• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
in Entertainment
A A
၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

9.7k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

COVID-19 ရောဂါကြောင့် ကွယ်လွန်သွားတဲ့ အနုပညာရှင်တွေ ရှိသလို၊ သူတို့ရဲ့ အခြားသော ရောဂါဝေဒနာ၊ အကြောင်းအရင်း အမျိုးမျိုးတွေကြောင့် ကြွေလွင့်သွားသူတွေ ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်တွေအကြောင်း လွမ်းဆွတ် အောက်မေ့ဖွယ် ရေးသား ဖော်ပြလိုက်ပါတယ်။

မင်းသားကြီး ကျော်ဟိန်း (ဥူးဇင်း ကိတ္ထိသာရ)

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
သဇင်ပန်း

သဇင်ပန်း

10 January 2026
126
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

 

ပြည်သူတွေအားလုံး ချစ်ခင် အားပေးရတဲ့ မင်းသားကြီး ကျော်ဟိန်း (ဆရာတော် ဦးကိတ္တိသာရ) ဟာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၁ ရက်နေ့က ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။ မင်းသားကြီး ကျော်ဟိန်းဟာ မြန်မာ့ရုပ်ရှင်လောကမှာ “ကျော်ဟိန်းခေတ်” လို့ နာမည်တွင်အောင် အထူး ကျော်ကြားခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ သာသနာ့ဘောင် ဝင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ဆိုင်စွာပဲ ဥူးကိတ္ထိသာရ ပျံလွန်တော်မူတဲ့နေ့ဟာ သူ့ရဲ့ တူဝရီး တော်စပ်သူ သရုပ်ဆောင် ဒွေး ကွယ်လွန်တာ ၁၃ နှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်။ ဥူးကိတ္တိသာရ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

လူရွှင်တော် မန်းဝင်း

ဝါရင့်လူရွှင်တော်၊ ဟာသ သရုပ်ဆောင် မန်းဝင်းကတော့ ကျောက်ကပ်ရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရပြီး ယခုနှစ်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မန်းဝင်းဟာ အခြားသော ခွဲစိတ် ကုသမှုများလည်း ခံယူခဲ့ရပြီး သူ ကွယ်လွန်ချိန်မှာတော့ အသက် ၇၈ နှစ်ရှိပြီ ဖြစ်ပါတယ်။

အဆိုတော် မီးမီးခဲ

ထူးခြားတဲ့ အသံနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော် မီးမီးခဲဟာ ကင်ဆာရောဂါ ဝေဒနာနဲ့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က သြစတေးလျနိုင်ငံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

မီးမီးခဲဟာ ကင်ဆာရောဂါကို အဆင့် ၄ အထိ ခံစားခဲ့ရပြီး မကွယ်လွန်ခင် ၂၀၂၀ နှစ်အစမှာ မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လာခဲ့ပြီး “Back to You” ရှိုးပွဲ ပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ မီးမီးခဲဟာ အသက် ၃၇ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။

တေးသံရှင် ရန်ပိုင်စိုး

မြန်မာသံ တေးသံရှင် ရန်ပိုင်စိုးဟာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က COVID-19 ရောဂါကြောင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

တေးသံရှင် ရန်ပိုင်စိုးဟာ “ဆိုကြမယ် ပျော်ကြမယ်” အစီအစဉ်မှာ တင်ဆက်သူအဖြစ် ၁၈ နှစ်တာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာသံ သီချင်းများစွာ သီဆိုခဲ့သလို၊ မင်္ဂလာပွဲ၊ အလှူပွဲ၊ အခမ်းအနားများမှာလည်း ဘိသိက် အကျိုးတော်ဆောင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

သရုပ်ဆောင် ကြည်စိုး(IC)

သရုပ်ဆောင် ကြည်စိုး (IC) ဟာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က COVID-19 ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ကြည်စိုး (IC) ဟာ အသက် ၇၂ နှစ်အရွယ် ရှိပြီ ဖြစ်ပြီး၊ မကွယ်လွန်ခင်က သရုပ်ဆောင် အလုပ်အပြင် အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို သင်ကြားပေးသူ တဦးလည်း ဖြစ်ပါတယ်။

လူရွှင်တော်ကြီး ဦးပလာတာ

နိုင်ငံကျော် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ရှိ၊ သူ့ရဲ့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးပလာတာဟာ ရေဒီယိုအငြိမ့် ခေတ်ဦးကာလကတည်းက လူရွှင်တော်အဖြစ် အနုပညာလောကထဲမှာ ကျင်လည်ခဲ့သူဖြစ်ပြီး လူရွှင်တော် စံမတူနဲ့ အမြဲတွဲ တွေ့ရလေ့ ရှိသူပါ။ ဦးပလာတာဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၉၀ နှစ်ရှိပြီ ဖြစ်ပါတယ်။

မင်းသမီးကြီး အေးအေးသင်း

တခေတ်တခါက နာမည်ကျော်ကြားခဲ့တဲ့ တေးသံရှင်၊ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး အေးအေးသင်းဟာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က နှလုံးရောဂါနဲ့ မှော်ဘီမြို့ရှိ သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ မင်းသမီးကြီး အေးအေးသင်းဟာ အသက် ၇၅ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။

လူရွှင်တော် ဧရာ

ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး ဧရာဟာ COVID-19 ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ လူရွှင်တော် ဧရာဟာ ကိုဗစ်ရောဂါ မခံစားခင် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ခါးနာဝေဒနာကို ခံစားခဲ့ရသူဖြစ်ပါတယ်။ ဧရာဟာ ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ် အရွယ် ရှိပြီဖြစ်ပါတယ်။

Your Thoughts …
Tags: ၂၀၂၀ ပြည့်နှစ်COVID-19ကွယ်လွန်အနုပညာရှင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

နဝတအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ ကွယ်လွန်

နဝတအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ ကွယ်လွန်

by ဧရာဝတီ
21 May 2024
7.5k

ရှစ်လေးလုံးလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ (၉၀ နှစ်) မေ ၂၀ ရက်တွင် ကွယ်လွန်သွားပြီး ၎င်း၏နာရေးကို မေ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် ရန်ကုန်တိုင်း၊...

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

by Will Jackson
27 September 2025
6.3k

နိုင်ငံသားဖြစ်ခွင့်သည် စစ်အုပ်စု၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

by စောလွင်
14 May 2024
2.7k

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/ KIA) ၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် အသည်းရောဂါဝေဒနာဖြင့် မေ ၁၃ ရက်၊ ည ၆ နာရီခွဲခန့်တွင် ကချင်ပြည်နယ် လိုင်ဇာြမို့၌ ကွယ်လွန်ခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

by ဧရာဝတီ
2 November 2025
2.3k

ရွေးကောက်ပွဲနှင့်ပတ်သက်သော ကြွေးကြော်သံများကို တဦးချင်း ဖတ်ပြရမည်ဖြစ်ပြီး ရိုက်ကူးရေးကို စစ်ကော်မရှင်ဘက် ပြုလုပ်မည်ဖြစ်ကာ သတင်းနှင့် ဖျော်ဖြေရေး ပလက်ဖောင်း အားလုံးတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း၊ ရိုက်ကူးမှုများအား နိုဝင်ဘာလဆန်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

Next Post
ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုရှိ မဲရုံတခုတွင် မဲရေတွက်နေစဉ်  / ဧရာဝတီ

မဲ မသမာမှု ဖြစ်စေနိုင်သည် ဟူသော တပ်မတော်၏ ထုတ်ပြန်ချက်ကို UEC တုံ့ပြန်

နှစ်သစ်လက်ဆောင်

နှစ်သစ်လက်ဆောင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved