိုးရိုးဗီဇပိုး ဖြစ် သည်ကို မသိရှိသေးကြောင်း ဒေါက်တာကြည်လွင်က ပြောသည်။

“ပိုးအမျိုးစား ခွဲတယ်ဆိုတာ ဒီမှာ စစ်လို့မရပါဘူး။ ရန်ကုန်၊ နေပြည်တော် ပို့ပြီး စစ်ရပါတယ်။ နောက်တခုက ပုံမှန်ဆို ရင်တော့ ကျနော်တို့ မစစ်ပါဘူး။ အထူးအနေနဲ့ လိုအပ်ချက် ရှိရင်တော့ စစ်တာပေါ့။ အစုလိုက်အပြုံလိုက် တွေ့တယ်၊ ရောဂါပြင်းထန်တဲ့ လက္ခဏာ တွေ့ရင်တော့ စစ်ပါတယ်။ အခုက လူတွေက ရောဂါလက္ခဏာလည်း မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ စောင့်ကြည့်နေတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ပိုးတွေ့သည့် စက်လှေသမားများသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်တိုင် ထိုးပြီးသူများ ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် အတွင်း ကိုဗစ်တတိယလှိုင်းတွင် တွေ့ရှိသည့် မျိုးရိုးဗီဇပိုးမှာ Delta အမျိုးအစား ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်မာရေး ဌာနမှ တာဝန်ရှိသူများက ပြောသည်။

အလားတူ ယမန်နေ့က လေကြောင်းဖြင့် စစ်တွေမြို့မှ ရန်ကုန်သို့ သွားရောက်မည့် သူများကို ဆေးစစ်ခဲ့ရာတွင်လည်း ခရီးသည် ၂ ဦးထံတွင် ပိုးတွေ့ရှိခဲ့သလို ယနေ့တွင်လည်း လေကြောင်းခရီးသွားများကို ဆေးစစ်ရာ သံဃာတော် ၂ ပါးနှင့် အမျိုသား ၂ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၇ ဦးတွင် ပိုးတွေ့သဖြင့် ဆေးကုသမှုများ ပေးထားကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်း ကာလကလည်း ရခိုင်ပြည်နယ်အတွင်း ပထမအသုတ် ကိုဗစ်ပိုး တွေ့ရှိသူများထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီး ပြန်လည်ဝင်လာသော စက်လှေသမားများထံမှ အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့သဖြင့် ယခုတဖန် ပိုးတွေ့လာမှုအပေါ် ဒေသခံလူထုကြား စိုးရိမ်လျက် ရှိသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “စီးပွားရေးကျပ်တည်းတဲ့ ကာလမှာ လိုအပ်မှုကြောင့် နယ်စပ်ကုန်သွယ်မှုကို ဖွင့်မယ်ဆိုရင် ရရှိလာတဲ့ အကျိုးအမြတ်နဲ့ ပိုးကူးပြန့်ပွားမှု ဆိုးကျိုးတွေကို အစိုးရ အနေနဲ့ ချင့်ချိန်ပြီး ဆောင်ရွက်ဖို့ လိုတယ်။ အခု အိုမီခရွန် (Omicron) ဆိုတဲ့ မျိုးရိုးဗီဇပိုး အမျိုးအစားက ကမ္ဘာမှာ တွေ့လာ ပြီ။ ဖြစ်လာရင် ဘယ်လို ကာကွယ်မယ်၊ ဘယ်လို ထိန်းချုပ်မယ်ဆိုတာ သူတို့မှာ ဘယ်လို အစီအစဉ် (Plan) ရှိလဲဆိုတာ ချပြဖို့ လိုတယ်။ အဲဒီလို အစီအစဉ်တွေ မရှိရင်တော့ နယ်စပ်ကုန်သွယ်ရေးစခန်းကို မဖွင့်သင့်လို့ ကျနော် မြင်တယ်” ဟု ပြောသည်။

နိုဝင်ဘာ ၂၄ ရက်က တောင်အာဖရိကတွင် စတင်စစ်ဆေးတွေ့ရှိခဲ့သည့် Omicron ကိုဗစ်ဗီဇမျိုးကွဲသည် ယခုဆိုလျှင် နိုင်ငံပေါင်း တဒါဇင်ကျော်၌ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီး ယင်း ကိုဗစ်မျိုးကွဲသစ်နှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က Omicron သည် ကမ္ဘာအနှံ့ ပြန့်ပွားနိုင်ခြေရှိပြီး အန္တရာယ် အလွန်မြင့်မားသောကြောင့် ကိုဗစ်ပိုးကူးစက်မှု မြင့်နေသော အချို့ဒေသများတွင် “ပြင်းထန်သော အကျိုးဆက်များ” ရှိလာနိုင်ကြောင်း သတိပေးထားသည်။

ကိုဗစ်တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ပိုးကူစက်ခံရသူ ၅,၁၇၂ ဦး၊ သေဆုံးသူ ၄၉၈ ဦး ရှိခဲ့ပြီး လက်ရှိအချိန် ထိ ဆေးရုံတက် ကုသမှုခံယူနေရသူ ၂၀  ဦး ရှိကြောင်း ပြည်နယ်စီမံခန့်ခွဲမှုကောင်စီ၏ နိုဝင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပိုးကူးစက်မှု မြင့်မားခဲ့သည့် အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ပိတ်ထားခဲ့ရာမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဧပြီလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

သို့သော် ကိုဗစ်တိယလှိုင်းတွင် ပိုးကူးစက်မှု အဆမတန် များပြားခဲ့ရာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်နယ် စီမံခန့်ခွဲမှုကောင်စီက ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းကို ယာယီရပ်နားရန် ဆုံးဖြတ်ခဲ့ ပြီး အောက်တိုဘာ ၁၄ ရက်တွင် ကိုဗစ်ကူးစက်မှု လျော့ကျလာသည် ဟုဆိုကာ တကျော့ပြန် ပြန်လည်ဖွင့်လှစ်ခဲ့ ပြီးနောက် စက်လှေသမားများထံတွင် ကိုဗစ်ပိုး တွေ့ရှိလာခြင်း ဖြစ်သည်။

စစ်ကောင်စီ လက်ထက် နယ်စပ်ကုန်သွယ်မှုကို ဖွင့်လှစ်ခဲ့ရာတွင် ဧပြီနှင့် မေ ၂ လတာ ကာလအတွင်း နှစ်နိုင်ငံ အကြား နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄,၃၈၃,၀၅၇ ဒသမ ၇၉ အထိ ကုန်စည် ကူးသန်းရောင်းဝယ် နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်အနေဖြင့် ကုလားပဲ၊ ကွမ်းသီး၊ ကြက်သွန်နီ၊ ငါးနီတူခြောက်၊ ငါးမြစ်ချင်း၊ ကော်ဖီမစ်၊ အုန်းသီး၊ ဇီးယိုထုပ်၊ ထွန်းရွှေဝါ၊ နနွင်းတက်၊ ကြိမ် စသည့် ကုန် ပစ္စည်းများ အဓိက တင်ပို့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
10
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
9
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
20

သွင်းကုန်အနေဖြင့် T-Shirt၊ Plastic Water Tank၊ Metal Water Pot၊ PVC Tank၊ Iron Road ဂျုံစေ့၊ ထီး စသည့် ကုန်စည်တို့ ဖြစ်ကာ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၄,၃၄၄,၁၂၄ ဒသမ ၁၉ ဖိုး တင်ပို့နိုင်ပြီး သွင်းကုန် အနေဖြင့် ဧပြီနှင့် မေလအတွင်း အမေရိကန် ဒေါ်လာ ၃၈,၉၃၃ ဒသမ ၆၀ ဖိုး တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

ကိုဗစ်ပိုးသစ် Omicron အကြောင်း သိရသမျှ

သန်းနှင့်ချီသော အမေရိကန် J&J ကိုဗစ်ကာကွယ်ဆေးများ ထိုင်း-မြန်မာ နယ်စပ် ပို့မည်

စစ်ကောင်စီက ပြည်သူ့ကျန်းမာရေးကို လက်နက်အဖြစ် သုံးနေသည်

Your Thoughts …
Tags: ကိုဗစ်-၁၉မြန်မာ-ဘင်္ဂလားဒေ့ရှ်ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနိုင်

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနိုင်

by ဧရာဝတီ
3 September 2023
1.3k

ထိုသို့ မှောင်ခိုလမ်းကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် တရားဝင် ဘဏ်စနစ်ဖြင့် ငွေလွှဲ ၊ ငွေပြောင်းလုပ်ငန်းများ ဆောင်ရွက် မရတော့သည့်အတွက် ဟွန်ဒီစနစ်ဖြင့် ချိတ်ဆက်လျက် ငွေပေး ၊ ငွေချေ လုပ်ငန်းများ လုပ်ကြရကြောင်း

ကချင်ပြည်နယ်ရှိ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် လွယ်ဂျယ်ဂိတ် / Chinese Embassy in Myanmar

လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကား ရာချီပိတ်နေ

by ဧရာဝတီ
24 March 2022
8.8k

ငှက်ပျောသီးကုန်စည်များ တင်ထားသည့် ၁၂ ဘီး ကုန်ကား ၁ စီးလျှင် မြန်မာကျပ်ငွေ သိန်း ၅၀ မှ ၇၀ ကြားထိ တန်ဖိုးရှိပြီး ပိတ်မိသည့်ရက် ကြာလာသည်နှင့်အမျှ ငှက်ပျောသီးများ မှည့်လာနိုင်ကာ ဈေးကွက်မဝင်အသီးအဖြစ် စွန့်ပစ်ရခြင်း၊...

၂၀၁၉ NLD အစိုးရလက်ထက် မန္တလေးသင်္ကြန်ဖွင့်ပွဲ မြင်ကွင်း  / ဧရာဝတီ

စစ်ကောင်စီလုပ်မည့် မန်းသင်္ကြန် မြို့ခံအများစု မဆင်နွှဲဟုဆို

by ဧရာဝတီ
19 March 2022
32.8k

သင်္ကြန်လုပ်မယ်ဆိုတာက စကစက တည်ငြိမ်နေပါပြီ၊ သူတို့အုပ်ချုပ်လို့ ရနေပါပြီ ဆိုတာကို ပြချင်လို့လုပ် တယ်လို့ မြင် တယ်။ ပြီးတော့ ကိုဗစ်ကာလကြီးမှာ လုပ်တာဆိုတော့ ပြည်သူတွေကို ပိုပြီး ဒုက္ခရောက်စေချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်။ ဘယ်သူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့...

ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်းတတွင်း / မြစ်ကြီးနားဂျာနယ် 

နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား

by ဧရာဝတီ
19 January 2022
13.7k

တရုတ်နိုင်ငံ၏ မြေရှားသတ္တုသုံးစွဲမှု ၏ ထက်ဝက်ခန့်သည် မြန်မာနိုင်ငံမှ တင်ပို့နေခြင်းဖြစ်သည်။

အမျိုးသမီးများနှင့် ကလေးများသည် ကိုဗစ်-၁၉ နှင့် စစ်အုပ်ချုပ်ရေးကြောင့် အထိအနာဆုံးဖြစ်မည်ဟု UNDP က ဆိုသည်

လာမည့်နှစ်တွင် မြန်မာနိုင်ငံသား ထက်ဝက် ဆင်းရဲသွားမည်

by ဧရာဝတီ
3 May 2021
26.5k

စစ်အုပ်ချုပ်ရေးနှင့် ကိုဗစ်-၁၉ ၏ ထိခိုက်မှုများကြောင့် မြန်မာ့လူဦးရေ၏ ထက်ဝက်သည် ၂၀၂၂ ခုနှစ်တွင် ဆင်းရဲသွားနိုင်ကြောင်း UNDP က အစီရင်ခံသည်။

ယနေ့ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရန် ကော့သောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ရုံးတွင် Border Pass ပြုလုပ်နေသူများ / ဧရာဝတီ

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် ယနေ့ တရားဝင် ပြန်ဖွင့်

by ဧရာဝတီ
3 June 2022
3.4k

ယခု ဖွင့်လိုက်သော ကော့သောင်း-ရနောင်းဂိတ်သည် ၂ နှစ်ကျော်ကာလအတွင်း ပထမဆုံး ထိုင်း-မြန်မာ လူအဝင်အထွက် တရားဝင် ခွင့်ပြုသောဂိတ် ဖြစ်သည်။

Next Post
ပြည်သူကို ရန်သူလို သဘောထားပြီး အငြိုးတကြီးနဲ့ သတ်ချင်ဖြတ်ချင်နေတာ (ရုပ်/သံ)

ပြည်သူကို ရန်သူလို သဘောထားပြီး အငြိုးတကြီးနဲ့ သတ်ချင်ဖြတ်ချင်နေတာ (ရုပ်/သံ)

ပထမတန်းစား နိုင်ငံရေးသမား (သို့မဟုတ်) ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်

ပထမတန်းစား နိုင်ငံရေးသမား (သို့မဟုတ်) ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved