• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနိုင်

by ဧရာဝတီ
3 September 2023
in စီးပွားရေး
A A
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနိုင်

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် မြန်မာထွက် ဂျင်းများကို မောင်တောဆိပ်ကမ်းတွင် ချနေစဉ် / ဧရာဝတီ

1.3k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်က မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်လိုက်သဖြင့် နှစ်နိုင်ငံကုန်သည်များ အကြား ငွေပေးချေမှု ခက်ခဲသွားရာ တရားဝင်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်၍ မှောင်ခိုလုပ်ငန်းများ ကြီးထွားလာမည့် အခြေအနေ ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့၏ ဘဏ်အကောင့်များကို အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း သြဂုတ်လ ဒုတိယအပတ်မှ စတင်ကာ အရေးယူထားကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်တွေမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးက“နယ်စပ်ကုန်သွယ်မှု လုပ်ငန်းက အခုအချိန်မှာ ရပ်တန့်တဲ့သဘော ဖြစ်သွားပြီ။ ဒီဘက်က ပို့ကုန်တင် ရောင်းတဲ့ ငွေကြေးတွေက ဟိုဘက်က လွှဲမပေးတော့ဘူး။ တရားဝင်ဘဏ်စနစ် လွှဲပြောင်းလို့ မရ တဲ့အခါ ဒီဘက်ကို ငွေမဝင်တော့ဘူး၊ ဘင်္ဂလားဒေ့ရှ်အစိုးရက ပိတ်လိုက်တဲ့အခါ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းတခုလုံးက အကုန် ကမောက်ကမ ဖြစ်ပြီးတော့ ကုန်သည်တွေလည်း ဘာမှ လုပ်မရတော့ဘူး ဖြစ်ကုန်တာ ” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုလုပ်ဆောင်ရာတွင် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်း (ရွှေမင်းဂံ) ဆိပ်ကမ်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း ဆိပ်ကမ်း) တို့မှ ရေချိုငါး၊ ချင်းစိမ်း၊ ကြက်သွန်၊ ဒညင်းသီး၊ အုန်းသီး၊ ကွမ်းသီးနှင့် ဇီးယိုထုတ်တို့ဖြစ်ကာ သွင်းကုန်အနေဖြင့် အာလူး၊ ဘီစကွတ်မုန့်၊ ပလတ်စတစ်ထုတ်ကုန်၊ ကြေးပစ္စည်းထုတ်ကုန်နှင့် အိမ်သုံးပစ္စည်းတချို့ ပါဝင်သည်။

ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်တဦးက “ဟိုဘက်က ငွေလွှဲပေးလို့ မရတော့ဘူး ဆိုတော့ တရားဝင် လမ်းကြောင်း ကနေ ကုန်သွယ်လို့ မရတော့ဘူးပေါ့၊ စီးပွားရေးလုပ်ငန်း ဆိုတာက ဒီအတိုင်းရပ်ထားလို့မှ မရတာ။ ဒီလမ်းကြောင်း မရရင် နောက်လမ်းကြောင်းကနေ သွားကြမှာပဲ။ အရင်တုန်းကလည်း မှောင်ခိုလမ်းကြောင်းတွေ ရှိပြီးသားဆိုတော့ နယ်စပ် ကုန်သွယ်မှုက မှောင်ခိုလုပ်ငန်းတွေပဲ ကြီးစိုးလာမယ့် သဘောရှိတယ်။ အဲဒီအတိုင်းလည်း ဖြစ်လာဖို့ မြင်နေရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ မှောင်ခိုလမ်းကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် တရားဝင် ဘဏ်စနစ်ဖြင့် ငွေလွှဲပြောင်းရန် ဆောင်ရွက် မရတော့သည့်အတွက် ဟွန်ဒီစနစ်ဖြင့် ချိတ်ဆက်လျက် ငွေပေး၊ ငွေချေ လုပ်ငန်းများ လုပ်ကြရကြောင်းသိရသည်။

၎င်းက “ ဒီလောက် နည်းပညာတိုးတက်ပြီး ဟန်းဖုန်းတွေ ပေါ်တဲ့ခေတ်မှာ မှောင်ခိုကရတဲ့ငွေတွေက ခဏလေးနဲ့ ကိုယ် ကိုယ့်အဆက်အသွယ်နဲ့ ကိုယ် ၊ ကိုယ့်နားလည်မှုနဲ့ ကိုယ် ၊ ကိုယ့် ယုံကြည်မှုနဲ့ ကိုယ် အဲဒီလိုပဲ လုပ်ကြရတာပဲ ” ဟု ဧရာဝတီသို့ ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာရနိုင်သည့်အတွက် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့နှင့် နီးစပ်သည့် ကြားခံ စီးပွားရေးလုပ်ငန်းရှင်များကို ထည့်သွင်းကာ မှောင်ခိုလုပ်ငန်းများကို အသက်သွင်းရန် ကြိုးစားလုပ်ကိုင်လာနိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း ဆိုသည်။

၎င်းက “ နယ်စပ်ကုန်သွယ်မှုကနေ ဒေါ်လာ ရနေတော့ စစ်ကောင်စီက ဒေါ်လာဝင်ပေါက်လမ်းကို ဒီအတိုင်းတော့ ထားမှာ မဟုတ်ဘူး။ သူတို့ ဒေါ်လာရှာဖို့ ၊ ဒေါ်လာ အသက်ရှုပေါက်ရအောင် တခုခုတော့ လုပ်မှာပဲ ၊ ကြားခံ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး တော့ တဖက်လှည့်နဲ့ မှောင်ခိုလုပ်ငန်းကို ဦးစီးဖို့ ခိုင်းလာနိုင်တဲ့ သဘောရှိတယ်။ ဒီဘက်က နယ်ခံ စီးပွားရေးလုပ်ငန်းရှင် တွေလည်း မှောင်ခိုသွားရင် အန္တရာယ် များပေမယ့် အခြေအနေကြည့်ပြီးတော့ လမ်းကြောင်း ပေးကမ်းပြီးတော့ သွားကြ မှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ယခင် စစ်အစိုးရလက်ထက်များတွင်လည်း မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် ကျွဲ ၊ နွား ၊ ကျွန်းသစ် ၊ ဆန် စသည့် ကုန်စည်များအား ပင်လယ်ရေကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ခဲ့ရာ ယခုထပ်မံ၍ ပင်လယ်ရေကြောင်း မှောင်ခိုလုပ်ငန်းမှာ တဖန် ကြီးထွားလာနိုင်သည့် အခြေအနေရှိသည်။

ရခိုင်ပြည်နယ်အတွင်း အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တဦးက “ နယ်စပ်ကို မှောင်ခိုကုန်ကူးတယ် ဆိုတာက ဆင်းရဲသားတွေ လုပ်တဲ့အလုပ် မဟုတ်ဘူး။ သြဇာအာဏာရှိတဲ့ လူတွေနဲ့ စီးပွားရေးသမားကြီးတွေ ပူးပေါင်းပြီးတော့ စီးပွားရှာတဲ့ လုပ်ငန်းပဲ ၊ အစိုးရက တရားဝင် ကုန်သွယ်လို့မရတော့ ကြားခံ ခရိုနီတွေကို ပွဲစားငှားပြီးတော့လုပ်မှာပဲ၊ ဒီလိုအခြေနေမျိုးမှာ လုပ်တတ်ကိုင်တတ်တဲ့လူတွေအတွက်ဆိုရင် မျက်ဖြူဆိုက်လေ ၊ ဆရာကြိုက်လေပဲ” ဟု ဧရာဝတီသို့ ပြောသည်။

သို့သော် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်ကမူ “နယ်စပ် ကုန်သွယ်မှုလုပ်ငန်းက ရပ်ဆိုင်းသွားတဲ့ အခြေအနေတော့ မရှိသေးပါဘူး ၊ ကုန်သွယ်မှုလုပ်ငန်း နည်းနည်း လျော့သွားတာတော့ရှိတယ်။ ဘာကြောင့် လျော့ကျတယ်ဆိုတာကတော့ ရာသီဥတု အခြေအနေကြောင့်လည်း ပါမယ်။ ဟိုဘက်က ဝယ်လိုအား နည်းသွားတာလည်း ပါတယ်။ ငွေအလွှဲအပြောင်းလုပ်တဲ့ ဘဏ်ကိစ္စ ၊ အဲဒီဟာလည်း ပါမှာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဧပြီ မှ ဇူလိုင်အထိ ၄ လတာ ကာလအတွင်း မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၌ ပို့ကုန် အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၈ သန်းနှင့် စုစုပေါင်း ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင် များအသင်း၏စာရင်းအရ သိရသည်။

You may also like these stories:

ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်အကောင့်များအား ထိန်းချုပ်

ဘင်္ဂလားဒေ့ရှ်၏ သွင်းကုန်ကန့်သတ်ချက်ကြောင့် နယ်စပ်ကုန်သွယ်ရေး ကျဆင်း

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
218
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

ဘဏ် ၂ ခု အရေးယူခံရခြင်း သက်ရောက်မှုရှိဟု စစ်ကောင်စီ ဝန်ခံ

နယ်စပ်ကုန်သွယ်ရေး ဒေါ်လာ သတ်မှတ်ချက် နေရာထပ်ချဲ့

Your Thoughts …
Tags: SliderSonali ဘဏ်နယ်စပ်ကုန်သွယ်ရေးမြန်မာ-ဘင်္ဂလားဒေ့ရှ်မှောင်ခိုရခိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
တရုတ်ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား

တရုတ်ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား

အကူအညီပေးရေး NGO အဖွဲ့များကို စစ်ကောင်စီခေါင်းဆောင် ပစ်မှတ်ထား

အကူအညီပေးရေး NGO အဖွဲ့များကို စစ်ကောင်စီခေါင်းဆောင် ပစ်မှတ်ထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved