• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
in အင်တာဗျူး
A A
ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော / Oliver S. - Madagascar General / Alamy Stock Photo 

8.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ကူးစက်မှု လျော့ကျလာတာနဲ့အတူ လူတွေရဲ့ကိုဗစ်အပေါ် စိုးရိမ်ပူပန်မှုတွေဟာလည်း လျော့ကျလာနေပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာတော့ တကျော့ပြန် ကူးစက်မှုတွေက ဆက်ဖြစ်နေတုန်းပါပဲ။

ဒါကြောင့် ဒီကြောက်စရာ ကပ်ဆိုးကို ဘယ်သူတွေက ဘယ်လို ဖန်တီးခဲ့တာလဲ ဆိုတာကို ဒီကပ်ဆိုးရဲ့ ဇစ်မြစ်ကို နိုင်ငံ တကာ သုတေသနတွေအပေါ် အခြေခံပြီး ကိုဗစ် နောက်ကြောင်းပြန်- ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း၊ ကပ်ဘေးထဲက အလွန် တော်လှန်ရေး၊ ကပ်ဘေးလွန်ကမာ္ဘရဲ့ အလွမ်းဇာတ်များ ဆိုပြီး စာအုပ်တွေ ရေးသားထုတ်ဝေခဲ့တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီ သတင်းဌာနက သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

မေး။ ။ ကိုဗစ်ဖြစ်တာက မြန်မာနိုင်ငံမှာဆို ၃ လကျော်လောက်၊ တကမ္ဘာလုံးမှာဆို ၆ လကျော် ရှိပြီပေါ့။ နည်းနည်းကြာလာ တာနဲ့ အမျှ ကပ်ရောဂါကိုရော၊ ကာကွယ်ရေး ဆိုတာရော သွေးအေးပြီးတော့ အမှုမဲ့ အမှတ်မဲ့ ဖြစ်လာနေကြပြီ။ ဒါပေမယ့် ဒီကပ် ရောဂါတွေက ရှေရှည်မှာ ဘယ်လောက်အထိ အရေးကြီးတယ် ဆိုတာကို ဆရာ ရေးသားပြုစုပြီး ထုတ်ဝေခဲ့တဲ့ စာအုပ်တွေမှာ လေ့လာတွေ့ရှိရတယ်ပေါ့။ အဲဒီတော့ ပထမဦးဆုံးကတော့ ဒီကပ်ဆိုးတွေနဲ့ ဂေဟဗေဒစနစ် အဆက်အစပ်ကို အကျဉ်းလောက် ပြန်ပြောပြပေးပါဦး။

ဖြေ။ ။ ကပ်ရောဂါလိုဟာမျိုးက သီတင်း တပတ် နှစ်ပတ်နဲ့ ပြီးတာမျိုး မဟုတ်ဘူး။ ကပ်ရောဂါရဲ့ သဘော သဘာဝကိုက လနဲ့ချီ ကြာတယ်။ ကံမကောင်းရင် နှစ်နဲ့ချီ ကြာတယ်။ ဒီကာလမှာ လက်ပန်း မကျဘဲနဲ့ သတိထားပြီး ဘယ်လိုဆက်နေမလဲ ဆိုတဲ့ အပိုင်းက အရေးကြီးမယ် ထင်တယ်။ ဒီအချိန်မှာ သတိထားတာတွေ လျှော့ပစ်လိုက်ရင် ပြဿနာ ပိုကြီးနိုင်တဲ့ ဥပမာတွေ တွေ့နေရတယ် ဆိုတော့ လောလောဆယ် ရနေတဲ့ အခြေအနေကောင်းလေး မဆုံးရှုံးသွားအောင် သတိနဲ့ နေ ကြ ထိုင်ကြ သွားကြလာကြတာ လှုပ်ရှားတာမျိုး လိုမယ်။

နောက် သဘာဝ ပတ်ဝန်းကျင်နဲ့ ဘယ်လို ဆက်စပ်လဲဆိုရင် ဗိုင်းရပ်စ်သည် သဘာဝထဲက လာတာဆိုတော့ အခု ကိုဗစ်ပဲ ဖြစ်ဖြစ် သူ့အရင် ရှိခဲ့တဲ့ ဆားစ်တို့ မားစ်တို့ပဲဖြစ်ဖြစ် များသောအားဖြင့် သူတို့မှာ မူလ အိမ်ရှင်ဆိုတာ ရှိတယ်။ ကိုဗစ်ဆိုရင် လင်းနို့ကနေ လာတာ ဖြစ်ဖို့ များတယ်။ တခြားကျနော်တို့ သိနေတဲ့ ဗိုင်းရပ်စ်တွေသည် တောထဲက သတ္တဝါတွေ မူလအိမ်ရှင်တွေဆီကနေ လူတွေဆီကို ရောက်လာတယ်။

လူတွေဆီကို ရောက်မလာခင် ကြားခံသတ္တဝါတွေ၊ ကြားခံ မွေးမြူရေး လုပ်ငန်းတွေကနေ တဆင့် ရောက်တတ်တယ်။ ဒါမှ မဟုတ်ရင်လည်း တောရိုင်းတိရစာ္ဆန်တွေ ရောင်းတဲ့ ဈေးတွေကနေ တဆင့် ကြားခံပြီး လူဆီကို ရောက်လာတယ်။

အဲဒီတော့ ဒီကပ်ဘေးနဲ့ သဘာဝ ဝန်းကျင် ဘယ်လိုဆက်စပ်လဲဆိုရင် သဘာဝထဲမှာ သူ့ဟာသူ မူလအိမ်ရှင်ဆီမှာ ရှိနေတဲ့ ဗိုင်းရပ်စ်သည် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ ခိုလှုံရာ နေရာတွေ ပျက်စီးမှုအပေါ် အခြေခံပြီးတာ့ ကြားခံသတ္တဝါဆီ ရောက်လာတယ်။ သို့မဟုတ် လူဆီကို ရောက်လာတယ်။ ဒီလိုမျိုး လွင့်စင်ကျလာတဲ့ အတွက် ဒီနှစ်ခုသည် ဆက်စပ်နေ တယ်လို့ ဒီအဆက်အစပ်ကို ကျနော်တို့ လေ့လာကြတာပါ။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော် (ဓာတ်ပုံ-အောင်ခိုင်မျိုး/ဧရာဝတီ)

မေး။ ။ အခု ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ဆိုရင်လည်း လင်းနို့မှာ တွေ့တယ်လို့ ပြောကြသလို၊ တရုတ်တက္ကသိုလ် တခုကလည်း သင်းခွေချပ်တွေမှာ တွေ့တယ်။ သင်းခွေချပ်တွေကနေတဆင့် လူတွေဆီ ရောက်တယ်လို့လည်း ပြောကြတယ်။ ဆိုတော့ ဆရာ့ အနေနဲ့ရော ဘယ်လိုယူဆသလဲရှင့်။

ဖြေ။ ။ လက်ရှိမှာကိုပဲ မူလဇစ်မြစ်က ဘာဖြစ်မလဲဆိုတာ ခြေရာခံနေတာ ရှိတယ်။ နံပါတ်တစ် သေချာသလောက် ရှိတာ ကတော့ လင်းနို့က လာတာ ဖြစ်ဖို့များတယ်။ သူ့အရင် တွေ့ခဲ့ဖူးတဲ့ သူနဲ့မျိုးရိုးဗီဇတူတာ တမျိုးဆို ယူနန်ပြည်နယ်ထဲက လိုဏ်ဂူထဲမှာ တွေ့ခဲ့တာကို ပညာရှင်တွေ မှတ်တမ်းတင်ခဲ့တာ ရှိတယ်။ အခုတွေ့တာသည် သူနဲ့မျိုးရိုးဗီဇ မကွာဘူးဆိုတော့ သူရဲ့ အိမ်ရှင်သည် လင်းနို့ဖြစ်ဖို့ များတယ်လို့ ကျနော်တို့ တွက်လို့ ရတယ်။

အဲဒီအထိကိုတော့ အတော်အတန် သေသေချာချာ သိကြတယ်။ မသိကြသေးတာကတော့ ကြားခံ အဆင့်ပေါ့။ ဝူဟန်က တောရိုင်းတိရစာ္ဆန် ရောင်းတဲ့ဈေးမှာ သင်းခွေချပ်လို အကောင်မျိုးကနေ တဆင့် ကူးသလား၊ ကြားခံ အကောင် ဘာရှိသလဲပေါ့။ သေချာတာကတော့ ကြားခံကနေ လူဆီကို ရောက်လာတဲ့ ပုံရှိတယ်ဆိုတော့ ကြားခံ ဘာလဲပေါ့။

နောက်တခုက ဖြစ်နိုင်ချေတော့ နည်းတယ် သုတေသန ဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ်တွေကို သိမ်းထားပြီးတော့ သုတေသန လုပ်ကြတယ်။ ဓာတ်ခွဲခန်းကနေပြီးတော့ မတော်တဆပေါ့။ ကြံရွယ်ချက်ရှိရှိနဲ့ လုပ်ဖို့ ဆိုတာကတော့ အင်မတန်မှ မလွယ်တဲ့ ကိစ္စပါ။ မတော်တဆ ထွက်လာသလားပေါ့။ ဖြစ်နိုင်ချေ နည်းတယ်လို့ သုံးသပ်တယ်။

ဒါပေမယ့် ဖြစ်တတ်တဲ့ သဘောတော့ ရှိတယ်လို့ ပြောတယ်ပေါ့။ လက်ရှိ ကိုဗစ်နဲ့ ပတ်သက်လို့ သိသမျှကတော့ မူလ အိမ်ရှင်က လင်းနို့ဖြစ်ဖို့ရာ ရာခိုင်နှုန်း များတယ်။ သင်းခွေချပ် ကြားခံက ဖြစ်နိုင်တယ်လို့ တွက်ဆတယ်။ အဲဒီကနေတဆင့်မှ လူဆီကို ရောက်လာတယ်ပေါ့။ အဲဒီလိုမျိုး တွက်ဆပါတယ်။

မေး။ ။ ကူးစက်ရောဂါတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က တိရစာ္ဆန်တွေဆီကနေ တဆင့် လူတွေဆီ ရောက်လာတယ် ဆိုတာလည်း ဆရာ့ စာအုပ်မှာ ရေးထားတာတွေ့ရပါတယ်။ ဒါပေမယ့် ဒါက ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲဖြစ်ပျက်နေတာ ဆိုတော့ ကျမတို့ ဘာများ တတ်နိုင်မလဲ။

ဖြေ။ ။ ကူးစက်ရောဂါတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က တောရိုင်း တိရစာ္ဆန်တွေဆီကနေ ဇစ်မြစ် လာတယ်ဆိုတဲ့ အချက် ကို ကျနော့် စာအုပ်ထဲမှာ ရေးဖြစ်တာသည် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အခြားသုတေသန အဖွဲ့တွေကို အမှီပြု ပြီးတော့ ရေးတာပေါ့။ ဆိုတော့ ကျနော်တို့ အနေနဲ့ သတိထားရမှာသည် ဒီဘက် နောက်ပိုင်းမှာ ကူးစက်ရောဂါတွေ ဖြစ် ပွားတဲ့ ပမာဏ စိတ်လာတယ်။

အခု ကိုဗစ်ပေါ့။ ကိုဗစ်မတိုင်ခင်က ဆားစ်တို့ မားစ်တို့ ရှိကြတယ်။ နောက် ကြက်ငှက်တုပ်ကွေး ရှိတယ်။ အဲဒါတွေ အား လုံးသည် ကမာ္ဘလုံး အနှံ့ပြန့်တဲ့ ကပ်ဘေးအဆင့် မရောက်ခဲ့သော်လည်းပဲ ပြင်းထန်ပြီးတော့ လူတွေအများကြီး သေခဲ့ တယ်။ လွန်ခဲ့တဲ့ နှစ် လေး၊ ငါးဆယ်မှာ ဘာကြောင့် ဒီလိုမျိုး ကူးစက်ရောဂါတွေ များလာသလဲ။ ဘာကြောင့် ဒီလိုမျိုး လူ တွေ ကူးစက်ရောဂါတွေရဲ့ ဒဏ်ကိုခံရသလဲ ဆိုရင် တိုက်ရိုက် သွားဆက်စပ်တာက ဒီဆယ်စုနှစ် ဝန်းကျင်တွေမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု ပမာဏ များတယ်။ တောတိရစာ္ဆန်တွေ ခိုလှုံစရာ တဖြည်းဖြည်း ကျဉ်းလာတယ်။

နောက်တခုက စက်ရုံဆန်ဆန် မွေးမြူရေး လုပ်ငန်းကြီးတွေ ပါတယ်။ ခုနပြောတဲ့ အထဲမှာ ပါပါတယ် ကြားခံဆိုတာ။ အရေး ကြီးတဲ့ ကြားခံအနေနဲ့က မွေးမြူရေးလုပ်ငန်း အကြီးကြီးတွေမှာ ရောဂါပိုး ကူးစက်ဖို့က လွယ်တယ်။ အဲဒီလို မွေးမြူရေး လုပ်ငန်းအကြီးကြီးတွေ ကမာ္ဘမှာ လွန်ခဲ့တဲ့ ဆယ်စုနစ်တွေ အတွင်းမှာ ကြီးလာတယ်၊ များလာတယ်။ မွေးမြူရေး လုပ်ငန်း တွေ စည်းနဲ့ကမ်းနဲ့ ဖြစ်လာအောင် ကျနော်တို့ လုပ်ရမယ်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှနည်းဖို့ လုပ်ကြရ မယ်။

မေး။ ။ အခုဆိုရင်လည်း နောက်ထပ် ကပ်တခုဖြစ်တဲ့ လူဦးရေ ၄၂ သန်းလောက်ကို အငတ်ဘေး ဆိုက်စေနေတဲ့ ကန္တာရ ကျိုင်းကောင်တွေကို ကြုံတွေ့နေရတယ် ဆိုတော့ ဒီဂေဟဗေဒ စနစ်ရဲ့ သဟဇာတ မျှတမှုက ကျမတို့အတွက် ဘယ် လောက်တောင် အရေးကြီးလာပြီ ဆိုတာကို ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ အခု ကျိုင်းကောင် ကိစ္စရှိမယ်။ တခြား အကြီးအကျယ် တောမီးလောင်တာတွေ ရှိမယ်။ ရေကြီးတာတွေ ရှိမယ်။ အဲဒီ ဘေးဒုက္ခတွေ အခု နောက်ပိုင်းမှာ တဖြည်းဖြည်း များလာတာသည် ရာသီဥတု ပြောင်းလဲမှုနဲ့ တနည်းမဟုတ် တနည်း နဲ့ သွားပြီး ဆက်စပ်တယ်။ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ရာသီဥတု ပြောင်းလဲမှုသည်လည်း တိုက်ရိုက် အချိုးကျ နေတယ်။ ကျနော်တို့ နေထိုင်ရတဲ့ ဘဝတွေက ပိုပိုပြီးတော့ အန္တရာယ်များလာတယ်။ ကျိုင်းကောင်ကိစ္စ ပြောမလား တခြား သဘာဝ ဘေးအန္တရာယ် ကိစ္စပြောမလား။ လူတွေနေရ ထိုင်ရတာက ပိုပိုပြီးတော့ အန္တရာယ်များတဲ့ ဝန်းကျင်ထဲမှာ နေရ ထိုင်ရသလိုမျိုး ဖြစ်လာတယ်။

လူသည် သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟဗေဒ စနစ်တွေနဲ့ လွတ်ကင်းပြီးတော့ နေလို့မရဘူး။ ဂေဟစနစ်ကို ထိခိုက်စေတာ ပျက်စီးစေတာသည် လူတွေရဲ့ နေထိုင်ရှင်သန်မှု အပေါ်မှာ တိုက်ရိုက် ထိခိုက်တယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှု များလေ လူတွေကြုံတွေ့ရတဲ့ ဘေးဒုက္ခ များလာလေဆိုတာ နေ့စဉ်နှင့်အမျှ သတင်းတွေ တွေ့ရတာ ကိုယ်တိုင်ကြုံရတာ တွေ ရှိလာတာပေါ့။

မေး။ ။ ဆရာ့ စာအုပ်တွေမှာ ရည်ညွှန်းသလိုပဲ ဂေဟဗေဒ စနစ် ပျက်စီးမှုမှာ လူသားတွေက အတော်ကို အဓိက ကျနေပါ တယ်။ ကျမတို့ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ တကမ္ဘာလုံး နည်းတူ ကျမတို့လည်း ကပ်ဆိုးတွေကို ရင်ဆိုင်နေရတာ ပဲ။ အဲဒီတော့ ဒီပျက်စီးယိုယွင်းမှုနဲ့ ပတ်သက်ပြီး တဦးချင်းဆီ အနေနဲ့ ဘာလုပ်လို့ရမလဲ။ ဒီပျက်စီး ယိုယွင်းမှုတွေကို ဘယ်လို ဖာထေးနိုင်မလဲ။

ဖြေ။ ။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု ကိစ္စသည် တကမာ္ဘလုံး လွှမ်းခြုံတဲ့ ကိစ္စလို့ မြင်လို့ရတယ်။ အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှု ကိစ္စဆိုရင် လေထုထဲမှာ လိုအပ်တာတွေထက် ပိုတဲ့ ဓာတ်ငွေ့တွေ ရောက်တဲ့အခါမှာ ကမာ္ဘ့ပျမ်းမျှ အပူချိန် သည် တိုးလာတယ်။ အဲဒီ ဒဏ်ကို နည်းနည်းထုတ်တဲ့ နိုင်ငံရော များများထုတ်တဲ့ နိုင်ငံရော အားလုံး ခံကြရတယ်ပေါ့။ အဲဒီ အတွက် ၃ ခုလောက် ဖြေလို့ရမယ်။

တခုက တယောက်ချင်းအနေနဲ့ ဘာလုပ်နိုင်တာ ရှိမလဲ၊ နောက်တခုကတော့ ကိုယ့်နိုင်ငံအနေနဲ့ ဘယ်လိုမူဝါဒတွေ ချမှတ် ရမှာလဲ ဆိုတဲ့ အပိုင်း ရှိတယ်။ နောက်တခုကတော့ တကမာ္ဘလုံးနဲ့ ပေါင်းပြီးတော့ လုပ်ရမယ့် အလုပ်တွေမှာ ဘယ်လို လုပ် ကြမလဲ ဆိုတာ ဒီ ၃ ခုလုံး ဟန်ချက်ညီမှ ရမယ်။

တယောက်ချင်းစီကတော့ ကိုယ့်ရဲ့ ဝယ်ယူ စားသုံးမှုတွေကို လျှော့ချလို့ ရမယ်။ သတိမှတ်မဲ့ မနေဘဲနဲ့ ကိုယ်နေ့စဉ် အသုံး ပြုနေတဲ့ အသုံးအဆောင် ပစ္စည်းတွေကအစ သဘာဝပတ်ဝန်းကျင်နဲ့ ဘယ်လို ဆက်စပ်နေလဲ ဆိုတာ ကြည့်ပြီးတော့ ဆင် ခြင်လို့ ရတာတွေ ရှိတယ်။ နိုင်ငံအနေနဲ့ကတော့ ပိုပြီးတော့ ကြီးကြီးမားမား လုပ်နိုင်တယ်။ နိုင်ငံအနေနဲ့ကတော့ တနိုင်ငံ လုံး ခြုံငုံတဲ့ မူဝါဒတွေ ရှိရမယ်။

ရာသီဥတု ပြောင်းလဲမှုကို ဘယ်လို ပြင်ဆင်မလဲ၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တာတွေကို ဖွံ့ဖြိုးရေး ဆိုပြီးတော့ ရမ်းလုပ်လို့ မရ တော့ဘူး။ ဂေဟစနစ်ကို ဘယ်လိုမျိုး ထည့်တွက်မလဲ နိုင်ငံအနေနဲ့ လုပ်ရမှာတွေ။ သို့သော် တယောက်ချင်း လုပ်ကြဦး တော့၊ နိုင်ငံအနေနဲ့ လုပ်ကြဦးတော့ တကမာ္ဘလုံး အချိတ်အဆက်နဲ့ ပြုပြင်ပြောင်းလဲတာတွေ မဖြစ်နေရင်လည်း ခရီးက သိပ်ရောက်မှာ မဟုတ်ဘူး။ အဲဒီတော့ နိုင်ငံတကာ အဆင့်မှာလည်း ဘယ်နေရာတွေကနေ ပါမလဲပေါ့။ အဲဒီလို စဉ်းစားရ မယ်လို့ ထင်ပါတယ်။

မေး။ ။ ဆရာ့ အဖြေထဲမှာပါသလို တဦးချင်း၊ နိုင်ငံ၊ ကမာ္ဘလုံးပေါ့နော်။ ၃ ခု ဟန်ချက်ညီနေဖို့ လိုတယ်လို့ ပြောသွားတော့ အခုလက်ရှိ အနေအထားကရော ဟန်ချက်ညီတယ်လို့ ပြောလို့ရလား။ တကယ်လို့ လိုအပ်တယ်ဆိုရင်လည်း ဘယ်လို အခန်းကဏ္ဍက လိုအပ်နေတယ် ပြောလို့ရလဲ။

ဖြေ။ ။ ဟန်ချက် မညီဘူးလို့ ပြောလို့ရတယ်။ ရာသီဥတု ပြောင်းလဲမှုလို ကိစ္စမျိုးကို တားဆီးတာ အားလုံး တကမာ္ဘလုံး ဝိုင်း ပြီးတော့ အားလုံး အတိုင်းအတာ ပမာဏနဲ့ ဒါကို လုပ်တာ နည်းနေတယ်။ လိုအပ်တဲ့ ပမာဏကို မရောက်ဘူး။ နိုင်ငံတွေ အဆင့်မှာလည်း အမျိုးမျိုး ရှိတယ်။ ဒီလို ကပ်ဘေး ဖြစ်လာတော့ တရုတ်နိုင်ငံက တောရိုင်းတိရစာ္ဆန်ရောင်းဝယ်မှုကို ဥပဒေ နဲ့ တားဆီးပြီးတော့ ရပ်တာမျိုးတွေ လုပ်တာ ရှိတယ်။ တချို့ နိုင်ငံတွေသည်လည်းပဲ သစ်တောတွေ ဆက်ပြီးတော့ ထိန်း သိမ်းမယ် ဆိုတာတွေ ရှိတယ်။ နိုင်ငံတခုနဲ့ တခုကတော့ တုံ့ပြန့်ပုံ မတူဘူးပေါ့။ လူတွေ တုံ့ပြန်ပုံကလည်း မတူဘူး။

လူတွေမှာ ကပ်ဘေး မဖြစ်ခင်ကလို နေမြဲအတိုင်း နေလို့မရဘူး ဆိုတဲ့ အသိတော့ အနည်းနဲ့အများ လူတိုင်းဆီ ရောက်ကြ တယ်။ ကိုယ်တွေ ဘယ်လို နေရထိုင်ရမှာလဲ၊ ဘယ်လို ဆင်ခြင်ရမှာလဲ အသိပေါ့။ တယောက်ချင်းစီ အနေနဲ့ကတော့ လုပ် နိုင်တဲ့ အလုပ်တွေ လုပ်ဖို့ သိတဲ့ အသိပမာဏ ရှိလာကြတယ်၊ ဆင်ခြင်လာကြတယ်။

မေး။ ။ ဂေဟဗေဒနစနစ် ယိုယွင်း ပျက်စီးမှုတွေမှာ မြန်မာနိုင်ငံကရော ဘယ်လောက်တောင် အခြေအနေ ဆိုးနေပြီလဲ။ ဒီထက် မယိုယွင်းအောင် ဘာတွေ ဘယ်လို လုပ်သင့်လဲ။

ဖြေ။ ။ ကျနော်တို့ သိခဲ့ပြောခဲ့ ရေးခဲ့ကြသလိုပဲ ဒီဆယ်စုနှစ်တွေအတွင်းမှာ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ပမာဏ တအားကြီးတယ်။ သစ်တောပြုန်းတီးမှု ပမာဏ ဆိုရင်လည်း တကမာ္ဘလုံးမှာ အမြင့်ဆုံး အခြေအနေထဲမှာ ပါ တယ်။ ဒီရေတောလိုမျိုးတွေဆို တော်တော်များများ ကုန်သွားတဲ့ သဘော ရှိတယ်။ မြစ်ချောင်းတွေမှာ ရှိတဲ့ ရေ အရင်း အမြစ်နဲ့ ပတ်သက်လို့ တော်တော် ထိခိုက်နေတာတွေ ရှိတယ်။

အမှိုက်ပစ်တာတို့ ဘာတို့ကို ကြည့်လိုက်ရင်လည်း စနစ်တကျ စွန့်ပစ်တာ မရှိတော့ မြစ်ချောင်းကလည်း အမှိုက်ပုံ ဖြစ်နေ တယ်။ နေရာ တော်တော်များများကလည်း အမှိုက်ပုံလို ဖြစ်နေကြတာ ဆိုတော့ သဘာဝပတ်ဝန်းကျင် ကိစ္စလို့ ပြောရင် ဂေဟစနစ် ပျက်စီးတဲ့ ပမာဏက ကြီးတယ်။ နောက် သတ္တုတွင်းတူးတာ၊ ရွှေတူးတာ စသဖြင့် တွင်းထွက်လုပ်ငန်းတွေ ကြောင့် ရေအရင်းအမြစ်တွေ အဆိပ်သင့်တာ ပျက်စီးတာ အဲဒါတွေ များလာတယ်။

ပိုပြီး အရေးကြီးတာက ကျနော်တို့က သဘာဝ ဘေးအန္တရာယ်ရဲ့ ဒဏ်ကို ခံရမယ့် နိုင်ငံထဲမှာ အမြင့်ဆုံး စာရင်းထဲမှာ ပါ တယ်။ ကျနော်တို့ အနေနဲ့က ရှိတာတွေကို ဆက် ထိန်းသိမ်းတဲ့ အလုပ်၊ ဖြစ်နေတဲ့ ညစ်ညမ်းမှုတွေကို လျော့ကျဖို့ အလုပ် မလုပ်ရင် တော်တော် အထိနာမယ့် သဘော ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ လွန်ခဲ့တဲ့ ဆယ်စုနစ်တွေက လုပ်ခဲ့တဲ့ သဘာဝ ပျက်စီးမှုတွေကြောင့် အကာအကွယ်က မရှိတော့ဘူး။

တပြိုင်တည်းမှာ ဖိအား အသစ်တွေလည်း ဝင်လာတယ်ပေါ့။ ဆိုးရွားတဲ့ ရာသီဥတုတွေ။ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ အကာအကွယ်မဲ့တဲ့ ဒဏ်ရော၊ ဖိအားအသစ်တွေရဲ့ ဒဏ်ရော နှစ်ခုလုံး တပြိုင်းတည်း ခံရတော့ ကျနော်တို့မှာ တော်တော် ကို ထိထိခိုက်ခိုက် ဖြစ်စရာ အခြေအနေတွေ ကြုံတယ်ပေါ့လေ။ အဲဒါတွေကို သတိထားပြီးတော့ နိုင်ငံအဆင့်ကလည်း ပြင် ဆင်မှ ရမယ်၊ တယောက်ချင်း အနေနဲ့ကလည်း ဘာတွေကို သတိထားပြောင်းလဲရမလဲ ဆိုတာတွေကို လုပ်မှရမယ့် အနေ အထားပေါ့။

မေး။ ။ ဒီဆယ်စုနှစ် အတွင်းမှာ ပတ်ဝန်းကျင် ပျက်စီးမှုတွေက ဆိုးရွားလာတယ် ဆိုတာက ဘာကြောင့်လဲ။ ဖွံ့ဖြိုးဆဲ နိုင်ငံ တွေက ဒီလို အခြေအနေမျိုးပဲ ဖြစ်တတ်တာလား။

ဖြေ။ ။ ၁၉၈၈ နောက်ပိုင်းမှာ ကျနော်တို့က အပြောင်းအလဲတွေ စတယ်ပေါ့။ စီးပွားရေး စနစ်ကိုလည် တံခါးဖွင့် စီးပွားရေး ဆိုပြီး လုပ်လိုက်တယ်။ လုပ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဘာကို လက်လွတ်စပယ် ခွင့်ပြုလိုက်လဲ ဆိုတော့ သယံဇာတ ထုတ်ယူတဲ့ ကိစ္စ၊ အခုပြောနေကြတဲ့ ကျောက်စိမ်း တွင်းထွက်ပစ္စည်း သယံဇာတ ထုတ်ယူတာ အဲဒါတွေကို အထိန်းအကွပ် ဘာမှမရှိဘဲ လွှတ်ပေးလိုက်တဲ့ အနေအထား ဖြစ်ခဲ့တဲ့ အခါကျတော့ အခု ဆယ်စုနစ် ၃ ခုလောက် ကြာလာပြီးတဲ့အခါမှာ ကျတော့ အဲဒီရဲ့ ရလဒ်က တော်တော် မြင်သာလာတယ်ပေါ့။

ပဲခူး ရိုးမလိုမျိုးဆို ပျောက်သလောက် ဖြစ်သွားတဲ့ အနေအထားတွေ မြင်နေရတယ်။ ရခိုင်ရိုးမမှာ ဆိုရင်လည်း တော်တော် နည်းပါး လျော့ရဲသွားပြီ။ ဧရာဝတီမြစ်ရဲ့ အရေးကြီးဆုံး ဖြစ်တဲ့ ရေဝေရေလဲ ဒေသဖြစ်တဲ့ မေခ မလိခ မြစ်ဝှမ်းတွေမှာ ဆို ရင်လည်း တော်တော် အထိနာတယ်။ ကံကောင်းတာက တနသာင်္ရီ ရိုးမမှာ ရှိသင့်သလောက် ရှိတယ်ပေါ့။

ဘာကြောင့် ပျက်စီး ယိုယွင်းမှုတွေ များလဲဆိုရင် ရှိတဲ့ သယံဇာတတွေ ထုတ်ရောင်းလိုက်ရင် ဖွံ့ဖြိုးမယ်ဆိုတဲ့ အမြင်ပေါ့။ နောက်က ဘာတွေ လိုက်ပြီး ပေးဆပ်ရမလဲ ဆိုတဲ့ တွက်ကိန်း နောက်ဆက်တွဲ ရေရှည်ဆိုးကျိုး ရှေရှည်အကျိုးဆက် ဘာရှိ မလဲဆိုတာကို မတွက်ဘဲနဲ့ နေ့စဉ် သုံးနေကျ စကားနဲ့ ပြောရင် ငွေပေါ်ပေါ့။

သယံဇာတတွေ ရှိတာလေးတွေ ထုတ်ရောင်း ပြီး ငွေပေါ်အောင် လုပ်လိုက်တယ်။ သို့သော် ငွေပေါ်တယ် ဆိုတာလည်း လူတချို့ပဲ ပေါ်တာလေ။ လူတစုပဲ ကြီးပွားသွားတယ်။ သို့သော် အများစုကြီးက အဲဒီ အကျိုးစီးပွားလည်း မခံစားရ အဲဒီရဲ့ဆိုးကျိုး သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ ဝန် ထုပ်ဝန်ပိုးကတော့ သာမန် ပြည်သူ အများကြီးဆီ ရောက်တယ်ပေါ့။ အဲဒါ နှစ်၂၀၊ ၃၀ မှာ ဖြစ်ခဲ့တဲ့ ကိစ္စ အခုကြုံနေရတဲ့ ကိစ္စလို့ ပြောလို့ ရပါတယ်။

မေး။ ။ တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး တောရိုင်းတိရစာ္ဆန် မှောင်ခိုဈေးကွက် ရှိနေသလို မြန်မာနိုင်ငံဟာလဲ ဒီတရုတ် ဈေး ကွက်ကို အဓိက ထောက်ပံ့ပေးတဲ့ ထိပ်တန်း နိုင်ငံစာရင်းထဲမှာ ပါနေပါတယ်။ ဒီလိုဈေးကွက်တွေ ရှိနေတာကြောင့်လည်း ဂေဟဗေဒနစ် ယိုယွင်းမှုကို အားပေးနေတာဆိုတော့ ဒီဈေးကွက်တွေ ပပျောက်အောင် ဘယ်လိုနည်းလမ်းတွေ လုပ်သင့် သလဲ။

ဖြေ။ ။ တောရိုင်းတိရစာ္ဆန် မှောင်ခို ရောင်းဝယ်တာက နှစ်ပေါင်းများစွာ ဖြစ်နေပြီ။ အထူးသဖြင့် တရုတ်ပြည်က ဝယ်လိုအား ရှိတယ် ဆိုရင် ဒီဘက်တောတွေတောင်တွေ ထဲက ရှိသမျှ ကုန်တာပဲ။ သေချာတာကတော့ ကိုယ့်ပြည်တွင်းမှာက ဒါတွေ ကို စားကြသောက်ကြ သတ်တာ ဖြတ်တာမျိုး ရှိသော်လည်းပဲ ပမာဏနည်းပါတယ်။ အဓိကကတော့ နိုင်ငံခြားကို ပို့တာ တွေ များတဲ့အခါကျတော့ တရုတ်ပြည်ကနေ အခုလိုမျိုး ပိတ်တာက ကျနော်တို့ နိုင်ငံအနေနဲ့တော့ သတင်းကောင်းပေါ့။

သို့သော် အဲဒါထက် ပိုပြီးတဲ့ ကြီးတဲ့ ကိစ္စကတော့ ခိုလှုံရာ နေရာပျောက်တဲ့ ကိစ္စတွေ တောရိုင်း တိရစာ္ဆန်တွေကို သက် သက် လိုက်သတ်နေတာ မဟုတ်ရင်တောင်မှ တောတွေ အပြောင်ရှင်းတဲ့ ကိစ္စ၊ သစ်တောတွေကို စိုက်ခင်းတွေအဖြစ် ပြောင်းပစ်တဲ့ ကိစ္စဆိုရင် တိရစာ္ဆန်တွေ ခိုလှုံစရာ နေရာမရှိတော့ဘူး။

နောက်တခုက သူတို့တွေသည် ကျနော်တို့ကို အကျိုးပြုနေတာ တောရိုင်း တိရစာ္ဆန်တွေသည် ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဂေဟ စနစ်ကို ထိန်းသိမ်းပေးထားတာ။ သူတို့ကြောင့် ရေစနစ်၊ မြေဆီလွှာ သန့်စင်တဲ့ စနစ်၊ ပိုးသတ်ပေးတဲ့ လုပ်ငန်း ငှက်တွေ ဘာတွေက အစ။ သူတို့ ဝန်ဆောင်မှု ပေးနေတဲ့ ပမာဏကြီးက အကြီးကြီးပဲ သူတို့တွေကို မငဲ့ညှာဘဲ သူတို့တွေရဲ့ နေရာ ကို ဖျက်ဆီးပစ်တဲ့ ကိစ္စကလည်း သူတို့ဆီက ရတဲ့ ဝန်ဆောင်မှုနဲ့ အကျိုးစီးပွားကို ဖျက်ဆီးပစ်တာနဲ့ အတူတူပဲ။ အကျိုး ဆက်ကတော့ ကျနော်တို့အပေါ်ပဲ ရိုက်ခတ်တယ်လို့ ပြောလို့ရတယ်။

RelatedPosts

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
146
ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

29 December 2025
108
မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

27 December 2025
353

မေး။ ။ လက်ရှိဖြစ်နေတဲ့ ကပ်ဆိုးကြီးကလည်း ဘယ်တော့ပြီးမယ် ဆိုတာ မသိဘူးပေါ့။ နောက်ထပ် ဘယ်လို ဗိုင်းရပ်စ် တွေက အသစ်ဖြစ်ပေါ်လာမယ် ဆိုတာကလည်း ခန့်မှန်းလို့ မရတာဆိုတော့ လူသားတွေအနေနဲ့က ဆင်ခြင်လို့ရမှာ ဘာ တွေ ရှိမလဲ ဘာတွေကို ပြောင်းလဲလို့ ရမလဲ။

ဖြေ။ ။ သဘာဝထဲမှာ ဗိုင်းရပ်စ်က အများကြီး ရှိနေတာ။ ဘယ်လောက် ရှိတယ်ဆိုတာ ကျနော်တို့ အတိအကျ မသိနိုင်ဘူး။ လင်းနို့မှာ ရှိနေတဲ့ ဗိုင်းရပ်စ်သည် လင်းနို့ကို ဒုက္ခမပေးဘူး။ လင်းနို့နဲ့ သူနဲ့ သဟဇာတ ဖြစ်ပြီးတော့ နေတယ်။ ကျနော့် စာ အုပ်ထဲမှာ သုံးတဲ့ စကားလုံးဆိုရင် ဂေဟသစ်ပင်ကို လှုပ်ခါလိုက်တဲ့ အခါမှာ လူအပေါ်ကို ကျလာတယ်ဆိုတဲ့ စကား တခု ကို ကိုးကားတာ ရှိတယ်။ ရှိတာကို သတိမထားဘဲနဲ့ ဂေဟစနစ်ကို ဖျက်ဆီးတယ်ပေါ့။ စာထဲက စကားလုံးဆိုရင် ဂေဟ သစ်ပင်ကို သွားလှုပ်ရင် ဗိုင်းရပ်စ်တွေက ကျနော်တို့ အပေါ်ကို ကျလာမှာပဲပေါ့။ အဲဒါကို ကျနော်တို့ တော်တော် ဆင်ခြင် ရမယ်။

မြန်မာပြည်နဲ့ ပတ်သက်ရင်လည်း ဆင်ခြင်စရာတွေ ရှိတယ်။ ဒီနှစ် သင်္ကြန်အတွင်းမှာပဲ Smithsonian Institute က ပညာ ရှင်တွေက သုတေသန စာတမ်းတခု ထုတ်ပြန်တယ်။ အဲဒီမှာ မြန်မာပြည်မှာလည်း အခုဖြစ်တဲ့ ကိုဗစ်နဲ့ မျိုးနွယ်တူတဲ့ ကိုရို နာဗိုင်းရပ်စ်ကို မြန်မာပြည်မှာ တွေ့တဲ့အကြောင်း သုတေသန စာတမ်း ထုတ်ပြန်တယ်။

ပြောချင်တာက ကျနော်တို့ ရေမြေ တော တောင်တွေထဲမှာလည်း ရှိတယ်။ မဆင်ခြင်ဘဲ သဘာဝ ပတ်ဝန်းကျင်ကို ဒီထက် ပိုထပ်တိုးပြီး ဖျက်ဆီးမယ်ဆိုရင် တခြားနိုင်ငံက ရောက်လာတဲ့ ကပ်ရောဂါ ပြဿနာထက် ကိုယ့်နိုင်ငံထဲမှာကို အန္တရာယ်ကြုံရနိုင်တဲ့ အနေအထားမျိုး ရှိ တယ်။ အဲဒါတွေကို ဆင်ခြင်ဖို့ လိုလိမ့်မယ်။

မေး။ ။ ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။

ဖြေ။ ။ အကုန်လုံးက ဆက်စပ်နေတယ်လို့ တွေးရမယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ လူတွေ၊ သက်ရှိသတ္တဝါတွေ နေထိုင်ကြ တာက အားလုံး ဆက်စပ်နေတယ်။ နောက်တခုက နိုင်ငံတွေ တခုနဲ့တခု လူတွေ နေထိုင်နေတာတွေက ဆက်စပ်နေတယ်။ အဲဒီတော့ ကိုယ့်ဟာကိုယ် လုံခြုံအောင် လုပ်လို့မရဘူး။ ဂေဟစနစ်လည်း လုံခြုံမှ သဘာဝ ပတ်ဝန်းကျင်လည်း လုံခြုံမှ လူ့ အဖွဲ့အစည်း လူ့အသိုက်အမြုံ လုံခြုံမှ လုံခြုံနိုင်မယ် ဆိုတာမျိုးပေါ့။

လူသည် အပေါ်စီးကနေ အသာစီး ရထားပြီးတော့ လုပ်ချင်တာ လုပ်လို့ ရတဲ့ အခြေအနေမှာ မရှိဘူး။ သဟဇာတ ဖြစ်မှုရှိမှ လူသည် ရှင်သန် ရပ်တည်နိုင်မယ်။ အနာဂတ်မှာ ဘေးကင်းကင်းနဲ့ လုံလုံခြုံခြုံ နေနိုင်မယ်ပေါ့။

ဆက်စပ်ဖတ်ရှုရန်

ကန္တာရ ကျိုင်းကောင်အန္တရာယ် မြန်မာစိုးရိမ်ရမလား

မြန်မာ့သစ်တောအားလုံးကို ကုလသမဂ္ဂနှင့် ပူးပေါင်း မှတ်တမ်းတင်မည်

သန္တာကျောက်တန်းတွေ ပျက်စီးရင် အဖိုးတန် ဇီဝမျိုးကွဲတွေ ဆုံးရှုံးနိုင်တယ်

Your Thoughts …
Tags: COVID-19ဂေဟစနစ်ဒေါက်တာ မြင့်ဇော်သဘာဝပန်ဝန်းကျင်သယံဇာတ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ  အပိုင်း ၁

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁

by အောင်သစ်
20 August 2024
9.4k

PNO ၏ စီးပွားရေးတာဝန်ခံများ ဖြစ်သည့် ဦးနေဝင်းထွန်းနှင့် ဦးခွန်မြတ်တို့ ကုမ္ပဏီများထောင်၍ ကျောက်မျက်လောကသို့ တိုးချဲ့ဝင်ခဲ့ကြသည့်မှာ အချိန်တလသာ ကွာခဲ့ကြသည်။

ငြိမ်ခံနေရင် တိုင်းပြည် တိုးတက်မယ်တဲ့လား

ငြိမ်ခံနေရင် တိုင်းပြည် တိုးတက်မယ်တဲ့လား

by ခင်မမ
18 August 2023
8.6k

စစ်ဗိုလ်ချုပ်များသည် သူတို့လုပ်ချင်သည် မှန်သမျှအတွက် ဥပဒေ၏အထက်တွင် ရှိနေကြပြီး တည်ဆဲဥပဒေဆိုသည်မှာ ပြည်သူလူထုအား အရေးယူရန်ဖြစ်၏။

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

by အောင်သစ်
30 August 2024
6.9k

ထိုစဉ်က အသတ်ခံရသူ ဗိုလ်မှူးကြီး အောင်ခမ်းမှာ PNO ၏ ဒုဥက္ကဋ္ဌဖြစ်ပြီး ဦးအောင်ခမ်းထီက ဥက္ကဋ္ဌဖြစ်သည်။

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

by Nectar Gan နှင့် John Liu
21 April 2025
5.3k

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၃

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၃

by အောင်သစ်
27 August 2024
5.1k

“ရန်သူမရှိ၊ မိတ်ဆွေသာရှိ” ဆိုသည့် PNO ၏ မူအတိုင်း နယက ဦးအောင်ခမ်းထီ ကဲ့သို့ပင် ဦးခွန်စံလွင်က တက်လာသမျှ ခေါင်းဆောင်တိုင်းကို အဆင်ပြေအောင် ပေါင်းနိုင်သူ ဖြစ်သည်။

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၂

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၂

by အောင်သစ်
23 August 2024
4.9k

ထိုသို့ ကျောက်စိမ်း ကျောက်မျက်လုပ်ငန်းတွင် ထိပ်တန်း၌ ရပ်တည်နေသူပီပီ ဦးနေဝင်းထွန်းက မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်၏ ဒု ဥက္ကဋ္ဌရာထူးကိုလည်း ယူခဲ့သူဖြစ်သည်။

Next Post
ပုဂံတွင် လုံခြုံရေးများ နေ့ညမပြတ် ဆောင်ရွက်နေ (ရုပ်/သံ)

ပုဂံတွင် လုံခြုံရေးများ နေ့ညမပြတ် ဆောင်ရွက်နေ (ရုပ်/သံ)

ဆိုရှယ်မီဒီယာမှာ Paris Hilton တင်ခဲ့တဲ့ ဓာတ်ပုံ

အမေရိကန် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ Paris Hilton ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved